" ကံတူအကျိုးပေး "

in #myanmar6 years ago (edited)

ကျွန်တော်တို့ ငါးတန်းနှစ်လောက်ကဖြစ်မည်။ မနက်ခင်းကျောင်းသွားခါနီး ရှစ်နာရီအချိန်လောက်တွင် ဖခင်နားထောင်နေသော လေဒီယိုမှ သတင်းတစ်ပုဒ်ကိုကြားလိုက်ရလေသည်။ ကျွန်းလှမြို့အလွန်တွင် မြစ်ကြီးနားမှ မန်းလေးသို့ ထွက်ခွါလာသော ရထား တံတားပေါ်မှ ကျ၍ မီးရထားတွဲငါးတွဲလောက်ပါသွားပြီး လူများစွာလည်း ရထားနှင့်အတူပါသွားသည်ဆိုသည့် သတင်းဖြစ်ပေသည်။
sony_icf506_portable_am_fm_radio_1493914443000_1319434.jpg
Image source
ကလေးအရွယ်သာ ရှိသေးသည်ဖြစ်၍ ထိုသတင်းသည် ကျွန်တော့်အတွက်တော့ နားထဲကြားလိုက်ရုံသာဖြစ်ပြီး မည်သို့မှ မခံစားရခဲ့ပေ။ အမှုမဲ့ အမှတ်မဲ့သာပင်။ သို့သော် နောက်ရက် မနက်ခင်းခပ်စောစောတွင်မူ တစ်ရွာလုံး အုံးအုံးကျွတ်ကျွတ်ဖြင့် ဆူညံသံများကြောင့် မနက်စောစော အိပ်ယာထလေ့ မရှိသော ကျွန်တော် လန့်နိုးလာခဲ့ရပေသည်။ အကြောင်းရင်းကို စုံစမ်းလိုက်သောအခါတွင်မူ ရွာ၏အရှေ့ပိုင်းတွင်နေသော ဦးနွားမောင်တို့ အိမ်က ဖြစ်သည်ဟု သိရလေသည်။ အကြောင်းချင်းရာကို သိလိုသည်ဖြစ်၍ ကျွန်တော်လည်း မျက်နာကပျာကသီ သစ်၍ စနည်းနာရန် ဦးနွားမောင်တို့ အိမ်ဘက်သို့ သွားခဲ့ပေသည်။

ဦးနွားမောင်မှာ မူးမြစ်ကမ်းဘေးတွင် အခင်းစိုက်သောအလုပ်ကို ပြုလုပ်၍ သူ့မိန်းမမှာမူ ရံဖန်ရံခါ မြစ်ကြီးနားဘက်သို့ ဈေးသွားရောင်းတတ်သည်ဟူ၏။ ဦးနွားမောင်မှာ မိန်းမဖြစ်သူ မြစ်ကြီးနားသို့ ဈေးသွားရောင်းနေချိန်ဖြစ်၍ မူးမြစ်ကမ်းဘေးမှ မြေပဲခင်းသို့ ယနေ့မနက်ခင်းတစ်ယောက်တည်း သွားခဲ့ရာတွင် ယမန်နေ့က မူးမြစ်ရေ ကြီးခဲ့သဖြင့် မြေပဲခင်းမှာလည်း အနည်းငယ်ပျက်စီးသွားခဲ့ရသည် ဆိုပါသည်။ ယနေ့မနက်ခင်း ရေကျချိန် အခင်းထဲသို့ အရောက်တွင်မူ ရေကြီးချိန်၌ မြောပါလာဟန် တူသော မိန်းမအလောင်းတစ်လောင်းကို မြေပဲခင်းအစပ်၌ မှောက်ခုံကြီး တွေ့ရသည် ဆိုပါသည်။ ထိုမိန်းမအလောင်းမှ အဝတ်အစားများမှာ သူ့မိန်းမ၏ အဝတ်အစားများနှင့် ဆင်တူလှသဖြင့် သွာဆွဲလှန်ကြည့်သောအခါတွင်မူ တကယ်ပင် သူ့မိန်းမ အလောင်းဖြစ်နေတော့သည်ဟု ဆိုပါသည်။
die-2.jpg
Image source
အရင်ရက်က ကျွန်းလှအထွက် မီးရထား တံတားကျိုး၍ ရေထဲ ကျသွားရာတွင် ဦးနွားမောင်၏ မိန်းမ ထိုရထားပေါ်ပါလာခဲ့ပြီး ရေစီးကြောင်းအတိုင် မျောပါလာရာမှ မူးမြစ်အတွင်း မျောပါလာပြီး မိမိအခင်းရှိရာ အရပ်တွင် လာ၍ သောင်တင်နေဟန် တူပေသည်။ ထိုအချင်းအရာကို ရွာမှ လူကြီးများပြောကြသည်မှာ လူဆိုသည်မှာ မိမိသင်္ချိုင်းရှိရာ အရပ်၌သာ သေကြရသည်ဟု ပြောဆိုသမှု ပြုကြလေ၏ ။ ဟုတ်မဟုတ်မှာမူ ကျွန်ုပ်လည်း ကလေးအရွယ်မို့ မဝေခွဲနိုင်ခဲ့ပေ။

ထိုရထားတိမ်းမှောက်ရာမှ ဖူးစာဆုံ၍ ညားသွားကြသော အပျိုကြီးနှင့် လူပျိုကြီး တို့ဖြစ်စဉ်ကိုလည်း အကြောင်းအား လျော်စွာ ကြားသိခဲ့ရပေသေးသည်။ ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီးချိန်တွင် ပြင်ပလောက ဗဟုသုတ အတွေ့အကြုံများနှင့် လောကကြီးကို စတင်ထိတွေ့ရန် အလို့ငှာ ကျွန်းလှမြို့နယ်ထဲက ရေနံမှော်သို့ ကျွုန်ုပ်ရောက်ခဲ့ပေသည်။ ထိုစဉ်အခါက ကျွန်ုပ်လုပ်ခဲ့သည်အလုပ်မှာ ကျွန်ုပ်၏ ဘလော့တွင် ရေးပြခဲ့ပြီးဖြစ်သလိုပင် ထန်းလျက်ရောင်းသွားရာမှ မိုးမိ၍ ပျက်စီးသွားသဖြင့် ကိုယ်တိုင် အရက်ချက်ရောင်းရသော အလုပ်ဖြစ်ပေသည်။
FB_IMG_1530762283885.jpg
Image source
မှော်ထဲတွင် နေရသည် ဖြစ်၍ မိုးကာတဲလေးများထိုးကာနေထိုင်ရပေသည်။ ကျွန်ုပ်၏ အရက်ချက်သော တဲကလေးနှင့် မျက်နာခြင်းဆိုင် တဲကလေးတွင် အသက်လေးဆယ်ကျော်အရွယ် လင်မယားနှစ်ယောက်နေထိုင်ကြပြီး တစ်ယောက်နှင့်တစ်ယောက်က အတော်လေးကို ဂရုတစိုက်နဲ့ ကြင်နာယုယမှု ရှိကြလေသည်။ မိန်းမဖြစ်သူမှာ ဈေးရောင်း၍ ယောက်ျားဖြစ်သူက ရေနံများကို ထမ်းပိုးသော အလုပ်ကို လုပ်လေသည်။ သားသမီးလည်းမရှိကြသဖြင့် တစ်ယောက်နဲ့ တစ်ယောက် အတော်လေးလည်း ချစ်ကြဟန်တူ၏။

တစ်ရက်တွင်မူ ထိုဦးလေးကြီးနှင့် စကားစပ်မိရင်းပြောမိသဖြင့် သူတို့နှစ်ယောက်ညားရပုံအကြောင်းကို သိရပေသည်။ သူတို့နှစ်ယောက်လုံးမှာ လူပျိုကြီး အပျိုကြီးများ ဖြစ်ကြပြီး ရှေးယခင်က တစ်ခါမှ တွေ့ဆုံဖူးခြင်းမရှိကြဟု ဆိုလေသည်။ ရေထဲသို့ ထိုးကျမည်ဖြစ်သော ရထားပေါ်တွင် နှစ်ယောက်လုံးလိုက်ပါစီးနင်းလာပြီး ရေထဲမကျခင် အချိန်ထိ တစ်ယောက်နဲ့တစ်ယောက်မှာမူ မြင်ဖူးတွေ့ဖူးခြင်း မရှိခဲ့ဟု ပြောပြပါသည်။ ရထားရေထဲသို့ ထိုးကျပြီးနောက် သတိတွေလွတ်ပြီး ရေကြောင်းအတိုင်းမျောပါနေရာမှ တစ်နေရာတွင် နှစ်ယောက်လုံး သောင်တင်၍ နေကြသည်ဟူ၏။

သတိပြန်ရလာကြသော အချိန်သည်လည်း အတူတူလောက်ပင်ဖြစ်၍ ထိုအချိန်တွင် နှစ်ယောက်လုံး၏ ကိုယ်တွင် ရေထဲမျောပါသွားဟန်တူသဖြင့် အဝတ်အစားများ မကပ်ကြတော့ဟု ဆို၏။ အရှက်အကြောက်ကြီးလှသဖြင့် အပျိုကြီး လူပျိုကြီးဖြစ်နေကြသူများမှာ ကံကောင်း၍ မသေသည့်အပြင် လူသူမနီး နှစ်ကိုယ်တည်းတွေ့ဆုံကြချိန်တွင် မိမွေးတိုင်း ဖမွေးတိုင်း အချင်းအရာများနဲ့ တွေ့ဆုံကြုံကြိုက်ကြသည်ဖြစ်ရာ ထိုနေရာတွင်ပင် ဖူးစာဆုံ၍ အကြောင်းဆက် ပေါင်းဖက်ကြကာ ယနေ့အချိန်ထိ ရွှေလက်တွဲ ခိုင်မြဲကြခြင်းဖြစ်ကြောင်း ထိုဦးလေးမှ ပြောပြ၍ သိခဲ့ရပါသည်။ ထူးဆန်းလှသော နဖူးစာရွာလည်ခြင်းပါတကား။
Cupid.jpg
Image source
Author>>>@aungzawhtwe

MSC : 014

Sort:  

ကံတူအကျိုးပေးလေး မိုက်သကိုး

ခပ်မိုက်မိုက်ပဲလေ။

ဆန်းဆန်းပြားပြား ရွှေဖူးစာဆိုသလို

ဟုတ်ပါ့ဗျာ။

ကို​ထွေး​ရေးလိုက်​မှဖြင့်​အထူးအဆန်း​တွေချည်းပဲ။

အထူးအဆန်းတွေကို ကြိုက်တယ်လေ။

တကယ့်အဖြစ်အပျက်လား

တကယ့်အဖြစ်ပျက်ပါဗျာ။

ရေစက်က အထူးအဆန်းပါလားဗျ

အဆန်းကြီးတွေပါဆို။

ကံတရားတွေက အမျိုးမျိုးပဲနော်။

လူအမျိုးမျိုး ကံအဖုံဖုံကိုခင်ဗျ။

အဲ့လိုအရက်ချက်တဲ့ပုံမမြင်ဖူးဘူး
တကယ့်ဘဝထဲကရသစုံကိုပေးစွမ်းပါတယ်ဗျာ

ချက်အရက် ချက်နည်းမျိုးစုံ ကျွန်တော့်ဆီမှာ ရှိတယ်။

အဲဒီဖြစ်စဉ် ပြီးမှာတော့ ရွာမိဿာနတ်ကတော် နာမည်ကြီးတော့တာပဲ😁

ဟားး နတ်ကတော်နံမည်ကြီးချင်တော့ ကြံဖန်ကြီးတာပေါ့ဗျာ။

ကိုယ်တွေ့အထူးအဆန်းတွေက ပိုဖတ်ကောင်းတယ်ဗျာ ဗဟုသုတလဲရတယ်။

အဲ့ဒီအကြောင်းပြောပြတဲ့အချိန်တုန်းက ယောက်ျားလုပ်သူကပြော မိန်းမလုပ်သူက ရှက်နဲ့ ရီလည်းရီနေရတယ်။

အို ထူးဆန်းပါ့ပေ့ဗျာ
ဟုတ်တယ်ဗျ ညောင်ဇင်တံတားကျိုးကျတာ
လူတွေ အတော်သေတယ်

အခု အဲ့ဒီနေရာမှာ အကျွတ်အလွတ်စေတီဆိုပြီး တည်ထားပေးတယ်ဗျ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 62772.18
ETH 3154.14
USDT 1.00
SBD 3.86