The Ledo RoadsteemCreated with Sketch.

in #myanmar7 years ago (edited)

ဒုတိကမ္ဘာစစ်ကြီးအတွင်း လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီးနှစ်ခုသည် ကမ္ဘာကျော် စစ်သုံးအဝေးပြေး လမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည်လျက်ရှိပေသည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြားသည့် (Burma Road) အဝေးပြေးလမ်းမကြီးဖြစ်ပြီး ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။
ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်။ အဆိုပါ လမ်းမကြီးများကို ယခုအခါတွင် အသုံးပြုခြင်း မရှိတော့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော ဗျူဟာမြောက် လမ်းမကြီးများအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေသည်။
လီဒိုလမ်းမကြီးကို ၁၉၄၃ခုနှစ်တွင် အမေရိကန် အင်ဂျင်နီယာများက ဦးဆောင်ပြီး အိန္ဒိယ နီပေါ သီရိလင်္ကာ နာဂ ကချင် ရှမ်းနှင့်
တရုတ်လုပ်သားပေါင်း ၆၃၀၀၀ဖြင့် ၂နှစ်ကြာအောင် ဖောက်လုပ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ၁၄၈သန်းခန့် ကုန်ကျခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံနယ်စပ်အနီး လီဒိုမှာ ကာလကတ္တားမှ လာသော ရထားလမ်းဆုံးရာမြို့နှင့် နီးကပ်သဖြင့် ထိုမြို့အနီးမှ လမ်းကြောင်းစတင်လိုက်တဲ့ လီဒိုလမ်းမကြီးဟာ ဟူးကောင်းတောင်ကြား ပန်ဆောင်တောင်ကြားများကိုဖြတ်ရပြီး ငှက်ဖျားရောဂါ သားရဲတိရိစ္ဆာန်များ နွံအိုင်ကြီးများနှင့် ရင်ဆိုင်ရကာ တစ်ဖက်ကလည်း စစ်တိုက်ရင်းဖြင့် တစ်နေ့တွင် တစ်မိုင်မျှ ပြီးစီးအောင်မနည်းကြိုးစား တည်ဆောက်ခဲ့ရပါတယ် ။ လီဒိုလမ်းမကြီးကို အမေရိကန်စစ်သား ၁၁၀၀နှင့် ဒေသခံလူမျိုးထောင်ပေါင်းများစွာသေဆုံးခဲ့သည်အထိ အသက်သွေးချွေး ရင်းနှီးကာ တောတောင်ထူထပ်၍ မတ်စောက်လှသော ကမ်းပါးများအကြား တည်ဆောက်ခဲ့ရသဖြင့် သမိုင်းဝင် သမိုင်းတွင် ထင်ရှားခဲ့ခြင်းဖြစ်ပါသည် ။
လီဒိုလမ်းမကြီး၏ မက်စောက်မှုအရှိဆုံး ကုန်းအတက်လမ်းမှာ ကချင်ပြည်နယ် ရှင်ဘွေယန်မှ ၁၈မိုင်စခန်းအထိ ဖြစ်သဖြင့် စစ်လက်နက်နှင့် ရိက္ခာတင်ကားများ အခက်ခဲဆုံး သွားလာရသော လမ်းဖြစ်သည် ။
လမ်းအူကြောင်းကို ဝေဟင်မှ ရှာတွေ့နိုင်ရန် လေယာဉ်များပေါ်မှ လောင်စာဆီများ ဖြန်းချကာ မီးရှို့ပြီး ၁၀၇၉မိုင်ရှည်လျားသည့် ထောက်ပံ့ရေး လမ်းကြောင်းကို တည်ဆောက်ခဲ့ပါတယ် ။
ဗိုလ်ချုပ်ကြီး စတီးဝဲလ်က ဦးဆောင်ပြီး ဖောက်လုပ်ခဲ့သောလမ်းဖြစ်၍ စတီးဝဲလ်လမ်းဟုလည်း ဂုဏ်ပြုခေါ်ဝေါ်သလို အမေရိကန် အင်ဂျင်နီယာတပ်သားများအတွက် အခက်ခဲဆုံးတာဝန်တစ်ရပ်ဖြစ်ခဲ့ပြီး ၎င်းတို့က Pick's Pike လို့ခေါ်ကြပါသေးတယ် ။ အိန္ဒိယနှင့် ကချင်နယ်စပ်ကို ကျော်လာတော့ ပန်ဆောင်တောင်ကြားဟာဖြင့် အချို့နေရာများတွင် အမြင့်ပေ ၄၆၀၀အထိရှိပြီး ငှက်ဖျား တုပ်ကွေးနှင့်အူရောင်ငန်းဖျားရောဂါများ ထူထပ်စွာ ကြုံတွေ့ရလို့ Hell Pass လို့တောင် အမည်ရခဲ့ပါသည် ။ (၁၉၄၃)ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ(၁၉၄၅)ခုနှစ်တွင် အဆုံးသတ်ခဲ့လေသည်။ လီဒိုလမ်းမကြီး ဖောက်လုပ်ရာတွင် ချွေးတပ်သားအမြောက်အမြား သေကြေပျက်စီးခဲ့ကြရပေသည်။ အရှေ့တောင်ဘက်တွင် ယိုးဒယား မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့ရာတွင် ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော်သေကြေပျက်စီးခဲ့ကြောင်း မှတ်တမ်းရှိသည်။
မဟာဗျုဟာကျသော လီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ရာတွင်လူပေါင်း ၆၃၀၀၀ နှင့် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၈ သန်း သုံးစွဲခဲ့သည်။ လီဒိုလမ်းမကြီးဟာ တစ်ထောင်ဆစ်ချိုးအကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့ ၊ပေတစ်သောင်းကျော်နက်တဲ့
ချောက်ကမ်းပါးတွေနဲ့ တောင်အသွယ်သွယ် ပေါ်မှာ ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့ တွင် လီဒို လမ်းကို တရားဝင် ဖွင့်လှစ် ခဲ့သည်။လီဒိုလမ်းမကြီးပေါ်မှ ပထမဆုံး ဖြတ်သန်း မောင်းနှင်လာသော ထရပ်ကားသည် တရုတ် ရှေ့တန်းနယ်မြေသို့ ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။

images.jpg

During the second world war was the main road across the country more than 70 years ago, construction of two world-renowned highway stands as it can be found even to this day. In one of the main road on the way to popular (Burma Road) highway, Run Myanmar and southwest China and Kunming, China, and contacting Myanmar Lashio. Myanmar, Japan had occupied a major road construction.
The second road appeared to Ledo in Assam, India and China's Yunnan province, Myanmar Kachin whirlwind Myitkyina and Bhamo through construction. The road now is no more, the history of World War II strategic road as he used one time.
Ledo for the 1943 American engineers, led by India, Nepal, Sri Lanka, Kachin, Shan and the future
2 with more than 63,000 years of Chinese construction cost was $ 148 million. Ledo near the border with India, Kolkata, close to the railway from the city and near the city Launched route between Ledo least army click Valley and a large swampy terrain of wild animals and malaria war across the face one day, trying to complete a mile Building on the ground. Ledo for the US until 1100, killing thousands of people and local investment forest thick, was built between the steep and lofty cliffs known historic history last year.
Ledo's dream up the most steep hill road, 18 miles from the storm in Kachin camp with arms and walked hardest.
Feel that way on the air to find the aircraft burned fuel spray was built in the 1079 mile long supply route.
General Stilwell was led by construction and Stilwell Road, also called honor was American engineer troops in the most difficult duty, they called Pick's Pike. When India and over click .Valley up to 4600 feet in some diseases and malaria, influenza and typhoid rugged face was titled even Hell Pass. (1943) to start construction of this road (concluded in 1945). Ledo construction sweat soldiers were killed in large numbers. Thailand Road construction to the southeast sweat soldiers have reportedly killed more than 80,000 records.
The great strategic Ledo was built during World War II, more than 63,000 and has spent $ 148 million cash. Ledo at least turn a broken joints turn twenty thousand, ten thousand feet deep
Has been set on the cliffs and mountain streams construction. (20 May 1945) on the Ledo Road was opening. Ledo first truck tolls on the Chinese frontier territory was reached on January 28, 1945.

                                                 Aung Zaw Htwe

IMG_20170723_151635.jpg

Sort:  

Beautiful! This looks like a great place to go!:) Please check my little journey that I made soon. I hope you enjoy my photos. @nakedchef89

https://steemit.com/history/@nakedchef89/abandoned-in-bulgaria-6-monument-buzludja

done and your welcome.

သိသလိုလိုနဲ့ မသိခဲ့တဲ့ သမိုင်းတွေလေ၊ သိအောင်လည်းမကြိုးစားခဲ့ဘူးလေ.....

ဟုတ်ကဲ့bro

Voted done

thank for your support .

Coin Marketplace

STEEM 0.15
TRX 0.16
JST 0.028
BTC 68109.82
ETH 2439.30
USDT 1.00
SBD 2.50