"ရွှေသော်"ဟုခေါ်တွင်သောsteemCreated with Sketch.

in #myanmar7 years ago (edited)

ရှေးလွန်ခဲ့သော အခါက စော်ကဲ့မင်းကြီး ခေတ်တ နေထိုင်ခဲ့ရာမှ သော်ကဲဘ ဟုခေါ်တွင်ခဲ့ပါသည်။ ရွှေသော် ဆိုသည်မှာ မကွေးတိုင်း ရေစကြိုမြို့ အနောက်အရပ် တည့်တည့် ၆ မိုင်ခွဲခန့်တွင် တည်ရှိသော အိမ်ခြေ ၄၀ ခန့်သာတည်ရှိတဲ့ ကျေးရွာအငယ်လေး တစ်ရွာဖြစ်ပါသည်။ အရှေ့ အနောက် ဖောက်လုပ်ထားတဲ့ ရွာလယ်လမ်းရှိပြီး ရွာအရှေ့ဘက် လမ်းမညာဘက်ခြမ်းတွင် ဘုန်းတော်ကြီးကျောင်းရှိပြီး လက်ဝဲဘက်တွင်တော့ ကျေးရွာ မူလတန်းကျောင်း တည်ရှိပါသည်။

              ဟိုယခင် မူလတန်းကျောင်း ရွှေသ်ာရွာတွင် မကျသေးသဖြင့် ရွှေသော်ရွာမှ ကလေးသူငယ်လေးများ အောင်နန်းရွာ မုလတန်းလွန်ကျောင်း မြေဖြူ ရွာ မူလတန်းကျောင်း မုံညင်းရွာ မူလတန်းကျောင်း သပြေပင်ရွာ မူလတန်းလွန်ကျောင်း စတဲ့ရွာနီးချုပ်စပ် ကျေးရွာများမှ ကျောင်းများ သို့ နီးစပ်ရာ ခြေချင်သော် လည်းကောင်း စက်ဘီးဖြင့် သော်လည်းကောင်း အသီးသီး သွားရောက်တတ်ခဲ့ရပါသည်။ ၂၀၀၂ ခုနှစ်တွင်နိုင်းငံတော်မှ ရွှေသော်ရွာကို မူလတန်းကျောင်း တစ်ကျောင်း ချပေးသဖြင့် ရွှေသော်ရွာ ကလေးသူများ၏ ပညာရေး ပိုမိုအဆင်ပြေလာခဲ့ပါသည်။
          
             ရွာတောင်ဘက် ကပ်လျပ်တွင် ရေကန်ကြီးတစ်ကန် နှင့် ရွာမြောက်ဘက် ခတ်လှမ်းလှမ်းမှာလဲ ကြာပန်းများနှင့် ပနာရလှတဲ့ ကြာကန်တစ်ကန်လဲရှိပြီး ကျေးရွာနေ ရွာသူ ရွာသားတို့ အတွက် သောက်ရေသုံးရေ အဓိက အားထားရာ ကန်နစ်ကန်ဆိုလဲမမှာပါ။ဒီရွာငယ်လေးရဲ့ အမည်ကတော့ သော်ကဲဘ ရွာဖြစ်ပါသည် ။   လူနည်းစုသာနေထိုင်ကြသော်လဲ စည်းလုံးညီညွတ်လှတဲ့ ရွာသူရွာသားများက သူတို့ရွာလေးကို ရွှေသော်ဟုတင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ရွာလေးကသေး ပြီးလူဦးရေ နည်းပါသော်လဲ စည်းလုံးညီညွတ်ပြီး ကြီးမာလှတဲ့ ရွှေသော်သူ ရွှေသော်သားတို့၏ သဒါတရားနှင့် စိတ်ဓါတ်ခွန်အားကတော့အံ့မခန်းလောက်ပါ။နှစ်စဉ် တော်သလင်းလဆန်း ၁၂ ရက် ၁၃ ရက်မှာ ဗုဒ္ဓပူဇနိယဆွမ်းလောင်းပွဲတော် ကိုပြုလုပ်ကျင့်ပါကြပါသည်။
         
             ၁၃ ရက်နေမှာ ပင့်သံဃာ များကို အာရုံဆွမ်းကပ်လှူ  ခြင်းနှင့် ရွာနီးချုပ်စပ်မှ ဆွမ်းလောက်လာကြတဲ့ ဧည့်သည်များကိုလဲ ထမင်းကျေးဧည့်ခံခြင်း ကျေးရွာ လူငယ် ပရဟီတ အဖွဲ့မှမမော်ပန်းနိုင်ပဲ သဒါတရားထက်သန်စာပြုလုပ်ဆောင်ရွက်ကြပါသည်။ ရှေးဟောင်း ဘုရားစေတီ ပုထိုးများနှင့် ကြီးမာလှတဲ့ ခြင်္သေ့ကြီး နှစ်ကောင် ကလဲ ရွှေသော်ရွာ ရဲ့ ဂုဏ်ယူစရာတစ်ခု အဖြစ်ထင်ရှား လှပါသည်။

image

            ညပိုင်းမှာလဲ ဖျော်ဖြေရေးအစီစဉ်အနေနဲ့ အရပ်ဇတ် ကပြဖျော်ဖြေခြင်းဖြင့် ရွှေသော်လူငယ်တို့ရဲ့စည်းလုံး ညီညွှတ်မှု့ကိုဖော်ကြူး ကြသည်ကို တွေ့မြင်ရပါသည်။ကျနော် ရဲ့  အောင်စည်ဟိန်း အသံချဲ့စက်ကတော့ ရွှေသော် ဘရားပွဲတော်မှာ ဆွမ်းကပ်ဧည့်ကြွေး အလှူ အိမ်မှာ စက်တစ်လုံး ဆွမ်းလောင်းလှူ  တဲ့ လူငယ်ပရဟိတ အသင်းမှာ စာရေးတန်မဲ အလူခံမှာ တစ်လုံး နှစ်နေရာခွဲ ၍ ပါရမီဖြည့်ခဲ့ပါသည်။

အရေးသားမပြောင်မြောက်သော်လဲ အားပေးဖက်ရှု တဲ့ ပရိတ်သတ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
စာရေးသူ @aungsihein2
image

Sort:  

စာရေးရင် space လေးတွေ သတိထားပေးပါဗျာ browser နဲ့ တစ်ချို့ ဟာလေးတွေ နည်းနည်း ဖတ်ရခက်တန်ပါတယ်

Congratulations @aungsihein2! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65051.86
ETH 3163.86
USDT 1.00
SBD 2.54