တစ်စုံတခု

in #myanmar8 years ago

တစ်ခုခုကို လိုချင်ရင်
တစ်ခုခုကို စွန့်လွှတ်ရမယ်တဲ့
ဒါက တကယ်သေချာတဲ့
နိယာမ တစ်ခုလေလား။
မစွန့်လွှတ်ပဲရော
လိုချင်နေတဲ့ အရာကို
ရနိုင်မဲ့ နည်းလမ်းမရှိတော့ဘူးလား။
နောက်ရလာမဲ့ တစ်ခုခုက
စွန့်လွှတ်လိုက်ရမဲ့
တစ်ခုခုထက် ပိုကောင်းမယ်လို့
ထင်မြင်ချက်တွေ ရှိနေလို့လား။
ပိုင်ဆိုင်ထားပြီးသား
တစ်ခုခုဆိုတဲ့ အရာလေးကိုလည်း
သံယောစဉ်က မပြတ်သလို
နောက်ရောက်လာမဲ့
တစ်ခုခုလေးကိုလည်း
အရမ်းကောင်းမယ် မျှော်လင့်ရင်းနှင့်
တစ်ခါတလေကျတော့
ဖွတ်မရ ဓါးမဆုံးပြီး
နှစ်ခုလုံး လက်လွှတ်လိုက်ရတာမျိးရော
ဖြစ်ဖူးသလား။
တစ်ခါတစ်ခါ ကျတော့လည်း
လက်ထဲရှိနေပြီးတဲ့
ကိုယ်နဲ့ မအပ်စပ်တဲ့ အရာလေးကို
အနာခံဖက်တွယ်ထားရင်း
ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မဲ့
အရာကို လက်လွှတ်လိုက်ရတာလဲ
ဖြစ်ဖူးသလား။
ဘာပဲ ဖြစ်ဖြစ်
လူ့အလိုတော့ နတ်မလိုက်နိုင်ပါဘူးလေ။it__2017__georgie_1___transparent_by_captain_kingsman16-dbptsx0.png
source

Author>>>@aungzawhtwe

Sort:  

ကိုယ်‌‌ဆုံး ဖြတ်‌ပြီးသား လမ်းကို အ‌ကောင်းဆုံး လုပ်‌တာ အ‌မှန်‌ကန်‌ဆုံးပါ။တစ်‌ခုကိုစ‌တေးမှ လိုချင်‌တာရမယ်‌ဆိုလည်း စ‌တေးလိုက်‌တာကို လွမ်းမ‌နေပါနဲ့‌တော့။

လွမ်းနေတာတော့ မဟုတ်ပါဘူး။

မှန်တာပေါ့

ဘာတွေ မှန်နေတာတုန်း။

ကိုးလုံးကျည်နဲ့ပစ်လိုက်တာလေ

မှန်သောစကားများပါ

ဟုတ်ကဲ့ အန်တီ။

နတ်ကတော် ဆိုရင် လိုက်တယ်

ငမ်းး ကြောက်တယ်။

ဖြစ်တတ်ဘာဒေလေ

ဖြစ်နေကျတေဘာာ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.081
BTC 61075.41
ETH 1631.91
USDT 1.00
SBD 0.42