ခွန်​အားဖြစ်​​စေ​သောစာ

in #myanmar7 years ago (edited)

ကျွန်​​တော်​ခုတင်​ပြချင်​တဲ့အ​ကြောင်းအရာက​တော့ကျွန်​​တော်​လူငယ်​​တွေအတွက်​ခွန်​အားဖြစ်​​သောစာအ​ကြောင်း​လေး​တင်​ပြချင်​ပါတယ်
လူငယ်​​တွေစိတ်​ဓာတ်​ကျတယ်

၁ ဘယ်ကိစ္စကြောင်ကျတာလဲ
အချစ်ရေး အဆင်မပြေလို့လား?
အလုပ်ကိစ္စ မပြေလည်လို့လား?
မိသားစုရေး အတွက်လား?
ကျတော်တို့လူငယ်​​တွေတွက်​ကြိုက်​တဲ့ဘက်​ကကြည့်​ပါ.
ကျတော်တို့အားလုံးက ပျိုကွဲ ပျိုလွဲ နေတဲ့သူတွေကြီးပါပဲ 💔
ဒါပေမဲ့ ကိုယ့်စိတ်ညစ်စရာတွေကို လျစ်လျူရူပီ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အလုပ်တွေကို လုပ်ပီး ရှေ့ဆက်နေတဲ့သူတွေအများကြီးပါ .... အောင်မြင်နေတဲ့သူတွေလဲ တပုံကြီးပါ ....

သင်လဲ စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့နေရာကနေ ဝေးအောင်ကြိုးစားပါဆိုတာထက် ဝေးအောင်ထွက်ခဲ့ပါ။

၂ သင်ရောက်နေတဲ့နေရာမှာ ပျော်ရွှင်ရဲ့လား

ကိုယ်ကပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းချင်တယ်ဆိုရင် ပျော်ရွှင်မူတွေ ကုန်လာတဲ့နေရာ မရနိုင်တော့တဲ့နေရာကနေ လှည့်ထွက်လာနိုင်ရမယ် 😊 အဲ့ဒါမှ ကျတော်တို့ ပျော်ရွှင်စွာ ဘဝခရီးကို ဆက်လက်ဖြတ်သန်းနိုင်မှာပါ .....

၃သင်ဖြစ်နေတဲ့ ခံစားချက်
ကိုယ်ခံစားနေရတဲ့ ကိစ္စတချို့ရှိလိမ့်မည် ။ လူငယ်တွေအနေနဲ့ဆိုရင် အချစ်ရေး ၊ပညာရေး ၊အလုပ်အကိုင် စတဲ့နေရာတွေမှာ အဆင်မပြေကြတာများတယ် ဗျာ ...
အချစ်ရေးမှာဆို ချစ်တယ် ကြိုက်တယ် ပီးရင် အဆင်မပြေကြဖူး ရန်ဖြစ်ကြတယ်၊ ကွဲကြတယ်၊ နောက်တယောက်ရှာလို့ ပြတ်တယ်၊ အသစ်ရသွားလို့ပြတ်တယ် ၊ အတည်နဲ့အပျော်နဲ့တွေ့လို့အသဲကွဲကြ ၊

ကဲ... ဒါလဲအက်ျိုးရှိတာပဲလေ နော့

အသဲကွဲပီးအမြင်မှန်ရသွားကြတယ် တချို့တွေမုန်းတီးသွားကြတယ် ၊တချို့တွေက ရင့်ကျက်သွားကြတယ် .... မည်သူ့ကိုမဆို မေတ္တာနဲ့ပဲ တုန့်ပြန်ပါ မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ် ကိုယ်ထားတဲ့သူစီက မဟုတ်ရင်တောင် တခြားသူရှိက ရပါလိမ့်မည် ။

ပညာရေးအတွက်ကတော့ တခုပဲပြောပြချင်တယ် ...
ဒီနေ့ပီးအောင်လုပ်နိုင်တဲ့ စာကို နက်ဖန် မရွှေ့ပါနဲ့
ကိုယ်တတ်နိုင်သလောက် ပီးလျှင်ပီးသလောက်လုပ်ပါ
နဲနဲ နဲ့ ပုံမှန်လုပ်ရင် ဘယ်အရာမှ ခက်တယ်ဆိုတာ မရှိပါဖူး

အလုပ်အကိုင်ကတော့ interview မအောင်လို့ စိတ်ညစ်ရတယ် ၊အလုပ်ခေါ်စာမကျလို့ ၊ experience မရှိလို့ မခန့်ဖူး၊ အဆင်မပြေမူတွေကကြုံမှာပဲလေ#photo Crd ... image
အလုပ်စလုပ်ပီဆိုတဲ့က ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပဲ ... ကိုယ့်အိမ်မက်တွေ အကောင်ထည်ဖော်နေတာပဲ ...
ကြိုးစားနေသ၍ မဖြစ်လာဖူးဆိုတာမရှိ

ဘဝဆိုတာ လွယ်ကူတယ်ဆိုတာ ရှိလို့လား? မရှိပါဖူးဗျာ ...
ခက်ခဲစွာ ရတဲ့အရာမှ တန်​ဖိုးရှိတာလေ
တန်ဖိုးရှိတဲ့သူဖြစ်ဖို့ ခက်ခဲတဲ့လမ်းကြောင်းတော့လျောက်ရမှာပဲ 😉

အရာအားလုံး ကိုလုပ်ဆောင်နိုင်တဲ့ သင်ရှိနေသ၍
ဘယ် စိတ်​ဓာတ်​ ကိုကျနေအုံးမှာလဲ💪
MSC No. 141
@aungzarlin

Sort:  

ဘ၀မှာ အာင်မြင်အောင်ကြိုးစားနိုင်ပါစေ

ပေးတဲ့ဆုနဲ့​ပြည့်​ပါ​စေဆရာ

ကျေးဇူးပါ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဒါမျိုးဖတ်လိုက်ရတော့ အားရှိပါတယ်ဗျ

ငယ်ရွယ်သူတစ်ယောက်အနေနဲ့သည်အမြင်မျိုးတွေရေးတာအားပေးပါတ်ာဗျာ။

လက်​ရှိအလုပ်​ကို မလုပ်​ချင်​​ပေမဲ့ အ​ပြောင်းအလဲကို ​ကြောက်​တယ်​ အ​ခြေအ​နေ အ​ကြောင်း​ကြောင်း​ကြောင့်​ ခုထိ ဆက်​ရှိ​နေ​သေးရယ်​😃😃

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/Attkha.yar99/photos/a.262122857587104.1073741828.261038391028884/275540632911993/?type=3 တွင် တွေ့မိပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

ဟုတ်​😊😊

Congratulations @aungzarlin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank u 😄😄

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65051.86
ETH 3163.86
USDT 1.00
SBD 2.54