Valentine လက်ဆောင်

in #myanmar7 years ago

DQmdhiWRYGy1Q2hMBKQpbdc2jFuZTM9FfZ77fXtvzUW6X4e.jpeg

မနက်က အင်္ကျီအသစ်လေးတစ်ထည်လောက် ဝယ်ချင်စိတ်ရှိတာနဲ့ မြို့ထဲက စတိုးဆိုင်တစ်ခုကို သွားမိတယ်။ တမင်မေ့ထားတဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်သတိရစေမဲ့ အကြောင်းအရာက ပေါ်လာရော။

ဆိုင်ထိုင်မှာ လူတွေအတော် စည်ကားနေတာ တွေ့လိုက်ရတယ်။ Discount များချထားလို့ လူများနေတာလားတွေးလိုက်မိတယ်။ ကိုယ်လာဝယ်တဲ့အချိန်နဲ့ Discount ချတာနဲ့ ကြုံရင်တော့ နှစ်ထည်သုံးထည်လောက်တော့ ပစ်ပြီးဝယ်လိုက်ဦးမယ်လို့လဲ စိတ်ကူးနဲ့ဖဲရိုက်လိုက်သေးတယ်။
valentines-gifts.jpg
ဆိုင်ထဲ ဝင်လိုက်တော့ ကိုထင်ထားနဲ့ တစ်ခြားစီပဲဗျ။ ဖေဖော်ဝါရီ 14 မှာ ကျရောက်မဲ့ ချစ်သူများနေ့ Valentine Day မှာ ချစ်သူနဲ့အတူ ဆင်တူဝတ်ဖို့ တို့ ချစ်သူကို လက်ဆောင်ပေးဖို့ မွှေနောက် ဝယ်နေကြတာတွေ့လိုက်ရတယ်။
valentines-day-sms-whatsapp_pinterest-08_759.jpg
ဆိုင်ကအရောင်းဝန်ထမ်း ကောင်မလေးကလဲ အလိုက်ကန်းဆိုး မသိ " အကို စုံတွဲအင်္ကျီ လှလှလေးတွေ ရှိတယ်နော် လက်ဆောင်ပေးဖို့ဆိုရင်လည်း မိန်းကလေးဝတ် လှလှလေးတွေရှိတယ် " ဆိုပဲ။ စကားတွေ ဆက်ပြောနေရမှာဆိုးလို့ တွေ့တဲ့ တီရှပ်တစ်ထည်လောက် ကောက်ဝယ်ပြီး အမြန်ပြန်လစ်လာရတယ်။

အိမ်ပြန်ရောက်တော့ စိတ်က အတိတ်ဆီကို ပြန်ရောက်သွားတယ်။ ကျွန်တော်တို့က ရွာကလူတွေဆိုတော့ Valentine Day မှာ ချစ်သူနဲ့ ဆင်တူဝတ်ပြီး လျှောက်လည်ကြတာတွေ ဘာတွေမလုပ်ခဲ့ဖူးပေမဲ့ ချစ်သူတစ်ယောက်တော့ ရှိခဲ့ဘူးတယ်ဗျ။

ကျွန်တော်ရွာမှာ ဆယ်တန်းတက်နေတဲ့ အချိန်တုန်းကပေါ့ဗျာ။ ကျွန်တော်မှာ အရမ်းချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်တော့ ရှိဖူးပါတယ်။ သူလည်း ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ပြောဖူးတယ်။
free-valentine-clipart-9TR7rodTe.png
သူနဲ့ကျွန်တော်လည်း အခုခတ်လူငယ်တွေလို ဟိုဒီတွေသာ လျှောက်မလည်ဖူးကြတာ ရွာဦးက စေတီမှာတော့ နှစ်ကိုယ်သစ္စာ ကတိတွေထားကြပြီးတော့ တစ်သက်မခွဲဘူးဆိုတာလောက်တင် မကဘူး နောင်သံသရာ အဆက်ဆက်ထိ ရွှေလက်တွဲရပါစေသားလို့ ဆုတွေတောင်းခဲ့ဖူးကြတာပေါ့ဗျာ။
IMG_20180130_104531.jpg
တီတီတျာတျာ စကားလေးတွေပြောပြီး ကျွန်တော့် ပုခုံးလေးထက် သူ့ရဲ့ခေါင်းလေးမှီခဲ့ဖူးတာတွေ အခုချိန် အရမ်းသတိရမိပါရဲ့။ အခုလို အကြောင်းရယ် တိုက်ဆိုင်တော့ သတိရသွားမိတာပါ။

မမေ့နိုင်ရင်ထဲ စွဲစွာနဲ့ ဘဝမှာ ဒီတစ်ယောက်ပဲ ချစ်ခဲ့ဖူးတာပါ။ အခုလို သတိရစရာ အကြောင်းလေးတွေ တိုက်ဆိုင်တော့လည်း အမှတ်တရလေးတွေ သတိရမိပြီး ငယ်
်ချစ်လွမ်းမိတာပေါ့ဗျာ။

နောင်သံသရာဆီမှာလည်း ထပ်တွေ့ဦးမယ်လို သူပြောဖူးတာ ပြန်ကြားရောင်မိပါရဲ့။ ကျိန်တွယ်ပြီးပြောတဲ့စကားတွေလည်း ရှိသေးတယ် တစ်သက်လုံးအတွက်ပါတဲ့။ အခုတော့လည်း ဘယ်ဆီဘယ်ဝယ်များ ရောက်လို့နေပါလိမ့် ချစ်ရတဲ့သူရေ။

ဝဿန်ခါ မိုးတွေရွာတိုင်းလည်း လွမ်းခဲ့ဖူးရတယ် ။ နှင်းမှုန်ဖွေးဖွေးတွေ ကျတဲ့ ဟေမန်ဆောင်း ရောက်တိုင်းလဲ သတိရတမ်းတ ဆဲပါ ။ သူကတော့ နေရာသစ်တစ်ခုမှာ ကျွန်တော့်ကို သတိရတော့မှာ မဟုတ်လောက်တော့ပါဘူး။

သူနဲ့ကျွန်တော် ကွဲကွာသွားတာ အခုဆိုရင် ရှစ်နှစ်တောင်ပြည့်ခဲ့ပြီလေ။ နှစ်ယောက်သားက အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ခဲ့ ကြတာဆိုတော့ အိမ်ထောင် ရှင်ဖြစ်ဖို့အရေးကလဲ ငွေဆိုတာ ရှိမှ ဖြစ်မယ်လေ။ ဆင်းရဲခြင်းတွေ တံခါးဝကို ဝင်လာရင် အချစ်တွေ ပြတင်းပေါက်ကနေ ထွက်သွားမှာ မျိုး ကျွန်တော်မလိုလားဘူး။

တူနှစ်ကိုယ်နီးဖို့ အရေး ငွေရှာဖို့ဆိုပြီး ဖားကန့်ကို ကျွန်တော် သွားဖို့ဆုံးဖြတ်ပြီး သူ့ကိုပြောပြတယ်။ သူက မသွားစေချင်ပါဘူး မချမ်းသာရင်နေ သူ့ကို တစ်သက်လုံး ချစ်ရင် ရပါပြီတဲ့။ ဒါပေမဲ့ ရှေ့ရေးတွေ နောက်ရေးတွေ တွေးပြီး သူ့ကိုလည်း ပြောပြ နှစ်သိမ့်ပြီး သွားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်မိသေးတယ် အဲဒီညကတော့ နှစ်ယောက်သား အလွမ်းသယ်လို့မဆုံးပါဘူး။ သူ့ပါးက မျက်ရည်စတွေကို သုတ်ပေးရတာလဲ ခဏဏပေါ့။ သူပါးကိုသာ မျက်ရည်သုတ်ပေးနေရတာ ကို့ပါးမှာလဲ သူ့လို့ပါပဲ။ ဘယ်ခွဲချင်မလည်းလေ ဘဝရေးအတွက်မို့သာ သွားရမှာ အခိုက်အတန့်ပါပဲ ဆိုတာ သိပေမဲ့ ရင်ထဲတော့ ဘယ်ကောင်းပါ့မလဲ။ သူ့ကို ရင်ခွင်ထဲထည့်ပြီး ထွေးပွေ့နှစ်သိမ့်နေရတယ်။ အရမ်းငိုနေလို့လေ။ သူ့ကို ရင်ခွင်ထဲ ထည့်ထားခွင့်ရတာ အဲဒီအခါ နောက်ဆုံးပဲ ဆိုတာ ကြိုသိခွင့် ရ ခဲ့ရင် ကျွန်တော် ခရီးထွက်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

ကျွန်တော် ဖားကန့်ရောက်ပြီး သုံးလေးလအထိ စာချင်းအဆက်အသွယ် မပြတ်ခဲ့ကြဘူး။ ငါးလလောက် ကြာတော့ ကျွန်တော့်အိမ်က စာတစ်စောင်ရောက်လာတယ် မင်းကောင်မလေး ဆုံးပြီတဲ့။

အသိုက်ဖျက်ခံရတဲ့စာကလေးတွေ နေစရာ အသိုက်မရှိတော့ရင် သူတို့ရင်ထဲ ဘယ်လိုနေမယ်မှန်း ကျွန်တော်မသိဘူး ယုံကြည်မှုနဲ့ တည်ဆောက်နေတဲ့ အချစ်အိမ်ကလေး လေထဲမှာပဲ ပြိုလဲ သွားခဲ့ရတဲ့ ကျွန်တော် ဖြေမဆည်နိုင်ပါဘူး။

ရွာကို အမြန်ပြန်လာခဲ့တယ် ။ အမြန်ပြန်လာခဲ့တယ်ဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေးအရ နှစ်ရက်လောက် ကြာမှ ရွာကို ရောက်တော့ ချစ်သူရဲ့နောက်ဆုံး ခရီးကို ကျွန်တော် မမှီခဲ့ဘူး။ အုတ်ဂူဖြူဖြူလေးကသာ ကျွန်တော့်ကို စောင့်ကြိုနေတယ်။

သူ့ရဲ့ အမကြီးက ပြောပြလို့ သိရတာက သူကျွန်တော့်ကို နေ့တိုင်းသတိရနေခဲ့တာတဲ့။ ကျွန်တော် ဟိုမှာ အဆင်မှပြေရဲ့လားလည်း တဖွဖွ ပြောနေတာပဲတဲ့။ နေ့တိုင်း တမှိုင်မှိုင်တထွေထွေနဲ့ ကျွန်တော့်ကို အရမ်းလွမ်းတဲ့စိတ်တွေနဲ့ သေရှာတယ်ထင်မိတယ်။ စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်ခဲ့ဘူးဗျာ။ ကျွန်တော့်သူကို ချစ်တယ်ဆိုတာထက် သူက ကျွန်တော့်ကို ချစ်ခဲ့ရှာတာလေ။

သူမရှိတော့တဲ့ ရွာမှာလည်း ကျွန်တော် နေချင်စိတ် မရှိလို့ လွင့်နေလိုက်တာ အခုထိပါပဲ။

ဒီနေ့အကြောင်းတိုက်ဆိုင်လို့ ငယ်ချစ်ကို သတိရသွားမိတာ။ စိတ်ချပါချစ်သူ ငါ့ဘဝမှာ နင့်လို ချစ်ရမဲ့သူမျိုး ဘယ်တော့မှ ပေါ်လာစရာ မရှိတော့ပါဘူး။ ချစ်သူစုံတွဲတွေ ပျော်ကြမော်ကြမဲ့ Valentine Day ဆိုတာ ဒီတစ်သက် ငါ့အတွက် မဟုတ်စေရပါဘူး။

ငါတို့ ထားခဲ့ဖူးတဲ့ ကတိသစ္စာအတိုင်း ဒီဘဝမပေါင်းကြရပေမဲ့ နောက်နောင်ဘဝတွေကျ တော့ မှ ပဲ Valentine Day ဆိုတာရှိအုန်း မဟ်ဆိုရင် အဲဒီအချိန်မှ နင်နဲ့အတူလျှောက်လည်တော့မယ် နော်။

ငါ ရွာကို ခဏပြန်ခဲ့ဦးမယ်ဟာ နင်သိပ်ကြိုက်တဲ့ နှင်းဆီပန်းလေး နင့်အုတ်ဂူပေါ်မှာ Valentine လက်ဆောင်အဖြစ် ငါပေးချင်လို့ပါ။
images (6).jpeg

Photos Credit >>>Google & Facebook

Author>>>@aungzawhtwe

MSC : 014

Sort:  

မင်းသည်ထက်လုပ်နိုင်ရက်နဲ့ ပြီးစလွယ်ရေးတယ်၊ ကိုယ့်အားကို အပြည့်မသုံးဘူး.. သိသာတယ်။

ဟုတ်ကဲ့ဆရာ ဆင်ခြင်ပါ့မယ်။

ကိုယ်တေကတော့ Valentine ဆိုတာ မရှိပါဘူး

အတူတူပါပဲ ဘုရာ့။

Happy valentine အထွေး
😁😁😁
ရှိရောရှိ့လားမသိ

တမလွန်ရောက်သွားပါပြီဆိုမှ 😥😥😭😭😰

ရင်ထဲကိုထိတယ်ဗျာ ဖြေသိမ့်စရာစကားတောင်ရှာမတွေ့ဘူး Bro ရာ

ကျေးဇူးပါ bro လာရောက်အားပေးဖတ်ရှုတာ။

ရင်ထဲ မကောင်းဘ
ကိုထွေးရေ

ဟုတ်တယ် ခုလိုချိန်ဆို အရမ်းသတိရမိတယ်။

အရမ်းစိတ်မကောင်းဖြစ်ရပါတယ်ကိုထွေးရေ ။

ကာယကံရှင်ဆိုတော့ အရမ်းခံစားရတာပေါ့ဗျာ။

ဘယ်​လင်​တိုင်းမုန်းတယ်​ ​ချောကလက်​​ဈေးကြီးလို့

ကိုတေ အတွက်တော့ ချောကလက်ဝယ်စရာမလိုလို့ အေးဆေးပါ။

စိတ်မကောင်းပါဘူးရှင် မှော့ပေါ့ ကိုယ့်ထပ်ကြမယ့်ချစ်သူ အားတင်းထား

ဟုတ်ကဲ့ အမကျေးဇူးပါ။

ငယ်ကအချစ် အနှစ်တစ်ရာတောင်မမေ့ဘူးဆိုဘဲဗျ

ဟုတ်တယ်တနေ့မှ မေ့မရခဲ့ဘူး

ချစ်တတ်လိုက်တာbro ရေ
ဖတ်ပီးမျက်ရည်တောင် ၀ဲတယ်😢😢😢
အရေးအသားကောင်းလို့လဲပါတယ်

ကျေးဇူးတင်ပါတယ်broရေ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 59370.83
ETH 2591.60
USDT 1.00
SBD 2.46