လူ ၄ မျိုး

in #myanmar6 years ago

Photo crd
ဒီပုံမှာ လူ​တော်​​တော်​များများက​တော့..နံပတ်​ 4 က အရူးမိုက်​ဆုံးလို့ဆုံးဖြတ်​ကြတယ်​..ကိုယ်​ထိုင်​တဲ့ သစ်​ကိုင်းကို ကိုယ့်​ဘာသာဖြတ်​​နေတာကိုး.
နံပါတ်​ 2 နဲ့ 3 က ယုတ်​မာသူ​တွေ​ပေါ့..

ဒါ​ပေမယ့်​ ​သေချာကြည့်​ပီး ​တွေးရင်

နံပါတ်​ 1 ဟာ သည်းခံနိုင်​သူ
သူ့ကို ​ချောက်​တွနိးတာ သိ​ပေမယ့်​ (သူဟာ လွှနဲ့ ဖြတ်​သူ ရဲ့ ဘက်​ကို မျက်​နှာမူထားတဲ့အတွက်​ သူ့သစ်​ကိုင်းကို ဖြတ်​တာ သိတယ်​) ဘာမှ မတုန့်​ပြန်​ဘူး..

နံပါတ်​ 2 က​တော့ သူများကို ​ချောက်​တွန်းချင်​တာပဲ သိတယ်
ကိုယ့် လုံခြုံမှု ကို ​ကိုယ်​တိုင်​သေချာ မစီစဉ်​ဘူး(သူဟာ သစ်​ကိုင်းနဲ့ ခပ်​ခွာခွာထိုင်​ထားတဲ့ အတွက်​ နံပါတ်​ 3 ရဲ့ လွှ ဖြတ်​ဖို့ ​ကို နေရာ​ပေးသလိုဖြစ်​​နေတယ်​)

နံပါတ်​ 3 က​တော့ ယုတ်​မာတတ်​​ပေမယ့်​ ပါးနပ်​တယ်​ ( သူဟာ ဘယ်​သူမှ လွှ နဲ့ ဖြတ်​လို့မရ​အောင်​ သစ်​ကိုင်းအရင်းမှာ ကပ်​ထိုင်​ထားတယ်
ကိုယ့်​ လုံခြုံ​ရေးကို ​သေချာပြင်​ဆင်​ထားတယ်​)

နံပါတ်​ 4 က​တော့ ပညာရှိ ​ပေါ့
သူဟာ ယုတ်​မာတတ်​သူ နံပါတ်​ 3 နဲ့ တစ်​ကိုင်းထဲ မ​နေသင့်​တာ​ကြောင့်
ကိုယ်​ ထိုင်​တဲ့ သစ်​ကိုင်း ကို သူ့ဘာသာ ဖြတ်​​ချနေတယ်

လောက လူ​တွေ အားလုံးဟာ ဒီ လူအမျိုးအစား 4 မျိုးထဲက တစ်မျိုးမျိုး နဲ့ အကျုံးဝင်​ပါတယ်​..

အာ့​တော့ သည်းခံမယ်​ဆိုရင်​လဲ နံပါတ်​ 1 လို ဘာမှ မတုန့်​ပြန်​ပဲ အဆုံးစွန်​ သည်းခံပါ.

ယုတ်​မာမယ်​ ဆိုရင်​လဲ နံပါတ်​3 လို ကို့ အန္တာရယ်​ ကို ကြိုတင်​ကာကွယ်​ထားပါ..

နံပါတ်​ 4 လို ပညာရှိပါ..

နံပါတ်​ 2 ကို သင်​ခန်းစာယူပါ..

@aungthetpysoeFB_IMG_1520081720779.jpg

Sort:  

ဖောက်​ထွက်​တဲ့အ​တွေးအ​ခေါ်​ကောင်း​လေး​ပေါ့

ကြိုးစားဆဲပါ ဆရာ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58668.45
ETH 3162.85
USDT 1.00
SBD 2.44