" စံဖဲလမ်း "

in #myanmar6 years ago (edited)

" ပူဇာစ ပူဇနေယျာနံဧတံမင်္ဂလမုတ္တမံ "တဲ့။ ဒီစကားလေးကတော့ အားလုံးနှင့်ရင်းနှီးပြီးသား နားလည်ကြပြီးသား စကားလုံးလေး ဖြစ်ပါတယ်။ ပူဇော်သင့် ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာဖြစ်ပါတယ်တဲ့။ ထို့အတူ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သောသူကို ဂုဏ်ပြုခြင်းသည်လည်း မင်္ဂလာတရားတော်နဲ့အညီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ပေရာ ထိုအာဇာနည်ပုဂ္ဂိုလ်များကို မမေ့သောအားဖြင့်လည်းကောင်း နှောင်းလူတို့သိစေရန်အတွက်လည်းကောင်း အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြု၍ လည်းကောင်းတို့၏ အမည်နာမဖြင့် လမ်းနံမည် ဈေးနံမည် ဆေးရုံနံမည် အစရှိသည်ဖြင့် နံမည်ပေးကာ ဂုဏ်ပြုထားကြလေသည်။
honor-stone.jpg
ဥပမာပြရသော် ဦးဝိစာရလမ်း ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ဈေး သခင်ဖိုးလကြီးလမ်း စစ်စံထွန်းဆေးရုံ အစရှိသည်ဖြင့် အာဇာနည်သူရဲကောင်းများ၏ အမည်နာမဖြင့် ဂုဏ်ပြု၍ နံမည်ပေးထားကြလေသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း အာဇာနည်ပုဂ္ဂိုလ်များ၏ လမ်းနံမည် ရှိသည့်နည်းတူ ကျွုန်ုပ်၏ နံမည်နှင့် လမ်းတစ်ခုလည်း ရှိပေသည်။ ကျွန်ုပ်မှာတော့ အာဇာနည်လည်း မဟုတ်၍ ဂုဏ်ပြု မှည့်ခေါ်ခဲ့ကြခြင်းမဟုတ်ပါပေ။ အမြင်ကပ်၍ ပေးထားကြခြင်းသာဖြစ်ဟန်တူပါသည်။ မည်သို့ပင် ဆိုစေကာမူ ယခုအခါတွင် ကျွန်ုပ်နံမည်နှင့်လမ်းသည် မြို့ နယ်စည်ပင်သာယာမှ အသိအမှတ်ပြုကာ ဆိုင်းဘုတ်ပင် လာတပ်ပေးထားသော တရားဝင် လမ်းသွယ်တစ်ခုဖြစ်နေပေတော့သည်။ ထိုအကြောင်းကိုပြန်ပြောင်းကာ ပြောရသည်ရှိသော် အတိတ်စာမျက်နာကို ခဏပြန်လှန်ပါရစေ။
Getty_future_in_the_past-168619593-56af9fbb5f9b58b7d01b2f58.jpg
ကျွန်တော် မြစ်ကြီးနားရဲ့အထက် ရွှေမှော်တွေကနေ ပြန်ခဲ့တော့ လက်ထဲမှာ ထိုက်သင့်သလောက် ပိုက်ဆံလေးတော့ပါလာတယ်ဗျ။ အဲ့ဒီပိုက်ဆံလေးတွေကို ကိုင်ပြီး လောပန်းလောင်းတို့ပျော်ရာမြေ ဖားကန့်ကို သွားလိုက်တယ်ဆိုပါတော့။ ဖားကန့်ရောက်တော့ သူများတွေ ကျောက်တွေ အောင်ကြရကြတာမြင်တော့ အရမ်းဝမ်းပါး အားကျမိတာပေါ့ဗျာ။

အဲ့ဒီအချိန်မှာ ကျွန်တော်က ကျောက်မျိုးဆိုတာလည်းနားမလည်သေးဘူး ကိုယ်တိုင်လည်းမရှာတတ်သေးပါဘူး။ ဒါပေမဲ့ လက်ထဲငွေအနည်းပါလာတော့ အဲဒီငွေနဲ့ပဲ ကျောက်တွေလိုက်ဝယ်ပြီး ရမ်းတယ်ဆိုပါတော့။ ဝယ်လို့ရလာတဲ့ ကျောက်တွေကိုတော့ တစ်လုံးမကျန် အကုန်ဖြတ်ကြည့်တယ်ခင်ဗျ။ ကျောက်တွေက တစ်လုံးမှ မအောင်တဲ့အပြင် ကျောက်မျိုးနားမလည်သေးတဲ့ကျွန်တော် ကျောက်မဟုတ်တဲ့ ဟာတွေပါ ဝယ်မိပြီး ရှုံးတယ်ဆိုပါတော့ဗျာ။

မကြာခင် ပါလာတဲ့ငွေစလေးတွေကုန်ပြီး ဆိုင်ကယ်တစ်စီးပဲ ကျန်တော့တယ်ဗျ။ အဲဒီအခါကျမှ ရေမဆေး ရှာတယ်ဆိုတဲ့အလုပ်ကို နဖူးတွေ့ ဒူးတွေ့လုပ်ရတော့တာပဲ။ ဒါပေမဲ့ ကျောက်က မရပါဘူးဗျာ။ စားဝတ်နေရေးပါ ခက်ခဲလာတဲ့အခါကျ ဝမ်းရေးအတွက် မနက်ပိုင်းဆိုင်ကယ် ကယ်ရီ ဆွဲပြီး ညနေပိုင်း ညပိုင်းကျောက်ရှာတဲ့အလုပ်ကို တွဲလုပ်ခဲ့ရတယ်။

အဲဒီလို ကယ်ရီဆွဲနေရင်းနဲ့ တစ်ရက်ကျတော့ ဟိုအခန်းကို ခရီးသည်သွားပို့ရတယ် ဆိုပါတော့။ ခရီးသည် သွားပို့မိတဲ့ အခန်းကပိုင်ရှင်က အရင် ကျွန်တော်မြစ်ကြီးနားမှာ ညဖက် ဈေးကွက်ဖွင့်ပေးခဲ့ရဖူးတဲ့ တစ်ယောက်ဖြစ်နေပါရောဗျို့။ သူကတော့ ဒီလုပ်ငန်းနဲ့ အကျိုးပေးပုံရပြီး ပိုင်ရှင်တွေ ဘာတွေတောင် ဖြစ်နေပြီလေ။ အရင်တုန်းက အဆက်စပ်နဲ့ ကျွန်တော့်ကို ဒီလိုင်းထဲ ပြန်ဝင်ဖို့ ပြောတယ်။ ကျွန်တော်ဒီအလုပ်ကို စိတ်မပါတော့တာတော့ အမှန်ဗျ။ သို့ပေမဲ့ အလုပ်အကိုင်က ကျပ်နေတဲ့ အချိန်မှာ ငွေရလွယ်ကူတဲ့ဟာကို လုပ်ချင်မိလာပြန်တယ်။ ပြန်လုပ်ဖို့ စဉ်းစားဦးမယ် ပြောပြီးပြန်လာခဲ့လိုက်တယ်။

ကယ်ရီဆွဲနေရင်းနဲ့ ဒီအလုပ်နဲ့ ကျွန်တော် ရေစက်ပါပုံ ပြောရဦးမယ်။ တစ်ရက် အမျိုးသမီးတစ်ယောက် ကယ်ရီလာငှားတယ်ဗျ။ လမ်းမှာ ဆိုင်ကယ်စီးရင်း အလုပ်လိုချင်လို့ ဖားကန့်ကို လာတာပါတဲ့။ အလုပ်ရနိုင်တဲ့ နေရာတွေ သိသလားတဲ့ သူတို့က သူငယ်ချင်းငါးယောက် ဖားကန့်ကို တက်လာတာပါတဲ့။ ကျွန်တော့်ကို အလုပ်ရှာခိုင်းတယ်ဗျ ဆိုင်ကယ်စီးရင်းပေါ့။ ကျွန်တော်ကလည်း ဆိုင်တွေမှာ အကူခေါ်တယ် အဲဒါမျိုး လုပ်ချင်သလား မေးတယ်။ မလုပ်ချင်ဘူးတဲ့။ ကျောက်မြတ်ကုမ္ပဏီတွေမှာ ထမင်းချက်တွေ လိုတယ် လုပ်ချင်သလားမေးတယ်။ မလုပ်ချင်ဘူးတဲ့။ ကောင်းကောင်းမွန်မွန် အလုပ်ကလေးတွေ တစ်ခုပြီးတစ်ခု စဉ်းစားပြီး ပြောပြတယ် ။ တစ်ခုမှ မလုပ်ချင်ဘူးတဲ့။

ကျွန်တော်စိတ်ထဲက သိတော့သိလိုက်ပြီ။ နည်းနည်းလည်း စိတ်ကအချဉ်ပေါက်လာတာနဲ့ ဒါဆိုရင် လုပ်စရာ အလုပ်ကတစ်ခုပဲ ရှိတော့တယ် ဟိုအလုပ်လုပ်မလား ပေါ်တင်ပဲ မေးလိုက်တယ်။ အမလေးဗျာ ဝမ်းသာအားရနဲ့ ဟုတ်ပါတယ်တဲ့ သူတို့လိုက်ရှာနေတာ အဲ့ဒီအလုပ်ပါတဲ့။ အဆက်အသွယ်မရှိလို့ပါတဲ့။ ကောင်းကြရောဗျာ။ ကျွန်တော့်မှာဖြင့် ကောင်းကောင်းမွန်မွန်ဖြစ်နိုင်တဲ့အလုပ်တွေ စဉ်းစားပေးလိုက်ရတာ ခေါင်းတွေကို ပူနေတာပဲ။

အဲဒီငါးယောက်ကို ဟို နေရာလိုက်ပို့ ပေးလိုက်တယ် ဆိုပါတော့။ ကျွန်တော့်နံမည်ကို စပြီး နံမည်ပေးတာ အဲ့ဒီငါးယောက်ပဲဗျ။ နံမည်အရင်းမဟုတ်ပဲ ဘယ်လိုစိတ်ကူးပေါက်ပြီး ခေါ်ကြတယ် မဆိုနိုင်ဘူး။ သူတို့ခေါ်တဲ့ နံမည်က " ကိုစံဖဲ " တဲ့လေ။

နောက်ပိုင်း ကျုပ်လည်း အပြင်မှာ အလုပ်လုပ်ရတာ အဆင်မပြေတော့ အဲဒီအိမ်မှာ သွားပြီး မန်နေဂျာ လုပ်နေခဲ့သေးတယ် ဆိုပါတော့။ အဲဒီမှာ နေတဲ့အခါကျ ကျွန်တော့်ကို အားလုံးက "စံဖဲ " လို့ခေါ်နေကြတာနဲ့ ကျွန်တော့်နံမည်အရင်း ပျောက်ပြီး " စံဖဲ " လို့ပဲ နံမည်တွင်နေတော့တာပါပဲ။ သူငယ်ချင်း ကယ်ရီသမားတွေကလည်း သူတို့ရဲ့ ခရီးသည်တွေ လိုက်ပို့တဲ့အခါ ဘယ်သွား ပို့လဲ မေးရင် စံဖဲလမ်းကြား လိုက်ပို့ရတာကွာ တဲ့လေ။

ကျွန်တော် လုပ်ရတဲ့အလုပ်ကလည်း နယ်အစုံက ဟာလေးတွေနဲ့ လူချိန်းချိန်းပြီး လုပ်ရတာကိုးဗျ။ အဲဒီတော့ တစ်ခြားက လူအသစ်ပို့လိုက်ပြီဆိုရင် ကိုယ့်ဆီ လာတတ်ဖို့ လိပ်စာပေးရတယ်လေ။ အဲဒီတော့ လိပ်စာထဲမှာ အများခေါ်ကြတဲ့ အများသိကြတဲ့ " စံဖဲလမ်း " ဆိုတာထည့်ပြီး ပေးရတာကိုးဗျ။ အဲဒီတည်းက ကျွန်တော်လည်း နံမည်ပျောက်ပြီး " စံဖဲ " လို့ အမည်တွင်ပြီး အဲဒီလမ်းပါ စံဖဲလမ်း ကြားဖြစ်သွားတော့တာပဲ။
1520223893-picsay.jpg
အဲဒီနောက်ပိုင်းတော့ ကျွန်တော် ကျောက်သွားရှာရင်း ရာကျောက်ကလေးတစ်လုံးရလို့ အဲဒီအလုပ်ကို တော့ လုံးဝ စွန့်လွတ်ခဲ့ပါတယ်။ ကျောက်ကလေးလည်း ရပြီးရော မကြာပါဘူးဗျာ မကောင်းမှုတွေ လုပ်ခဲ့တဲ့ ဒဏ်ကို ခံစားရတယ်နဲ့ တူပါရဲ့ ကျောက်မှန်ပြီး ခြေထောက်ကျိုးခဲ့ပါတယ်။ ကျိုးတဲ့ဒဏ်ရာက ပြန်ကောင်းလာခဲ့ပေမဲ့ အရင်လို အမေမွေးပေးလိုက်သလို အကောင်းမဟုတ်တော့ဘူးဗျ။ ခြေတစ်ဖက် နိမ့်သွားခဲ့ရတယ်။

အဲဒါတွေ ထားလိုက်ပါလေ။ အစောက ပြောတဲ့ စံဖဲ လမ်းကြားဟာ မြို့ပြဖွံ့ ဖြိုးမှု ဖြစ်လာတော့ စည်ပင်သာယာက လမ်းနံမည်တွေ ဘာတွေပေးပြီး ဆိုင်းဘုတ်ထောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ စည်ပင်က လူတွေဗျာ အတော်ဆိုးတယ်။ လမ်းနံမည်ကို အခြားနံမည်ပေးလို့ရပါရဲ့နဲ့ အဲဒီလမ်းကို " စံဖဲလမ်း " လို့ စာရေးပြီး ဆိုင်းဘုတ်ကပ်သွားခဲ့တယ်။
အခု ဒီစာကို ဖတ်မိကြတဲ့ သူတွေထဲမှာ စည်ပင်အရာရှိတွေများ ပါကြရင် တစ်ချိန်ချိန်မှာ ဖားကန့်ကို စည်ပင်ဦးစီးမှူး အဖြစ်ပြောင်းလာခဲ့ရရင် အဲဒီလမ်းနံမည်လေးကို တစ်ခြားနံမည်နဲ့ ပြောင်းပေးကြပါ့လားဗျာ။

ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။ တစ်ခုတော့ တောင်းပန်ထားချင်တယ်ဗျာ။ ကျွန်တော်တို့တွေ Steemit နှစ်ပတ်လည်တွေ့ဆုံပွဲ ကြရင် ကျွန်တော့်ကို " စံဖဲ " လို့ မခေါ်ကြပါနဲ့နော်။
image

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Sort:  

ဟိုအခန်း လိုက်ပို့နေရသေးလားကွယ်
ကိုယ်တိုင် ခေါင်းလုပ်လိုက်ပါတော့လားဟရို့ မောင်စံဖဲရယ်
ဂျာရီး စံဖဲ ... လမ်း စံဖဲ နဲ့ တော်တော့ နာမည် ကြီးခဲ့တယ်ပေါ့

ဟုတ်တယ် အမှန်က ကိုယ်တိုင်လုပ်ခဲ့ရမှာနော် နံမည်ကအဲ့လိုကြံဖန်ကြီးတာ😁😁😁😁

မင်္ဂလသုတ္တတွေရွတ် ပစ်တာ😁
ဘဝတခုတည်းနဲ့ အတွေ့အကြုံ အစုံပါပဲလားး
စံဖဲလမ်းကြားက မန်နေဂျာကွီးစံဖဲလို့ ခေါ်တော့ပါဘူး
ကောင်မလေးတွေကလည်း တယ်ခက်သကိုးး

ကိုထွေးကို ဘာလို့ စံဖဲလို့ ခေါ်ရတာပါလိမ့်
ကျောဇော်ဟိန်းကားကြည့်ပီးခေါ်တာနေမာ
ဟဲဟဲ
နောက်တာပါ
ကျနော် ကိုစံဖဲလို့ ခေါ်ဝူးနော် ကွီး

အင်း မခေါ်နက် မကြိုက်ပူး။

ခေါ်ဖူး ကိုစံဖဲ
လူစုံမှပဲရှင်းပြတော့မယ် 😁😁
အကြောင်းစုံသိသွားအောင် 😂

အဲ့လိုမလုပ်ပါနဲ့ဆို😒😒😒😒

လေးစားပါတယ် ဗိုလ်ကြီးစံဖဲ ဗိုလ်ကြီးပါးက စတီးမစ်ဆိုတဲ့ တိုက်ပွဲဒဏ်ရာရတဲ့အကြောင်းကိုပါ ရေးပေးပါဦး ( ဘာသာပြန်ရရင် စတီးမစ်လောကထဲ ဘယ်လို ၀င်ဖြစ်လဲဆိုတာ ရေးပေးပါရန် တောင်းဆိုခြင်း ဖြစ်ပါတယ်။)

ဟုတယ် အဲဒါလည်း ရေးရမဲ့အပိုင်းထဲပါတယ် ရေးမယ် ရေးမယ် ကျေးဇူးကိုစော။

ကိုစံဖဲတို့ မဖဲဝါတို့ဘဲရှိတယ်ထင်တာ ဒိစံဖဲက တစ်လိုင်းပါလားဗျ hee hee

ဟုတ်တယ် ဒါကတစ်လိုင်းသတ်သတ်လေ။

ဟားဟား
ခေါ်စရာနာမည်ရပြီဗျား
ကိုစံဖဲဂျီး.ဟီးဟီး😁😁😁

ငှယ် မခေါ်ပါနဲ့လို့ကြိုပြောထားရက်သားနဲ့။

ဟုတ်ပါတယ်ဗျာ
အခုလို ဂုဏ်ပြုအမည်ပေးထားတော့ မှတ်မိလွယ်တာပေါ့နော်...
နောက်တာနော်

အင်းဒါတော့ သက်သက်မဲ့လာရွဲ့တယ်ခေါ်ရမှာပေါ့နော်။

ပှူဇော်ထိုက်သောသူကိုပူဇော်ခြင်းဟာ မဂ်လာတစ်ပါးပါဗျာ

တိန် အပေါ်ကစာလေးပဲ ဖတ်သွားတယ်နဲ့ တူတယ်။

အကုန်ဖတ်ပါတယ်
ဘာပေးရမှန်းမသိလိုသိတာလေးချရေးလိုက်တာ

ကွီးစံဖဲပေါ့နော် ခုသိပီလေ။ ဟိုအလုပ်ဆိုတာ ဘယ်အလုပ်လဲအယ်ကို နားမလည်လို့အဲ့နေရာ.... ဟိဟိ

အော်ညေးရယ် ဟိုအလုပ်ပါဆိုမှ ဟိုအလုပ်ပေါ့ ဒါလေးတောင်မသိဘူးလား။

အရမ်း​ကောင်းပါတယ်​ ကိုစံဖဲ ------ post ပိုင်​ရှင်​ခင်​ဗျာ 😜😜😜

မနောက်ပါနဲ့ အူးလေးရယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51