ဖင်ဆိတ်ပွဲ
ကမ္ဘာလောကကြီးသည်ကား အံ့သြဆန်းကျယ်ဖွယ်ကောင်းသော အချင်းအရာများနှင့် ပြည့်နေသော လောကကြီးဖြစ်ပေသည်။ 1994 ခုနှစ်လောက်ဆီက လူရွှင်တော်များ၏ သံချပ်တစ်ပုဒ် ကျွန်ုပ်ကြားခဲ့ဖူးပေသည်။ သံချပ်ထဲတွင် ပါသောစာသားက " အမျိုးသမီးများ လိုင်းကားစီးရင် ချိတ်ကိုဆောင်ထား ရုတ်ရုတ် ရုတ်ရုတ် လုပ်လာရင်ကွယ် ချိတ်နဲ့ဆောင့်ထိုး " ဟူသတတ်။
Credit image source
ရန်ကုန်မြို့၏ ကျပ်ညှပ်နေသော ဘစ်ကားပေါ်တွင် သကောင့်သားများက လက်ကမြင်းမှုများ၍ လူရွှင်တော်များက သံချပ်ထိုးကာ ဟာသနှော၍ သတိပေးထားခြင်းဖြစ်ပေသည်။ ရန်ကုန်မြို့ ဘစ်စ်ကားပေါ်တွင် မိန်းကလေးများ ဖင်ဆိတ် ဖင်ပုတ်ခံနေရ၍ သတိထားသွားလာနေရသည် ဆိုသည်ကို " ဆည်လည် " ကျေးရွာသူများ ကြားလျှင် အံသြကြမည်ဖြစ်ပြီး " ဆည်လည် " ကျေးရွာ " သူများ ဖင်အဆိတ်ခံချင်လွန်း၍ ပွဲတော်ကျင်းပ၍ပင် အဆိတ်ခံရသည် ဟု ကြားရလျှင် မသိသေးသူများ အံ့သြဘနန်းဖြစ်ကြရလေမည်။
Credit image source
2011 ခုနှစ်လောက်ဆီက ဖားကန့်ဒေသတွင် ရေမဆေးကျောက်ရှာဖွေခြင်းအမှုကိုပြုလျှက် " ကျောက်စိမ်းရမှ ပြန်လာမယ် လောပန်းဖြစ်လာမယ် " ဟု လောပန်းလောင်း အိပ်မက်ဖြင့် ရေမဆေးရှာ၍ နေခဲ့ပါတယ်။ ဤသို့ နေလာရင်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နှင့် ပြောမနာဆိုမနာ ဘော်ဒါအရင်းအချာတွေ ဖြစ်လာပါတယ်။ သူ့ရဲ့အရပ်ဇာတိကလည်း ကျွန်တော့်ဇာတိမြို့ နယ် ဒီပဲယင်း မြို့ နယ်ထဲကပဲ ဖြစ်ပါတယ်။ ဖားကန့်ရောက်မှ တွေ့ဆုံခင်မင်ကြခြင်းဖြစ်ပြီး ကိုယ်နှင့် တစ်မြို့ နယ်တည်းသားချင်း ဟုသိရသောအခါ ခင်မင်မှုအတိုင်းအတာက ပိုပြီးခင်သွားပါတယ်။
Credit image source
ရေမဆေးရှာရတာကလည်း ရာသီချိန်တစ်ဝက်သာ ကုန်ဆုံးခဲ့သော်လည်း ထမင်းစားကျောက်လောက်သာရ၍ လောပန်းဖြစ်မည့်ကျောက်မှာမူ ရှာလေဝေးလေ ဆဲသာဖြစ်နေချေတော့သည်တမုံ့။ တစ်ရက်မှာမူ အနှီသူငယ်ချင်းဆီက ထူးဆန်းသော စကားကိုကြားလာခဲ့ရပါတယ်။
" အောင်ဇော် ရှေ့လထဲ ငါ ရွာကိုပြန်နိုင်မှဖြစ်မယ် မပြန်ဖြစ်ရင် နူမှာ "
ဟုပြောလာပါတယ်။ ကျွန်ုပ်မှာကား သူ့စကားကြောင့် အထူးအဆန်းဖြစ်၍ သွားပါတယ်။
" ရွာမပြန်နိုင်တာနဲ့ နူတာနဲ့ ဘာဆိုင်လို့လဲကွာ သူငယ်ချင်းရာ "
ဟုမေးသောအခါ " ရှေ့လထဲ တို့ရွာမှာ ဖင်ဆိတ်ပွဲ ရှိတယ်ကွ " " ဒီဖင်ဆိတ်ပွဲ ရောက်ရင် ရပ်ဝေးရောက်နေတဲ့ ရွာသူရွာသားမှန်သမျှက ရွာပြန်ပြီး ဖင်ဆိတ်ပွဲတက် ဖင်ဆိတ်ခံကြရတယ် " လို့ ဆိုပါတယ်။
ကျွန်ုပ်မှာကား တစ်ခါမှမကြားဖူးသေးသောအချင်းအရာဖြစ်နေ၍ မင်သက်၍ သာနေခဲ့ရပါတယ်။ ထိုလထဲမှာပဲ ကံအားလျော်စွာ ထိုသူငယ်ချင်းမှာ သိန်းလေးဆယ်ခန့် တန်သောရေမဆေးကျောက် တစ်လုံးရခဲ့ပါတယ်။ သူ့ကိုမနူအောင် နတ်ကောင်းနတ်မြတ်တွေ စောင်မတာပဲလို့ လည်းသူကပြောပါသေးတယ်။ ကျောက်ကလေးကလည်း ရပြီဖြစ်တော့ သူအင်မတန်ပြန်ချင်နေတဲ့ သူ့ရွာက ဖင်ဆိတ်ပွဲကို ပြန်လို့ရပြီပေါ့ဗျာ။
သူက " မင်းလည်းရွာကို အလည်လိုက်ခဲ့ကွာ ပွဲပြီးရင် ပြန်တက်လာမှာ " ဟုပြောတော့ ကျွန်တော်လည်း သူအကုန်ကျခံတဲ့ စရိတ်နဲ့ သူ့ရွာကို အလည်လိုက်သွားဖြစ်ပါတယ်။
သူတို့ရွာလေးက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ် စိုင်ပြင်ကြီးကျေးရွာဘေးကနေ မဟာမြိုင်တောထဲကို သွားတဲ့လမ်းမှာ တည်ရှိပါတယ်။ ရွာရဲ့ နံမည်လေးက " ဆည်လည် " လို့အမည်ရပြီး တစ်ရွာလုံးမှာ ရှိတဲ့လမ်းတွေကတော့ ဘိုဖြူသီချင်းထဲကလို မြေနီလမ်းတွေချည်းပါပဲ။ သူတို့အခုကျင်းပတဲ့ ပွဲတော်ဟာ အနောက်နှောချေက နတ်နန်းပိုင်တဲ့ ဘိုးဘိုးကြီးကို ပူဇော်သမှုပြုလုပ်ရတဲ့ ရိုးရာပွဲတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
Credit image source
ရွာရဲ့ အနေထားဟာ မဟာမြိုင်တောနဲ့ဆက်စပ်နေတဲ့အတွက် အတော်လေးကိုခေါင်ပြီး ဆန်စက်ဘာညာမရှိတဲ့အတွက် စပါးကိုမောင်းနှင့်ထောင်းဖွက်ပြီးမှ စားကြရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုပွဲတော်ကျင်းပမဲ့ရက်မှာတော့ အဝေးရောက်နေတဲ့ ရွာသူရွာသားတွေရော ရပ်ဝေးရပ်နီးက ပွဲတော်လာတက်ကြတဲ့သူတွေနှင့်ရော ပွဲဈေးလာရောင်းကြတဲ့ ဈေးသည်တွေဖြင့်ပါ စည်ကားလို့နေပါတယ်။
ရွာကသာ မြို့ပြတွေနှင့်အလှမ်းဝေး၍ ခေါင်နေသော်လည်း ပွဲတော်ကျင်းပမဲ့ သူတို့ကိုးကွယ်တဲ့ ဘိုးဘိုးကြီးနတ်နန်းကတော့ လူတစ်ဖက်စာမက ကြီးမားတဲ့ ကျွန်းတိုင်ကြီးတွေနဲ့ အခိုင်အမာ အပျံစားတည်ဆောက်ထားပါတယ်။ ပွဲတော်က ခုနှစ်ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး နတ်ကိုယုံကြည်ကိုးကွယ်လို့ နတ်ရေစင်သောက်ချင်လို့ တစ်နည်းအားဖြင့်ပြောရင် ဖင်အဆိတ်ခံချင်လို့ လာကြတဲ့ အမျိုးသမီးပရိတ်သတ်ကလည်း မနည်းပေဘူးခင်ဗျ။ တစ်ချို့ဆိုရင် နိုင်ငံခြားရောက်နေတာတောင် တကူးတကပြန်လာပြီး ဖင်အဆိတ်ခံကြတယ်လို့ ဆိုပါတယ်။
ပွဲတော်ရက် ရောက်တော့ နေ့ရောညပါ အင်မတန်စည်ကားပါပေတယ်။ သူငယ်ချင်းက ပွဲခင်းဘက် ကျွန်တော့်ကို ခေါ်သွားပြီး " မင်းလည်း တွေ့တဲ့ကောင်မလေးကို ဖင်ဆိတ်လို့ ရတယ်နော် " " အိမ်က ငါ့ညီမတွေ အမတွေ တွေရင်လည်း ဆိတ်သာဆိတ် " လို့ ဆိုပါတယ်။ " မင်းဖင်ကို သူများလာဆိတ်ရင်လည်း စိတ်မဆိုးရဘူး " လို့လည်း ဆိုပါသေးတယ်။
ပွဲခင်းတလျှောက် ပွဲဈေးပတ်ရင်း ရှေ့က တွေ့တဲ့သူ ဖင်ဆိတ်ရင်း ပွဲဈေးပတ်ရတာ ပျော်စရာလိုလို ဘာလိုလို နှင့် တစ်မျိုးကြီးပေါ့ခင်ဗျာ။ သူများဖင်ကို ကိုယ်ကဆိတ်တဲ့အချိန် ဖင်အဆိတ်ခံရတဲ့သူ ဘယ်လိုနေမယ်မှန်းမသိပေမဲ့ ကိုယ့်ဖင်ကို လာအဆိတ်ခံရတဲ့အခါ ဘယ်လိုကြီးမှန်းသိပါဘူးဗျာ။ စိတ်ဆိုးရလည်း အခက် ရီစရာလည်းကောင်း ပျော်စရာလည်းကောင်းပါပဲ။
Credit image source
တစ်ရွာလုံးမှာ ရှိတဲ့ ပျိုပျို အိုအို အရွယ်စုံ မိန်းကလေးအပေါင်းလည်း ပွဲခင်ထဲမှာ ဖင်လာအဆိတ်ခံကြရပါတယ်။ အဲဒီလိုမှ အဆိတ်မခံရရင် နူတတ်တယ်တဲ့ဗျာ။ အိမ်ကရှိတဲ့ မိဘမောင်ဖွား တွေကလည်း ပွဲခင်းထဲမှာ သွားပြီး ဖင်အဆိတ်ခံဖို့အတွက် ကိုယ့်သမီးကိုယ့်ညီမတွေကို အတင်းပွဲခင်းသွားစေပါတယ်။ ရပ်ဝေးက ဧည့်ပရိတ်သတ်ကလည်း ဘိုးဘိုးကြီးကိုပဲ ယုံကြည်လို့လေလား ဖင်အဆိတ်ခံချင်၍လား မပြောတတ်ပေး။ အနှီကြုံခဲ့ရဖူးတဲ့ ဖင်ဆိတ်ပွဲကတော့ ကျက်ပျံမကျ စည်ကားလှပါတယ်။
Credit image source
ရန်ကုန်က အမျိုးသမီးတွေ ဖင်အဆိတ်ခံရ၍ တွယ်ချိတ်ဆောင်ထားရသည်ကို ထို " ဆည်လည် " ကျေးရွာသူများ ကြားလျှင် အံ့သြကြပေမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ရွာသူများမှာ ဖင်အဆိတ်ခံချင်လွန်း၍ ပွဲတော်ကျင်းပ၍ပင် အဆိတ်ခံရခြင်းကြောင့်ဖြစ်ပေသည်။ ပွဲကတော့ ဘိုးဘိုးကြီးနတ်နန်းအား ပူဇော်သော ပွဲဟုအမည်တတ်ထားသော်လည်း မလွဲဧကန် " ဖင်ဆိတ်ပွဲ " သာဖြစ်ချေတော့သည်။
Author>>>@aungzawhtwe
MSC : 014
အဲဒီလို အဆိတ်ခံလိုက်တော့ ဘာများထူးခြားသွားတာလဲ ... အဆိတ်မခံလို့ တကယ်ရော နူသွားတာ ရှိသလား သိချင်မိပါတယ်
အဆိတ်ခံရတော့ ပူကနဲ ဖြစ်သွားတာပေါ့ဗျာ။ သူငယ်ချင်းဖြစ်သူပြောတာကတော့ ဟိုးရှေးတုန်းက အဆိတ်မခံတဲ့သူ နူတယ်တဲ့လေ။ သူတို့ဟာသူတို့ ယုံကြည်နေကြတဲ့ရိုးရာပါ။
ဖင်ဆိတ်ပွဲ ကြံကြံဖန်ဖန် ခေါင်းစဉ်ပေးတတ်တယ်နော် ကိုထွေး...😀
တစ်ကယ်ရှိတဲ့ပွဲ ကိုလင်းရ။
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Thank you , for your support .
ကြုံဖူးကြားဖူးပေါင်ကွယ်
ဖင်ဆိတ်ပွဲရယ်
ရိုးရာဓလေ့ပေမို့
ယုံရပေတော့မယ်
မယုံရင် ပုံပြင်သာမှတ်။
အဆန်းကြီးဗျာ
ကိုယ်တွေက အဲလိုအဆန်းတွေ လုပ်လိုက်ရမှ 😁😁😁😁
ကိုထွေးရော မိန်းကလေးဘယ်နှယောက်ဆိတ်ခဲ့လဲဗျ hee hee
ဘယ်နယောက်မှန်းတောင် မှတ်မိပါဘူးကိုသန့်ရာ အဟီး။
ဖင်ဆိတ်ပွဲ ဆိုတာ တကယ်ကြီးလား ကိုထွေး
တကယ်ရှိပါတယ် ဘုရား။
ဒါဆို ကိုထွေးလည်း ဖင်ဆိတ်ခံခဲ့ရတယ်ပေါ့😁😁
ဟုတ်ပ အဆိတ်ခံခဲ့ရသေးတယ်။😁😁
ပျော်စရာကြီး ဖင်ဆိတ်ပွဲတဲ့ ဘယ်လိုကြီးမှန်းမသိအောင်ကို
ပျော်စရာကောင်းမှာ
ဦးထွေး တစ်ခေါက်လောက်သွားပါ့လား ဖင်ဆိတ်ရအောင်😁😁
မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ
ကျွန်တော်တို့ ဆီမှာလည်းမီးပျက်နေတယ် အဖော်ရပြီ😁😁