Introduction my self
မင်္ဂလာပါ ခင်ဗျာ..
ကျွန်တော့် နာမည်က အောင်သက်ပိုင်စိုး ပါ..ပထမဦးဆုံး steemit ကို တည်ထောင်သူတွေ အုပ်ချုပ်သူတွေ နဲ့ ဒီ steemit မှာ စာရေးသူစီနီယာ များအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ..
ကျွန်တော် steemit နဲ့ စတင်ထိတွေ့ခွင့်ရတာ ရက်ပိုင်းပဲရှိပါသေးတယ်..@zinminhtetဆိုတဲ့ ညီလေးတစ်ယောက်ရဲ့ ညွှန်ပြမှုနဲ့ ကူညီပေးမှုကြောင့် steemit မှာ ကောင်းမွန်ပြီးအကျိုးရှိ တဲ့ အသိပညာရင့်သန်စေမယ့် စာတွေ ဖတ်ခွင့်ရခဲ့ပါပြီ..စာမျိုးစုံဖတ်ခြင်းကနေ သန္ဓေတည် လာတဲ့ စာလေးမရဲတရဲ ရေးချင်စိတ်ဟာလည်း ပိုပြီးတော့ကို ထက်သန်လာပါပြီ..
ကျွန်တော်က စာမရွေးပဲ ဖတ်ပါတယ်..ခပ်ငယ်ငယ်ကတည်းက ကျွန်တော့်လက်ထဲမှာ အမြဲတမ်း စာအုပ်တစ်အုပ် အမြဲရှိပါတယ်..
အားရင်စာအုပ်ဖတ်မယ်
ပျင်းရင်စာအုပ်ဖတ်မယ်
ညအိပ်ခါနီး စာအုပ်ဖတ်မယ်ဆိုတဲ့
စာဖတ်ခြင်းအခြေခံအဆင့်ကနေ စာဖတ်တဲ့အရသာတွေ့ပြီး မအားလည်းဖတ် အားလည်းဖတ်
စာဖတ်ချိန်သတ်သတ်ထားပီး စာဖတ်
စာဖတ်ချိန်မဟုတ်လည်း စာဖတ်
အိပ်ရေးပျက်ခံပြီးစာဖတ် စတဲ့ စာဖတ်မှုစွဲလန်းခြင်း
အဆင့်ထိ ဖြစ်လာပါတယ်..
ခုခေတ်အခြေအနေရ ကတော့ ဖုန်းနဲ့ အချိန်မရွေးဖတ်နိုင်တဲ့အတွက်
ဖုန်းနဲ့ရော စာအုပ်တွေပါ ရရင်ရသလို ဖတ်ပါတယ်..
ထူးခြားမှုက..စာ စ ဖတ်တတ်တဲ့ ခပ်ငယ်ငယ်အရွယ်တုန်းက
စာကောင်း စာဆိုး မရွေးတတ်ပဲ တွေ့သမျှအကုန်ဖတ်ပါတယ်..
အလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့် လောက်မှာ စာကောင်းတွေ က ကိုယ့်အတွက် အသိပညာ အတတ်ပညာ အတွေးအခေါ် ပိုမိုမြင့်မားစေတယ်လို့ ယူဆပြီး ကောင်းမယ် ထင်တဲ့ စာတွေပဲ ရွေးဖတ် ဖြစ်ခဲ့ပါတယ်...
ခုအချိန်မှာ ကျွန်တော်တွေးမိတာက
ကျွန်တော်ဟာ ဘာကြောင့် စာကောင်းတွေပဲ ရွေးဖတ်မယ် ဆိုတဲ့
အတွေး ဝင်ရတာလဲ..
စာမျိုးစုံ ဖတ်တဲ့ စိတ်အခြေအနေ ကနေ
ကောင်းမွန်အကျိုးရှိတဲ့ စာတွေပဲ ဖတ်မယ်ဆိုတဲ့ စိတ်အခြေအနေ
ဖြစ်လာခြင်း ဟာ စာဖတ်ခြင်းကနေ ကျွန်တော့်အသိဥာဏ် ကို
တစ်ဆင့်မြှင့်ပေးလိုက်တယ် လို့ ကျွန်တော်ထင်ပါတယ်..
ခုနောက်ဆုံးကျတော့ ကျွန်တော့် စိတ်အခြေအနေဟာ
အခြေအနေပေးရင်
တွေ့သမျှ စာ..ဖတ်နိုင်သမျှ စာ တွေ စာကောင်းစာဆိုး မရွေး အကုန်
ဖတ်မယ် ဆိုတဲ့ ပထမဆုံး စာစ ဖတ်တဲ့ စိတ်ဓာတ် အတိုင်း ပြန်ဖြစ်
သွားပါတယ်..
ပထမဆုံး စာပေအပေါ်မှာ ထားတဲ့
စိတ်အခြေအနေ နဲ့ ခု နောက်ဆုံး ဖြစ်နေတဲ့ စိတ်အခြေအနေက
တူတယ်လို့ ထင်ရပေမယ့် မတူပါဘူး..
ပထမဆုံးက ကျွန်တော်ဟာ ငယ်သေးတဲ့အပြင် ကောင်းတဲ့စာပေ
မကောင်းတဲ့စာပေ မခွဲခြားတတ်သေးပါဘူး..တွေ့သမျှစာပါရင် ဖတ်ပြီး
သဘောကျနေတတ်တဲ့ မျက်ကန်းစာဖတ် သမား အခြေအနေပါ
ခုနောက်ဆုံး စိတ်အခြေအနေကတော့ ကောင်းခြင်းဆိုးခြင်း ကို
အတန်အသင့် ခွဲခြားနိုင်ပြီး စာကောင်းဖတ်မိရင် ကောင်းမွန်တဲ့ အသိပညာ အတတ်ပညာ အတွေးအခေါ် တွေ ရနိုင်မယ်
စာဆိုးတွေဖတ်မိရင်လည်း
ဒီစာပေမျိုးဟာ အဆိပ်အတောက် ဖြစ်မယ့်စာ ..
ဒီစာပေမျိုးကတော့ အမုန်းတရား အာဃာတ ဒေါသ တွေ တိုးပွားမယ့်စာ
ဒီစာပေမျိုးကတော့..စိတိကူးရင်သက်သက် ..
ဒီစာပေမျိုးကတော့..တစ်ကိုယ်ကောင်းစိတ် သည်းမခံစိတ်
ကိုယ့်ကိုသာအလေးထား စိတ်တွေ တိုးပွားမယ့် စာ
အစရှိသဖြင့်
ဝေဖန်ပိုင်းခြား ခွင့်ရပြီး သင်ခန်းစာယူရသလို အခြားကလေးသူငယ်
များကိုလည်း ဆောင်ရန်ရှောင်ရန် ညွှန်ပြနိုင်ခွင့် တွေ ရပါတယ်..
စာကောင်းတစ်ကြောင်းကရတဲ့ အသိ ဟာ စာဆိုး ၁၀၀အုပ် လောက်ကရတဲ့ အသိကို ချေဖျက်နိုင်ကြောင်း ကျွန်တော် ကောင်းကောင်း
သဘောပေါက်သွားပါပြီ..
စာဖတ်ခြင်းကပဲ ကျွန်တော့် အသိကို နောက်တစ်ဆင့်ထပ်မြှင့်ပေးလိုက်တာပဲ ဖြစ်မယ်ထင်ပါတယ်..
ဒါကြောင့် ခုနောက်ဆုံး မှာ စာမရွေးပဲ ဖတ်တဲ့ အလေ့အကျင့်ပဲ
ဆက်လက်လုပ်ဆောင် ပါတယ်..ခင်ဗျာ
ခု steemit နဲ့ စတင်ထိတွေ့ခွင့်ရတာဟာ ကျွန်တော့်အတွက် စာကြည့်တိုက် အသစ်ကြီး တစ်ခုကို ရောက်သွားသလို ခံစားရပါတယ်
ဒီအတွက် ကျွန်တော်ဖတ်ခွင့်ရအောင် ရေးပေးနေပြီး အသိပညာအတတ်ပညာတွေ ဝေမျှနေတဲ့ steemit
မှ စာရေးသူများ အားလုံးကို ကျွန်တော့်ဆရာ ဆရာမ များ
အဖြစ်သဘောထား ပြီး အစဉ်လေးစားကျေးဇူးတင်လျှက်ပါ..
ကျွန်တော့်ရဲ့ ရေးသားမှုတွေ မှာ အမှားတွေ လက်မခံနိုင်စရာတွေ ပါလာခဲ့ရင်လည်း မိသားစု တစ်ယောက်လို
အားမနာတမ်း အခုရော နောက်နောင်ရော ဝေဖန်ပဲ့ပြင်အကြံပြု ပေး
ပါလို့ အကူအညီ တောင်းအပ်ပါတယ် ခင်ဗျာ..
(အသိပညာအတတ်ပညာ များကို မာန်မာန မထားပဲ အလွယ်တကူ လက်ခံယူတတ်ပြီး မိမိ သိပြီးသော အသိပညာ အတတ်ပညာများ
ကိုလည်း အခြား သူများကို ဖြန့်ဝေပေးခြင်းသည် အသက်ရှင်နေထိုင်စဉ်
အတွင်း လူ့လောကအကျိုး မိမိအကျိုး နှစ်ဦးနှစ်ဖက် တိုးတက်ချမ်းသာစေမည့် အသက်ရှင်နေထိုင်ခြင်းဟု ကျွန်တော်ထင်ပါသည်)
(Being able to accept and learn the skills and the knowledges without pride, able to share
the knowledges and the skills that you've already known to other people is a perfect way of living in this world and mutual benefit. )
@aungthetpysoe
Welcome bro
Thanks a lot ,nyi lay
Welcome
ကျေးဇူးပါ ညီလေး