Cold Season....

in #myanmar7 years ago (edited)

ဆောင်းလရာသီ
မြူနှင်းဝေလို့
လမင်းကြည်သာ
မော့ကြည့်ရာမှ
ချမ်းရှာရော့မည်
စိတ်ကထင်မိ
ဘယ်ခါမခွဲ
သစ္စာပြု၍
မောင့်ချစ်နှင်းကို
ဘဝဆက်တိုင်း
ပေါင်းဖက်ရစေ
တိုင်တည်၍ထား
ချစ်စကားသစ္စာ
မြတ်ဘုရားရှေ့ဝယ်
ပန်ဆုခြွေလို့
နှစ်လွှာတစ်ရွက်
စွယ်​​တော်​ရွက်​ပမာ
တူစုံတွဲလို့
ချစ်ပွဲဝင်မည်
ထွေးပွေ့ယုယ
ကြင်နာမှုများ
မောင်နဲ့ချစ်သဲ
မျှဝေကြစို့
ချမ်းမြမြနှင့်
လွမ်းရသည့်​​ဆောင်း။
HFSIMG20180105225535.jpg

Sort:  

ကဗျာလေး goodတယ်

လေးလုံးစပ်​မှာ
ငါးလုံးပါလည်း
စွဲမှတ်​စရာ
လင်္ကာ​ပေပ
ဖတ်​ရှုရသူ
ကြည်​နူးရ၏

အစွယ်တေ ထုတ်ပြနေဒယ်ပေါ့ ကိုအောင်

ကဗျာ ခေါင်းစဉ်တပ်အူးလေ

တပ်​လက်​မယ်​​တောင်းဆု

Nice Poem bro

Good Writing bro..

ကဗျာ​ကောင်း​လေးတစ်​ပုဒ်

Good post

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59244.75
ETH 2651.05
USDT 1.00
SBD 2.49