" စွန်လွှတ်ကြသူများ "

in #myanmar8 years ago

နေ့စဉ်ရက်ဆက် ရေးသားခဲ့သည်
ကြွက်သေတစ်ခု အရင်းပြုသည့်ပမာ။
ရင်မှပေါက်ဖွား စာသားများကို
ပေထက်အက္ခရာ တင်သည့်အလားသို့။

တင်သည့်အက္ခရာ ထိုထိုစာကို
တစ်ပြည်သူ တစ်ပြည်သားများက
သိလာကြလေမလားဟု မျှော်မှန်းခဲ့၏။

ရင်မှဖြစ်တည် စိတ်အစဉ်ကို
ကောင်းကင်မှတစ်ဆင့်
လွှင့်တင်မြဲ လွှင့်တင်နေလည်း
ထင်သလောက်ခရီးကား မပေါက်သေးပေ။

စိတ်အားမလျော့ မျှော်၍ ရှုသော်
ကောင်းကင်တမွတ်၌ ကိုယ်လိုသူလို
စွန်လွှတ်သူများ တွေ့ရလေ၏။

လွှတ်လိုက်သည့်စွန် ဘယ်ချိန်များမှ
ဝတိံထိပ်ဖျား ရောက်လေမလား
မသိရငြား ဆက်လက်ဆက်ကာ
လွှတ်ရပေဦးမည်။

69125003-colorful-kite-flying-in-blue-sky-illustration.jpg
Image source
Author>>>@aungzawhtwe

Sort:  

ကောင်းကင်တမွတ် ဆက်ကာလွှတ်မည်

ဦးဇင်း post တင်တာလည်း မတွေ့တော့ပါလား။

ကြားတော့မချနဲ့ကွာ၊ မော်ဒန်နဲ့ ခေတ်စမ်း တစ်ခုခုရွေးပါ။

ကြားချတာ ကောင်းဘူးလားဆရာ။

ဝေးသွားမလားလို့
ကြိုးပျက်မှာလဲစိုး

ကြိုးပြတ်သွားလဲ လေထု ဖိအားကင်းတဲ့နေရာဆိုရင် သွသူ ရပ်တည်နိုင်မှာပါ။

ကို‌ထွေးစွန်‌‌လေးကို ကျွန်‌‌တော်‌ မြင်‌ရပါတယ်‌ဗျ။အ‌ရောင်‌‌လေးက အ ဖြူ‌ရောင်‌‌လေး။

အဖြူရောင် တွေကြားထဲမှာ ဝိုးတဝါးပဲ မြင်ရတော့တယ်။

ကြိုးစားလွှတ်လဲသဘာဝလေကိုလိုရာရောက်အောင်ဆွဲယူမနိုင်ပါ

သဘာဝကိုတော့ မလွန်ဆန်နိုင်ပါ။

ကဗျာ ရေးနေသည်

ကဗျာရေးတဲ့ နှစ်လေ ခိခိ။

@Aungzawhtwe
Pls Follow me for next future upvote

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 62831.88
ETH 1752.54
USDT 1.00
SBD 0.39