ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ မှာ ဖြစ်တဲ့ စစ်ပွဲ

in #myanmar7 years ago

Myan.png

ကျွန်တော်က လားရှိုး OHC ရုံးမှာ တာဝန်ကျနေတာပါ။ ကွတ်ခိုင်က သူငယ်ချင်းတစ်ယောက် ခွင့်ပြန်လို့  သူ့ အစား၊သူ့ နေရာမှာ တာဝန်ယူ ရမှာ
ခေတ်အခြေအနေ မကောင်းမှန်းလဲ သိတယ် ၊ ငြင်းလို့ လဲ မရဆိုတော့ သွားရတာ ပေါ့၊ ရုံးကားနဲ့ လာခေါ်တယ် လိုက်သွားလိုက်တယ် ၊ မနက် ၉ နာရီ လောက် စထွက်တယ် ကားဆရာ နှင့် နှစ်ယောက်တည်း ပဲ ဟိုပြော ဒီပြော နဲ့ ထွက်လာလိုက်တာ လမ်းမှာ ပလောင် လူမျိုး ၁၀ ယောက်လောက် တင်ခေါ်လိုက်တယ်။ သူ တို့ က အလုပ်လုပ်ပြီး ပြန်ကြတာ အကူအညီလေး ပေးရာ ရောက်တာပေါ့။
ပြီးတော့ ကိုယ့်အတွက် အကာ အကွယ်ဖြစ်တာပေါ့။ တကယ်လို့ များ လမ်းမှာ တောထဲက လူတွေနဲ့ တွေ့ ရင်
ပြောရတာ အဆင်ပြေတာပေါ့နော် ၊ဆက်ကြေး ကောက်နေရင် ဒုက္ခဗျ။
FB_IMG_1506093424837.jpg
ကျွန်တော် ကွတ်ခိုင် မရောက်ခင်လေးမှာ ကျွန်တော်တို့ OHC က ဝန်ထမ်း ၃ ယောက်ကို ပလောင်တပ်က ခေါ်သွားတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။
OHC ဝန်ထမ်း ၃ ယောက် လက်နက်ကိုင် ပလောင်တပ် က ခေါ်သွားပါတယ်။
အဲထဲမှာ ကျွန်တော် သူငယ်ချင်း ကျော်ဇင်ဆိုတာပါသွားတယ်၊ ကျွန်တော်တို့ကတော့ သူ့ကို စတီးလို့  ခေါ်ပါတယ် နာမည်ပြောင်ပေါ့။ သူပါသွားတယ်ဆိုတာ သိတော့ စိတ်မကောင်း ဖြစ်မိတယ်။ OHC က တာဝန်ရှိသူတွေက ပြန်ရွေးရင် ရမှာပါ။သူတို့က ငွေလိုနေတာ ဘာဖြစ်တယ်၊ညာဖြစ်တယ် ပြောနေကြတာပေါ့။ ဒါပေမဲ့ တောထဲက ကောင်တွေနဲ့ အဆက်အသွယ်မရပါဘူး။ တာဝန်ရှိသူတွေကလဲ ဘယ်လိုမှ လုပ်မရပါဘူး။
ကျွန်တော်ထင်လိုက်ပြီ ငါ့သူငယ်ချင်း ကျော်ဇင်ကတော့ သူတို့  တပ်ထဲ ဝင်ရင်ဝင်၊မဝင်ရင် တော့ သူ့အတွက် အခြေအနေမကောင်းဘူးပေါ့။
FB_IMG_1506093600115.jpg
ဒီလိုနဲ့ Facebook သတင်းတွေမှာလဲ ပါလာတယ် OHC ဝန်ထမ်း သုံးယောက်ဖမ်းခေါ်သွားတဲ့သတင်း တွေ တက်လာတယ်။ ကျွန်တော် က ဘယ်လို ပြန်လွတ်ပေးလိုက်မလဲ ဆိုပြီးစောင့်ကြတာပေါ့။
ဖမ်းခေါ်သွားပြီး ၄ ရက်လောက် ကြာတဲ့ အချိန်မှာ ၃ ယောက်ထဲက ကျွန်တော့်သူငယ်ချင်း ပြန်လွတ်လာတယ်၊မျက်နှာကတော့ ရစရာ မရှိလောက်အောင် အရိုက်ခံထားရတာ၊ မျက်နှာ တစ်ခုလုံး ဖူးရောင်နေတာပဲ ၊သူ့မှာ မိန်းမ ရှိပါတယ်
နှစ်ယောက်သားဖက်ဖက်ပြီး ငိုကြတာဗျ။
သူကိုလဲ ညနေ ၅ နာရီလောက် ကွတ်ခိုင် ကနေ လားရှိုး ကိုဆင်းတယ်၊ အပြင်ဆေးခန်းမှာ သွားပြကြတယ်၊
ပြီးတော့ ဆေးရုံးကြီး ကိုပြောင်း၊ ဆေးရုံမှာ လူတွေများ၊ပြီးတော့ သတင်းလာယူတဲ့ သူတွေကလဲ များမှများ ဆိုတော့၊ သူ့ ကို စစ်တပ်က လာခေါ်သွားတယ်၊ စစ်တပ်ထဲရောက်သွားတော့ ကျွန်တော်လဲ မသွားဖြစ်လိုက်ဘူး။

သူငယ်ချင်း ကျော်ဇင် ပြောပြတာလေး
သူကြုံတွေ့ ခဲ့ရတာလေးပါ
ဖြစ်တဲ့နေ့မှာပေါ့
သူက လမ်းကြိတ်တဲ့ စတီး မောင်းတာဆိုတော့ ဆီပိုလို့  အပြင်မှာ ဆီရောင်းထားခဲ့တယ် အဲ့ဒီနေ့မှာ သွားပြီး ပိုက်ဆံတောင်းသွားတာကနေ ပလောင်တပ်နဲ့ တွေ့ ပြီး လိုက်ခဲ့ဆိုပြီး ခေါ်လို့ လိုက်သွားရတာပါ လို့ ပြောပါတယ်။
ကားလမ်း ပေါ်မှာ နောက်ထပ် OHC က ဝန်ထမ်း နှစ်ယောက် တွေ့တယ် ၊ သူတို့ကိုပါ ခေါ်တော့ အားလုံး သုံးယောက်ဖြစ်သွားတယ်။
တောထဲရောက်တော့ တစ်နေစီ ခွဲထားတယ်လို့ ပြောပါတယ်၊ သူ့ကိုတော့ ပါလာတဲ့ ဖုန်းကိုသိမ်းတယ်။
နောက်နေ့ ည မှာတော့ သူ့ ကို ဘာနဲ့ ရိုက်လိုက်မှန်း မသိလိုက်ပါဘူးတဲ့ သူကတော့ မေ့သွားခဲ့တယ်လို့ ပြောပါတယ်။ ပလောင်တွေကတော့ သေပြီ ထင်ပြီး ကျင်းထဲထည့်ပြီး သစ်ကိုင်းတွေ အုပ်ထားခဲ့ပါတယ်လို့  ပြန်ပြောပြပါတယ်။
သူနိုးလာတော့ သူ့ ဘေး မှာ အလောင်းတစ်လောင်း ရှိတယ်၊ ကျင်းထဲကနေမသေပဲ ထွက်ပြေးလာရင်း၊ကချင် လူမျိုးတစ်ယောက်နဲ့ တွေပြီး သူ့ယာတဲ ကို ခေါ်လို့  လိုက်သွားခဲ့တယ်။
အဲ့ဒီ လူကပဲ ကွတ်ခိုင် မြို့ကို ရောက်အောင် ပို့ ပေးခဲ့တာပါတဲ့
သူပြောပြတာလေးပါ။
ဖမ်းသွားတဲ့ သုံးယောက်မှာ သူတစ်ယောက်သာ အသက်ရှင်ပါတယ်။
ကျန်နှစ်ယောက်လုံး သေတယ်။သေသွားတဲ့သူတွေကိုတော့
တစ်ယောက် တစ်နေရာစီမှာ ရှာတွေ့တာပါ။ S ကွေ့ လမ်း အထက်နားမှာ တစ်ယောက် တွေ့ပါတယ်။ အရိုးစုနဲ့ ဖမ်းသွားတုန်းက ဝတ်တဲ့ အဝတ် အစား သာတွေတာပါ။
နောက်တစ်ယောက်က ပုံမပျက်ခင် လေး ပြန်တွေ့ တာပါ။
OHC ကတော့ အလုပ်ခွင်ထဲမှာ သေသွားတာ ဖြစ်လို့  သေတဲ့သူ နှစ်ယောက်ကို တစ်ယောက်လျှင် သိန်း ၃၀ ပေးပါတယ်။
FB_IMG_1506093619005.jpg
ဝန်ထမ်း သုံးယောက်အဖမ်းခံရပြီး ကတည်းက ကျန်တဲ့ ဝန်ထမ်းတွေ အကုန်ပြန်ကြတာပါ။ ကွတ်ခိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေ ပြန်ကြတယ် ၊ ကျွန်တော်က ကွတ်ခိုင်ကို သွားရမယ် ၊ ငြင်းမရတော့လဲ သွားလိုက်တယ်၊ ဟုတ်ကဲ့ ကျွန်တော် သွားပါ့မယ် ခင်ဗျား ဆိုပြီး ပြန်ပြောလိုက်တယ်။

2016 ,12 လပိုင်း မှာ
ကွတ်ခိုင်မြို့ ကို စရောက်တယ် ၊ရောက်တဲ့နေ့မှာပဲ ၄ နာရီကျော်လောက်မှာမြို့တွင်းကို RPG ၄ လုံးကျတယ် ၂ လုံးက မကွဲဘူး။ နှစ်လုံးကွဲတယ်၊ တစ်လုံးက လူတွေ မထိဘူး၊ နောက်တစ်လုံး က အိမ်တံခါး လာပိတ်တဲ့ ကောက်မလေး ကိုသွားထိတယ် ၊ တံခါးကို ပိတ်ပြီးသွားပြီ
တံခါးကိုလာမှန်တယ် ကောင်မလေး လက်တစ်ဖက် ဖြတ်လိုက်ရတယ်၊ ဖြစ်ဖြစ်ခြင်း လားရှိုးဆေးရုံဆင်းသွားတယ်လို့  သတင်း တက်လာတယ်။
ကိုယ်က ဘာမှ မသိဘူး သူငယ်ချင်း အိမ်မှာ နေ့လယ်စာ သွားစားနေတာ
ထမင်းစားပြီးလို့  facebook ဖွင့်ကြည့်မှ သိတယ်။ အခြေအနေမကောင်းဘူး ဘယ်လို လုပ်ရမလဲ ပြန်ရင်ကောင်းမလား
ပြန်လို့ ကလဲ မဖြစ်ဘူး ။ အပေါ်မှာလဲ ဆက်ကြေး ကောက်တယ် လို့ ကားသမား တွေ ပြောနေကြတယ်။
OHC Toll Gate မှာလဲ ဝန်ထမ်း တွေရှိနေတာပဲ ပြီးတော့ မိန်းမ တွေရော ကလေးတွေ ရှိတယ်၊ စစ်သားတွေလဲရှိတယ် ဆိုတော့ ဘာမှ မဖြစ်လောက်ပါဘူး ဆိုပြီးနေလိုက်တယ်။

ကွတ်ခိုင်မြို့ က အဲ့ဒီ့အချိန်တုန်းက ကချင်၊ပလောင် တွေနဲ့ စစ်ဖြစ်နေတဲ့အချိန် ဒီဇင်ဘာ လဆိုတော့ အေးလဲ အေးပါတယ်။
ခေတ်မကောင်းတဲ့ အချိန် သွားရောက်တာ သူငယ်ချင်းကလဲ အိမ်အလှူရှိလို့  ပြန်မှာ အစားတိုးဖို့ လူကလဲ မရှိဆိုတော့ ကျွန်တော် သွားခဲ့ရတာပါ။
ကွတ်ခိုင်ရောက်ပြီး နောက်နေ့ သူငယ်ချင်းပြန်သွားတယ် သူ့ အလုပ်တွေ လုပ်ရတာပေါ့။ OHC ဝင်းကြီးက အကျယ်ကြီးပါ အရင်ကတော့ ဝန်ထမ်းတွေ အပြည့်ပါပဲ ခေတ်မကောင်းတော့ အကုန်လုံး အိမ်ပြန်ကြတာ ခြောက်ကပ်နေတာပဲ ၊ရှိတဲ့ဝန်ထမ်းတွေကလဲ Toll Gate ထဲမှာ
ဒီလိုနဲ့ ၄ ရက် လောက် ရှိသွားပြီ၊ အနေအခြေ မကောင်းပေမဲ့ သွားလာနေကြတာပါပဲ။
ဒီနေ့တော့ ဒီလောက်ပဲဗျ
နောက်နေ့  တိုက်ပွဲ ဖြစ်တဲ့ အကြောင်းလေး ဆက်ရေးပါအုံးမယ်။
Credit:: Facebook & Google
Author:: AungSannLwin

Sort:  

စိတ်ဝင်စားစရာတွေပါလား ။ ၀န်ထမ်းဘ၀ကိုစာနာမိတယ်။

တကယ့် အဖြစ်အပျက်လေးပါ။
ကျွန်တော့်သူငယ်ချင်း ကျော်ဇင် ပုံ လေး ထည့်ချင်တာ ရှာမတွေ့ တော့လို့ ဗျ
မျက်နှာက အကြီးကြီး ပဲ ရောင်ကိုင်း နေတာ
အခုတော့ ပြန် ကောင်းသွားပါပြီ
စစ်ဆေးရုံက အခမဲ့ ကုသပေးလိုက်တာ
အမာရွက် တောင် မကျန်ဘူးဗျ

ကွတ်​ခိုင်​ကို ကိုယ်​တိုင်​​ရောက်​သွားသလို ခံစားလိုက်​ရတယ်​။

အရေး အသား အာ့လောက် မကောင်းပါဘူး
ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ။

ဟုတ်​ ☺

ဆရာ ၁၉၈၃ ခုနှစ်လောက်က ကွတ်ခိုင်၊ တာမိုးညဲ၊ ကွမ်လုံ၊ ပန်လုံ၊ ဟိုပန် တို့ဖက်မှာ တာဝန်ကျခဲတာ၊ ဟိုက်ကမ်းတိုက်ပွဲ မျက်စေ့အောက်မျာလူအများကြီးသေတယ်။ ဟိုပန်မှာဆို လက်နဲ့မြေကြီးကိုယက်တာတစ်ထိုင်မြုပ်တဲ့ထိပဲ။ အဲဒိအချိန်က ဗကပနဲ့ တိုက်ခဲ့ရတာ တိုက်ရတာ၊ ဆရာတို့တပ်မမှူးက ဗိုလ်ချုပ်လှမြင့်ဆွေပေါ့။

ဟုတ်ကဲ့ စစ်ဖြစ်တာ အနီးကပ် တစ်ခါမှ မကြားဖူးဘူး
ဒီတစ်ခါတော့ ဘယ်က ပစ်မှန်းလဲ မခွဲခြားတတ်ဘူး
ဘယ်ပြေးလို့  ပြေးရမှန်းလဲ မသိဘူး
တော်တော် ကြောက်ဖို့ ကောင်းပါတယ်။

yes, life goes on. sometime i wonder how to stop civil war.

That is a beautiful meditation! I love the suggestion to record the affirmations because I was wondering. How I could remember to say all of that

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63565.69
ETH 3484.36
USDT 1.00
SBD 2.53