ဘယ်သူပို၍ချစ်သလဲ

in #myanmar • 7 years ago (edited)

1503744001-picsay.jpg

🎼🎼🎼လူ လူ လူ လူဆိုသောလူ🎼🎼🎼 အကြောင်းရယ် အကျိုးရယ် အကောင်းရယ် အဆိုးရယ် နှစ်မျိုးသိမှလူ🎼🎼🎼

သနားဂရုဏာသက်စရာအသံလေးနဲ့ကြားနေရတဲ့သီချင်းသံလေးက လူစည်ကားတဲ့ဘူတာရုံတစ်ခုမှာပါ။ ခွက်ကလေးတစ်လုံးကို ရှေ့ချပြီး သီချင်းဆိုပိုက်ဆံတောင်းနေတဲ့ ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်။
IMG_20170916_105535.jpg
ငယ်ငယ်ရွယ်ရွယ် ရုပ်ရည်လေးသနားကမားနဲ့ အခုလို ဘူတာရုံ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေရတဲ့ ကလေးငယ်ဟာ ဘာကြောင့်တောင်းစားနေရတဲ့ ဘဝကို ရောက်နေရတာလဲ ဘယ်လို အကြောင်းကြောင်းကြောင့် ဒီလို သူတောင်းစားဘဝကို ရောက်နေရတာလဲ။ သူ့ကို ဒီဘဝ ရောက်စေအောင် ဘယ်လို အကြောင်းကံက ဖန်ခဲ့စေတာလဲ။

begger.jpg

                                     *  *  *

သာယာလှပတဲ့တောရွာလေးရဲ့ ညနေချမ်းမှာ ရွာအဝင် ညောင်ပင်ကြီးအောက်က ကွက်ပစ်လေးပေါ်ထိုင်ရင်း လည်ပင်းတရှည်ရှည် ဖြစ်နေကြသူတွေက မောင်ချမ်းသာ နဲ့ မခင်မွန်ရယ်ပါ။ သူတို့ လည်ပင်းတရှည်ရှည် ဖြစ်နေရခြင်းရဲ့ အကြောင်းက သူတို့နှစ်ယောက်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့ အထွန်း ခေါ် မင်းမင်းထွန်း မလာနိုင်သေးလို့ပါပဲ။
12(P).jpg
ဟုတ်ပါတယ် အထွန်းရယ် ချမ်းသာရယ် ခင်မွန်ရယ်က ငယ်ငယ်ကတည်းက အတူတကွပေါင်းသင်းလာခဲ့ကြတဲ့ အချစ်ဆုံး ငယ်ပေါင်း သူငယ်ချင်းတွေရယ်လေ။ သူတို့တွေ ပေါင်းတာသင်းတာကို ငွေကြေးဥစ္စာကြွယ်ဝတဲ့ မောင်ချမ်းသာရဲ့မိဘများက မကြိုက်တာကြောင့် အကြောင်းတစ်ခုခုရှိလို့ တွေ့ဆုံခြင်ရင် အခုလို အချိန်းအချက်လုပ်ပြီး ရွာအဝင်က ညောင်ပင်အောက်မှာ တွေ့ဆုံကြရပါတယ်။

ဆိုခဲ့ပြီးတဲ့အတိုင်း မောင်ချမ်းသာကတော့ သူဌေးသားလေး တစ်ယောက်ဖြစ်ပေမဲ့ ခင်မွန် နဲ့အထွန်းကတော့ သာမန်လက်လုပ်လက်စားသားသမီးတွေပါ။ ခင်မွန်က မိဘတွေ ရှိလို့တော်သေးပေမဲ့ အထွန်းကတော့ မိဘနှစ်ပါးလုံးကလည်း တိမ်းပါးသွားခဲ့တာကြာခဲ့ပြီမို့ သူ့ရဲ့ဝမ်းရေးအတွက် သူကိုယ်တိုင် ရွာထဲမှာ သူရင်းငှားလုပ်တာတို့ နွားကျောင်း ရေခပ် အစရှိတဲ့ရွာထဲက သူများခိုင်းတာ အကုန်လိုက်လုပ်ပေးရတဲ့သူ တစ်ယောက်ပါ။

ခင်မွန်နဲ့အထွန်းက ရွာထဲမှာ မကြာခဏတွေ့ဖြစ်ကြပေမဲ့မောင်ချမ်းသာကတော့ သဘောထားတင်းမာတဲ့မိဘတွေကြောင့် သူငယ်ချင်းတွေနဲ့တွေ့ဖို့က အခုလို တကူးတက ချိန်းမှ ဆုံရတာပါ။
download.jpg
အရွယ်တွေရောက်လာကြတဲ့ အချိန်မှာတော့ ခင်မွန့်အပေါ်မှာ ထားတဲ့သူငယ်ချင်းဆိုတဲ့စိတ်ကနေ တဆင့်တိုးပြီး ချမ်းသာရော အထွန်းပါ ခင်မွန်ကို စုံမက်နှစ်သက် လာခဲ့ကြပါတယ်။ ဒါကို ကာယကံရှင် ခင်မွန်ကလည်း သိနေပြီးသားပါ။

ခင်မွန်က သူ့အပေါ် ပြောင်းလဲလာတဲ့ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်ကို အရမ်းကို ခင်မင်ခဲ့တာပါ။ ဒါပေမဲ့ ချစ်သူ အဖြစ် ရွေးချယ် ရမယ်ဆိုရင် ခင်မွန်ချစ်တာက အထွန်းပါ။

အထွန်းကတော့ ခင်မွန်ကို ချစ်ပေမဲ့ သူ့သူငယ်ချင်း ချမ်းသာကလဲ ခင်မွန်ကို သူ့လိုပဲ ချစ်နေတယ်ဆိုတာ ချမ်းသာရင်ဖွင့်ထားလို့ သိနေပါပြီ။ သူ ခင်မွန်ကို အရမ်းချစ်ပေမဲ့သူ့သူငယ်ချင်း ချမ်းသာနဲ့လက်ထက်လိုက်ရင် ခင်မွန့် ဘဝတစ်သက်စာ မကြောင့်မကြ နေရမယ်ဆိုတာ နားလည်ထားပြီးသားပါ။

အထွန်းအနေနဲ့ဖွင့်မပြောဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ခင်မွန်က အထွန်းဖွင့်အပြောကို မျှော်လင့်နေခဲ့တာပါ။ အထွန်းသာ ဖွင့်ပြောခဲ့ရင် ခင်မွန် ခေါင်းငြိမ့်ပြီးသားပါပဲ။

အခုတွေ့ဖို့ ချိန်းထားကြတာဟာ ချမ်းသာက ခင်မွန်ကို ဖွင့်ပြောဖို့ အတွက် အထွန်းကိုချိန်းခိုင်းပြီး အခု အထွန်းအလာကို ခင်မွန်ရော ချမ်းသာရော မျှော်နေကြတာပါ။

                                      *  *  *

"အထွန်းကလဲ ကြာလိုက်တာဟာ"

"ဟုတ်ပ ခင်မွန်ရယ် အထွန်းနောက်ကြလိုက်တာ"

"ဒါနဲ့ ခင်မွန် ငါနင့်ကို ပြောစရာရှိတယ်"

"သြော် ချမ်းသာရယ် ပြောစရာ ရှိတာများသူငယ်ချင်းအချင်းချင်း စကားပလင်လာခံနေသေးတယ် ပြောပေါ့"

"ငါ အခုပြောမဲ့ စကားက ခါတိုင်း စကားမျိုးမဟုတ်ဘူး ခင်မွန် ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့စကားပြောမလို့ပါ"
original.jpg
"ဘာများလဲ ချမ်းသာရယ် ပြောလေ"

"ငါနင့်ကိုချစ်တယ် လက်ထက်ယူချင်တယ် ခင်မွန် ငါ့တို့က တစ်ရွာတည်းသားချင်း ငယ်ပေါင်း သူငယ်ချင်းတွေမို့ ငါ့အကြောင်းလဲ နင်သိပြီးသားပါ နင် ငါ့အချစ်ကို လက်ခံနိုင်မလား ခင်မွန် ဖြစ်နိုင်ရင် နင့်ဆီက အဖြေကို ငါ အခုပဲ ရချင်တယ် ခင်မွန်"

"ချမ်းသာ ငါတို့က ငယ်ပေါင်းတွေမို့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားတွေမို့ နင့်ကို ငါ ငြင်းစရာမရှိသလို အဖြေပြန်ပေးဖို့ အတွက်လဲ အချိန်အကြာကြီး ဆွဲထားစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အထွန်းနဲ့ငါ တိုင်ပင်ပါရစေ ။ အထွန်းလာရင် အထွန်းနဲ့ ငါ နှစ်ယောက်တည်း တိုင်ပင်ပါရစေ သူနဲ့တိုင်ပင်ပြီးတာနဲ့ ငါနင့်ကို အဖြေပေးပါ့မယ်"

"ကောင်းပါပြီ ခင်မွန် ငါလက်ခံ ပါတယ် အထွန်းလာတဲ့အခါကျ နင်တို့ လွတ်လွတ်လပ်လပ် တိုင်ပင်ကြပါ ငါ ခဏရှောင်ပေးပါ့မယ်"

                        *  *  *

ထိုစဉ် အထွန်းရောက်လာပြီး

"ဟေ့ ရောက်နေကြတာ ကြာပြီလားဟေ့ ချမ်းသာ နဲ့ ခင်မွန်"

ချမ်းသာက "ကြာပြီကွ အထွန်းရ မင်းကွာ နောက်ကျ လိုက်တာ"

"အေး ငါ့ဘဝလဲ မင်းတို့သိတာပဲလေ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝလေကွာ အခုတောင် မင်းတို့နဲ့ ချိန်းထားလို့ လုပ်စရာတွေ လက်စသတ်ပြီး ကမန်းကတန်း ထွက်လာရတာကွ"

ခင်မွန်က "ဟုတ်ပါပြီ အထွန်းရယ် နင့်အကြောင်းငါတို့ နားလည်ပါတယ် အခု ငါနင့်ကို တိုင်ပင်စရာ ရှိနေတယ် ချမ်းသာ ငါတို့ လွတ်လွတ်လပ်လပ် ပြောပါရစေနော်"

"အေးအေး အထွန်းနဲ့ ခင်မွန် မင်းတို့ လွတ်လွတ်လပ်လပ် ပြောကြ ငါ ဟိုနားဒီနား လမ်းလျှောက်လိုက်ဦးမယ် နော်"

                           *  *  *

"အထွန်း"

"အေး ပြောလေ ခင်မွန် "

"ချမ်းသာ ငါ့ကိုချစ်ရေးဆိုထားတယ် အထွန်း"

"အော်...အေး ကောင်းတယ်လေ ခင်မွန် နင်လက်ခံလိုက်ပါ နင်ဘဝအတွက် ချမ်းသာလို လူနဲ့ယူလိုက်ရင် ပူစရာ မလိုတော့ဘူးလေ"

"အထွန်း ငါချမ်းသာကို ခင်ရုံပဲခင်တာ မချစ်ဘူးဟ"

"နောက်တော့ချစ်သွားမှာပေါ့ ခင်မွန်ရယ်"

"နင့်မှာ ငါ့ကိုပြောစရာ စကားမရှိဘူးလား အထွန်း"

"ငါက ဘာပြောရမှာလဲ ခင်မွန်ရယ် နင်တို့နှစ်ယောက်ကို ငါသဘောတူတယ်လေ"

"အထွန်းရယ် အေးပါ ကောင်းပါပြီ ငါလက်ခံ လိုက်ပါမယ်"

"အေး ကောင်းတယ်ခင်မွန် နင့်ဘဝအဆင်ပြေမှာပါ ချမ်းသာကို လှမ်းခေါ်လိုက်တော့မယ်"

"ချမ်းသာ ဟေ့ ချမ်းသာ လာတော့ဟေ့"

"အေး လာပြီဟေ့ "

"ချမ်းသာ ငါနင့်အချစ်ကို လက်ခံပါတယ် ဒါပေမဲ့နင့်မိဘတွေကိုငါကြောက်တယ်ဟ"

"မကြောက်ပါနဲ့ဟာ ငါ့မိဘတွေက ငါ့ကိုချစ်ပါတယ် နောက်ကျရင် နင့်ကိုလဲ ချစ်သွားမှာပါဟ ဒါပေမဲ့အခုတော့ သဘောတူမှာမဟုတ်ဘူး နင်ငါ့နောက်ခိုးရာလိုက်ခဲ့ပါနော်"

"ချမ်းသာ ငါနင်နဲ့လိုက်ခဲ့တော့မယ် ငါတို့ဘယ်မှာသွားနေကြမလဲ"

"ခိုးပြေးတာများ ငါ့ရဲ့တဲကို ခိုးပြေးကြဟေ့ အိပ်ယာဘေးက ပေါက်နေတဲ့ ထရံကိုတော့ မကာကြနဲ့နော် ငါလာချောင်းဖို့ ဟားဟားဟား"
images (1).jpg
ခင်မွန်က အထွန်းကျောကုန်းကို တအုန်းအုန်းထုပြီး
"အထွန်း လူစုတ် လာချောင်းစရာလားဟ"

"ငါ အခုပဲ မင်းရဲ့တဲကို ခင်မွန်ကို ခိုးပြေးတော့မယ် ကျေးဇူးတင်တယ် အထွန်းရေ"

"ရပါတယ်ကွာ ငါတို့တွေက အချစ်ဆုံးသူငယ်ချင်းတွေပဲ ကဲ ငါ့ရဲ့တဲကို သွားကြပေတော့ ငါဒီည ရွာထဲက တစ်အိမ်အိမ်မှာ အိပ်လိုက်မယ် စိတ်အေးလက်အေး နေကြပေတော့"

"အေး အထွန်း ငါတို့သွားပြီ"

ချမ်းသာနဲ့ ခင်မွန် ထွက်သွားပြီးတော့ မှ အထွန်းလည်း သစ်ပင်ခြေရင်း အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပါတော့တယ် ။ အခုမှ သူ့မှာ မျက်ရည်ထွက်လာပါတော့တယ်။ အစောက ဟန်ဆောင်နေခဲ့ရတာ မဟုတ်လား။ တကယ်တော့ သူခင်မွန်ကို သိပ်ချစ်ခဲ့ရတာလေ ။ သူသာဖွင့်ပြောခဲ့ရင် ခင်မွန် သူ့ကို လက်ခံမှာဆိုတာ အထွန်းသိပါတယ်။ ဒါပေမဲ့ နိမ့်ကျတဲ့ သူ့ဘဝထဲ ခင်မွန်ကို ဆွဲမခေါ်ရက်ခဲ့တာပါ။

"ငါ နင့်ကို သိပ်ချစ်ပါတယ် ခင်မွန်ရယ်" ဟုသာ တိုးတိုးလေးရေရွတ်နေမိပါတော့တယ်။

                                      *  *  *

ချမ်းသာရဲ့မိဘတွေ သိရှိသွားပြီး အတော်ဒေါသပုံထွက်ခဲ့ကြပါတယ်။ အနုနည်းနဲ့ခွဲရန်ဆုံးဖြတ်ပြီး သဘောကောင်းချင်ယောင်ဆောင်ကာ သူတို့အိမ်ကို ခင်မွန်ကို ခေါ်သွားကြပါတယ်။

အထွန်းတစ်ယောက်လည်း စိတ်တွေလေပြီး နှလုံးသားရဲ့ဒဏ်ကို အရက်နဲ့ကုစားကာ အရက်သမားလုံးလုံးကြီးဖြစ်သွားပါတော့တယ်။
beer.jpg
ခင်မွန်မှာ ကိုယ်ဝန်ခြောက်လလောက်ရှိတဲ့အချိန် ချမ်းသာမိဘတွေက ချမ်းသာကို အလုပ်လုပ်ဖို့အကြောင်းပြချက်နဲ့ နိုင်ငံခြားကို ပို့လိုက်ကြပါတော့တယ်။

ခင်မွန်မီးဖွားနေတဲ့အချိန်မှာ မွေးလာတဲ့ကလေးလေးကို ခင်မွန်မသိခင်ပဲ မွေးခန်းထဲက ယူလာပြီ လူယုံတော်နဲ့လွှင့်ပစ်ခိုင်းပါတယ်။ ခင်မွန့်ကိုတော့ ကလေးသေပြီဆိုပြီ ပြောခိုင်းလိုက်ပါတယ်။

လူယုံကလည်း ကလေးလေးပွေ့လာပြီး လူရှင်းတဲ့နေရာမှာ အသာချပြီးအခြေနေကြည့်နေပါတယ်။
12345568_993358984040687_4712192351137977418_n.jpg
အဲ့အချိန်မှာပဲ သိုင်းကွက်နင်းပြီး လျှောက်လာတဲ့အထွန်း ကလေးငိုသံလေးကို ကြားလိုက်လို့ ဟိုဒီလျှောက်ကြည့်တဲ့အခါ မွေးကင်းစကလေး နီတာရဲလေးကိုတွေ့လိုက်တော့

"ဟာ ကလေးလေး လာပစ်ထားကြတာပါလား အတော်လူမဆန်တဲ့လူတွေကွာ ကံဆိုးလှပါလား ကလေးရယ် မင်းကို ငါမွေးစားမယ် ကွာ ကံမကောင်းအကြောင်းမလှတဲ့မင်းကို "ကံကောင်း"လို့ ခေါ်ပြီး မွေးစားမယ်ဟေ့"

                          *  *  *

ချမ်းသာနိုင်ငံခြားမှာ အလုပ်လုပ်နေရင် အလုပ်ခွင်ထဲ မတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ ချမ်းသာရဲ့မိဘတွေလည်း အမြင်မှန်ရပြီး ခင်မွန်ကို သမီးအရင်းလို ဆက်ဆံခဲ့ပါတယ် ။ အခုတော့ချမ်းသာမိဘတွေလည်း တိမ်းပါးကုန်ပြီမို့ ခင်မွန်က သူဌေးမလေးဖြစ်နေပါပြီ။

ကံကောင်းလေးအရွယ်ရောက်လာတဲ့အချိန် အထွန်းလည်း အလုပ်ကောင်းကောင်းမလုပ်နိုင် မလုပ်ဖြစ်ပဲ အရက်သောက်ဖို့လည်း မရှိ အရက်သောက်ချင်လွန်းလို့ တအော့အော့ တအေ့အေ့နဲ့နေထိုင်မကောင်းဖြစ်နေပါတော့တယ်။

ကံကောင်းက သူ့အဖေကို သနားတယ် သူ့အဖေအရက်သောက်ဖို့ သူကလဲ ဘာမှမလုပ်တတ်တော့ သူ့အဖေအရက်ဖိုးရအောင်ဆိုပြီး ဘူတာရုံဘက် ထွက်ခဲ့ပြီး ခွက်ကလေးတစ်လုံးရှေ့ချပြီး သီးချင်းစ ဆိုပါတယ်။

🎼🎼🎼လူ လူ လူ လူဆိုသောလူ🎼🎼🎼 အကြောင်းရယ် အကျိုးရယ် အကောင်းရယ် အဆိုးရယ် နှစ်မျိုးသိမှလူ🎼🎼🎼

ခင်မွန် အလုပ်တစ်ခုနဲ့ ဘူတာရုံ ထွက်အလာ သနားစရာ အသံလေးနဲ့ သီချင်ဆို ပိုက်ဆံတောင်းနေတဲ့ကလေးလေးကို တွေ့လိုက်ရတဲ့အခါ သူမရင်ထဲ စိတ်မကောင်းဖြစ်သွားတယ်။ သူ့သားလေးသာရှိခဲ့ရင် ဒီအရွယ်ပဲလေ။

အိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး ခွက်ထဲထည့်ရင်းစပ်စုကြည့်တော့ ကလေးက သူ့အဖေ အရက်သောက်ဖို့ သူ့အဖေမသိစေပဲ လာတောင်းနေတယ်ဆိုတာ သိလိုက်ရပါတယ်။

ကလေးတို့အိမ်အလည်လိုက်ချင်တယ်ပြောတော့ ကလေးက သူပိုက်ဆံတောင်းတာ ပြန်ပြီးမတိုင်ပါနဲ့ကတိတောင်းပြီးမှ ခေါ်ပါတယ်။

ကံကောင်းက လမ်းမှာ သူ့အဖေအတွက် အရက်ဝင်ဝယ်ပါတယ်။ ပြီးမှ သူတို့နေတဲ့တဲကို ခေါ်ခဲ့ပါတယ်။

"ဖေကြီး ဖေကြီး သား ဖေကြီးအတွက် အရက်ဝယ်ခဲ့တယ်ဗျ စားစရာတွေလဲ ဝယ်ခဲ့တယ် ဖေကြီး ထသောက်ပါဦး "

"ဧည့်သည်အန်တီကြီးတစ်ယောက်လဲ ပါခဲ့တယ် ဖေကြီးရ"

"သား ကံကောင်း အရက်ဝယ်ဖို့ပိုက်ဆံ မင်းဘယ်ကရခဲ့တာလဲ ပေးစမ်းပေးစမ်း အရက်ပုလင်း"

မသောက်ရတာကြာလှပြီဖြစ်တဲ့အရက်ပုလင်းကို အငမ်းမရ မော့သောက်ပါတယ်။ လောဘတကြီးသောက်လိုက်တာ အရက်သီးပြီး မျက်လုံးကြီးပြူး အသက်ပျောက်သွားပါတယ်။

ခင်မွန့်မှာ ငယ်သူငယ်ချင်း အထွန်းနဲ့ပြန်လည်ဆုံတွေ့ရသော်လည်း စကားတောင်မပြောလိုက်ရပဲ အထွန်းက ဆုံးသွားတဲ့အတွက် ယူကျုံးမရ စိတ်မကောင်းဖြစ်သွားပါတယ်။

ခင်မွန်ရဲ့အနောက်က ပါခဲ့တဲ့လူယုံတော်ကြီးက အထွန်းကို ကောင်းကောင်းမှတ်မိနေပါတယ်။ သူပစ်ခဲ့တဲ့ ကလေးလေးကို ခေါ်ယူသွားခဲ့တာဟာ အထွန်းဆိုတာ သူကောင်းကောင်းသိတယ်လေ ။

ခင်မွန့်ကို အခုမှပဲ ဖွင့်ပြောဖြစ်ပါတော့တယ်။ ခင်မွန်မွေးခဲ့တဲ့ကလေး မသေကြောင်း ကောက်ယူမွေးစားခဲ့သူဟာ အခုသေဆုံးနေပြီဖြစ်တဲ့အထွန်းဖြစ်ကြောင်း ။ မောင်ကံကောင်းလေးက ခင်မွန်ရဲ့ သားအရင်းဖြစ်ကြောင်း လူယုံတော်ကြီး ရှင်းပြပြီးတဲ့အခါမှာတော့ ခင်မွန့်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတော့ တယ်။

                                      *  *  *

Photos Credit>>>Google

Author>>>
@aungzawhtwe

Sort:  

waiting for more from you aungzawhtwe! keep motivating!

Thank for your support.

Good post

Thank Bro

ဒီထက်​ပိုပီး ​ရေးနိုင်​အုံးမယ်​လို့ ​မျှော်​လင့်​မိတယ်​😃😃​ကောင်းပါတယ်​ရှင့်

ဟုတ်ကဲ့ကျေးဇူးပါ Sisရေ နောက်လဲ အားပေးပါဦး။

ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိအောင်ထွေး လည်ပင်းတရှည်ရှည် မလုပ်ပါနဲ့ လည်တဆန့်ဆန့်လောက်ဆို တော်ပါပီ နင် သတောင်းစား မလုပ်ပါနဲ့ သူတောင်းစား ပဲလုပ်ပါ စာပြန်စစ် edit

ဟုတ် ဆရာပြန်စစ်လိုက်ပါ့မယ် ကျေးဇူးပါ။

edit လိုက်ပါပြီဆရာ။

ငင့်​ မြန်​မာကား​တွေ ကြည့်​ပြီး ဇတ်​သိမ်းကို မှုးမှုးနဲ့ဇွတ်​သိမ်းတာ
အရက်​သမား​တွေသိက္ခာကျတယ်​​ဟောင့်​အ​ထွေး
ဘယ်​နှယ်​ကွယ်​ အရက်​ဆာဆာနဲ့ ​က​လေး​တောင်​သတိမရဘူး မြန်​မာ ဗီဒယိုထဲကဆို မင်းအဲ့လို​နောက်​ဘယ်​​တော့မှမလုပ်​နဲ့ ဘာညာ​ပြောရိုက်​ မင်းသမီးက ဝင်​တားလုပ်​ရမှာ
လခွမ်း ကိုယ်​ဟာကိုသိက္ခာကျ​အောင်​လုပ်​တာ ဘာတဲ့ ပိုက်​ဆံဘယ်​ကရ
ဟယးအရက်​​တေ
ကောက်​​မော့
မျက်​လုံးကြီးပြူး​သေ
မြန်​မြန်​ပြီးချင်​တာနဲ့ ဇွတ်​ဇာတ်​သိမ်းတာ
မင်း တ​အော့​အော့ ဖြစ်​​နေလို့မို့လား အ​ထွေး

ဟားဟား ဟုတ်တယ် နည်းနည်းလောသွားမိတယ် ကိုသက်ရေ။

ဟုတ်ပါ့ ကို အောင်ဇော် ရာ... နောက်ဆုံးခန်းများ နည်းနည်း မျက်ရည်ခြူပါ အုံးတော့လား... အခုဟာက အရက်နင်ပြီပဲ သေရတယ်လို့ ။

ဟုတ် အကိုဟင် တင်ချိန်မမှီမှာ စိုးနေတာနဲ့ စွတ်ဇာတ်သိမ်းသလို ဖြစ်သွားတာ ။

နောင်တစ်ချိန် စာရေးဆရာ လုပ်လို့ရပြီ ထင်တယ်ဟေ့!
အားပေးနေတယ် ညီရေ!

ကျေးဇူး broရေ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

လုပ်တယ်ဟ

နည်းနည်းပါးပါ ပါ ကိုနေရာ ။

နိဟာ စာသာရေးနေသာ ပီးချင်ဇောပဲကြီးနေသလိုပါ့ စာဖတ်ရတာ မပြီးပြီးအောင်ဆွဲခေါ်နေသလိုဘဲ ခံစားရတယ်

အေးဆို ဟုတ်တယ်ဆို။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76