" ကွက်လပ် "

in #myanmar8 years ago

လွမ်းမောခဲ့ရသော
နေ့ရက်များစွာတို့သည်
ငါ့အားကျီစားသန်ကြလေသည်။
ခံစားရသော ငါကိုယ်တိုင်ကမူ
ထိုဝေဒနာ၏ နှိပ်စက်မှုကြောင့်
ပင်ပန်းဆင်းရဲကြီလှပေ၏။

ဆည်းဆာချိန်၏အလင်းသည်
တစ်နေ့တာအား နောက်ဆုံး
နှုတ်ဆက်ဟန်ဖြင့် အစွမ်းကုန်
အလင်းဓါတ်ပေးသွားခဲ့သေး၏။
သူ၏အလင်းအား
ငါ့ကိုယ်ခန္တာပေါ်အား ထိုးကျစေသောအခါ
သက်ဆိုင်ခဲ့ဖူးသူအား
သတိရမိသည်။

ဤသို့အခါများတွင်
ဆုပ်ကိုင်ခဲ့ဖူးသော လက်တစ်စုံအား
သတိရတမ်းတ လွမ်းမောမိပါသည်။
အသံအားပြန်လည်ကြားယောင်မိသလို
အတွေ့အားလည်း ပြန်လည်တောင့်တမိပါ၏။
ယခုအခါ၌ ငါ့နှလုံးသားကား
ဟင်းလင်းပြင်ပမာ ရှိနေရပါတော့သည်။
_7ce679ce-0b02-11e6-9193-d7b8f3a11d8b.jpg

source
Author>>>@aungzawhtwe

Sort:  

"လွမ်း " လွမ်း လို့ ကုန်နိုင်ပါဘု

ကုန်မှာ ဟုတ်တော့ဘူး ဒီမှာက လွမ်းလို့ကောင်းတယ်လေ။

လွမ်းတယ်ပေါ့ ဘယ်သူ့ကိုလဲဟ hee hee

တစ်ယောက်သော သူကိုပါ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 60118.21
ETH 1573.41
USDT 1.00
SBD 0.42