ဖုန်းပြောခြင်းဆိုင်ရာယဉ်ကျေးမှု

in #myanmar5 years ago (edited)

ခေါင်းစဉ်လေးပေးဖြစ်တဲ့အကြောင်း
ကိုအရင်ဆုံးပြောချင်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
သတိမထားမိပေမဲ့ကြုံတွေ့နေရ
တတ်တာလေးတွေကိုပြောချင်တာပါ။
ကျွန်တော်တို့ကျောင်းကဆရာမ
ကဖုန်းချခါနီးရင် "လူလေး ဖုန်းချ
ခွင့်ပြုနော်"ဆိုပြီးပြောတော့ဆရာမ
ကိုအင်မတန်လေးစားမိတယ်။
ပညာတတ်ရုံတင်မကပါဘူး။
ပညာရှိပီသပါပေတယ်ပေါ့။
ကျွန်တော်ကကိုယ်လည်းဓမ္မစကူးလ်
မှာသင်နေတော့ကိုယ့်ကျောင်းသား/
ကျောင်းသူလေးတွေကိုလည်း
အဲ့လိုအပြုအမူနှင့်အပြောအဆိုလေး
တွေမှာလိမ္မာယဉ်ကျေးသူလေးတွေ
ဖြစ်စေချင်တယ်။ပညာတတ်တစ်ယောက်ဖြစ်ပြီး
အပြုအမူ၊အပြောအဆိုမကောင်းရင်
လူတွေရဲ့ ပြစ်တင်ပြောဆိုခြင်းကို
ခံရမယ်။ခုခေတ်မှာMobile Phone
တွေကို ကလေးတွေတောင်ကိုင်နိုင်
နေကြပြီဆိုတော့ခုလိုသိသင့်သိထိုက်
တဲ့ဖုန်းပြောဆိုခြင်းဆိုင်ရာ
ယဉ်ကျေးမှုလေးတွေကိုလည်း
သိစေချင်ပါတယ်။
ဒါနဲ့ကိုယ်ပြောချင်တာလေးတွေကို
ကြားညှပ်ပြောလိုက်ဦးမယ်ဗျာ။
အခုချိန် မြန်မာနိုင်ငံမှာတယ်လီဖုန်း
အသုံးပြုမှုက နေ့ချင်းညချင်းဆိုသလို
တဟုန်တိုး တိုးတက်လာတာကို
တွေ့ရပါတယ်။ဒါပေမဲ့
လူကြီးတော်တော်များများကအခုချိန်
မှာနည်းပညာနဲ့မဆုပ်ကိုင်မိသေးတဲ့
အတွက် တော်တော်လေးကမောက်
ကမနိုင်တာတွေကိုတွေ့နေရပါတယ်။
တစ်ချို့ဆိုရင်InternetကိုPackage
မဝယ်ဘဲBillထည့်သုံးတယ်။ပြီးရင်
ပြောလိုက်သေးတယ်။1000ထည့်
ထားတာဘယ်လောက်မှမခံဘူးတဲ့။
ကျွန်တော်ကကိုယ့်အိမ်ကလူတွေ
ကိုယ်နဲ့နီးစပ်တဲ့သူတွေကိုတော့
Packageဝယ်ပြီးသုံးတာက
ဘယ်လောက်သက်သာတယ်ဆိုတာ
တွက်ချက်ပြပြီးPackageဝယ်နည်း
သင်ပေးရသေးတယ်။ဒါတောင်
မှတ်ရတာရှုပ်လို့ဆိုပြီးမမှတ်ချင်ကြ
ဘူး။ဥပမာတစ်ခုအနေနဲ့ကျွန်တော်
တွက်ပြမယ်။Ooredooနဲ့Internet
သုံးမယ်ဆိုရင်1GB(1024MB)
ကို1000Ksနဲ့ဝယ်ရတယ်။Package
မဝယ်ဘဲသုံးမယ်ဆိုရင်တော့
1MBကို8Ksနှုန်းနဲ့ဖြတ်တာမလို့
1000ကို8နဲ့စားရင်125MBပဲရပါ
တယ်။ဒါဆိုရင်8ဆလောက်ကွာ
တယ်ဆိုတာကိုတွေ့ရမှာပါ။
1000ဖိုး8ခါထည့်ပြီးသုံးတာနဲ့
1000ဖိုးထည့်ပြီး1GB Package
ဝယ်သုံးတာနဲ့ဘယ်ဟာကပိုတန်လဲ
ဆိုတာကိုနားလည်ဖို့တော်တော်
ရှင်းပြရပါတယ်။စကားပုံတောင်
ရှိသေးတယ်။မတန်တာစားနွားတဲ့။
မတန်တဆတော့လည်းမသုံးနိုင်ဘူး။
ထားပါတော့လေ။ပြောနေရင်
Postကရှည်သွားလိမ့်မယ်။အဓိက
ပြောချင်တာကလူကြီးတွေမှာ
အဲ့လိုနည်းပညာကိုလိုက်မမှီတဲ့အပြင်
ဖုန်းယဉ်ကျေးမှုလည်းမရှိပါဘူး။
ဖုန်းပြောတဲ့အခါ "ဒါပဲနော်"မပြော
ဘဲသူပြောချင်တာပြောပြီးချလိုက်
တာမျိုးကတော့လူကြီးတော်တော်
များများလုပ်နေတာကိုတွေ့ရတယ်။
ဒါပေမဲ့သူတို့ကိုအပြစ်တင်နေလို့
မရပါဘူး။သူတို့က နည်းပညာရဲ့
Revolutionကိုလမ်းတစ်ဝက်ကျော်
လောက်ကတွေ့လိုက်ရတဲ့အခါ
သူတို့နဲ့လုံးဝအသားမကျတော့ပါဘူး။
ယခုလက်ရှိလူငယ်တွေ
တစ်ချိန်မှာလူကြီးဖြစ်လာတဲ့အခါ
အခုလိုအဖြစ်မျိုးတွေမကြုံရလေ
အောင် အခုကတည်းက သင်ကြား
ထားသင့်ပါတယ်။အထက်က
အကြောင်းနဲ့ပြန်ချိတ်ဆက်ရရင်
ဆရာတော်သံဃာတော်တွေဆီဖုန်း
ခေါ်တဲ့အခါတစ်ဖက်မှာဖုန်းမကိုင်
သေးရင်ဆက်တိုက်မခေါ်သင့်
ပါဘူး။အနှောက်အယှက်ဖြစ်သွားနိုင်
ပါတယ်။ဥပမာ-တရားဟောနေတယ်
ဆိုရင်ပေါ့။ကိုယ်ကဖုန်းစဆက်တဲ့
အခါ"တပည့်တော် ဒကာ/ဒကာမ
ဘယ်သူဘယ်ဝါပါဘုရား"ဆိုပြီး
ဦးစွာလျှောက်ထားရပါတယ်။
ထိုနည်းတူစွာ ဆရာတော်
သံဃာတော်ထံမှာဖုန်းစပြီး
ဆက်လာခဲ့ရင်လည်းအထက်က
ပြောခဲ့သလိုမိမိဘယ်သူဘယ်ဝါ
ဖြစ်ကြောင်းပြောပြီး"ဦးတင်ပါတယ်
ဘုရား၊အမိန့်ရှိတော်မူပါဘုရား"
အစရှိသဖြင့်လျှောက်တင်ရပါမယ်။
ဖုန်းချခါနီးမှာလည်း"တပည့်တော်
လျှောက်ထားစရာများပြည့်စုံပါပြီ
ဘုရား၊ဆရာတော်ဘုရားဘာများ
မိန့်ကြားစရာ ရှိပါသလဲဘုရား"လို့
လျှောက်ထားရမယ်။ဆရာတော်
သံဃာတော်ဘက်မှပြောစရာမရှိ
တော့ရင်တော့"ဖုန်းချခွင့်ပြုပါဘုရား၊
ဦးတင်ပါတယ်ဘုရား"လို့
လျှောက်ထားပြီးမှဖုန်းချရပါမယ်။
ကျွန်တော်ပြောချင်တာကတော့
ကိုယ်နဲ့ရွယ်တူနဲ့ဖြစ်စေ၊ကိုယ့်
ထက်ငယ်တဲ့သူနဲ့ဖြစ်စေ၊
အသက်ဂုဏ်ဝါကိုယ့်ထက်ကြီးသူနဲ့
ဖြစ်စေ ဖုန်းပြောဆိုတဲ့အခါ
"ဖုန်းယဉ်ကျေးမှု"လေးရှိစေချင်
တယ်။

စာဖတ်သူတို့မှာ သားသား၊မီးမီးလေး
တွေ၊တူ၊တူမလေးတွေရှိရင်လည်း
သင်ပြပြောဆိုပေးကြပါနော်။
ယနေ့လူငယ်နောင်ဝယ်လူကြီး
ဆိုသည့်အတိုင်း နောက်ကျရင်
လူကြီးလူကောင်းပီသစွာဖုန်းပြော
ဆိုနိုင်စေဖို့ ဒီPostလေးနဲ့အကြုံပြု
တိုက်တွန်းလိုက်ရပါတော့တယ်
ခင်ဗျား။ ။
image
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

ဂါဝရတရားပေါ့ဗျာ

လူ့ကျင့်ဝတ်လေးတွေပေါ့ဗျာ
ရှိသင့်ရှိထိုက်ပါတယ်

Good culture...

We must do it.

ဖုန်းပြောခြင်း အလှတရားများပေါ့

ကဗျာဆရာဆိုတော့လည်းတင်စားတတ်တာပေါ့နော်

ကိုယ်တိုင်လေ့လာမှုမရှိကြတာပဲဖြစ်မယ်ဗျ

ဟုတ်တယ်ဗျ လေ့လာလိုက်စားလိုစိတ်အားနည်းကြတယ်

ဘယ်နေရာမှာ ဖြစ်ဖြစ်ယဉ်ကျေးမှုလေးနဲ့ ဂါဝရတရားလေးထားကျရင် အရွယ်ကြီးငယ် မဟူ ပေါင်းသင်းဆက်ဆံရေး ပြေလည်စေပါတယ်

ခေတ်စကားနဲ့ပြောရမယ်ဆိုရင်Socialကောင်းခြင်းပေါ့

နှုတ်ချိုတော့ လူချစ်လေ။

အမှန်ပေါ့ဗျာ

သိပ်‌‌ကောင်းတဲ့massage ‌လေးပါ။ညီက ဓမ္မစကူးလ်‌ ‌ကျောင်းဆရာ‌လေးဆို‌တော့ ပို‌တောင်‌‌လေးစားသွားပြီ။

အဲ့လောက်တော့လည်းမလေးစားထိုက်သေးပါဘူးဗျာ
သိသမျှလေးမျှဝေတာပါ

ဖုန်း​ပြောရာမှာလည်းယဉ်​​ကျေး​စေဖို.သ​တိထားသင့်​တဲ့အချက်​​တွေ.....​​ကောင်း​သောပိုစ့်​ပါ....

ဟုတ်ကဲ့ ဖတ်ပေးလို့ကျေးဇူးပါနော်

အရမ်း​ကောင်းတဲ့Messageပါ

ကျေးဇူးပါဗျ

အရမ်း​ကောင်းတဲ့Messageပါ

ကျွှန်တော်ဆို မရင်းနီးတဲ့သူဆိုရင်လား ချိုချက် နားထောင်တဲ့နားပါ ပုရွှက်ဆိတ် တက်ကိုက်လိမ့်မယ် လူရင်းတွေဆိုရင်တော့ ကြမ်းချက် အသားပါ ပွန်းပဲ့သွားမယ် ဟိဟိ သေချာလေး ပြောင်းလဲသွားကြရင် အလေ့အကျင့် ဖြစ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ဖြစ်နိုင်ပါတယ် ဖုန်းထဲ ဖြစ်ဖြစ် အပြင်မှာ ဖြစ်ဖြစ်ပေါ့လေ ။

ပြောင်းလဲပေးရမှာပေါ့
ဒါမှလည်းယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဖြစ်မှာ

Coin Marketplace

STEEM 0.22
TRX 0.07
JST 0.027
BTC 27905.16
ETH 1771.76
USDT 1.00
SBD 3.01