မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရယ်

in #myanmar6 years ago (edited)

Myanmar Steemit Community ( MSC ) မှလစဉ် ပြိုင်ပွဲဝင်ဆောင်ပါးများရေးသားစေ၍ ယခုလအတွက် ယှဉ်ပြိုင်ရေးသားစေသည့်ဆောင်းပါးမှာ " မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရယ် " ဟူ၍ဖြစ်ပါသည်။ ပြောရေးရှိမှ ပြောခွင့်သာ ဆိုရေးရှိမှ ဆိုခွင့်သာ ဆိုသလိုပင် ရေးခွင့်ရှိ၍ ရေးသားရမည်ဆိုလျှင် ကချင်ပြည်နယ်တွင်နေထိုင်သော မှော်တကာအစုံတွင် နေခဲ့ဖူးသောကျွန်တော်သည်မူးယစ်ဆေးဝါးနဲ့ ပါတ်သက်၍ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပေ။ မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲခဲ့ဖူးပြီး မူးယစ်ဆေးဝါးကြောင့် မိမိမျက်စိရှေ့တွင် သူငယ်ချင်းတစ်ယောက်အသက် တိမ်းပါးသွားရသောအခါတွင်မှ အသိတရားရကာ စွန့်လွှတ်နိုင်ခဲ့ပေသည်။
waiver_1_.jpg
image credit >>https://goo.gl/Wi2gH3
ကျွန်တော်မြစ်ကြီးနားမြို့တွင် တက္ကသိုလ်ပထမနှစ် တက်စဉ်အခါက ကျောင်းစရိတ်အတွက် လမ်းဘေးတွင် ဓါတ်ဆီရောင်းကာ ကျောင်းတက်ခဲ့ရပေသည်။ ကျွန်တော် ဓါတ်ဆီရောင်းသောနေရာမှာ မြစ်ကြီးနား မြို့မရပ်ကွက်ရုံးရှေ့တွင်ဖြစ်၍ ရပ်ကွက်ဥက္ကဌဖြစ်သူ၏ သားမှာ ကျွန်တော်နှင့် ပထမနှစ်အတူတက်ရမည်ဟုသိရသောအခါ လူငယ်သဘာဝ ရင်းနှီးသွားကြပေသည်။ ဥက္ကဌမှာ သားလေးယောက်ရှိပြီး နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေ ဖြစ်ကြလေသည်။ ကျွန်တော်နဲ့ ကျောင်းအတူတက်မည့်သူမှာ တတိယမြောက်သားဖြစ်ပြီး သူ့အထက်ကအကြီးဆုံးလူမှာမူ ကျောင်းသားမဟုတ်ပေ။ ထိုအကြီးဆုံးသားဖြစ်သူရယ် တတိယမြောက်သားဖြစ်သူရယ် ကျွန်တော်နဲ့ တော်တော်လေးရင်းနှီးသွားပြီး သူတို့ရဲ့အိမ်ဟာ တကိုယ်ရေတကာယ သမားကျွန်တော့်အတွက် စားအိမ်သောက်အိမ်လည်း ဖြစ်ခဲ့ပါတယ်။
familar_logo870x490.jpg
image credit >>https://goo.gl/by6AUT
ထိုအချိန်က ဥက္ကဌက သူတို့ညီအကိုတွေကို တစ်ရက်မုန့်ဖိုး တစ်ယောက်နှစ်ထောင်ပေးတဲ့အပြင် PCO အများသုံးဖုန်းလေးတစ်ခုပါ ဖုန်းအငှားပြောဆိုင်ဖွင့်ပေးထားပြီး ရတဲ့ပိုက်ဆံကို ညီအကိုတစ်တွေကိုခွဲယူစေပါတယ်။ ဤကဲ့သို့ ပြုလုပ်ပေးခဲ့ခြင်းမှာ ဥက္ကဌ အတွက်တစ်ချိန်မှာ မဟာအမှားဖြစ်လာစေခဲ့ပါတယ်။ ကျောင်းအတူတူတက်တဲ့အပြင် ကျွန်တော့်ဓါတ်ဆီဆိုင် နဲ့ သူတို့ရဲ့ ဖုန်းအငှားဆိုင်လေးကလည်း ကပ်ရပ်ဆိုတော့ အတူသွားအတူလာ အတူစားရှိခဲ့သည့်အပြင် တစ်ခါတလေ ညပါ သူတို့နဲ့ အတူတူ အိပ်ကြသည်အထိ ခင်မင်ခဲ့ကြပါတယ်။
131975029175996367Friendly Bugs.svg.med.png
image credit >>https://goo.gl/djfL8Q
မုန့်ဖိုးအပြင် ဖုန်းအငှားဆိုင်မှပိုက်ဆံတွေပါရနေတဲ့ သူတို့ဟာ လက်ထဲပိုက်ဆံပေါလာတော့ မူးယစ်ဆေးဝါး ညှိလာပါတော့တယ်။ ထိုအချိန်က မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးက မြို့ တွင်းမှာတင် တအားပေါပါတယ်။ အဲ့ဒီအချိန်က သူတို့သုံးတဲ့ မူးယစ်ဆေးက ဘိန်းမဲ ကို အရည်ကျိုပြီး ချောင်းဆိုးပျောက်ဆေးနဲ့ ရောကာ သောက်ရတာပါ။ တစ်ခါတစ်လေ အဖမ်းအဆီးရှိလို့ ဘိန်းရှာလို့ မလွယ်ရင်တောင် သူတို့အတွက်ကလွယ်ပါတယ်။ အပြင်မှာ ဝယ်လို့မရရင် သူတို့သွားဝယ်တဲ့နေရာက ရဲစခန်းမှာတဲ့။ ဥက္ကဋ္ဌရဲ့ သားတွေဖြစ်နေတော့ ရဲတွေနဲ့လည်း ခင်မင်မှုရှိနေပြီး ရဲတွေက သူတို့ဖမ်းပြီး သိမ်းဆည်းရရှိထားတဲ့ ပစ္စည်းတွေကို အခုလိုပြန်ရောင်းတာပါပဲ။ ပြန်တွေးကြည့်တော့ ရဲဋ္ဌာန အနေနဲ့အခုလိုမလုပ်သင့်တာ အမှန်ပါပဲ။ ဒါကကြုံလို့ ပြောတာပါရှိစေတော့။

" မုဆိုးနားနီးတော့မုဆိုး တံငါနားနီးတော့တံငါ " ဆိုသလို သူတို့နဲ့ အနေနီးတဲ့ ကျွန်တော့်ကိုပါ ပေးသုံးခဲ့တော့ လူငယ်သဘာဝစမ်းသပ်ချင်တဲ့ ကျွန်တော် သူတို့ပေးတဲ့ဖော်မြူလာကို သောက်ကြည့်မိပြီး အဲ့ဒီအရသာကို ကြိုက်သွားပါတယ်။ ကြိုက်တယ်ဆိုပေမဲ့ သူတို့လို မလုပ်ရရင် မနေနိုင်ဖြစ်ရလောက်အထိတော့ ယင်း မကြီးခဲ့ပါ။ ဤနေရာတွင် ကြုံကြိုက်၍ ဘိန်းအမျိုးအစားအကြောင်း နည်းနည်းပြောပြရရင် ဘိန်းက သုံးမျိုးရှိပါတယ်။ ဘိန်းအစိမ်း ဆိုတာကတစ်မျိုး ဘိန်းအစိမ်းကိုချက်ပြီး အတုံးအခဲလေးတွေလုပ်ထားတဲ့ ယင်ဖောင် ဆိုတာကတစ်မျိုးနှင့် ဘိန်းအစိမ်းကို ချက်ပြီး ပိတ်စပေါ် သုတ်လိမ်းပြီးရောင်းတဲ့ ပိတ်ဘိန်းဆိုတာက တစ်မျိုးပါ။

ကျွန်တော်တို့ အဲ့ဒီအချိန်အခါက များသောအားဖြင့်ဝယ်လို့ရတဲ့ ဘိန်းက ပိတ်ဘိန်း ပဲရတာများပါတယ်။ အဲ့ဒီပိတ်ဘိန်းကြောင့်ပဲ သူငယ်ချင်းတစ်ယောက် သေသွားခဲ့ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ လူကြီးတွေမသိအောင် ခိုးလုပ်ကြရတာဆိုတော့ ပိတ်ဘိန်းကို မီးနဲ့ကျိုချက်မနေပဲ ဒီအတိုင်းလက်တစ်လုံးလောက် အရွယ်လေးတွေဖြတ်တောက်ပြီး ပိတ်စလိုက်ပါ မျိုချပစ်လိုက်ကြတာက များပါတယ်။ သူငယ်ချင်းဖြစ်သူဟာ သူမျိုချခဲ့တဲ့ပိတ်ဖတ်တွေဟာ အောက်ကိုဝမ်းနဲ့အတူ ပါမသွားခဲ့ပဲ အသက်ရှူလမ်းကြောင်းမှာ သွားပြီးပိတ်မိနေခဲ့ပါတယ်တဲ့။ တစ်ရက်မှာ အသက်ရှူကျပ်တယ် ကျပ်တယ်ပြောပြီး လဲကျသွားပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ အသက်မရှိတော့ပါဘူး။ ဆရာဝန်ကြီးတွေ ရင်ခွဲစမ်းသပ်တွေ့ရှိချက်အရ သူ့ရဲ့ အသက်ရှူလမ်းကြောင်းမှာ ပိတ်မိနေတဲ့ ပိတ်စတွေဟာ လူကြီးလက်သီးစုပ် စာလောက်ရှိနေခဲ့ပါပြီတဲ့။ အဲ့ဒီအရာကို ကြုံခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်ဟာ အဲ့ဒီလိုဖြစ်မှာ သိပ်ကြောက်သွားခဲ့ပြီး ဘိန်းဖြတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဘိန်းဖြတ်ဖို့ကြိုးစားခဲ့ရတဲ့ အချိန်တွေက သိပ်ကိုခက်ခဲပါတယ်ဗျာ။ ပထမဆုံး ဘိန်းမသောက်တော့တာနဲ့ခံရတဲ့ဝေဒနာက ဝမ်းသွားပြီး တကိုယ်လုံးညောင်းညာကိုက်ခဲ နေတာပါပဲ။ ဘိန်းစားတွေ အခေါ် ယင်း ထတယ်ခေါ်ရမှာပေါ့ဗျာ။ အရမ်းအေးတဲ့ဆောင်းညတွေမှာ ချွေးတွေပြန်ပြီး အတော့်ကိုခံစားရခက်ခဲပါတယ်။ တော်တန်ယုံ စိတ်မခိုင်သူဆိုရင်တော့ မူးယစ်ဆေးဝါးက သုံးစွဲပြီးရင် ပြန်ပြတ်ဖို့ ခဲယဉ်းလှပါတယ်။ ကျွန်တော်ကတော့ဘိန်းကို လွယ်လွယ်ရှာလို့ရနိုင်ပေမဲ့လည်း သေချင်သေပါစေတော့ စိတ်ပိုင်းဖြတ်ပြီး ဖြတ်နိုင်ခဲ့လိုသာ ပြတ်ခဲ့ရတာပါ။

ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ မူးယစ်ဆေးဝါးရဲ့ မကောင်းတဲ့ အကျိုးအပစ်တွေကို ယနေ့လူငယ်များ သိရှိပြီးရှောင်ရှားကြစေလိုပါတယ်။ လူငယ်သဘာဝအရ လက်တည့်စမ်းချင်တတ်ကြပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းကိုတော့ လက်တည့်မစမ်းစေလိုပါ။ လူငယ်များ မူးယစ်ဆေးဝါးကို လက်တည့်မစမ်းမိစေရန်လည်း မိဘများအနေဖြင့် မုန်းဖိုးပေးရာတွင် လိုတာထက်ပိုမပေးမိရန်လည်း အရေးကြီးလှပါတယ်။ မိမိသားသမီးကို ချစ်၍ မုန့်ဖိုးအများကြီးပေးခြင်းဟာ လူငယ်များအပေါင်းသင်းမှား၍ လမ်းမှားလိုက်မိလျှင်ဖြင့် ချစ်ရာမရောက်ပဲ နှစ်ရာသာ ရောက်ပါလိမ့်မယ်။

ယခုအခါမှာ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ဟာ တောသူတောင်သား လယ်သမားများစီ အထိပါ ပျံ့ နှံ့လျှက်ရှိနေတာလည်း တွေ့မြင်နေရပါတယ်။ ဟိုအရင်က သူ့လယ်တော ကို့လယ်တော ဝိုင်းကူဝိုင်းလုပ်ကြရာမှာ လယ်ပိုင်ရှင်က ထမင်းကျွေးလျှင် ပြီးခဲ့ပါတယ်။ ယခုခေတ်အခါမှာတော့ ပျိုးနှုတ် စပါးရိတ် သူ့အလှည့်ကိုယ့်အလှည့် ဝိုင်းကူကြရာမှာ လယ်ပိုင်ရှင်က ရာမ ခေါ် စိတ်ကြွ ရူးသွပ်ဆေးပြား များကို ဝိုင်းကူလုပ်သူများကို ဝယ်ပြီး ရှူစေတယ်လို့ သိရပါတယ်။ အဲ့လိုမှ မဟုတ်ရင် ဝိုင်းကူကြသူများကလည်း မလုပ်ချင်ဘူးလို့ ဆိုပါတယ်။ ပြောင်းလဲလာသော ခေတ်ရဲ့ရေစီးကြောင်းပါပေ။ သို့သော် ကောင်းသောပြောင်းလဲခြင်းကား မဟုတ်ပါပေ။
48626876-change-of-luck-good-or-bad-unlucky-misfortune-or-good-fortune-sign.jpg
image credit >>https://goo.gl/CTstEV
တောနေလူထုဆီမှာပါ မူးယစ်ဆေးဝါး ပျံ့နှံ့မှုက ယခုလိုဖြစ်နေလျှင် မြို့နေလူထုဆိုလျှင် ဒီထက့် ပိုဆိုးဖို့ရာပဲ မြင်မိပါတယ်။ ကြားသိရသလောက်ကတော့ မူးယစ်ဆေးဝါးပျံ့ နှံ့ မှုက တစ်နိုင်လုံးအတိုင်းတာထိပင် တောနေလူထုရော မြို့နေလူထုပါ သုံးစွဲမှု ရှိနေကြတယ်လို့ဆိုပါတယ်။ အတုမြင် အတတ်သင် ဆိုသလို လူကြီးတွေက ရှေ့က ဒီလိုတွေ လုပ်ပြနေကြရင် လူငယ်လေးတွေပါ လိုက်အတုခိုးပြီး သုံးစွဲနေကြမည်ဆိုပါက မြန်မာနိုင်ငံရဲ့ အနာဂါတ်အတွက်ကတော့ ရင်လေးစရာ ကောင်းလှပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်။

တိုင်းပြည်ရဲ့ အနာဂါတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာပါ။ မူးယစ်ဆေးဝါးသုံးစွဲခြင်းရဲ့ မကောင်းတဲ့ဆိုးကျိုးတွေကို မြို့ ရော တောနေလူထုပါမကျန် သိရှိနိုင်မဲ့ ပညာပေးဆွေးနွေးပွဲတွေ လူထုစည်းဝေးပွဲတွေ မူးယစ်ဆေးဝါးဆန့်ကျင်ရေးသရုပ်ပြပွဲတွေ ယခုထက်ပိုပြီး လုပ်ပေးဖို့လိုနေပါသေးတယ်။ ယခုအခါ လူငယ်တွေကြားပါ ပျံ့ နှံ့ နေပြီဖြစ်သော မူးယစ်ဆေးဝါးကို ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းများလိုနေသည်မှာအမှန်ပေ။ မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းဝယ်သူများကို ထိရောက်စွာ အရေးယူသင့်ပေသည်။ သို့မဟုတ်ပါက တစ်စတစ်စ နဲ့သုံးစွဲသူ များလာနိုင်ပြီး တိုင်းပြည်၏အနာဂါတ်နဲ့ တိုင်းပြည်၏အနာဂါတ်ကို ပုံဖော်ကြမည့် လူငယ်များအတွက် ရင်လေးစရာ ကောင်းလှပေတော့သည်။
DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg

Author>>>@aungzawhtwe

MSC : 014

Sort:  

You got a 33.33% upvote from @oceanwhale courtesy of @aungzawhtwe! Delegate us Steem Power & get 100%daily rewards Payout!20 SP, 50, 75, 100, 150, 200, 300, 500,1000 or Fill in any amount of SP. Click For details | Discord server

ဆုရပါစေ အထေးရေ နိပါလို့ နာ ဝင်မပြိုင်တာ 😁😁အရမ်းကို ဖတ်ကောင်းပါတယ် ဆုရရင် နဲနဲပေး😋

oki ပေးမှာပေါ့ ရရင်

ရေးထားတာမိုက်တယ် ဆုရပါစေကွယ်

ပေးတဲ့ဆုနဲ့ပြည့်ပရစေကွီးရယ်။

မူးယစ်​​ဆေး​တွေရဲ့ အန္တရယ်​ တကယ်ေ​​ကြာက်​ဖို့​ကောင်းပါလား
ဗဟုတ​တွေရသွားလို့ ​ကျေးဇူးကို​ထွေး

မူးယစ်ဆေးဝါးက ငြိသွားရင် တကယ်ကြောက်ဖို့ကောင်းပါတယ်။

ကိုယ်တွေ့ဖြစ်သည့်အတွက် သရုပ်ဖေါ်တင်ပြပုံကောင်းမွန်ပါသည်။ စာပေအရေးအသားဖက်မှကြည့်လျှင် စကားပြေအဖြစ်ပီပြင်မှုမရှိပါ။ ဝါကျဖွဲ့စည်းပုံ မှန်ကန်မှုမရှီပါ။

ဟုတ်ကဲ့ပါ ဆရာ။

ဆုရရှိပါစေ ကထွေး

ရလောက်တော့ဘူး မကြီး အပေါ်မှာ ဆရာဝေဖန်သွားပြီးပြီလေ။

You got a 16.39% upvote from @luckyvotes courtesy of @aungzawhtwe!

@minnowfairy has given your post a 14.29% upvote! Follow @minnowfairy to stay updated on our latest programs and initiatives.

ဆုရပါစေ ကိုထွေး

သိပ်တော့မမျှော်လင့်ရဲပါဘူး ကိုမြင့်ရယ်။

Thank you so much for using our service! You were protected from up to 40% losses!

Help us grow by delegating to us! 100sp, 500SP, 1000SP, ANY SP

You just received 8.01% upvote from @onlyprofitbot courtesy of @aungzawhtwe!

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 67233.96
ETH 3486.85
USDT 1.00
SBD 3.15