"ပျက်ကိန်း"

in #myanmar7 years ago (edited)

လောကကြီးထဲ အချစ်နဲ့မကင်းတာ
ဘယ်သူရှိမလဲဆိုပြီး ဦးညီထွဍ်ကြီးကမေးတယ်။

ကိုယ်လည်းအချစ်နဲ့မကင်းတော့
နှလုံးသားရှိရာ ဘယ်ရင်အုံမှာ
အချစ်ပန်းပင်လေး စိုက်ပျိုးမိတယ်။
ချစ်ပန်းရနံ့က မွေးတော့မွေးပါရဲ့။
ဒါပေမဲ့ ပျားတုပ်တဲ့ဒဏ်ကိုလည်း
ခဏခဏခံရတယ်။

အချစ်ပန်းပင် စိုက်ပျိုးမိတာ
မှားခဲ့သလား ဝေခွဲမတတ်ခဲ့ဘူး။
ကျန်စစ်သားက တာဝန်ကို နှလုံးသားနဲ့လဲပြီး မှားခဲ့တယ်။
နပိုလီယန်က စစ်တိုက်မဲ့အချိန်အရွေးမှားလို့ အမှားကြီးမှား စစ်ရှုံးရတယ်။
ရှင်မွေးလွန်းက လက်မောင်း ဘယ်ညာ
ခေါင်းခုအိပ်တာမှားလို့ မင်းနန္ဒာကံတော်ကုန်ရတယ်။

ငါလည်းမှားတော့မှားနေတာပဲ
သိတော့သိတယ်
ဘယ်လိုပြင်ရမလဲပဲ ဝေခွဲမတတ်သေးတာပါ။error-thinkstock-100655502-primary.idge.jpg
image source

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 62119.69
ETH 1735.64
USDT 1.00
SBD 0.39