" ကယ်ရီ "
Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီကနေ့ steemit feed လေးဖွင့်ကြည်မိမှ ကျွန်တော်တို့ g1 က proတင်ရမဲ့ ရက်ဆိုတာ သိရတယ်ဗျို့။ မီးကမလာတာနဲ့ ဆိုင်ကယ်က ဘက်ထရီလေးနဲ့ ဂျွိုင်းပြီးအားသွင်းထားရတော့ ဖုန်းဖွင့်မကြည့်မိတာနဲ့ proရက်မှန်းတောင် မသိပါဘူး။ ဒါနဲ့ရေးပြီးသားကလည်း မရှိ pro ဆိုတာကလည်း လေးရက်မှ တစ်ကြိမ်ပဲ ရတာဆိုတော့ လက်လွှတ်ခံလို့ကလည်း မဖြစ်ဘူးလေ။ ကျန်တဲ့ရက်တွေဆို ရေးသာရေးရတာ စာရှည်လည်း $ မတက် စာတိုလည်း $ မတက် ကောင်းအောင်ရေးလည်းမတတ် မကောင်းအောင်ရေးလည်း ဒီလောက်ဆိုတော့ကား လေးရက် တစ်ကြိမ်ပဲ ရတဲ့ အခွင့်ရေးလေးတော့ လက်လွှတ်လို့ မဖြစ်ပေဘူးဆိုပြီး အောက်က စာစုလေးကို ဖြစ်သလို ကြုံရာကျပန်း တော်ရိ ရော်ရိ ရေးတင်လိုက်ရတာပါပဲ။ ဖတ်မိတဲ့သူများ ဖတ်ရတာအဆင်မပြေပါက သီးခံ၍ သာ ဖတ်ကြပါကုန်ခင်ဗျာ။
" ဖောင်စီးရင်းရေငတ်" ဟူသောစကားပုံကို အားလုံးကြားသိဖူးခဲ့ကြပေလိမ့်မည်။ ပင်လယ်ထဲတွင် ဖောင်ဖြင့်မျောပါစီးနင်းနေရ၍ ပေးပါတ်ပါတ်လည်တွင် ပင်လယ်ရေများဖြင့် ပြည့်လျှံနေသော်လည်း သောက်မရသည့် ပင်လယ်ရေ ( တစ်နည်းအားဖြင့် ဆားငံရေ ) များသာရှိ၍ ရေငတ်ရပုံကို တင်စားခဲ့ကြခြင်းဖြစ်ပေမည်။ ကျွန်တော့် ဘဝတွင်လည်း " ဖောင်စီးရင်း ရေငတ် " ရသော အကြိမ်များ ခဏ ခဏ ကြုံတွေ့ခဲ့ရဖူးပါသည်။
Image source
ကျွန်တော် ဖောင်စီးရင်း ရေငတ်ဖြစ်ရခြင်းမှာ ပင်လယ်ခရီးကို ဖောင်ဖြင့်သွားလာ၍ မဟုတ်ပေ။ အလုပ်မျိုးစုံ လုပ်ဖူးသော်လည်း အလုပ်လုပ်နေရင်းဖြင့် မကြာခဏ ပိုက်ဆံပြတ်လပ်၍ သွားခြင်းကို ဆိုလိုရင်းသာ ဖြစ်ပါသည်။ 2003-2004 ခုနှစ်ဆီခန့်က မြစ်ကြီးနားမြို့တွင် အလုပ်မျိုးစုံအောင်လုပ်ပြီး ကျင်လည်ခဲ့ဖူးပါတယ်။ အလုပ်လုပ်ရင်း တစ်ဖက်ဖြင့် အဝေးသင်တက္ကသိုလ် ကိုလည်း ကိုယ့်ကျောင်းစရိတ်ကိုယ် ရှာပြီး တက်ခဲ့ရတယ်ပေါ့ဗျာ။ ထိုအချိန်ကာလ ကရွယ်တူ တန်းတူသူငယ်ချင်းများမှာ အပူအပင်မရှိ အေးအေးဆေးဆေး ကျောင်းတက်နေနိုင်ကြသော်လည်း ကျွန်တော့်မှာမူ တစ်ယောက်တည်း အိမ်ထောင်ကြနေသကဲ့သို့ ဝမ်းစာအတွက်လည်း ရှာရ အိမ်လခအတွက်လည်း ရှာရနဲ့ ကျောင်းတစ်ဖက်နဲ့ အတော်လေး ကသီလင်တ နိုင်တယ်လို့ ပြောလို့ရပါတယ်။
တစ်ခု ကံကောင်းတာက ထိုခတ်ထိုအခါက မြစ်ကြီးနားမြို့ပေါ်မှာ ပိုက်ဆံရှာရတာ အင်မတန်လွယ်ကူခဲ့တာပါပဲ။ ပိုက်ဆံရှာရတာက လွယ်သလို ကျောင်းသားတစ်ပိုင်းကလဲ ဖြစ်နေပြန် မိဝေးဖဝေး မှာကလဲ နေရပြန်ဆိုတော့ ကျွန်တော်ဟာ လွတ်နေသလို ဖြစ်ပြီး အသုံးအဖြုန်းကလည်း တော်တော်လေးကြမ်းပါတယ်။
အသုံးအစွဲ လက်ဖွာပြီး အပေါင်းအသင်းစုံလှတဲ့ ကျွန်တော် တစ်လတာလေး တက်ရတဲ့ အဝေးသင် ဒုတိယနှစ် စာမေးပွဲဖြေဆိုပြီးသွားချိန်မှာတော့ လက်ထဲမှာ လုပ်ကိုင်ရင်းနှီးစားသောက်ဖို့ တစ်ပြားမှ မရှိတော့တဲ့ အဖြစ်အပြစ်နဲ့ ကြုံတွေ့ရပါတယ်။
အဝေးသင်ဒုတိယနှစ် ကျောင်းတက်ချိန်တစ်လတာအတွင်းမှာ ကျွန်တော် သုံးပစ်လိုက်မိတဲ့ ငွေက မနည်းဘူးဗျ။ အရင်းနှီးတစ်ခုခု လုပ်မယ်ဆိုရင် လုပ်စားလို့ ရလောက်တဲ့အနေအထားဆိုပါတော့လေ။ လက်ထဲပိုက်ဆံ ပြတ်ချိန်ရောက်လာတော့မှ အရေးပေါ် ဖုတ်ပူမီးတိုက် ငွေရှာဖို့ ကြံရပြန်ပါတော့တယ်။ အပေါင်းအသင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ငွေ လွယ်လွယ်ရမဲ့ဟာတစ်ခု ( အမှန်တော့ မလုပ်သင့်တဲ့ဟာ ) ပေါ့ဗျာ ဆက်စပ်မိသွားတယ်။ အလုပ်လုပ်ဖို့ အချိန်ကတော့ နှစ်ဆယ့်ငါးရက်လောက်ကြာမယ်။ နှစ်ဆယ့်ငါးရက်အတွင်းမှာ ရမဲ့ငွေကတော့ သိန်းနှစ်ဆယ်လောက် ပြန်ရမဲ့ အလုပ်ဆိုပါတော့ဗျာ။
Image source
လက်ထဲမှာ ငွေကလည်း ပြတ်နေသလို အဲ့ဒီအချိန်က သိန်းနှစ်ဆယ်က တန်ဖိုးအတော်ရှိသေးတယ်ဗျ။ ရွှေတစ်ကျပ်သားမှ တစ်သိန်းဝန်းကျင်လောက်ပဲ ရှိသေးတဲ့အချိန်လောက်ပါပဲ။ အလုပ်လုပ်ရင်း ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို တွေးတယ်။ ကိုယ်နဲ့အတူ တွဲပြီး လုပ်ရမဲ့ လူတွေနဲ့လည်း သွားရောက်တွေ့ဆုံပြီး ငွေလိုအပ်နေချိန်ဆိုတော့ " ပေါက်တဲ့နဖူး မထူးတော့ပြီ " သဘောထားကာ အဲဒီအလုပ်လုပ်ဖို့ လက်ခံလိုက်တော့တာပါပဲ။
Image source
အလုပ်လုပ်ဖို့ လက်ခံပြီး လုပ်ငန်းစတင်ဖို့အတွက် ကျွန်တော်နဲ့ အတူ တွဲပြီး လုပ်ရမဲ့ လီဆူးတိုင်းရင်းသားနှစ်ယောက်ရယ် ကချင်တိုင်းရင်းသားတစ်ယောက်ရယ် ကျွန်တော်ရယ် စုစုပေါင်းလေးယောက်ပေါ့ဗျာ မြစ်ကြီးနားကနေ တနိုင်းမြို့ကို ကားစီးပြီး သွားခဲ့ကြပါတယ်။ အဲဒီအချိန်က လမ်းတွေက သိပ်မကောင်းသေးဘူးဗျ။ စီးသွားရတဲ့ ကားကတော့ တောလမ်းတွေမှာ အကြမ်းပတမ်းသုံးတဲ့ 4wheel ကားတွေပေါ့ဗျာ။ မြစ်ကြီးနားမြို့ပြင် ကနေ တနိုင်းမရောက်မခြင်းအထိ ကားစီးရတာဟာ " စကောထဲ ဇီးဖြူသီးထည့်လှိမ့် " နေသလို စီးရတာပါပဲ။
ကျွန်တော်နဲ့ အတူလက်တွဲလုပ်ရမဲ့ သုံးယောက်လုံးက အရင်ကတည်းက ဒီအလုပ်ကို လုပ်နေကြဖြစ်နေကြတော့ အခက်ခဲ မရှိလှပါဘူး ။အစစအရာရာ သူတို့ပဲ ရှေ့က ဦးဆောင်ပြီး သွားကြတော့ အဆင်ပြေပါတယ်။ တနိုင်းကို ရောက်တော့ တော်တော်မိုးချုပ်နေပြီဆိုတော့ အဲဒီညမှာ ထမင်းဆိုင်မှာ စားသောက်ပြီး တည်းခိုခန်းမှာ အနားယူခဲ့ကြပါတယ်။
Image source
မနက်မိုးလင်းတော့ လုပ်ငန်းအတွက် လိုအပ်တာလေးတွေကို ဝယ်ဖို့ တနိုင်းဈေးကို သွားပြီးဈေးဝယ်ထွက်ကြပါတယ်။ ဘာတွေ ဝယ်လည်းဆိုတော့ ဆန်တစ်ပြီ ဆီလောက်ရယ် ကောက်ညှင်းတစ်ပြီဆီရယ် ဆီတစ်ပုလင်းဆီရယ် ဆားအနည်းငယ် အသားခြောက်အချို့ နဲ့ တောစီးပွိုင့်ဖိနပ် ဓါးတစ်လက်ဆီ ဝယ်ကြတယ်ဗျ။
လိုအပ်တာတွေ ဝယ်ခြမ်းပြီး တည်းခိုခန်းဆီ ပြန်လာနားကြပါတယ်။ ကျွန်တော်တို့ အလုပ်က ညတစ်နာရီကျော်ရင် စရမှာ ဆိုတော့ တရေးတမော အိပ်ထားဖို့လည်း လိုတာပေါ့ဗျာ။ အိပ်မယ်သာ ပြောတာပါ။ ကျွန်တော်အိပ်လို့ မပျော်ပါဘူး။ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်သစ်တစ်ခုကို လုပ်ရမှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေသလို တစ်ခုခုများ လွဲချော်သွားရင် ဆိုတဲ့အတွေးနဲ့ စိတ်ထဲလည်း တစ်မျိုးကြီးပေါ့ဗျာ။ ကျန်တဲ့သူ သုံးယောက်ကတော့ လုပ်ဖူးပြီးသား လက်စလက်န ရှိနေတော့ အေးအေးဆေးဆေးပဲ အိပ်ပျော်နေကြပါတယ်။
ညနေ ငါးနာရီလောက် အဖော်သုံးယောက် နိုးလာပြီး ထမင်းစားထွက်ကြပြန်ပါတယ်။ ထမင်းစားပြီးတော့ လမ်းမှာ လိုအပ်မဲ့ ဆေးလိပ် ကွမ်းရွက်ကွမ်းသီး မီးခြစ် ပွတ်ချွန်းလိပ်ပြီး သောက်လို့ ရတဲ့ ဆေးမှုန့်ရယ် စက္ကူရယ် ဝယ်ကြပြန်တယ်။ လမ်းမှာ လိုအပ်မှာ ဆိုတော့ လမ်းမှာ ဆိုင်မရှိဘူးလာမေးရင် မရှိလို့ ဝယ်ရတာဗျ။ ဆိုတော့ ကျွန်တော်တို့ တနိုင်းကနေ ခရီးဆက်သွားရဦးမယ်။ ဘယ်ကိုသွားရမလဲ ဆိုတော့ မြစ်ကြီးနားကို ပဲ ပြန်ရမှာပါ။
ဒါပေမဲ့ အလာတုန်းကလို ကားစီးပြီးပြန်ရမှာ မဟုတ်ဘူးဗျ။ တောလမ်းကနေ ကုန်းကြောင်းလျှောက်ပြန်ရမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေ ရိက္ခာခြောက်တွေ ဝယ်နေရတာပေါ့ဗျာ။ ဘာလို့ တောလမ်းကနေကုန်းကြောင်းလျှောက်ပြန်ရလဲ ဆိုတော့ ကျွန်တော်တို့က တနိုင်းက ပစ္စည်းတစ်ခုကို မြစ်ကြီးနားကို သယ်ရမှာဗျ။ အဲဒီပစ္စည်းက သူများသိလို့ မရတဲ့ ပစ္စည်းဆိုတော့ တောလမ်းကနေပဲ လူနဲ့ ထမ်းပိုးပြီး သယ်သွားရမဲ့ ပစ္စည်းဖြစ်နေလို့ပါပဲဗျာ။
ကျွန်တော်တို့ သုံးယောက်ရမဲ့ လုပ်အားခ ပိုက်ဆံက ညီတူမျှတူတော့ မဟုတ်ဘူးဗျ။ ကျွန်တော်က သူတို့ထက် နည်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ သယ်ယူသွားရမဲ့ ပစ္စည်းက အလေးချိန် များများသယ်နိုင်သူက ပိုရတာဖြစ်လို့ပါပဲ။ ပစ္စည်းက တစ်ပိသာကို ဆယ်သိန်းလောက် တန်ဖိုးရှိတယ်ဗျ။ ကျွန်တော်တို့ သယ်ယူတဲ့ ကယ်ရီခ ကျတော့ ဆယ်ပိသာ သယ်နိုင်တဲ့သူက တစ်ပိသာဖိုး ရတယ်လေ။ သူတို့က အလေ့အကျင့်ရှိပြီးသားဆိုတော့ အချိန်သုံးဆယ်ဆီလောက် သယ်ကြမယ်လို့ ပြောတယ်။ သုံးဆယ်ဆိုတော့ သူတို့ရဲ့ကယ်ရီခက သုံးပိသာနှုန်းပေါ့။ သုံးပိသာဆိုတော့ ပိုက်ဆံ သိန်းသုံးဆယ်လောက် သူတို့လုပ်အားခရမယ်။ ကျွန်တော်ကတော့ အလေ့အကျင့်မရှိသေးတော့ အချိန်နှစ်ဆယ်လောက်ပဲ သယ်မယ်လို့ ပြောထားတယ်။ ကျွန်တော့်ရဲ့ လုပ်အားခကတော့ သိန်းနှစ်ဆယ်လောက် ဆိုပါတော့။
Image source
ဒါကြောင့် အလုပ်တူပေမဲ့ ပြန်ရမဲ့လုပ်အားခခြင်းတော့ မတူကြဘူးပြောတာပါ။ ညတော်တော် မှောင်တဲ့ အချိန်မှာ ကျွန်တော်တို့ သယ်သွားရမဲ့ ပစ္စည်းတွေကို တနိုင်းမြို့ထဲက အလုပ်ရှင် ရဲ့ အိမ်မှာ သွားယူထားပြီး ညတစ်နာရီ လူခြေတိတ်ချိန် တနိုင်းမြို့ကနေ မြစ်ကြီးနားကို သွားတဲ့ တောလမ်းပေါ် အရောက် သွားရမှာပဲ ဖြစ်ပါတယ်။ ညခပ်မှောင်မှောင် အချိန်မှာတော့ သယ်သွားရမဲ့ ပစ္စည်းတွေ သွားယူဖို့ မြို့ထဲ တစ်ခေါက် ပြန်ထွက်ခဲ့ကြရပြန်ပါတယ်။ ဘာပစ္စည်းတွေ သယ်ရမှာလဲ သိလား။ ဘာပစ္စည်းတွေလဲ ဆိုတာတော့ ......
နောက်တစ်ပိုင်းမှ ဆက်ဖတ်ပါဗျာ။
Author>>>@aungzawhtwe
MSC : 014
တစ်ပိဿာ၁၀သိန်းဆိုတော့က
ဘာပစ္စည်းတွေဖြစ်မလဲဆိုတာ
နောက်အပိုင်းမှပဲ သိရတော့မှာပေါ့ဗျာ
မကြာမှီလာမည် မျှော်ပေါ့ဗျာ။
ကိုထွေး တနိုင်း ပြန်ရောက်သွားပြန်ပြီ😁😁😁
ကျွန်တော် ခရီးသွားတျောက်ပါ။😁😁😁
အပိုင်း ၂၀လောက် ခွဲရေးတော့မယ် ထင်တယ်
နှစ်ပိုင်းတည်းပဲ ရေးမှာပါဗျာ။ အပိုင်းများရင် ကျွန်တော်ကိုယ်တိုင်ကိုက အမြင်ကတ်တတ်တာရယ်။😁😁😁
ကိုထွေးရယ် အဲ့လိုတွေ ချန်ချန်ထားတယ်။ ဆက်ရေးပါဗျ။
ဆက်ရေးလို့ရအောင် တမင်ချန်ခဲ့တာညေးရ။
တော်ရိ ရောရိ ရေးထားလည်း ဖက်လို့ကတော့ ကောင်းနေရောပဲဗျာ😉
စိတ်မပါ့တပါရေးထားတာပါဗျာ။
အလုပ်တွေအကုန်ရပ်ပြီး Steem တစ်ခုပဲ ဦးတည်လုပ်ကာမှ ငါလဲ ရေငတ်နေပြီ။
ကျွန်တော်နဲ့ ကယ်ရီလိုက်မလား ဆရာ။ အခုဈေးနဲ့ဆို အချိန်တစ်ဆယ်လောက်သယ်နိုင်ရင် တော်တော်ထှောမှာရယ်။😁😁😁
စိတ်ဝင်စားတယ် ဆက်ရေးပြီးရင် Messengerမှာအကြောင်းကြားအုံးနော်။
ဘာပစ္စည်းလည်းမေးတော့ဘူး
ရမ်းမှုန့်တေဆိုဒုက္ခ😂😂😂😂
messenger မှာ အကြောင်းပြီးရင် mute လုပ်မလို့လား။
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
လုပ်ပြန်ပြီ ဖုန်းအားကုန်သွားလို့ ရပ်လိုက်တာလား hee hee
ဖုန်းအားကုန်တာလဲ ပါပါတယ်။
ကိုထွေနဲ့ ဖုန်းအားသွင်းရချင်းအတွက် ညီလေးကိုယ်
ချင်းစာပါတယ်ကိုထွေး
မီးပျက်နေတာနှစ်ရက်ဆက်တိုက်ဆိုတော့ဗျာ အားသွင်းရတာကိုက ဒုက္ခပဲ။