" စာရေးဖို့အကြောင်းအရာ စဉ်းစားမရခဲ့တဲ့ ကျွန်တော် "

in #myanmar6 years ago (edited)

အရင်ရက်တွေတုန်းကတော့ စာတွေတစ်ပုဒ်ပြီးတစ်ပုဒ် မနက်ဆယ်နာရီလောက်ဆိုတင်ပြီးသားဖြစ်နေပြီ။ ဒီနေ့ကျ စာရေးဖို့ စဉ်းစားလိုက်တော့ ဘယ်အကြောင်းအရာကို ရေးရမလဲဆိုတာ တနေကုန်စဉ်းစားလို့ကို မပေါက်တတ်ဘူးဖြစ်နေတယ်။ နောက်ရက်ဆိုရင်က group 1 promotion တင်ရမဲ့အလှည့်ကဖြစ်နေပြန် စာရေးဖို့က တွေးမရနဲ့ အတော်စိတ်တိုမိတယ်။ စာရေးဖို့တောင်တွေးမြောက်တွေးနဲ့ စဉ်းစားရင်း ဘာရေးရမယ်ဆိုတာ အကြံကမပေါ်ခဲ့တော့ မဆီမဆိုင် ဟိုအရင်ခေတ်က စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးတွေကို သွားပြီးအားကျမိတယ်။
writer-wretch.jpg
လက်ဝဲသုန္ဒရ တို့ စလေဦးပုည တို့ အစရှိသည်ဖြင့် စာဆိုတော် ပညာရှင်များစွာ အရင်တုန်းက ပေါ်ပေါက်ခဲ့ဖူးတယ်လေ။ သူတို့တွေဆိုရင် ရှင်ဘုရင်က စိတ်ဆိုးလို့ နယ်နှင်ဒဏ် ပြည်နှင်ဒဏ်ပေးထားတာတောင် မျက်ဖြေလင်္ကာတွေ အဝေးကနေ တင်သွင်းပြီး ရှင်ဘုရင် ရဲ့အမျက်တော် ပြေပျောက်အောင်အထိ အရေးအသားနဲ့ စွမ်းဆောင်နိုင်ကြတယ်။ သူတို့ရဲ့ စာရေးနိုင်တဲ့စွမ်းရည်မျိုးတစ်ဝက်လောက် ကိုယ့်မှာသာ ရှိရင် steemit မှာ စာရေးရတာလောက်တော့ အသာလေးနေမှာရယ်။

စလေဦးပုညရေးတဲ့ ရေသည်ပြဇာတ်ဆိုရင် ကျောင်းသုံးပြဌာန်းစာအုပ်အဖြစ်သုံးရသည်အထိ အရေးအသားတွေကကောင်းလွန်းခဲ့တယ်။ ရေသည်ပြဇာတ်ကို ဦးပုညရေးခဲ့တာကတော့ နန်းတွင်းက ရှင်ဘုရင်ကို ကပြဖျော်ဖြေရတဲ့ သဘင်သည်တွေအတွက် ရေးခဲ့ဟန်တူပါရဲ့။ သူရေးတဲ့ အကြောင်းအရာတွေထဲမှာ မဖြစ်နိုင်တာကို အလွန်အကျူး ရေးဖွဲ့ထားတာတို့ ခိုင်းနှိုင်းဥပမာ ပြတာမျိုးတွေတို့ သွယ်ဝိုက်ပြီးမှရေးတာမျိုးတွေတို့ စသည်ဖြင့်အလင်္ကာ ရသ များစွာကို ပေးစွမ်းနိုင်တဲ့ အတွက် အလင်္ကာစကားလုံးတွေသိနိုင်ဖို့ ကျောင်းသုံး စာအုပ်အဖြစ်ပြဌာန်းခဲ့ခြင်းဖြစ်တယ်လို့ ကျွန်တော်တော့ထင်မိတယ်။
cover.jpg
ကျွန်တော်တို့ steemit မှာစာရေးနေကြသူများအနေနဲ့ ဦးပုညရဲ့ အရေးအသားတွေကို ပြန်လေ့လာ ကြည့်သင့်ကြတယ်ဗျ။ ရေသည်ပြဇာတ်ထဲမှာ ရေသည်ယောက်ျားနဲ့ ရေသည်မိန်းမ တွေ့ကြတော့ နှုတ်ဆက်စကားပြောခန်းကိုက အလွန်အကြူးဖွဲ့ဆိုခြင်း ခိုင်းနှိုင်းဖွဲ့ဆိုခြင်း စတဲ့ အလင်္ကာရသ များစွာပါတဲ့ ရေးဟန်တွေကိုတွေ့နိုင်ပါတယ်။

အဲဒီထဲကနည်းနည်းလောက်ကို ထုတ်နှုတ်ပြရရင် ရေသည်ယောက်ျားက ရေသည်မိန်းမကို စကားပြောတဲ့အခန်းထဲက " ဆံထုံးတော်ကြီး တမာသီးနဲ့ ခါးစည်းဝတ်လဲ ချုပ်စပြဲကို တွယ်အပ်နဲ့တွယ် လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည် " တဲ့။ အဲဒီစာသားလေး တစ်ကြောင်းကိုပဲ လေ့လာကြည့်ရင် စာလေးကတိုတိုလေးနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ဖတ်ရသူကို ရသအစုံပေးစွမ်းနိုင်ပြီး ရေသည်မိန်းမရဲ့ ဇာတ်ကောင်သရုပ်ကိုပါ ပေါ်လွင်အောင် ရေးထားနိုင်ပါပေရဲ့။

ဆံထုံးတော်ကြီးလို့ပြောပြီး အဲဒီဆံထုံးကို တမာသီးအရွယ်လောက်နဲ့ပဲ ခိုင်းနှိင်းပြထားတယ်။ စာဖတ်သူကို ဟာသသဘောလဲသက်ရောက်စေတယ် အလွန်အကျူးရေးဖွဲ့တဲ့ အတိသယဝုတ္တိအလင်္ကာလည်းမြောက်တယ် တပြိုင်တည်းမှာပဲ တမာသီးနဲ့ ခိုင်းနှိုင်းတဲ့ ဥပမာအလင်္ကာလည်း မြောက်စေတယ်။ ဘယ်လောက်အထိ ကျွမ်းကျင်မှုရှိတဲ့အရေးအသားလည်းဆိုတာ အဲ့လောက် စာတိုတိုလေးဖတ်ကြည်တာကိုက ထင်ရှားစွာမြင်နေရပါတယ်။

Steemit မှာ စာရေးနေကြတဲ့ အကိုအမတွေက ကျွန်တော့်ထက်ပညာအရည်အချင်း တော်ပြီးသားလူတွေချည်းပဲ ဆိုတော့ ရေသည်ပြဇာတ်အကြောင်းက ဆယ်တန်းမှာ သင်ဖူးကြပြီးသားလူတွေချည်း ဖြစ်နေမှာပါပဲ။ အဲဒါကြောင့်မို့ အဲဒီထဲက အကြောင်းအရာတွေပြောပြလိုက် ရေးပြလိုက် လုပ်ပြီးတော့ စကားပြေတော့ ပြန်ရေးပြမနေတော့ပါဘူးလေ။ ဒါပေမဲ့ အခုလို ကိုယ်တွေကိုယ်တိုင် စာရေးရတဲ့ အနေအထားရောက်နေကြချိန်မှာတော့ စကားလုံးအသုံးနှုန်းတို့ ရေးဟန်ရေးနည်းတို့ လေ့လာကြတဲ့နေရာမှာတော့ အရင်ခေတ်က စာပေတွေလည်း ပြန်လေ့လာကြည့်သင့်ကြတယ် ခင်ဗျ။

ကျွန်တော်ကိုယ်တိုင်ကတော့ ကျောင်းမှာတုန်းက သင်ခဲ့ရတဲ့ စာတွေ ကျောင်းကို ပြန်ပြေးသွားလို့ အခုလို စာရေးနေတဲ့အချိန်မှာမှ ပြန်လေ့လာဖြစ်တယ်။ ကျောင်းမှာသင်ခဲ့ရဖူးတဲ့ ဦးပုညရဲ့ " ရေသည်ပြဇာတ် " လို စာအုပ်မျိုး အမျိုးသားပညာဝန်ဦးဖိုးကျားရေးခဲ့တဲ့ " မိတဆိုးရှင်ပြု " " မင်းကတော် " စတဲ့စာအုပ်မျိုး ဂျိမ်းစ်လှကျော်ရေးတဲ့ " မောင်ရင်မောင် မမယ်မ " လိုစာအုပ်မျိုး စာရေးဆရာကြီးရွှေဥဒေါင်း ရေးခဲ့တဲ့ " ရတနာပုံ " ဝတ္ထု လိုမျိုး စသည်ဖြင့် အထက်ပါ စာအုပ်များဟာ ကျောင်းသုံးစာအုပ်များအဖြစ် သုံးဖို့ပြဌာန်းခြင်းခံခဲ့ရဖူးတဲ့ စာအုပ်များဖြစ်ကြပါတယ်။

ကျောင်းနေအရွယ်တုန်းကတော့ စာကို စာအဖြစ်သာ အလွတ်တန်းကျက်ခဲ့တာမို့ အဲဒီစာရရင်ပြီးရော ကျန်တဲ့ အရေးအသားပိုင်းတို့ စကားလုံးအထားအသိုပိုင်းတို့ ဇာတ်အိမ်တည်နည်းတို့ ဘာတို့ဆိုတာ သိပ်အလေးမထားဂရုမစိုက်ခဲ့မိပါဘူး။ အခု Steemit မှာစာရေးဖို့ အဲဒီစာအုပ်တွေကို ပြန်လည်ဖတ်ကြည့်တဲ့အခါကျမှ အတုယူစရာ ရေးပုံရေးနည်းများစွာ လိုရင်းနဲ့တိုရှင်းရေးပြတဲ့ ဟာတွေ အရမ်းတိုတဲ့စာလေး တစ်ကြောင်းလောက်မှာတင် သူတို့ပြောချင်တဲ့အကြောင်းအရာကို ပီပြင်အောင် ဖော်ပြနိုင်တဲ့အရေးအသားမျိုးတွေ အတုယူချင်စရာ များစွာ တွေ့ရပါတယ်။ စကားစုလေး တစ်ခုရရင်ကိုပဲ သူတို့မှာ တစ်ပါတ်ဆယ်ရက်လောက်အထိ ဖတ်ယူရမဲ့ စာပေမျိုးတွေ ရေးနိုင်ကြပါပေရဲ့။
download (14).jpeg
မြန်မာက Steemit မှာ စာရေးနေကြသူတွေ အတော်များများကလည်း ကိုယ့်ပုံစံနဲ့ကို နည်းပညာလိုင်းရေးတဲ့သူက ရေးကြတယ်။ ဝတ္ထုသဖွယ် ရေးတတ်သူတွေက ရေးကြတယ်။ တစ်ရက်ထက် တစ်ရက်လည်း ရေးသားကြတဲ့ စာလေးတွေက ပိုကောင်းလာကြသလို့ လူဦးရေလည်း တိုးလာတာတွေ့ရပါတယ်။ ဒါဟာ မြန်မာ Steemit အဖွဲ့အစည်းအတွက် အတော်လေးကောင်းတဲ့ လက္ခဏာပဲဖြစ်လို့ ဝမ်းသာပါတယ်။

စာဖတ်သူများလည်း သိကြတဲ့အတိုင်း မြန်မာကကျွန်တော်တို့ အဖွဲ့ MSC သည် အခုချိန်မှာတော့ နိုင်ငံခြားမှ Promotion ပေးသောအဖွဲ့တစ်ခုရဲ့ အကူအညီကို ယူပြီး MSC အဖွဲ့ဝင်များ ထိုက်သင့်သလောက် Steem Power , Steem , Steem Dollar များရရှိနိုင်ရန်အတွင် ကိုဟင်နရီ ဦးဆောင်သော အက်မန်အဖွဲ့ မှ ကူညီဆောင်ရွက်ပေးနေပါတယ်။

Steemit ဆိုတာ Copy Psate လုပ်လို့ မရဘူးဆိုတာ MSC ထဲ ရောက်နေသူတိုင်း သိကြပြီးသားပါ ။ အဲဒီ အကြောင်းအရာတွေ အကုန်နားလည်အောင် ဝိုင်းပြောပြပြီးမှ MSC အဖွဲ့ဝင်အဖြစ် လက်ခံတယ်ဆိုတာလည်း အားလုံးအသိပါပဲဗျာ။ ကျွန်တော်ကိုယ်တိုင် MSC အဖွဲ့ထဲစဝင်ခွင့်ရတုန်းကလဲ ကိုယ့်အရှေ့ က အရင်ရှိနှင့်ကြပြီးဖြစ်တဲ့ အကိုအမများက အကြောင်းစုံရှင်းပြကြပါတယ်။ လုံးဝ လိုက်နာရမဲ့ စည်းကမ်းကတော့ Copy Paste မလုပ်ဖို့ပဲပေါ့။ ဒီအဖွဲ့ထဲ ရောက်နေသူတိုင်း ဒါကတော့ MSC နံပါတ်မရခင်တည်းက သိနေကြပြီးသားစည်းကမ်းပါ။
800px_COLOURBOX24299565.jpg
ဆိုတော့ MSC အဖွဲ့အစည်းထဲ ရောက်နေသူသည် နိုင်ငံခြားအကူအညီနဲ့ ရယူနေရသော Promotion အစီအစဉ်မှာ မိမိရဲ့ post ကို ကိုယ်တိုင်မရေးသားပဲ သူများဆီက သူများရေးထားပြီးသားကို Copy ယူလာပြီးတင်တာကတော့ ရှက်ဖို့ကောင်းတယ်ခင်ဗျ။ ဒီလောက် တားမြစ်ထားတဲ့ကြားက copy ယူပြီး post တင်သူတွေကိုလည်း MSC မှ ရာသက်ပန် ထုတ်ပယ်တာမျိုးအထိ အရေးယူပါတယ်။ Copy သမားတွေကို အဖွဲ့ကနေ ထုတ်ပြအရေးယူပြထားသော်လည်း အန်မန်အဖွဲ့ကို မထိလေးစားလုပ်တာလား မရေးတတ်တော့လို့ copy ယူကြလေသလားတော့ မသိပါ။

Copy ကူးထားတာ သိရရင်တော့ မစဉ်စားနဲ့ " အောင်ဖေညောင်းပေရော့ပဲ " မရေးတတ်လို့ကူးတာဆိုရင်တော့ Steemit ဆိုတာသည် MSC အဖွဲ့ဝင်ဖြစ်သူများသာမက တစ်ကမ္ဘာ လုံးက ဘယ် Steemit User ကိုမှ ခွင့်မပြုပါဘူးခင်ဗျာ။

ကျွန်တော်ကတော့ ရေးစရာ ရှာမတွေ့ရင် မရေးပဲသာနေလိုက်မယ် Steemit မှာ Copy post တော့ လုံးဝတင်ဖြစ်မှာမဟုတ်ပါဘူး။ စာမရေးတတ်လို့ ရေးပုံရေးနည်းတွေ လေ့လာချင်တယ်ဆိုရင်တော့ အပေါ်မှာ ကျွန်တော် လမ်းညွှန်ထားတဲ့ စာအုပ်တွေအပြင် စာအရေးအသားကောင်းကြတဲ့ စာရေးဆရာတွေတစ်ပုံကြီးပါခင်ဗျာ။ သူတို့ရေးတာလေးတွေ ဖတ်ကြည့်ပြီး အတုယူစရာ အရေးအသားကို အတုယူ မှတ်သင့်တဲ့စာကို မှတ်ထားပြီး ကိုယ်ပိုင်ဟန်နဲ့ ရေးချလိုက်စမ်းပါဗျာ။

စာရေးတဲ့သူ စာရေးမဲ့သူက စာတွေဖတ်မထားရင်တော့ ဘာချရေးလို့ရေးရမှန်းမသိအောင် အခက်ခဲကြုံရမှာတော့သေချာတယ်ဗျ။ ဒီနေ့ခေတ်မှာတော့ စာအုပ်ဖတ်ကြတဲ့သူတွေက တော်တော့်ကို နည်းသွားပါပြီ။ လူတိုင်းရဲ့လက်ထဲမှာ စမတ်ဖုန်းတစ်လုံးဆီနဲ့ အလုပ်ရှုပ်နေကြတာက များပါတယ်။ အစောက ကျွန်တော်ပြောသလို စာရေးနိုင်ဖို့ စာအုပ်တွေဖတ်ကြမယ် လေ့လာကြမယ်ဆိုရင်လည်း စာအုပ်အငှားဆိုင်တော်တော်များများနဲ့ စာကြည့်တိုက်များဟာ အလုပ်မဖြစ်တော့တာရယ် လူသိပ်မရှိတော့တာရယ်ကြောင့် ပိတ်ထား နားထားကြလို့ အပိုင်ဝယ်ဖတ်ရမဲ့ သဘောမျိုး ဖြစ်နေပြန်ပါတယ်။

တစ်ချို့သော စာအုပ်များဟာ သုံးထောင်လောက်ကနေ တစ်သောင်းကျော် နှစ်သောင်း နီးပါးအထိ ဈေးရှိပါတယ်။ ဘာပညာမှမရပဲ တွေ့ ခင် ချစ် ကြိုက် ညား စာအုပ်များကတော့ ဖတ်ဖို့အားမပေးသလို စာအုပ်ဆုံးသွားရင် မျက်စိညောင်းတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဈေးကြီးပေးဝယ်မှ ရမည်ဖြစ်သော စာအုပ်များကို အင်တာနက်သုံးသူများအဖို့ ယနေ့ခေတ်မှာ လိုချင်သောစာအုပ်များကို အင်တာနက်ပေါ်ကနေ ဒေါင်းလော့ ဆွဲပြီးဖတ်ရှုနိုင်ခြင်းပါပဲ။ မကောင်းတာနဲ့ ကောင်းတာရောနှော နေတတ်တဲ့လောကနိယာမ တရား အရ အင်တာနက်သုံးတိုင်းမကောင်းဘူးဆိုပေမဲ့ အခုလို ဈေးကြီးသော ရှားပါးသော စာအုပ်များကို အင်တာနက်ကနေ ဒေါင်းလော့ ဆွဲတဲ့အဖိုးအခလောက်လေးနဲ့ ရယူနိုင်ပါတယ်။ တကယ်လေ့လာချင် ဖတ်ချင်တဲ့ စာအုပ်မျိုးကို အင်တာနက်မှာ ရှာလို့မတွေ့ဘူးဆိုရင်လည်း ကျွန်တော်လက်လှမ်းမှီသလောက်ကူရှာပေးဖို့ ကတိပြုပါတယ်ခင်ဗျာ။

Steemit မှာစာရေးဖို့ ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေ တစ်ရက်ကို မိနှစ်နှစ်ဆယ် နာရီဝက်လောက် စာဖတ်ခြင်းအလုပ်ကို လုပ်ကြပြီး ဖတ်ပြီးတဲ့အခါ သူတို့ဘယ်လိုရေးကြပါလား ဆိုတာ သုံးသပ်ကြည့်ပါ။ ခင်ဗျားတို့ကိုယ်တိုင် ဆောင်းပါးတစ်ပုဒ် စာတစ်ပုဒ် ပြန်ရေးတဲ့အခါ ကျွန်တော်ထင်ပါတယ် ခင်ဗျားတို့ ရေးလိုက်တဲ့ အဲဒီစာတစ်ပုဒ် ဆောင်းပါးတစ်ပုဒ်ဟာ ခပ်ညံ့ ညံ့ အရေးအသားထဲက မဖြစ်နိုင်တော့ပါဘူး။ စာဖတ်ခြင်းအလေ့အကျင့်ကိုတော့ တစ်ရက်နည်းနည်းပဲ ဖြစ်ဖြစ် ရအောင်ကျင့်ယူပြီးဖတ်ကြစေချင်တယ်ဗျ။
Reading.jpg
ကျွန်တော်တို့တွေ နေ့စဉ် အသက်ဆက်ရှင်သန်နိုင်ဖို့ အစားအသောက်တွေ စားသောက်နေကြရတယ် အစားစားနိုင်မှလည်း ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ ကရိယာတွေက ပုံမှန်လည်ပတ် အလုပ်လုပ်နိုင်မှာလေ။ စာဖတ်ခြင်းကလည်း နှလုံးသားကို စိတ်ကို အစာကျွေးခြင်းမျိုးပဲခင်ဗျ။ စာတစ်ပုဒ် ဖတ်လိုက်ရလို့ နှလုံးသားနဲ့ခံစားပြီး ဘဝင်ကို ထိသွားတဲ့ အရသာမျိုး ခင်ဗျားတို့မရဘူးသေးရင် ရစေချင်စမ်းပါတယ်။ စာတစ်ပိုဒ်လောက် ဖတ်ပြီးတော့ ဘာလုပ်ရမယ် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ ဥာဏ်အလင်းပွင့်သွားတဲ့အရသာမျိုးကို ခင်ဗျားတို့ ရဖူးချင်လည်း ရဖူးပြီးရောပေါ့။ မရခဲ့သေးဘူးဆိုရင်လည်း ကျွန်တော်ပြောသလိုသာ တရက်နည်းနည်းလောက်သာဖတ်ကြည့်ပါလေ။

ကဲဗျာ စာရေးဖို့စဉ်းစားရင်း ဘာရေးလို့ရေးရမှန်းတွေးမရတာနဲ့ ခင်ဗျာတို့ကို လေကန်နေမိတယ်။ မနက်ဖြန်က Promotion တင်ရမဲ့ရက်မို့ စာလေးတော့ သွားရေးလိုက်ဦးမယ်ဗျာ။ စာရေးမယ်သာပြောတာပါဗျာ အခုချိန်ထိ ဘာအကြောင်းရေးရမယ်မှန်းကို စဉ်းစားလို့ မရသေးပါဘူး။ ကဲ ခွင့်ပြုကြပါဦးဗျာ စာရေးဖို့ နည်းနည်းရေးစရာ ရေးကွက်ရှာလိုက်ပါဦးမယ်။
DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Sort:  

ခွေးကောင်လေး မင်းရေးလိုက်ရင်အစွာချည်းပဲ။

စွာတာရယ်တော့ ဟုတ်ပါဘူးဆရာရယ် ။

ဟွင့် ကိုထွေး ရေးစရာမရှိဘူးကလည်း တော်တော်ဖတ်လိုက်ရတယ် ဟားးး

မောသွားလား😁😁😁

သိပ်​ဟုတ်​တာ​ပေါ့ဗျာစာတစ်​​ကြောင်းဖတ်​ရတဲ့ကျိုး​ကျေဇူးကလူကိုဥာဏ်​တိုးပွား​စေပါတယ်​အစ်​ကို​ရေ

မှန်ပါတယ် ခင်ဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank for your support.

ရေးစရာမထွက်လို့သာတော်ပါသေးလား ရေးစရာများရှိရင် အဝီစိ ဆင်းဖတ်နေရမယ်

ဟုတ်တယ် ဘာရေးလို့ရေးရမှာမှန်းအခုထိကို မသိသေးဘူးရယ်။

ရေးကွက်သာရှာမတွေ့လို့တွေ့များတွေ့ရင် ဦးပုညထက်သာနိုင်တယ်။
အခုစာတွေကို Copyလုပ်ပြီးယူသွားလို့ရမလားဟင်😁😁😁

အခုတော့ Copyလုပ်သေးနဲ့အူးလေ နောက်ရက်တွေကျမှ လုပ်ချင်လုပ်😁😁😁

ရေသည်ပြဇာတ်လေး ပြန်ဖတ်ကြည့်ချင်သေးတယ်
ကျောင်းသားဘဝတောင်လွမ်းမိတယ်ဗျာ

ရေသည်ပြဇာတ်လည်း online မှာရှာပြီးဒေါင်းလို့ရပါတယ်ဗျာ။

စာရေးဖို့စဉ်းစားနေရလို့တော်ပါသေးတယ် bro မဟုတ်ရင်တော့မလွယ်ဘဲ

ဟုတ်တယ် ရေးစရာကရှားပါးတော့ စဉ်းစားလို့ကိုမရတာလေ။

ကြိုက်‌တယ်‌ဗျာ။ဒီလို Post မျိုး များများ‌ရေး‌ပေးပါ ကို ‌ထွေး‌ရေ။

ကျွန်တော်ကမြှောက်ပေးသူရှိရင် တကယ်လုပ်မှာဗျ😁😁😁

မရှိဘူး​ပြောပြီး​ရေးထားချက်​😁

တကယ်မရှိတာပါဗျာ😁😁😁

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 61065.80
ETH 2610.29
USDT 1.00
SBD 2.53