ကိုယ်ပိုင်အသိ

in #myanmar8 years ago

လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့
နတ်ပြည်ရောက်တော့မလိုလို
ချီးကျူးကြသူတွေ
အများရဲ့တံတွေးခွက်မှာ
ပက်လက်ပဲ မျောရတော့မလိုလို
ရှုံ့ချ ကဲ့ရဲ့တတ်သူတွေကြားထဲမှာ
ငါ အသက်ရှူ ခဲ့ဖူးတယ်။

အကြံပေးတာလိုလို
ကောင်းစားစေချင်တာလိုလို
ဝေဖန်တာလိုလို
တိုက်ခိုက်တာလိုလိုနဲ့
မနာလို မရှုစိမ့်နိုင်သူတွေကြားထဲမှာလည်း
ကိုယ့်ထမင်းကို စားရင်း
ကြီးပြင်းလာခဲ့ရတယ်။

လောကကြီးက ဆန်းကြယ်သလို
ကိုယ့်အသိနဲ့ ဘာသာမပြန်နိုင်သေးတဲ့
ဘာသာရပ်တွေ များစွာရှိနေပါသေးတယ်လေ
တကယ်ဆိုရင် ငါသိတဲ့အသိက
အချိုဆုံးက ထန်းလျက်ဆိုတာလောက်ပဲ
သိသေးတယ်။

download (2).jpeg
source
Author>>>@aungzawhtwe

Sort:  

ခုတော့ သိပီ သူ့ ကို ကျနော် မုန်းသည်
😂😂😂

လိုင်းမကောင်းလို့ ဒါလေးတင်ရဖို့ အရေးကို တောင်ပေါ်တက်တင်ရတယ်။

ငှယ် ဘယ်ထန်း လျက်လဲ လင်းပါဦး

ကျောက်ပန်းတောင်းထန်းလျက်တော့ မဟုတ်ဘူး။

ခက်တာက အခုထန်းလျက်တွေက ဆေးဆိုးတွေများနေတာ hee hee

ဓါတုဗေဒ ပါဝင်တဲ့ဟာတော့ ကောင်းဘူးဗျ။ အော်ဂဲနစ်ပဲ ကောင်းတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65893.80
ETH 1926.35
USDT 1.00
SBD 0.38