အရှည်ကိုမရှုနဲ့ အတိုကိုလည်းမရှုနဲ့

in #myanmar6 years ago (edited)

Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့ အပေါ်ကကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး စာဖတ်သူများအနေဖြင့် သို့လော သို့လောနှင့် အတွေးပွားစရာများဖြစ်သွားပြီထင်ပါရဲ့။ ဒီခေါင်းစဉ်ကို ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီကနေ့ကျွန်တော် ရွှေပြည်အေး တရားလေး ဘာလေးနည်းနည်းပါးပါးဟောမလို့ ဒီခေါင်းစဉ်ပေးထားတာခင်ဗျ။
preacher-at-pulpit-copy1-e1473197409116-circle.gif
Credit image source
ကျွန်တော်ကိုယ်တိုင်က စိတ်တိုစိတ်ကြီးတတ်တာသိထားကြသူများကတော့ ထင်မယ် ကြီးကြီးကျယ်ကျယ်လို့လေ။ ဒါပေမဲ့ တက်ကျမ်းတွေ ရေးတဲ့ ဆရာကြီးပီမိုးနင်း သူကိုယ်တိုင် ဗရုတ်သုတ်ခ နေပေမဲ့ သူရေးတာတွေ ဖတ်ရတာကတော့ ချက်ချင်းပဲ ချမ်းသာတော့မလိုလို ရေးခဲ့တာပဲလေ။ ဒါတွေထားလိုက်ပါတော့။ ဒီနေ့မျက်မှောက်ခေတ်မှာ ဖြစ်ပစ်နေတာလေးတွေ နည်းနည်းအာချောင်ဦးမယ်နော်။
talk-2782815_1280.jpg
Credit image source
အခု ကျွန်တော်က ကချင်ပြည်နယ်မှာ နေနေတယ်ဆိုတော့ တိုက်ပွဲဖြစ်ပွားရာနေရာတွေနှင့် မလှမ်းမကမ်းမှာ နေရသူတစ်ဦးဆိုပါတော့။ အဲဒီတိုက်ပွဲတွေကလည်း ဘယ်တော့မှ ပြီးဆုံးမယ်မပြောတတ်ပါဘူးဗျာ။ တော်တော်နှင့်လည်းပြီးဦးမယ်မထင်ပါဘူး။ မပြီးဆို တစ်ဖက်နှင့် တစ်ဖက် တစ်ဖွဲ့ နှင့်တစ်ဖွဲ့က ရန်ညှိုးရန်စတွေ မပြေပဲ ကမ္ဘာမကျေ ဖြစ်နေကြတယ်လေ။ ဒီတစ်ကြိမ်တိုက်ပွဲမှာ အဖွဲ့တစ်ခုက နိုင်တယ်ဆိုရင် နောင်တစ်ကြိမ်တိုက်ပွဲမှာ အခြားအဖွဲ့တစ်ခုက လက်စားချေနိုင်အောင် တိုက်ကြပြန်တယ်။ ကိုယ့်လူသေရင် သူ့လည်းသေရစေမယ်ပေါ့ဗျာ။ အဲ့လိုနှင့်ပဲ သံသရာတွေ ရှည်ပြီး သူတစ်လှည့်နိုင် ကိုယ်တစ်လှည်နိုင် သူတစ်လှည့်ခံ ကိုယ်တစ်လှည့်ခံနှင့် တိုက်ပွဲတွေက မပြီးနိုင်မစီးနိုင် ပေရှည်နေတော့တာပါပဲ။ ဒါပေမဲ့ ကိုယ်မှ ဘာမှမတတ်နိုင်တာဆိုတော့ ထားလိုက်ပါတော့။

ဒီနေ့ခတ် ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း တစ်ယောက်နှင့်တစ်ယောယ် တစ်ဖွဲ့နှင့်တစ်ဖွဲ့ စကားလုံးတိုက်ပွဲတွေ တိုက်နေကြတာလဲ မြင်မကောင်းဘူးဗျို့။ တစ်ဖက်ကစကားလုံးစစ်ပွဲဆင်နွဲလိုက်တာနှင့် တစ်ဖက်ကလည်း ပြန်ဆော်ကြတော့တာပဲ။ ဆိုတော့ကား ရှေ့တန်းစစ်မြေပြင်မှာတင် တိုက်ပွဲရှိတာမဟုတ်ဘူး လူမှုကွန်ယက်တွေပေါ်မှာလည်း တိုက်ပွဲတွေက နေ့စဉ်နှင့်အမျှ ရှိနေတာဗျ။ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပေါ်မှာ တိုက်တဲ့ တိုက်ပွဲက တိုက်ပွဲအမျိုးအစားခြင်းတော့ မတူကြပေဘူး။
WordWarTitle.png
Credit image source
တစ်ချို့ဆို ကျော်မကောင်းကြားမကောင်းဖြစ်အောင်ထိ စကားလုံးတိုက်ပွဲတွေ ပျော်ပျော်ကြီး ကျင်းပနေကြတယ်။ စကားစစ်ထိုးပွဲကလည်း ရှေ့တန်းစစ်မြေပြင်လောက်နီးနီးထိ ပြင်းထန်တယ်ဗျ။ ဘာကြောင့်အဲ့လောက်ထိ ကြီးကြီးကျယ်ကျယ်တွေ ဖြစ်ကြရလဲဆို တစ်ဖက်ဖက်က စပြီးအလျှော့ပေးသည်းခံတာ မလုပ်လို့ပဲ။ တစ်ဖက်ကသာ အလျှော့ပေးလိုက်ရင်တော့ အခုလိုလူကြားမကောင်းသူကြားမကောင်းအောင်တွေထိ ဖြစ်ကြမယ်မထင်ပါဘူး။ သည်းခံခြင်းဟာ အောင်နိုင်ခြင်းဖြစ်ပုံကို ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက နည်းနည်းပြောပြဦးမယ်ဗျာ။
said-300x283.gif
Credit image source
ရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းဆိုတာ ရှိတယ်ပေါ့ဗျာ။ ဗြဟ္မဒတ်မင်းက စစ်မက်အင်အားကြီးတဲ့ မင်းဆိုတော့ သူ့ထက် အင်အားငယ်တဲ့ နိုင်ငံတွေကို စစ်တိုက်ပြီး သိမ်းယူထားတယ်။ သူသိမ်းယူတဲ့ နိုင်ငံငယ်တွေထဲမှာ ကောသလမင်းရဲ့ နိုင်ငံလည်း ပါတယ်။ ကောသလမင်း နှင့် မိဖုရားကြီးလည်း စစ်ရှုံးပြီးတော့ တောရွာလေး တစ်ရွာမှာ အသတ်မခံရအောင် ပုန်းနေရရှာတယ်။ အဲ့လိုနဲ့ မိဖုရားကြီး ကိုယ်ဝန်ရှိလာတဲ့အခါမှာ ချဉ်ခြင်းဖြစ်ပေါ်သတဲ့။

ကောသလမင်းကြီးရဲ့ မိဖုရားကြီး ဖြစ်ပေါ်တဲ့ ချဉ်ခြင်းက နှစ်ခုတဲ့ဗျ။ ပထမတစ်ခုက နေထွက်တဲ့အခါ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တွေကို မြင်ချင်တယ်တဲ့။ ဒုတိယတစ်ခုက သန်လျက်ဆေးတဲ့ရေကို သောက်ချင်ပါတယ်တဲ့။ ဒီနှစ်ခုမှ မရရင် သူသေရပါလိမ့်မယ်လို့ ကောသလမင်းကို ပူဆာတာပေါ့ခင်ဗျာ။ ကောသလမင်းကလည်း သူကိုယ်တိုင်က စစ်ရှုံးလို့ ပြေးနေရသူဆိုတော့ အဲဒါတွေလုပ်ပေးဖို့က အခက်ခဲ ရှိရှာတာပေါ့။ ဒါပေမဲ့ အခုသူတို့နိုင်ငံကို သိမ်းပိုက်ထားတဲ့ ဗြဟ္မဒတ်မင်းရဲ့ ပုရောဟိတ်ဆိုတာက သူနှင့်မိတ်ဆွေဖြစ်ဘူးတယ်ဆိုပဲ။ မိဖုရားရဲ့ ချဉ်ခြင်းပြေပျောက်ဖို့ မိတ်ဆွေဖြစ်တဲ့ ပုရောဟိတ်ကြီး ကို အကူညီတောင်းရတော့တာပေါ့။
8121039-borko-help.jpg
Credit image source
ပုရောဟိတ်ကြီးကလည်း ကူညီရှာပါတယ်။ ဗြဟ္မဒတ်မင်းကို ဥပါယ်တံမျဉ်နှင့် လျှောက်ပါတယ်။ " အရှင်မင်းကြီး အတိတ်နိမိတ်တွေမြင်တယ် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တွေကို မြေပြင်မှာနေပါစေ။ အရှင်မင်းကြီးရဲ့ သန်လျက်ကိုလည်း ဆေးကြောပါစေ " လို့ လှည့်ပတ်လျှောက်တယ်ပေါ့။ မင်းဆိုတဲ့အမျိုးတွေကလည်း သိပ်ဦးဏှောက်ရှိတာမဟုတ်လေတော့ ပရောဟိတ်ခိုင်းတဲ့အတိုင်း လုပ်တာပေါ့ဗျာ။ အဲဒီမှာ မိဖုရားကြီးရဲ့ချဉ်ခြင်းကလည်း သူမြင်ချင်တာ လုပ်ချင်တာ လုပ်လိုက်ရတဲ့အတွက် ပြေပျောက်သတဲ့။

သိပ်မကြာခင်မှာပဲ မိဖုရားရဲ့ ဝမ်းကြာတိုက်ကနေ " ဒီဃာဝု " မင်းသားလေးကို ဖွားမြင်တော်မူတယ်။ ကောသလမင်းဟာ ဗြဟ္မဒတ်မင်းရဲ့ ရန်ကို ကြောက်ရတာမို့ ဒီဃာဝု မင်းသားကို သူတို့နှင့်အတူမထားရဲပဲ တစ်ခြားမှာ ခွဲပြီးထားရတယ်။ ဒီဃာဝု မင်းသားကိုလည်း ယောက်ျားတို့ တတ်အပ်တဲ့ ပညာရပ်တွေကိုလည်း သင်ခိုင်းထားစေတယ်ပေါ့။ တစ်နေ့ကြတော့ ဗြဟ္မဒတ်မင်းဆီမှာ အလုပ်လုပ်နေရတဲ့ ဆတ္တာသည်က ကောသလမင်းကြီးတို့ ပုန်းအောင်းနေတဲ့ နေရာကို တွေ့ရှိသွားပြီး ဗြဟ္မဒတ်မင်းကို သွားလျှောက်တယ်။ ဗြဟ္မဒတ်မင်းလည်း ကောသလမင်းနဲ့ မိဖုရားကို ဖမ်းပြီးမြို့ပြင်ထုတ်သတ်ဖို့ အမိန့်ချမှတ်လိုက်တယ်။
order-e1485152052847.jpg
Credit image source
သတ်မဲ့အချိန်မှာ ဒီဃာဝု မင်းသားကလည်း ခမည်းတော်မယ်တော်တို့ကို ဖူးတွေ့ရအောင်လာခဲ့တယ်။ ဒါပေမဲ့ လက်မရွှံ့အာဏာသားတွေ သိမှာစိုးတဲ့အတွက် အဖကလည်း သားကို မခေါ်ရဲဘူး သားကလည်း အဖကို မခေါ်ရဲကြဘူးပေါ့ဗျာ။ ဒီဃာဝုမင်းသားကလည်း လူကြားထဲမှာသာရောနှောနေနေရတာပေါ့။ ကောသလမင်းကြီးက အသတ်မခံရခင်မှာ တစ်ယောက်ယောက်ကို ပြောသလိုပုံစံမျိုးနှင့် အော်ပြီးပြောတယ်။

" ချစ်သား ဒီဃာဝု ချစ်သားဟာ အရှည်ကိုမရှုနဲ့ အတိုကိုလည်း မရှုနဲ့ ရန်ဆိုတာ ရန်တုံ့ မူနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး ရန်ဆိုတာ ရန်တုံ့မမူမှသာ ငြိမ်းမယ် " လို့ အကျယ်ကြီးအော်ပြောလိုက်တယ်။

ဗြဟ္မဒတ်မင်းနှင့်တကွ အခြားသူတွေဟာ ကောသလမင်းမှာ သားတော်တစ်ပါးရှိတယ်ဆိုတာသိမထားကြတဲ့အတွက် ကောသလမင်း သေခါနီးသွေးရူးသွေးတန်းပြောတာပဲလို့ အထင်ရှိကြတယ်။ ကောသလမင်းလည်း အဲလိုအော်ပြောပြီးအသတ်ခံလိုက်ရတယ်။ ဒီဃာဝု မင်းသားဟာ သူ့ကိုယ်သူ ကောသလမင်းရဲ့ သားဖြစ်တယ်ဆိုတာဖုံးဖိထားပြီး သူ့အကြံနဲ့သူ ကြိုးစားခဲ့တာ ဗြဟ္မဒတ်ရဲ့ အတွင်းကျွန်ယုံတော်အထိ ဖြစ်သွားတယ်။

ဗြဟ္မဒတ်မင်းက အမဲလိုက်တာ ဝါသနာပါတယ်။ တစ်ရက် အမဲလိုက်ကြရင်း ကျန်တဲ့စစ်သည်ရဲမက်တွေနှင့် လူစုကွဲပြီး ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝု မင်းသားသာ တောနက်ထဲရောက်နေကြတယ်။ အမဲလိုက်ရလို့ မောပန်းနေတဲ့မင်းကြီးဟာ ဒီဃာဝုမင်းသားရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ဒီဃာဝု မင်းသားအတွက် အမိအဖတို့အတွက် လက်စားချေဖို့ အချိန်ကောင်းပါပဲ။ သန်လျက်ကို စွဲထုတ်ပြီး မင်းကြီးကိုသတ်ဖို့ လုပ်ခါနီးမှာ သူ့ဖခင် ကောသလမင်းမသေခင်မှာခဲ့တဲ့ စကားတွေကို သတိရသွားတယ်။ သုံးကြိမ်တိုင်တိုင်သတ်မယ်လုပ်ပြီး သန်လျက်ဆွဲထုတ်လိုက် ဖခင်စကားကို ပြန်ကြားလိုက်နဲ့ ချီတုံချတုံ ဖြစ်နေတယ်ဆိုပဲ။
hesitant_3.jpg
Credit image source
အဲဒီအချိန်မှာပဲ ဗြဟ္မဒတ်မင်းနိုးလာပြီး ကောသလမင်းရဲ့သား ဒီဃာဝုက သူ့ကိုသတ်မဲ့အကြောင်း အိပ်မက်မက်တယ်ဆိုပြီးပြောပြတယ်။ ဒီဃာဝုမင်းသားက ကောသလမင်းရဲ့ သားတော်ဟာ သူပဲဖြစ်ကြောင်း ပြောပြီး သန်လျက်ကိုကိုင်ထားပြီး မိခင်ဖခင်နှင့် တိုင်းပြည်အတွက် လက်စားချေချင်ရင် အခုချိန်က သူ့အတွက် အချိန်ကောင်းဖြစ်ကြောင်းပြောပြတယ်။ ဗြဟ္မဒတ်မင်းသေရမှာကြောက်ပြီး ဒီဃာဝုမင်းသားရဲ့ ခြေကိုဦးတိုက်ပြီး ချမ်းသာပေးဖို့ တောင်းပန်ရှာတယ်။ ဒီဃာဝု မင်းသားဟာ မိဘစကားကို မပယ်ရှားတဲ့သူ ဖြစ်လေတော့ လက်ဆွဲနှုတ်ဆက်ပြီး ကျေအေးပေးလိုက်ပါတယ်။

နန်းတော်ကို ပြန်ရောက်ကြတဲ့အခါ မင်းကြီးက မင်းသားရဲ့ ခမည်းတော် သေခါနီးပြောသွားတဲ့ စကားရဲ့အဓိပ္ပါယ်ကို ရှင်းပြပါဦးလို့ခိုင်းတယ်။ ဒီဃာဝုမင်းသားကလည်း သူ့ဖခမည်းတော် ပြောသွားခဲ့တာတွေကို ရှင်းပြပါတယ်။

အရှည်ကိုမကြည့်နဲ့ ဆိုတာက ရန်စကို ရှည်အောင်မလုပ်ပါနဲ့ တဲ့။ အတိုကိုမကြည့်နဲ့ ဆိုတာက မိတ်ဆွေဖြစ်ပြီးသားသူတွေနဲ့ မစဉ်းစားမဆင်ခြင်ပဲ အကြောင်းကိစ္စတစ်ခုအတွက်နှင့် မကွဲပြားပါစေနဲ့လို့ ဆိုပါသတဲ့။ အရှင်မင်းကြီးက ကျွန်ုပ်ကိုသတ် ကျွန်ုပ်ကအရှင်မင်းကြီးကိုသတ်ဆိုရင် အရှင်မင်းကြီးရဲ့ လူတွေကလဲ သူ့ကို တစ်နေ့သတ်မှာပါပဲတဲ့။ အဲဒါက ရန်တုံ့မူနေသရွေ့ မငြိမ်းချမ်းနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်းရှင်းပြပါတယ်။ အခုအခါ သူကလည်း အရှင်မင်းကြီးကို မသတ်ပဲ ချမ်းသာပေးခဲ့တာကြောင့် မင်းကြီးကလည်းသူ့ကို တဖန်ပြန်ချမ်းသာပေးခဲ့ပြီးပြီဖြစ်တာကြောင့် ရန်ညှိုးရန်စများ ငြိမ်းအေးခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ရန်တို့သည် ရန်တုံ့မမူမှသာ ငြိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း ဒီဃာဝု မင်းသားက ရှင်းပြပါတယ်။

ဗြဟ္မဒတ်မင်းကြီးလည်း သဘောကျပြီး ဒီဃာဝု မင်းသားကို သူသိမ်းပိုက်ထားတဲ့ ကောသလ တိုင်းပြည်ကို ပြန်ပေးလိုက်ယုံမက သူ့သမီးတော်နှင့်ပါလက်ဆက်ပေးလိုက်ပါတယ်တဲ့။ ဒီဃာဝု မင်းသားကတော့ ရန်ကိုရန်ခြင်း မတုံ့ပြန်တဲ့အတွက် အတော်လေးအဆင်ပြေသွားတယ်နော်။

စာလေးကို ပြီးအောင်ဖတ်ခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူတွေ အနေဖြင့် ထိုစကားလေးကို အမြဲ မလိုက်နာနိုင်တောင်မှ ဆောင်ထားနိုင်ရင် အဆင်ပြေကြမယ်ခင်ဗျ။ ကျွန်တော်ဖတ်ဖူးထားတဲ့အဲဒီစကားလေးကို စာဖတ်သူအတွက် လက်ဆောင်ပြန်ပေးရင်း နိဂုံးချုပ်ပါပြီဗျာ။ စာလည်းအတော် ရှည်သွားပြီလေ။
576644ff9236e9d8d4551c57831b7ee1.png
Credit image source
" အရှည်ကိုမရှုနဲ့ အတိုကိုလည်း မရှုနဲ့ ရန်ဆိုတာ ရန်တုံ့ မူနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး ရန်ဆိုတာ ရန်တုံ့မမူမှသာ ငြိမ်းမယ် "

Author>>>@aungzawhtwe

MSC : 014

Sort:  

အာရုံစိုက်ရေးရင် လက်မှန်နေလျှာက်နဲ့ တစ်ချီတစ်ချီဖေါက်ဖေါက်ရေးချင်တယ်၊ ခုအကြောင်းအရာလေးမျိုးဆို တင်ပြပုံကောအလွန်ကောင်းပါတယ်။

ဟုတ်ဆရာ သားမှာ ရေးစရာတွေတော့ အများကြီးရှိပေမဲ့ အာရုံများနေလို့ပါ။

good post thanks for sharing

Thank for your support.

အရှည်ကိုမရှုနဲ့ အတိုကိုလည်း မရှုနဲ့ ရန်ဆိုတာ ရန်တုံ့ မူနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး ရန်ဆိုတာ ရန်တုံ့မမူမှသာ ငြိမ်းမယ် " မှတ်သားထိုက်သော စကားလေးပါပဲ
အမြဲမှတ်သားထားလိုက်ပါပြီ

မှတ်သားထားလိုက်ဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အမှန်​ပဲကို​ထွေး​ရေဘာမဟုတ်​တာ​လေးနဲ့ရန်​ညှိုးရန်​စများကြရတာ။

ဟုတ်တယ်ဆို အမှိုက်ကစပြီး ပြဿဒ်မီးလောင်ကြတာလေ။

သူ့ဘက်ကိုယ့်ဘက် မျှမျှတတတွေးပြီး အလယ်အလတ်လမ်းစဉ်
လိုက်ရမှာပေါ့နော။

အဲ့လိုလုပ်နိုင်ရင် ပြသနာတွေ တော်တော်နည်းသွားမယ်လေ။

ဖတ်ရတာ အရမ်းကောင်းပါတယ်

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။

ရန်ကို ရန်ချင်း မတုံ့နှင်းတဲ့အတွက်
အေးချမ်းမှုငြိမ်းချမ်းမှုတွေကိုရရှိပိုင်ဆိုင်သွားရတာပေါ့။
ကိုထွေးရဲ့စာအရေးအသားက အရမ်းgoodတယ်ဗျာ👍👍👍👏👏👏

အညှိုးတွေ အာဂတတွေမထားကြရင် လောကကြီးကသာယာပါတယ်ဗျာ။

ကြိုက်‌တယ်‌ဗျာ။ ကို‌ထွေး‌ရေးလို့ ပိုကြိုက်‌တာ။ဘာကိုဆိုလိုတာ သိတယ်‌‌နော်‌။ ဒါ‌ပေမယ်‌ ဒီအချိန်‌‌ရေးတာ မ‌ကောင်းသလိုဘဲ‌နော်‌။စာဖတ်‌အား‌ကောင်းတဲ့သူနဲ့ ‌တွေ့ဆုံရတာ ဝမ်းသာမိပါတယ်‌။

ကိုမဟော်ပြောချင်တာကို ကျွန်တော်နားမရှင်းဘူးဖြစ်နေတယ်ဗျ။

ကို‌ထွေးက စိတ်‌ဆက်‌‌တော့ ကို‌ထွေး‌ရေးတာ ကြိုက်‌တယ်‌ ၊ွှေ ပြည်‌‌အေးတရား ကို ဂရုစိုက်‌တာကြိုက်‌တယ်‌လို့ ‌ပြောချင်‌တာပါဗျာ။

aww အဲ့သလိုလား 😁😁😁

ရန်ကိုရှောင်သေတောင်မဆင်းရဲဘူးတဲ့ဗျာအကိုထွေးရေကောင်းပါတယ်ကျနော်ကတော့ရန်စရှိနေပီဆိုအဲ့ဒီးအနီးနားတ၀ိုက်ကိုမသွားဘူးဗျာ

အဲလိုမသွားတာအကောင်းဆုံးပါပဲဗျာ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61374.19
ETH 2885.69
USDT 1.00
SBD 3.55