☆မိမိကိုယ်သာအားကိုးရာ☆

in #myanmar7 years ago

☆ကိုယ့်ကိုကိုယ်သာအားကိုးရာ☆
image
တစ်ခါတုံးက မျောက်တစ်ကောင်ဟာ ဆော့ကစား
ရင်းသူ့ရဲ့ဝမ်းဗိုက်မှာ သစ်ကိုင်းခြောက်နဲ့ ထိုးမိပြီး
ဒဏ်ရာရသွားတယ်။ imageအဲဒါနဲ့ မျောက်ဟာသူရဲ့ ဒဏ်
ရာကို တစ်ခြားမျောက်တွေကို လိုက်လိုက်ပြတယ်။
သူနဲ့တွေ့သမျှ မျောက်တွေကို သူ့အနာကိုလှန်
လှန်ပြီးပြတယ်။သူအနာက ဘယ်လောက်နာ
ကြောင်း၊ဘယ်လိုရတယ်ဆိုပြီး အနာကို လိုက်ပြ
တယ်။ကြာလာတော့ အဲ့မျောက်ရဲ့ အနာဟာ
ရင်းလာတယ်၊ပြည်လိုက်လာတယ်၊လောက်တွယ်
လာတယ်၊နောက်ဆုံး မျောက်ဟာ အဲ့အနာရှိန်
ကြောင့်ပဲ သေသွားရတယ်။ image

ဒါကိုကြည့်ပြီး သူတို့ထဲ
ကမျောက်အိုကြီး တစ်ကောင်က ပြောတယ်...သူ
ဟာသူ့ကိုယ် သူလုပ်လို့ခုလိုသေသွားရတာပဲ...။
သူဒီလို တွေ့တဲ့သူတိုင်းကို လိုက်ပြနေမဲ့အစား
သူ့အနာကို သူ့ဟာသူ ဆိတ်ဆိတ်လေးကုနေသင့်
တယ်...။ဘာလို့လဲဆိုရင် ကိုယ်မသန်စွမ်းတာဟာ
သူများတွေကို ပျော့ညံပြနေဖို့မဟုတ်ပါဘူး...။
ကိုယ်ရဲ့မသန်စွမ်းမူကိုလဲဘယ်သူမှ လာပြီးတောင့်
ခံပေးနေမှာ မဟုတ်ပါဘူး။ကိုယ့်ဟာကိုပဲကြိုးစားရ
မှာပါ။ငှက်တွေဟာ သစ်ပင်ပေါ်မှာနားရင်သစ်ကိုင်း
ကျိုးမှာကိုသူတို့မကြောက်ပါဘူး။
image
ဘာလို့လဲဆို သူ တို့ယုံကြည် အားကိုးတာက
သစ်ကိုင်းပေါ်မှာ မဟုတ်ပါဘူး...သူတို့ရဲ့
အတောင်ပံတွေပေါ် သူတို့ ယုံကြည်အားကိုးလို့ပါ။

အနာဂါတ်ကို တွေးတောပူပင်သောကရောက်နေမယ့်အစား ယခုလက်ရှိမှာပိုမိုကြိုးစားသင့်ပါတယ်။ image
ကြိုးစားရုန်းကန်မှုကသာ သင့်အနာဂါတ်အတွက်
လုံခြုံစိတ်ချမှုကို ပေးစွမ်းမှာပါ။သင့်စိတ်ကူးအိမ်
မက်တွေကို သူတစ်ပါးအပေါ်မှာ မှီခိုအားမထားပါ
နဲ့...ကိုယ်ကိုတိုင်ပဲ ပုံဖော်ကြိုးစားသင့်ပါတယ်။
သင်ကိုယ်တိုင် ပုံဖော်လျှောက်လှမ်းနေတဲ့ အနာ
ဂါတ်မှာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေ
ကိုနားမဝင်ပါနဲ့...နားတော့ထောင်လိုက်ပါ...ပြီး
ရင်သူတို့ရဲ့ လှောင်ပြောင်မှုတွေကို သင့်ရဲ့အောင်
မြင်မှုဆီသို့ ခွန်အားအဖြစ် ပြောင်းလဲ ယူဆောင်
သွားလိုက်ပါ...။ image
သင်လျှောက်လှမ်းနေတာ သင့်ရဲ့
အနာဂါတ်ပါ သူတို့ရဲ့အနာဂါတ် မဟုတ်ပါဘူး...။
သူများတွေဘာလုပ်နေလဲ...ဘာလုပ်ပြီးပြီလဲလို့
အချိန်ကုန်ခံပြီးလိုက် ဝေဖန်နေမဲ့အစား ငါဘာလုပ်
ပြီးပြီးလဲ ဘာတွေလုပ်ဖို့ ကျန်သေးလဲဆိုတာ ကိုယ့်
ကိုကိုယ်ပြန်ဆန်းစစ်ဖို့လိုပါတယ်...ဘာလို့လဲဆို
ရင်လူဘဝဆိုတာ အချိန်ခဏလေးပါ...သူများအ
ကြောင်းတွေကိုစိတ်ဝင်စားနေရင်...ကိုယ့်ဘဝအကြောင်းကို မေ့လျော့သွားနိုင်ပါတယ်...ကိုယ်
လျှောက်လှမ်းမဲ့ အနာဂါတ်လမ်းမှာ...
ငါလုပ်နိုင်လား...မလုပ်နိုင်ဘူးလားဆိုတာမရှိပါဘူး
ငါအရယူမလား...မယူဘူးလားဆိုတာပဲရှိပါတယ်။
သင်သာ မရဲဝံ့ရင် သင့်အစား ဘယ်သူကလာ
ရဲဝံ့ပေးမှာလဲ...။☆☆☆ image

@aungzin
MSC No. 242
#credit Google image
(ဖက်မိသမျှ ပြန်လည်ခံစား ရေးသားမျှဝေသည်။)

Ps:ဝင်ရောက်ဖက်ရှူပေးတဲ့အတွက် အားလုံးကို
ကျေးဇူးအထူးတင်ပါတယ်...စိတ်ချမ်းသာကိုယ်
ကျန်းမာ ရှိပြီးဘဝမှာအောင်မြင်မှုတွေရကြပါစေ...

Sort:  

ရေးသားတင်​ပြပုံပြည့်​စုံ​ကောင်းမွန်​ပါ​ပေတယ်​..ဖတ်​ရှုလို့လဲ​ကောင်းပါတယ်​​ဗျာ

အလန်းကြီးပါလား

😃😉👌👍

မှန်ပါတယ်။ကောင်းပါတယ်။

Right !

Fighting together ! 😃

😊👍Thz u

I Can/'t Do It!တင်​ပြသွားတာအရမ်း​ကောင်းပါတယ်​bro

ဟုတ်ကျေားဇူးတင်ပါတယ်😊

အတွေးကောင်းပါတယ်ဗျာ...

ဖတ်​ရှူလို့​ကောင်းပါတယ်​။အ​တွေးလည်း​ကောင်းအ​ရေးလည်း​ကောင်းပါ့ရှင်​။

ဖက်ရူပေးလို့ကျေးဇူးတင်ပါတယ်sis😊

မှန်ပါတယ် တကယ်အရေးကြုံလာရင် မိမိမှတပါး အားကိုရာမရှိပါ

ဟုတ်ပါတယ်bro👍

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71