ငရဲကြီးရှစ်ထပ် အကြောင်း

in #myanmar6 years ago

Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ အရင်နေ့က ငရဲရောက်စေသည့် ကံငါးပါး ခေါင်းစဉ်ဖြင့် post တစ်ခုရေးတင်ခဲ့ပြီးပြီဆိုတော့ အဲဒီဟာနဲ့ဆက်စပ်ပြီး ဒီနေ့ ထပ်ရေးပါဦးမယ်။ ငရဲနှင့်ပါတ်သက်ပြီး ငရဲကြီးရှစ်ထပ် ရှိတယ်ဆိုတာတော့ စာဖတ်သူများလည်း သိရှိကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီနေ့ရေးမဲ့ အကြောင်းအရာကတော့ ငရဲကြီးရှစ်ထပ်အကြောင်းကို ဖတ်ဖူးမှတ်ဖူးထားလေးတွေ ပြန်ရေးမှာ ဖြစ်တဲ့အတွက် သိပြီးသားသူကတော့ ကျော်ခွ သွားကြပေါ့ခင်ဗျာ။ မသိသေးသူအတွက်ကတော့ အနည်းဆုံး ဗဟုသုတတစ်ခု ရစေနိုင်ပါလိမ့်မယ်။
knowledge3.png
Credit image source
လူ့ဘဝရောက်နေခိုက်မှာ တရားတော်နှင့်အညီမနေထိုင်မပြုမူပဲ ဆိုးသွမ်းမိုက်မဲပြီး ဒုစရိုက်အကုသိုလ်တွေကို ကျူးလွန်နေမယ်ဆိုရင် အဲဒီလူဟာ သေဆုံးပြီးသည့်အချိန်မှာ ငရဲကို ရောက်ရပါမယ်တဲ့။ ငရဲကိုရောက်မယ်ဆိုရင် ငရဲပြည်က ရှစ်ထပ်ရှိပါတယ်။ ငရဲကြီးရှစ်ထပ်ပေါ့ဗျာ။ ငရဲကြီးရှစ်ထပ်က ဘာတွေလဲ ဆိုရင်-

( ၁ ) သိဉ္စိုဝ်းငရဲ
( ၂ ) ကာဠသုတ် ငရဲ
( ၃ ) သင်္ဃာတ ငရဲ
( ၄ ) ရောရုဝ ငရဲ
( ၅ ) မဟာရောရုဝ ငရဲ
( ၆ ) တာပန ငရဲ
( ၇ ) မဟာတာပန ငရဲ နှင့်
( ၈ ) အဝီဇိ ငရဲ
ဆိုပြီး ငရဲရှစ်ထပ်ရှိပါတယ်။

ငရဲရဲ့ အဓိပ္ပါယ်က ဘာလဲဆိုရင် ချမ်းသာမှုအပေါင်းမှ ကင်းဝေးရာ အရပ်ဒေသလို့ ဆိုပါတယ်။ ငရဲရှစ်ထပ်ကို အနည်းငယ် ချဲ့ပြီးပြောပါဦးမယ်။
1467947944.jpg
Credit image source
( ၁ ) သိဉ္စိုဝ်းငရဲ
သဉ္စိုဝ်းငရဲဟာ မဟာပထဝီမြေထုရဲ့အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင်အကွာအဝေးမှာတည်ရှိပြီးတော့ အကျယ်အဝန်းအားဖြင့် ယူဇနာတစ်သောင်းကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ သဉ္စိုဝ်းငရဲဘုံရဲ့ တစ်ရက်တာကြာချိန်ဟာ ကျွန်တော်တို့ လူ့ပြည်ရဲ့ အနှစ်ကိုးသန်းနှင့် ညီမျှပါတယ်တဲ့။ သိဉ္စိုဝ်ငရဲ ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ ထပ်တစ်လဲလဲ မလွတ်မြောက်ပဲ ခံစားနေရသော ငရဲလို့ အဓိပ္ပါယ်ရပါတယ်။ ဒီငရဲဘုံမှာ ကျရောက်နေသူများမှာ ငရဲထိန်းများက ငရဲလက်နက်များနှင့် ခုတ်ထစ်သတ်ဖြတ်ခြင်းခံရပြီး သေရသော်လည်း အသက်တစ်ဖန်ပြန်ရှင်ကာ ငရဲသက်တမ်းမကုန်မချင်း အထပ်ထပ်အခါခါ ခံစားရတဲ့ ငရဲပါတဲ့။
1467947958.jpg
Credit image source
( ၂ ) ကာဠသုတ် ငရဲ
ကာဠသုတ် ငရဲဟာ သဉ္စိုင်းငရဲရဲ့အောက် ယူဇနာပေါင်းတစ်သောင်းငါးထောင်အကွာအဝေးမှာတည်ရှိပြီးတော့ အကျယ်အဝန်းအားဖြင့် ယူဇနာတစ်သောင်းကျယ်ဝန်းတယ်လို့ဆိုပါတယ်။ ကာဠသုတ် ငရဲရဲ့တစ်ရက်တာကြာမြင့်ချိန်ဟာ ကျွန်တော်တို့လူ့သက်တမ်းနဲ့ဆိုရင် နှစ်ပေါင်းသုံးကုဋေနှင့်ခြောက်သန်းနှင့် ညီမျှပါတယ်။ ဒီငရဲကိုကြရောက်သူအဖို့ ခံရမဲ့အချိန်ကာလကတော့ အဲဒီဘုံရဲ့ အနှစ်တစ်ထောင်အထိခံရမှာဖြစ်ပါတယ်။ ကာဠသုတ် ငရဲဆိုတာရဲ့ အဓိပ္ပါယ်ကတော့ မည်းနက်သောကြိုးငရဲလို့ အဓိပ္ပါယ်ရပါတယ်။ ဒီငရဲဘုံမှာ ကျရောက်နေသူများကို ငရဲထိန်းများက ငရဲလက်နက်များနှင့် လိုက်လံသတ်ဖြတ်ကြပါတယ်။ ထွက်ပြေးတဲ့သူတွေ အမောဆို့ လဲကျတဲ့အခါ ကြိုးများနှင့် လိုအပ်သလိုတိုင်းထွှာ၍ တတိတိဖြင့် ငမန်း လွှ အစရှိတဲ့လက်နက်တို့ဖြင့် ပိုင်းဖြတ်ခြင်းကို ခံရတဲ့ ငရဲအမျိုးအစားဖြစ်ပြီး အလွန်ကြောက်စရာ ကောင်းပါတယ်။
1467947971.jpg
Credit image source
( ၃ ) သင်္ဃာတ ငရဲ
သင်္ဃာတ ငရဲဟာ ကာဠသုတ်ငရဲရဲ့ အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင်အကွာအဝေးမှာတည်ရှိပြီးတော့ အကျယ်အဝန်းအားဖြင့် ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။ သင်္ဃာတ ငရဲရဲ့တစ်ရက်တာကြာမြင့်ချိန်ဟာ လူ့သက်တမ်းနဲ့ဆိုရင် နှစ်ပေါင်းတစ်ဆယ့်လေးကုဋေနှင့် လေးသန်းကြာမြင့်တယ်လို့ ဆိုပါတယ်။ ဒီငရဲဘုံကို ကြရောက်သူအဖို့ ခံရမဲ့အချိန်ကာလကတော့ အဲဒီဘုံရဲ့ အနှစ်နှစ်ထောင်အထိ ခံရမှာဖြစ်ပါတယ်။ သင်္ဃာတ ငရဲဆိုတာရဲ့ အနက်အဓိပ္ပါယ်ကတော့ သံတောင်ကြိတ်ငရဲလို့ အဓိပ္ပါယ်ရပါတယ်။ ကျရောက်လာတဲ့ ငရဲသားတွေကို ငရဲထိန်းတွေက ငရဲမီးပြင်းစွာတောက်လောင်နေတဲ့ ကိုးယူဇနာလောက် ကျယ်ဝန်းတဲ့ဒယ်အိုးကြီးထဲမှာ သံတောင်ကြီးတွေနှင့် ကြိတ်သတ်ပြီး ပစ်ထည့်ခြင်းခံရပါတယ်။အင်မတန်ကြောက်စာရာကောင်းတဲ့ ငရဲဖြစ်ပါတယ်။
1467947985.jpg
Credit image source
( ၄ ) ရောရုဝ ငရဲ
ရောရုဝ ငရဲဟာ သင်္ဃာတငရဲရဲ့အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင်အကွာအဝေးမှာတည်ရှိပြီးတော့ ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။ ရောရုဝငရဲ ရဲ့တစ်ရက်တာကြာမြင့်ချိန်ဟာ လူ့သက်တမ်းနှင့်ဆိုရင် အနှစ်ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်းကြာမြင့်တယ်လို့ဆိုပါတယ်။ ဒီငရဲကိုကျရောက်လာတဲ့သူတွေခံရမဲ့ အချိန်ကာလကတော့ အဲဒီဘုံရဲ့ အနှစ်လေးထောင်ကြာမြင့်အောင်ခံရမှာဖြစ်ပါတယ်။ ဒီငရဲ ရဲ့အဓိပ္ပါယ်ကတော့ ငရဲမီးလျှံ များနှင့် အနှိပ်စက်ခံရ၍ ငရဲသူငရဲသားများ အော်ဟစ်မြည်တမ်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မျက်စိ နား နှာခေါင်း စတဲ့နေရာတွေပါ မကျန် မီးလောင်မြိုက်ခြင်းခံစားရပြီး သက်တမ်းမကုန်သေးသရွေ့ အကြိမ်ကြိမ်ပြန်လည်ရှင်သန်ပြီး ခံစားရမဲ့ငရဲလို့ဆိုပါတယ်။
1467948116 (1).jpg
Credit image source
( ၅ ) မဟာရောရုဝ ငရဲ
မဟာရောရုဝ ငရဲဟာ ရောရုဝငရဲ ရဲ့အောက် ယူဇနာပေါင်းတစ်သောင်းငါးထောင်မှာ တည်ရှိပြီး ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။ မဟာရောရုဝငရဲ ရဲ့တစ်ရက်တာကြာမြင့်ချိန်ဟာ လူ့သက်တမ်းနှင့်ဆိုရင် နှစ်ပေါင်းနှစ်ရာ့သုံးဆယ်ကုဋေနှင့် လေးသန်းကြာမြင့်တယ်လို့ဆိုပါတယ်။ ဒီငရဲကို ကျရောက်သူကတော့ အဲဒီဘုံရဲ့ အနှစ်ရှစ်ထောင်ကြာမြင့်အောင် ခံရမှာဖြစ်ပါတယ်။ ဒီငရဲ ရဲ့ အဓိပ္ပါယ်ကတော့ ပြင်းစွာလောင်မြိုက်နေတဲ့ မီးခိုးမီးလျှံတို့ကြောင့် ငရဲသားများအော်ဟစ် ငိုယိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မီးလျှံမီးခိုးများဟာ ဒွါရအပေါက်များကနေ ဝင်သည်အထိပြင်းထန်စွာ ခံစားရတဲ့ ငရဲပဲဖြစ်ပါတယ်။
1467948174 (1).jpg
Credit image source
( ၆ ) တာပန ငရဲ
တာပန ငရဲဟာ မဟာရောရုဝ ငရဲ ရဲ့အောက်ယူဇနာပေါင်းတစ်သောင်းငါးထောင်မှာတည်ရှိပြီး ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။တာပန ငရဲ ရဲ့တစ်ရက်တာကြာမြင့်ချိန်ဟာ လူ့သက်တမ်းနှင့်ဆိုလျှင် နှစ်ပေါင်းကိုးရာနှစ်ဆယ့်ကုဋေ ခြောက်သန်းကြာမြင့်တယ်လို့ဆိုပါတယ်။ ဒီငရဲကိုကြရောက်သူများကတော့ အဲဒီငရဲဘုံရဲ့ အနှစ်တစ်သောင်းခြောက်ထောင်ကြာမြင့်အောင် ခံရမှာဖြစ်ပါတယ်။ ဒီငရဲ ရဲ့ အဓိပ္ပါယ်ကတော့ အပူလောင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အုန်းပင်လုံးအရွယ်အစားလောက်ရှိတဲ့ တံစို့တွေ နှင့်ထိုးသီပြီး မီးပြင်းပြင်းနှင့် ကင်ခြင်းကို ခံရတဲ့ငရဲဖြစ်ပါတယ်။
1467948122.jpg
Credit image source
( ၇ ) မဟာတာပန ငရဲ
မဟာတာပန ငရဲဟာ တာပန ငရဲ ရဲ့အောက်ယူဇနာပေါင်း တစ်သောင်းငါးထောင်မှာတည်ရှိပြီး ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။ မဟာတာပန ငရဲ ရဲ့ ကြာမြင့်ချိန်ဟာ လူ့သက်တမ်းနှင့်တွက်၍ မရနိုင်တော့ပဲ အန္တတရကပ်ရဲ့ တစ်ဝက်တိတိကြာမြင့်လို့ ဆိုပါတယ်။ ခံရမဲ့အချိန်ကာလကတော့ အကုသိုလ်ကံ မကုန်မခြင်း ခံစားနေရမှာဖြစ်ပါတယ်။ ဒီငရဲရဲ့ အဓိပ္ပါယ်ကတော့ သာလွန်၍ ပူလောင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အလျှံတငြီးငြီးတောင်လောက်နေတဲ့ ငရဲမီးတောင်ကြီးပေါ်ကို ငရဲထိန်းများက ရိုက်နှက်ပြီး အတင်တက်ခိုင်းပါမယ်။ အပေါ်ရောက်တဲ့အခါ ပြန်အတွန်းချခံရပြီး ငရဲမီးတောင်ပေါ် တက်လိုက်ဆင်းလိုက် လုပ်နေရတဲ့ ငရဲဖြစ်ပါတယ်။
ngayel.jpg
Credit image source
( ၈ ) အဝီဇိ ငရဲ
အဝီဇိ ငရဲဟာ မဟာတာပန ငရဲ ရဲ့အောက် ယူဇနာပေါင်း တစ်သောင်ငါးထောင်မှာတည်ရှိပြီး ယူဇနာတစ်သောင်းကျယ်ဝန်းပါတယ်။ ဒီငရဲရဲ့ သက်တမ်းဟာ အန္တတရကပ် တစ်ကပ်ကြာအောင် ကြာမြင့်မှာဖြစ်ပြီး ခံရမဲ့ အချိန်ကာလကတော့ အကုသိုလ်ကံ မကုန်မချင်း ခံစားနေရမှာ ဖြစ်ပါတယ်။ဒီငရဲ ရဲ့အဓိပ္ပါယ်ကတော့ ငရဲသူငရဲသားတွေမှာ ဆင်းရဲ ဒုက္ခ ငရဲမီးတွေဟာ အလစ်အလပ်မရှိ တရစပ် ခံစားရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခန္တာကိုယ်အနှံ့နေရာအစုံ ဆင်းရဲဒုက္ခခံစားရမဲ့ ငရဲပဲ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာများကတော့ ငရဲကြီး ရှစ်ထပ်အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လူ့ဘဝရောက်ခိုက် ကံငါးကို မကျူးလွန်မိသေးဘူးဆိုရင် ဘယ်ငရဲကိုမှ မရောက်အောင် လုပ်လို့ရပါသေးတယ်။ ငရဲကျရောက်ခဲ့မယ်ဆိုရင်တော့ ဘယ်ငရဲကမှ သက်သာစရာ မရှိပါဘူး။ ကံငါးပါးကိုလည်း စောင့်ထိန်းရင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဒေသနာတော်တွေအတိုင်း ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြမယ်ဆိုရင်တော့ အပ္ပါယ်ငရဲကို မရောက်နိုင်ပါဘူး။ အပ္ပါယ်ငရဲကို မရောက်ရှိဖို့ ဘုရားအဆုံးအမနှင့် အညီ နေထိုင်ကျင့်ကြံ ကြိုးစားကြပါစို့ခင်ဗျာ။

Author>>>@aungzawhtwe

MSC : 014

Sort:  

သံသရာ အဆက်ဆက်မှာ ငရဲကြီးရှစ်ထပ် မရောက်ဖူးခဲ့တာ ရှိလေပါမလား

ရှိနိုင်လောက်ပါတယ် ရောက်ခဲ့မယ်ဆိုရင်တော့ လူ့ပြည်ကို တော်တော်နှင့်ပြန်ရောက်နိုင်မှာ ဟုတ်ဘူးရယ်။

‌ကြောက်‌စရာကြီး‌နော်‌။‌သေ‌သေချာချာ‌လေး ရှင်း ပြ‌ပေးလို့ ‌ကျေးဇူးပါ ကို‌ထွေး။

ကြောက်စရာကောင်းတာ အမှန်ပဲဗျ ဘယ်ငရဲပဲကျကျ သက်သာရာတော့ မမြင်ဘူးရယ်။

ငရဲကြီး ၈ထက်ကတော့ ဖတ်လိုက်မေ့လိုက် ပြန်ဖတ်လိုက် ရေးတေးတေးမှတ်မိလိုက် ထပ်ဖက်လိုက် သတိရလိုက်နဲ့ အခု အရွယ်ထိဘဲ

အင်းး အဲတာတွေက မပြတ်လေ့လာနေမှ မှတ်မိတာဆိုတော့ ဖြစ်တတ်ပါတယ်။

ငရဲမ​ရောက်​​အောင်​​တော့အတတ်​နိုင်​ဆုံးကြိုးစားရမှာ​ပေါ့ကို​ထွေး​ရေ။

မရောက်သင့် မရောက်အပ်တဲ့နေရာပါဗျာ။

တစ်ထပ်ကျန်နေသေးတယ်ကိုထွေး။

ဘယ်တစ်ထပ်လဲ ဆရာ။

ချစ်သူနဲ့လက်ထပ်ပြီး နေတဲ့အထပ်။

တစ်ထပ်ကျန်နေသေးတယ်ကိုထွေး။တစ်ထပ်ကျန်နေသေးတယ်ကိုထွေး။တစ်ထပ်ကျန်နေသေးတယ်ကိုထွေး။တစ်ထပ်ကျန်နေသေးတယ်ကိုထွေး။

ကော်ပီ ပေ့စ်လုပ်တာလားငင်။

အယ် အခုတလော တရားတွေပဲ ရေးနေတာ ဘုန်ကြီးဝတ်တော့မလို့လား ကိုထွေး

ဝတ်ရင် ကောင်းမလားစဉ်းစားနေတာ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 59758.56
ETH 2523.42
USDT 1.00
SBD 2.47