myanmar

in #myanmar6 years ago

ဗမာပြည်​က က​လေး​တွေ ဂူထဲပိတ်​မိခဲ့သည်​ရှိ​သော်​. . .

အရင်​ဆုံးအ​နေနဲ့ အလှူခံဋ္ဌာန​တွေ အ​မြောက်​အများ​ပေါ်လာလိမ့်​မယ်​ ။ လှူ လည်းလှူကြလိမ့်​မယ်​ ။ ဘဏ်​အ​ကောင့်​က​နေလှူ ရတာ အားမရသူအချို့က​တော့ ​မြေပြင်​အထိကိုယ်​တိုင်​ကိုယ်​ကျသွားလှူ လိမ့်​မယ်​ ။ ပြီးရင်​ ဘတ်​စကားကျပ်​တာကအစ ဆိုက်​ကားခ​ဈေးကြီးတာအဆုံး စီကာပတ်​ကုံး​ရေးပြီး ​ဖေ့ဘုတ်​​ပေါ် ကိုယ့်​ပုံကြီးနဲ့တွဲပြီးတင်​လိမ့်​မယ်​ ။

ဦးစံလင်းက​တော့ ​ရေ​အောက်​ကနဂါးသခင်​​လေးနဲ့ ​တောင်​​တော်​သခင်​မတို့ ချစ်​ကြိုက်​ပြီး ကျီစယ်​​နေတာ​ကြောင့်​ က​လေး​တွေကို ​ခေတ္တခဏဝှက်​ထားတာဖြစ်​ပြီး ၊ က​လေး​တွေကို ပြန်​​တွေ့ချင်​ရင်​ ​ခေါင်း​လောင်းပြန်​ဆယ်​ရမယ့်​အ​ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်​လိမ့်​မယ်​ ။ မီဒီယာတချို့က​တော့ ဒါဟာ NLD အစိုးရ​စောက်​သုံးမကျလို့ဖြစ်​ပြီး ၊ အစိုးရဟာ စာသင်​​ကျောင်း​တွေမှာ ​ရေကူး ၊ ​ရေငုပ်​နဲ့ ဂူ​အောင်းနည်းသင်​တန်း​တွေကို သင်​ကြားဖို့ပျက်​ကွက်​ခဲ့တာ​ကြောင့်​ က​လေး​တွေဂူ​ရွှေးကုန်​တာဖြစ်​​ကြောင်း ​ခေါင်းကြီးပိုင်းမှာ​ရေးလိမ့်​မယ်​ ။ ဒီအခါမှာ ​မေ​မေ့သားသမီးတချို့ကလည်း ကြက်​​ခေါင်းဆိတ်​မခံ ​ဒီကိစ္စဟာ ​မေ​မေနဲ့မဆိုင်​​ကြောင်း ၊ နင့်​အဘ​တွေက ​ရေကူးကန်​​တွေကို သူတို့အိမ်​ထဲ​ရွှေ့ပစ်​တုန်းက​တော့ နင့်​​စောက်​​ပေါက်​ပိတ်​​နေတာလား အစချီပြီး တိုက်​ပွဲ​တွေပြင်းထန်​လာလိမ့်​မယ်​ ။

ဘေးအန္တရာယ်​ နှင့်​ ကယ်​ဆယ်​​ရေးဆိုင်​ရာ ကျွမ်းကျင်​ပညာရှင်​​တွေလည်း ​ဖေ့ဘုတ်​မှာ အလျှိုလျှို​ပေါ်လာလိမ့်​မယ်​ ။ သူတို့ဟာ ကယ်​ဆယ်​​ရေးဆိုင်​ရာ ပညာရပ်​​တွေကို စကြ၀ဠာအဆင့်​တတ်​​မြောက်​ထားသူ​တွေဖြစ်​​ပေမယ့်​ ​ဖေ့ဘုတ်​​ပေါ်မှာ​တော့ ဗမာစာနဲ့ပဲတင်​​လေ့ရှိတယ်​ ။ တချို့ဆို ကမ္ဘာ့စာ​ပေ​တွေ​လေ့လာ​နေလို့လားမသိ . . . မြန်​မာစာလုံး​ပေါင်းသတ်​ပုံ​တောင်​ ​မေ့​တေ့​တေ့ဖြစ်​​နေဟန်​ရှိတယ်​ ။

ပရဟိတမင်းသား​ချော​လေးက​တော့ ​ရေငုတ်​ဝုတ်​စုံဝတ်​ရမှာမို့ ​ပျော်​​နေမှာဖြစ်​ပြီး ၊ ပရိတ်​သတ်​တချို့က​တော့ မင်းသားကို ​ရေငုတ်​ဝတ်​စုံဝတ်​တဲ့အခါ အပြည့်​အစုံဝတ်​​စေချင်​ပြီး လိုအပ်​ရင်​တစ်​ရှုးစ​တွေထိုးထည့်​ထား​စေချင်​​ကြောင်း ၊ အရင်​လို စပ်​စပိုင်​ဒါဝတ်​ပြီး ထမင်းစားတဲ့ပုံထွက်​တုန်းက မြင်​လိုက်​ရတဲ့ပဲမြစ်​ကို အလွန်​စိတ်​ပျက်​မိ​ကြောင်း ၊ တစ်​ရှုးစထည့်​နည်းကို ​အောင်​ရဲလင်းထံ​မေးမြန်း​စေချင်​​ကြောင်း ပို့စ်​တင်​အကြံ​ပေးလိမ့်​မယ်​ ။

ဂိုရှယ်​​လေးက​တော့ ဒါဟာ CIA လက်​ချက်​ဖြစ်​​ကြောင်း ၊ သို့​ပေသိ အ​မေရိကန်​လည်း လုပ်​ပြီးမှ များစွာစိတ်​မ​ကောင်းဖြစ်​မိ​ကြောင်း ၊ ​နောင်​တရပြီး ​ဒေါ်နယ်​ထရမ့်​ကိုယ်​တိုင်​ ထမင်းထုပ်​လာ​ဝေမှာဖြစ်​​ကြောင်း ရှင်းပြလိမ့်​မယ်​ ။ ဇာနည်​တိုက်​က​တော့ ​မေ​မေကိုယ်​တိုင်​ ထမိန်​စွန်​​တောင်​ဆွဲပြီး ဂူထဲဝင်​မယ့်​အ​ကြောင်း ပို့စ်​တင်​လိမ့်​မယ်​ ။

က​လေး​တွေပြန်​လည်​လွတ်​​မြောက်​လာရင်​​တော့ က​လေး​တွေအနား ပထမဆုံးကပ်​ခွင့်​ရသူဟာ ဘယ်​လာဖြစ်​လာလိမ့်​မယ်​ ။
crd ဆြာတေ

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67167.83
ETH 3499.47
USDT 1.00
SBD 2.81