သာဓု သာဓု ၂ကြိမ်ပဲ

in #myanmar6 years ago

ကားစီးရင်း အမျှဝေ သာဓုခေါ်လိုက်ရအောင်
ဟုတ်ကဲ့ လူကြီးမင်းတို့ဟာ ကားတစ်စီးဝယ်
စီးလိုက်ပြီဆိုတာနဲ့ နိုင်ငံတော်ကိုအလျှူကြီးတစ်
ခုပြုလိုက်တာနဲ့အတူတူပါပဲခင်ဗျ

နိုင်ငံခြားကပညာရှင်တွေက အရင်းအနှီးအများကြီး စိုက်ထုတ် အပင်ပန်းခံမျိုးမျိုးစဉ်းစား အများကြီး
စွန့်လွတ်ပြီးတော့မှထုတ်လုပ်လိုက်တဲ့
ကားတစ်စီးကို မြန်မာနိုင်ငံက နံပါတ်ပြား အုံနာဘုတ် ဝှီးတက် ဘီးခွန် စာရွတ် ဘောပင် လေးတွေစိုက်ထုတ်ပြီး မူလနိုင်ငံထုတ် ကားတန်ကြေးထက် ၅ ဆလောက်အမြတ်ယူ
ရောင်းချပေးတာလေ (အစိုးရအဆတ်ဆတ်ြ
ပည်သူတွေအပေါ်ထားတဲ့ ဆပ်မကုန်တဲ့စေတနာတွေပေါ့) သာဓုခေါ်ပါ

လူကြီးမင်းဝယ်တဲ့ကားတစ်စီးဟာ
ဘယ်လောက်ထိကုသိုလ် ရလိုက်သလဲဆို
နိုင်ငံတော်အစိုးရကို ကားတန်ကြေးရဲ့ ၅ ပုံကို
လျှူပြီးသားဖြစ်မယ် ကားတင်သွင်းတဲ့ရောင်း
ချတဲ့ Car Show Roon တွေကို 1 ပုံလျှူတယ်
ဒီကြားထဲ ဝယ်ရောင်းသမားတို့ စီးရောင်းသမားတို့ အကျိုးဆောင်
ပွဲစားတွေပါရင် ကားတန်
ကြေးရဲ့ 3 % နှုန်းလျှူတယ် ဘယ်လောက်
ကုသိုလ်ရလိုက်သလဲ သာဓုခေါ်ပါ

အဲလောက်ထိလျှူထားတာကို ထပ်ပြီးတော့
ဘီးခွန် ညအိပ်ခွန် ရပ်နားခွန် မြို့ဝင်ကြေး
လမ်းအသုံးပြုခ နဲ့ ဟောသတ်တန်းတစ်ခါတိုး
ရင်လဲ လူကြီးမင်းရဲ့ ကားအင်္ဂျင်အလိုက်ထပ်
ကောက်သေးတယ်ဆိုတော့ လူကြီးမင်းဟာ
ကားစီးနေသရွေ့ အလျှူရေစက်လက်နဲ့မကွာ
အနာသပိတ် သဌေးကြီးထက်တောင် ကုသိုလ်
တွေရနေပါကော သာဓုခေါ်ပါ

အပေါ်ကဟာတွေ ဖတ်ပြီးစိတ်မညစ်ပါနဲ့
အစိုးရရဲ့ တစ်ကယ့်စေတနာတွေလာပါပြီ
အခုတစ်လော ဖောက်စွတ်ဆိုရင် ကားပါသိမ်းတာတွေ ခေတ်စားနေတယ်လေ
အမှန်က အလျှူကြီးလျှူထားတဲ့လူကြီးမင်းတို့
အတွက်နစ်နာမှာစိုးလို့ ကားသိမ်းပေးရတာပါ
ဖောက်စွတ်ဆိုထဲက မတော်တစ်ဆတိုက်မိခိုက်မိ
သူ့အော်လဂျင်နယ် ပစ္စည်းတွေမကောင်းလို့
လူကြီးမင်းတို့က လက်ပူတိုက်ပြီးလဲလိုက်တာ
လေ အဲဒါကို အစိုးရ ကညန လူကြီးမင်းများက
အန္ဒာယ်မဖြစ်အောင်နောက်လူတွေဂျင်း
မမိအောင်အမုန်းခံသိမ်းပေးနေတာပါ ဘယ်လောက်စေတနာတာကောင်းတဲ့အစိုးရလဲ
သာဓုခေါ်ပါ

ဟောနောက်တစ်ခုက Without ကားတွေဖမ်း
တဲ့ကိစ္စ ဘာလဲဗျ အဲ W ကားစီးတဲ့သူတွေ
သူများတွေ အစိုးရကို ရက်ရက်ရောရော
အလျှူကြီးပေးပြီးစီးနေတာကို သူတို့က
မလျှူမတန်းပဲအချောင်စီးလို့ရမလား
ခင်ဗျားတို့ပိုက်ဆံရှိရှိ မရှိရှိ အစိုးရကိုမတန်
တစ်ဆအခွန်ပေးဆောင် စီးရမယ်ဆိုတာမသိဘူး
လားဗျ ခင်ဗျားတို့က Mark 2 ရွှေငါး
Without ကို 35 . 40 ပေးစီးနေတဲ့အချိန်မှာ
လိုင်စင်ကားစီးတဲ့ အလျှူရှင်ကြီးတွေက
ကျပ်သိန်း 250 လောက်ပေးစီးနေတာ
မသိဘူးလား ကိုချင်းစာလေးဗျာ သူတို့လို
ကုသိုလ်မလိုခြင်ဘူးလား ဒီနေရာမှာလဲ
ခင်ဗျားတို့ကသာအစိုးရကို စေတနာမရှိတာ
အစိုးရက ခင်ဗျားတို့ပေါ်ဘယ်လောက်စေတနာ
ထားလဲဆိုတညတွေ့လား သာဓုခေါ်ပါ

အစကတည်းက Without ကားတွေ
ကို စတင် တင်သွင်းတဲ့ ထိုင်းနယ်စပ်မြဝတီလို
တရုတ်နယ်စပ် ကြယ်ခေါင်လိုနေရာမျိုးတွေမှာ
မဖမ်းဘဲ မြန်မာပြည်ထဲရောက်လာမှ ဖမ်းပေး
တာလေ ခင်ဗျားတို့မရှိမဲ့ ရှိမဲ့လေးနဲ့ဝယ်ထား
တဲ့ကားလေးတွေကို တစ်လတန်စေ နှစ်လတန်စေ
စီးပါစေဆိုပြီး စေတနာနဲ့ ခင်ဗျားတို့လက်ထဲ
ရောက်မှဖမ်းပေးတာလေ ကျေးဇူးတောင်တင်
ရဦးမယ် သာဓုခေါ်ပါ

နောက်ပရဟိတ လုပ်တဲ့သူတွေ
ဘာလဲဗျ ခင်ဗျားတို့ကို အစိုးရကိုမလေးမခန့်
လုပ်တာလား အစိုးရဘက်က ဒီလောက်လူနာတင်
ယာဉ်တွေ မြို့တိုင်း နယ်တိုင်း ရွာတိုင်း မှာ
အစီးရေထောင်ချီ ချပေးထားတယ်လေ
လူနာတွေကိုအချိန်မှီ ဆေးရုံပို့ပေးရမှာသူတို့
တာဝန်လေ ခင်ဗျားတို့က ဘာလျှာရှည်တာလဲ
ခင်ဗျားတို့က ချွေးနည်းစာလေးတွေ စုပေါင်း
စပ်ပေါင်းအလျှူခံလို့ရတဲ့ ငွေလေးတွေနဲ့
ဝယ်ထားတဲ့ ကားတွေနဲ့ အပင်ပန်းခံလုပ်
နေတော့ အစိုးရကပဲ ပြည်သူတွေပေါ်
စေတနာမရှိသလို နောက်သူတို့ချပေးထားတဲ့
လူနာတင်ကားတွေကို မီးရှို့ပစ်ရမှာလား
ခင်ဗျားတို့စဉ်းစားပေါ့ဗျာ အဲဒါကြောင့်
မဖမ်းခြင်ပဲဖမ်းတာပါ သာဓုခေါ်ပါ

နောက်လူတွေလဲသာဓုခေါ် နှိုင်အောင် Share ပေးကြပါ

Wai Lin . 9 . 6 .2018 တွင်ရေးသားသည်

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67167.83
ETH 3499.47
USDT 1.00
SBD 2.81