♡Bicycle♡

in #myanmar6 years ago (edited)

imageကျွန်တော်ကို လူတွေက ကျော်ကြ ခွကြတယ် ဗျာ...တစ်ခါတစ်လေ ကျတော့လဲ ကျွန်တော့်ကို
တက်ပါ နင်းချင် နင်းသွားကြတယ်...ပြီးတော့ဆွဲ
ညှစ်ချင်လဲ ညှစ်ပစ် လိုက်ကြတာပါပဲ...သူတို့စိတ်
ကြိုက်လုပ်ချင်တိုင်း လုပ်ကြတာပါပဲ...တစ်ခါတ
လေကြရင်လည်း ကျွန်တော့်ကို အဝေးကြီးကိုခေါ်
သွားကြတယ်...ကျွန်တော့်မှာ သူတို့ကို ထမ်းပြီးလို
ရာလိုက်ပို့ ပေးရတာ သိပ်တော့ မလွယ်ပါဘူးဗျာ..
လမ်းခရီးက ကောင်းမွန်ချောမွေ့ နေရင်တော့သာ
သာယာယာပါပဲ...အဲ့လိုမဟုတ်ဘဲ လမ်းခရီးက အ
တက်အဆင်းတွေ ဆူးညောက်ခလုပ်တွေ ရှိရင်
တော့ ကျွန်တော့်မှာ ကွဲပြဲ ကျိုးပဲ့ ခွေလိမ် ပြီးသာ
မှတ်တော့...ဒါပင်မဲ့လည်း ဘယ်တက်နိုင်မလည်း
သူတို့က ကျွန်တော့်ကို အပိုင်ဝယ်ထားကြတော့
ပိုင်ရှင်တွေ ဖြစ်နေကြပြီလေ...ကျွန်တော့်ကိုပိုင်
တဲ့သူ ဆိုတော့လဲ သူတို့လိုရာရောက်အောင်ပို့ပေး
ဖို့က ကျွန်တော့် တာဝန်ဘဲလေ ဟုတ်ဘူးလား....။
image
အော် ဒါနဲ့ ကျွန်တော့် နာမည်တောင် မိတ်ဆက်
ပေးဖို့ မေ့နေတယ်...ကျွန်တော့်နာမည်က မြန်မာ
လိုဆိုရင်တော့ စက်ဘီး လို့ခေါ်တယ်ဗျ...အဲ့
English လိုဆိုရင်တော့ Bicycle ပေါ့ဗျာ...
ကျွန်တော်ကိုက 1816 ခုနှစ် ဝန်းကျင်လောက်မှာ
စတီထွင်ကြတာဗျ...Germany ဆိုတဲ့နိုင်ငံမှာ
စတီထွင် တယ်ဆိုပါတော့ဗျာ...အဲအစောဆုံး
1790လောက်ကတော့ France နိုင်ငံကအရင်
ဆုံးထွင်ထားသေးတယ်ဗျ...သစ်သားနဲ့လုပ်ပြီး
တော့ပေါ့...။
image
အဲနောက်ပိုင်း နှစ်တွေ ပြောင်းလာကြတာနဲ့အမျှ
ကျွန်တော့် ပုံသဏ္ဍန်လည်း အမျိုးမျိုး ပြောင်းလာ
တာပါပဲ...ခု21ရာစု နောက်ပိုင်း မှာတော့ ကျွန်
တော်ကတော်တော် တိုးတက် ပြောင်းလဲလာခဲ့ပါ
တယ်... image imageကျွန်တော့်ကို ထိန်းကြောင်းဖို့က Hand
-iebars ဆိုတဲ့လက်ကိုင်ရယ် body Frame
ရယ်၊ လူထိုင်ဖို့ Seat ကယ်ရီယာခုံရယ်...လိုရာ
ကိုသွားနိုင်ဖို့အတွက်က Rim ဆိုတဲ့ ဝိုင်းဝိုင်းဂွေ
ကြီးနှစ်ခုရှိတယ်...အဲ့ Rim အဝိုင်းကြီးကို ထောက်ခံပေးထားတဲ့ Spokes ဆိုတဲ့ စမုတ်တံ
ချောင်းလေးတွေအများကြီး ရှိတယ်ဗျ...အဲ့Rim
ကိုအုပ်မိုးပေးထားတာကWheelတာယာတွေပါပဲ
အဲ့ဒီ wheel တာယာထဲမှာ ကျွတ်ဆိုတာပါသေး
တယ်ဗျ...ကျွတ်ထဲကိုကလေဖြည့်ရတယ်...လေ
မထွက်အောင်က ဘားကျွတ်လို့ခေါ်တဲ့ အတံလေး
နဲ့ပိတ်ပေးတာတယ်ဆိုပါတော့...နောက်ပြီးRim
နဲ့ ခြေနင်းတံ(pedals)ကိုက gear နဲ့ Chain
ကြိုးဆိုတာနဲ့ဆက်ထားတယ်ဗျ...အဲတော့pedals ကိုနင်းလိုက်တာနဲ့ wheelကြီးက လည်လာ
တယ်ဆိုပါတော့ဗျာ...။
image
နောက်ပြီး ကျွန်တော့်မှာ
ညှစ်လို့ရတာ ပါသေးတယ်ဗျ...အရေးရယ် အကြောင်းရယ် ပဲဖြစ်ဖြစ် ရပ်ချင်လို့ပဲ ဖြစ်ဖြစ်ပေါ့
ဗျာ...အဲဒါလေးကို ညှစ်လိုက်ရတယ်ဗျ...အဲဒါ
လေးကတော့ brakes ဘရိတ်ပါပဲ...brakes
မှာက ဘယ် ညာ ဆိုပြီးတော့နှစ်ခုရှိတယ်....
ဘယ်က နောက် brakes ညာ ကရှေ့ brakes ပေါ့ဗျာ...ရှေ့ဘရိတ်ကိုတော့ သတိထားပြီး ညှစ်
စေချင်တယ်ဗျ...သူကအညှစ်မတော်ရင် ဂျွန်းပစ်
ကျတက်လို့ပါ...နောက်ပြီး ကျွန်တော်လာတာကို
သိဖို့အတွက် တီးစရာလေးရှိတယ်...အဲ့ဒါကbell
လို့ခေါ်တယ်ဗျ...တီးလိုက်ရင် ကလင် ကလင်နဲ့
မြည်တာပါပဲ...အဲ့အသံလေးကြားရင်ကို ကျွန်
တော်လာနေတယ်ဆိုတာ လူတိုင်းသိကြတယ်ဗျ..
Seat ခုံနောက်မှာ ကယ်ရီယာခုံလေး ကပါသေး
တယ်ဗျ...လူပိုတင်မလား ပစ္စည်းတင်မလားအေး
ဆေးပဲပေါ့...အရှေ့မှာတော့ ထဲ့ချင်တာထဲ့ဖို့ ခြင်း
တောင်းလေးပါတယ်ဗျ...ကဲ ကျွန်တော့်အကြောင်း
ကတော့ဒီလောက်ပါပဲဗျာ...။😉
image
(စာရေးမယ်ဆိုပြီး တွေးလိုက်တာ ဘာရေးရင်
ကောင်းမလဲပေါ့...ဘာရေးလို့ ရေးရမှန်လဲမသိဘူး
သူများနဲ့ မတူတာတွေ ရေးမယ်ဆိုပြီး ဟိုကြည့်
ဒီကြည့် လိုက်ကြည့်လိုက်တာ အိမ်ရှေ့မှာ စက်ဘီး
တစ်စီးရပ်ထားတာ တွေ့တာနဲ့ အဲစက်ဘီးကိုရေး
မယ်ဆိုပြီးတော့...တွေးချင်တာတွေး ရေးချင်တာ
ရေးလိုက်ပါတယ်...😛အားလုံးကို ကျေးဇူးတင်ပါ
တယ်....Steemit မှာပျော်ရွှင်မှုတွေနဲ့ အတူ
အောင်မြင်ကြပါစေဗျာ... 😊)

@aungzin
MSC No. 242
#credit Google image

Sort:  

စက်​ဘီးစီးရင်း ဂျွမ်းပြန်​တာ​လေး​ကောမပါဘူးလား bro 😄

ဟုတ်ပမင်းလဲပါတယ်လေ😃😄

ဟီး စက်ဘီးကြာင်းခုမှ သေသေချာချာ သိတော့တယ်

😊👌👍

ဘီးနံပါတ်​ok01882l ဆိုတာကြားဖူးလား။
စိုင်းထီးဆိုင်​ သီချင်း​လေ။

ငယ်ငယ်တုံးကစိုင်းထီးဆိုင်သီချင်းတွေနဲပဲ့ကြီးခဲ့တာ😄အဖေကြိုက်တဲ့သီချင်းတွေဆိုတော့လေ😊

တွေးးချင်ရာတွေးရေးတာကလဲ အသေးကိုစိတ်ကရော။

😃😄👌Thz u

အ​တွေး​ကောင်းပါ့ကို​အောင်​ဇင်​ရယ်​။

😃😄👌👍Thz u

စက်ဘီးအကြောင်းခုမှသေခြာသိတော.တယ် ကျေးဇူးပါ bro

wow...စက်ဘီးအကြောင်းစုံတယ်ဗျာ...plz v and m me back @mgtoetat

စက်ဘီး မစီးတာတောကြပြီ

😊🚲🚴

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.030
BTC 67918.33
ETH 3740.37
USDT 1.00
SBD 3.69