" မူကား ကောင်း၏ "

in #myanmar6 years ago

အစာအိမ်ကသာ မတောင်းဆိုလျှင်
ကျွန်ုပ်၏လက်ခြေတွေ လှုပ်ဖြစ်မည်
မဟုတ်ပေ။
ဦးချိုရှိသူက ဦးချိုဖြင့်
ထောင်လွှားတတ်ကြပြီး
အစွယ်ရှိသူက အစွယ်သူဖြင့်
ထောင်လွှားတတ်ကြစမြဲပင်။
ကြက်တူရွေးက တော်တော်
မယ်တော်က ခပ်ကဲကဲ
လုပ်ကြသူလည်းအများသားလား။
လူတစ်စုမှသည် လူထုဆီသို့
ကြွေးကြော်၍ကားကောင်းပါသည်
မူကားကောင်း၏ လူကောင်းဖို့လို။
အထက်နဲ့အောက် ဝေးကွာ၍
မကောင်းယူဆကြသဖြင့်
ဘုံစနစ် ကွန်မြူနစ်ကျင့်သုံးခဲ့ကြပေမဲ့
မူကားကောင်း၍ လူမကောင်းခဲ့ကြပေ။
ဝန်ထမ်းစိတ်မွေးကြသူများသည်
သူတော်အချင်းချင်း
သတင်းလွေ့လွေ့ ပေါင်းဖက်ကြကုန်၏။
အာဏာရ အစိုးရတိုင်း
အဖွဲ့အစည်းတိုင်းသည်
မိမိအစိုးရအဖွဲ့အစည်းပေါ်
ဝေဖန်သမှုပြုလျှင်
လုပ်ပိုင်ခွင့်ကိုဆုပ်ကိုင်၍
ထိုင်ခုံမြဲအောင်
ဖင်နဲ့ကော် ကပ်ထားတတ်ကြလေသည်။
သြော် လောက လောက
လောကနဲ့ ဆန့်ကျင်ဘက်
ကလောသွားနေတာကမှ
အေးချမ်းပေဦးမည်။
opposite.jpg
source

Author>>>@aungzawhtwe

Sort:  

အင် ကလော လည်း ကောင်းလောက်ဘူး ရယ်
ကွကိုယ် အိမ်မှာဘဲ အေးဆေး တရားမှတ်နေ အကုသိုလ် ကင်တယ်

အာ့ဆိုမသွားတော့ဘူး အိမ်မှာပဲ နေတော့မယ်။

ဝေဖန်ချက်လှပါသည်

လှရုံပဲလား မှန်ရောမမှန်ဘူးလား။

အွံ လူမကောင်းတာထင်တယ်နော်

မူကတော့ ကောင်းတာသေချာတယ်။

ဦး ‌‌ရေ ‌ခေးကဝန်‌ထမ်းဆို‌တော့.......

😁😁😁😁😁 ဝန်ထမ်းစိတ်ဆိုတာ ဝန်ထမ်းလုပ်သူတွေကို ပြောတာ ဟုတ်ပါဘူးဂျာ။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60994.68
ETH 2938.03
USDT 1.00
SBD 2.46