Special promise

in #myanmar6 years ago (edited)

Photo from facebook
တို့​တွေ အရင်က​ဆုံ ခဲ့လို့ အခုလဲ ဆုံရပြန်​တယ်​...
နောက်​လဲ ဆုံမယ့်​ အ​ကြောင်းတရား ​တွေကို ​သေချာဂရုတစိုက်
စိုက်​ပျိုးမယ်​..

မင်းသည်​ ကို မမြင်​နိုင်​ဆုံး..အနိစ္စ
မင်းသည်​ ကို ဖြတ်​ရခက်​ဆုံး ကိ​လေသာ.
မင်း သည်​ ကို
ကို သည်​လဲ မင်း သာ ဖြစ်​တယ်​..

တို့​တွေ နှစ်​​ယောက်​မှ
သုံး​ယောက်​..
လေး​ယောက်​..
ငါး​ယောက်
ခြောက်​​ယောက်​ ​တွေ ဖြစ်​လာတဲ့အခါ..
တိုက်​ခိုက်​ရ ဖြိုလှဲရအခက်​ဆုံး..
အသိုက်​အမြုံ တစ်​ခု ဖြစ်​​အောင်​..
ကို့နှလုံး​သွေး နဲ့ စည်းချ မယ်​..

အခက်​အခဲ အကြပ်​အတည်း ဒုက္ခသုက္ခ ​တွေ..
အိမ်​​ရှေ့တံခါး ​လာ ခေါက်​တဲ့ အခါ..
အရင်​ဆုံး​ပြေးဖွင့်​ သူဟာ
ကို သာ ဖြစ်​​စေပီး..

ပျော်​ရွှင်​ကြည်​နူးမှု​တွေ..အိမ်​အလည်​လာတဲ့အခါ..
မင်းတို့ရဲ့ ​နောက်​က ​နေရာယူမယ်​..

တို့ နှစ်​​ယောက်​လက်​တစ်​စုံ သည်​..တွဲခြင်း..ဆက်​ခြင်း..
ချည်​​နှောင်​ခြင်း မရှိတဲ့..ပကတိတစ်​သားတည်း..ဖြစ်​​စေရမယ်​..

ဒါဟာ ကတိ ဆိုတာထက်​ ပိုတဲ့
ချစ်​ခြင်း က ​စေခိုင်းတဲ့..
မင်းအတွက်​ သီးသန့်​ဝန်​​ဆောင်​မှုသက်​သက်​ သာဖြစ်​တယ်​.
@aungthetpysoe image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28