့Hybrid ကားအကြောင်းသိကောင်းစရာ အပိုင်း(၁)

in #myanmar7 years ago (edited)

ဒီတစ်ပတ်promote အတွက်ကျွန်တော်ဖော်ပြပေးချင်တာတော့Hybrid ဘက်ထရီကားအကြောင်းလေး ပါဘဲ။ကိုယ်တိုင်ကလည်း ကားထုပ်တဲ့စက်ရုံမှာလုပ်နေတဲ့သူဆိုတော့ ကားအကြောင်းတွေဘဲတင်ဖြစ်တာများတယ်။ကျွန်တော်ကိုယ်တိုင်လည်း hybrid ကားအကြောင်းကိုလေ့လာနေဆဲ၊ဖတ်ရှုလေ့လာပြီး သိသမျှဖတ်ထားသမျှ မှတ်ထားသမျှ ပြန်လည်ဝေမျှပေးခြင်း ဖြစ်ပါသည်။ကျွန်တော်ထက်ကားအကြောင်းကိုသိတဲ့သူတွေ၊လေ့လာနေတဲ့သူတွေ လည်းအများကြီးရှိပါတယ်။အဲဒါကြောင့် အမှားများပါလာရင် ကျွန်တော်အသိမှားတယ်လို့ဘဲခံယူပါတယ်။အမှန်ကိုပြန်လည်ဖော်ပြပေးပါ ဆရာတို့။
IMG_1041.JPG
Hybridကား၏ပထမဦးဆုံးဒီဇိုင်းဆရာက သြသတြေးလျနိုင်ငံသား(Fersinand Porsche) ။1901ခုနှစ်မှ 1905 အတွင်းကြိုးပမ်းတီထွင်ခဲ့ပါသည်။မအောင်မြင်ခဲ့ပါ။ထို့နောက်အမေရိကန်အင်ဂျင်န်ယာ(Victor Wouk)ကအောင်မြင်ခဲ့သည်။
ထို့နောက်1989ခုနှစ်တွင်Audi 100 Avant Duo ကားသည် ပထမဦးဆုံးခေတ်သစ်hybrid ကားဖြစ်သည်။
1997ခုနှစ်တွင်Toyota က Prius မော်ဒယ်ကားဖြင့်မိတ်ဆက်ခဲ့ပါသည်။
1999ခုနှစ်တွင်မူ honda က Honda Insight (99 midel) ကိုမိတ်ဆက်ခဲ့ပါသည်။
Hybrid ကားတွေမှာပါဝါအရင်းအမြစ်၂မျိုးရှိပါသည်။ကားအတွက်ပါဝါအရမ်းလိုအပ်ရင် ကားအင်ဂျင်ကထမောင်းပေးပါသည်။ကားengine တော်တော်များများသည် မြင်းကောင်ရေ၁၅၀ လောက်ရှိပြီးမြင်းကောင်ရေ၂၀ ကနေ ၄၀ထိဘဲကားသွားဖို့အသုံးပြုတာပါ။ ကျန်တဲ့ပါဝါတွေကအရှိန်တင်ဖို့၊တောင်တက်လမ်းတွေမှာမောင်းတာရယ် တခြားကးတစ်စီးကိုကျော်တတ်ဖို့ စသည့်နေရာတွေမှာအသုံးပြုတာပါ။ Hybrid ကားတွေမှာတခြားကားတွေထက် သေးငယ်တဲ့အင်ဂျင်ကို အသုံးပြုကာ ကားမှာအားအများကြီးလိုပါက လျှပ်စစ်မော်တာကအားပါပေါင်းပြီး (၂)မျိုးနဲ့မောင်းပါသည်။ လျှပ်စစ်မော်တာဆိုတာ ဓါတ်ဆီမလိုပါဘူး။Battery ကနေ သိုလှောင်ထားသောလျှပ်စစ်အားယူခြင်းဖြစ်ပါသည်။အဲ့ဒါကြောင့် လောင်စာဆီချွေတာရာ ရောက်ပါသည်။
IMG_1045.JPG
လျှပ်စစ်မော်တာကပါဝါသည် engine ကိုကူပေးနေတယ်ဆိုတာကိုသိရှိပြီးဖြစ်ပါသည်။Hybrid ကားရဲ့အားသာချက်က မြို့တွင်းမှာကားမောင်းရင်တခြားဓါတ်ဆီသုံး ကားတွေထက် ဆီကုန်သင်သာပါသည်။ဘာကြောင့်လည်းဆိုတော့ မီးပွိုင့်မိတာတို့ ကျရင်ကားပြန်မောင်းထွက်ရင် လျှပ်စစ်အားကိုဘဲအသုံးပြုတာပါ။battery အားနည်းမှသာ အင်ဂျင်ကိုအသုံးပြုတာပါ။ဒါ့အပြင်လေထုညစ်ညမ်းမူက်ုလည်းသက်သာစေပါသည်။
Hybrid ကားတွေမှာ Stop-start Feature စနစ်ကိုတင်ပြပေးချင်ပါသည်။ထိုစနစ်က ကားသည် မီးပွိုင့်မိပါက ကားရပ်နေစဉ်မှာ အင်ဂျင်ကိုခဏ ရပ်ထားပေးပါသည်။ကားပြန်ထွက်ရမဲ့အချိန်မှာ ကားမောင်းသူက လီဗာကိုဖြစ်ဖြစ်၊ ဘရိတ်ကိုဘဲဖြစ်ဖြစ် လွှတ်လွှတ် ကားသည် ချက်ချင်းအော်တိုစတတ်အလုပ်လုပ်ပါသည်။ ကားမှာလည်နေတဲ့ကားဘီးကနေ ဂျင်နရေတာက ဘက်ထရီကိုအားပြန်သွင်းပါသည်။ကားမှာရှိနေတဲ့ kinetic Energy ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲကာ battery မှာသိုလှောင်ထားပါသည်။battery ကလျှပ်စစ်အားကို လျှက်စစ်မော်တာကိုပေးခြင်းဖြင့် လျှပ်စစ်မော်တာကနေ စက်မူစွမ်းအင်ကိုထုပ်ပေးကာ ကားထွက်ခြင်းဖြစ်ပါသည်။
Hybrid ကားတွေမှာ series နဲ့ parallelဆိုပြီး၂မျိုးရှိပါသည်။အများစုက parallel type ဖြစ်သည်။လိုအပ်ရင် ကားအင်ဂျင်ရော လျှပ်စစ်မော်တာပါ အတူတူအလုပ်လုပ်စေပါသည်။Series type ကတော့ကားရဲ့အင်ဂျင်ပါဝါကိုတိုက်ရိုက်အသုံးမပြုဘဲ လျှပ်စစ်အားထုတ်ရန် ဂျင်နရေတာပါဝါဘဲမောင်းနှင်ပါသည်။လျှပ်စစ်မော်တာတွေက ကားကိုမောင်းနှင်ခြင်းဖြစ်ပါသည်။ကားcomputer က ကားမှာbattery အားလိုပါက engine ကိုထမောင်းစေသည်။ ကားကွန်ပျူတာက ပို့ဆောင်သောဗို့အားကနည်းနေပါက engine သည် အလိုအလျှောက်ထလည်ပ့ငည်။Electronic control system ကဘဲengineလည်ရမယ်၊ရပ်ရမည်၊ပါဝါနှစ်မျိုးလုံးနဲ့ အသုံးပြုရမည် ဆိုတာကိုဆုံးဖြတ်ပေးသည်။
IMG_1042.JPG
Plug-in hybrids electric vehicle (PHEVs)ကားတွေသည် Battery ပိုကြီးသောကားအမျိုးအစားဖြစ်ပါသည်။battery အားသွင်းဖို့110V plug ကိုအသုံးပြုကြသည်။တစ်ညလုံးအးသွင်းပြီးနောက်တစ်နေ့မှာမိုင်၆၀ ထိအင်ဂျင်စက်မနှိုးဘဲ မောင်းနိုင်ပါသည်။battery အားနည်းတဲ့အခါကျမှ engine ထလည်ပြီး ဂျင်နေရတာကိုမောင်းကာ battrryကိုအားသွင်းပေးပါသည်။plug-in hybrid ကားရဲ့အဓိက ထူးခြားချက်ကတော့လျှပ်စစ်အားတစ်မျိုးတည်းနဲ့ ခရီးအဝေးကြီးသွားနိုင်ခြင်းဖြစ်သည်။plug-in hybrid ကားတွေသည် ရိုးရိုးhybrid ကားတွေထက် ဆီပိုကုန်သာသက်သာစေသည်။
Hybrid car battery တွေကတော့ထုတ်လုပ်တဲ့company ပေါ်မူတည်ပါသည်။အသုံးပြုသောဗို့အားကတော့42~330V အထိရှိပါသည်။ Battery pack တော်တော်များများကတော့လို့အက်သောဗို့အားရရှိစေရန် Battery သေးသေးလေးတွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။hybrid ကားတွေမှာပုံမှန်battery လည်းပါရှိပြီး lighting,wiper, sound systemအတွက်ဖြစ်ပါသည်။
IMG_1038.PNG
IMG_1044.JPG
![IMG_1040.JPG](https://steemitimages.com/DQmdK5iUCtLQcK6fndrQFTpHeAYmzwZqKWD8U2AB2iC3FSj
/IMG_1040.JPG)
ဆက်လက်ဖော်ပြပေးပါမည်။
Photo Created by- Google image
Author -@aungzawmoe
MSC No-240

Sort:  

ကားလိုချင် မဝယ်နိုင်သေး တစ်နေ့တော့ sbd နဲ့ ဝယ်မေ ခုထဲက ဂျမ်းတုံး အရင်ဝယ်ထားမေ😋😋

ဂျမ်းတုံးကြီးကြီးဝယ်ထား

သူ့ထက်‌ငါ ဆရာ‌တွေဘဲ။very good.

မဆရာပါဘူးဗျာ။ပြန်လည်ဝေမျှတာပါ

Thank for share

ဟုတ်ကျေးဇူး

ကားအကြောင်းလေးစိတ်ဝင်စားရာကောင်းပါတယ်။
good my friend!

ကျေးဇူး

ကျေးဇူးပါ ခုလိုသိရလို့

ကျေးဇူးပါ ခုလိုသိရလို့

ဟုတ်ကဲ့ပါ။

သိလိုက်ရပြန်ပြီဗျ ကျေးဇူးပါ

ဟုတ်ကဲ့ကျေးဇူး

ကျေးဇူးပါ။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60699.39
ETH 2655.06
USDT 1.00
SBD 2.59