ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် စစ်ဖြစ်စဉ်ကာလ

in #myanmar7 years ago

Myan.png
ကွတ်ခိုင်အကြောင်း လေး ဆက်ရေးပါအုံးမယ် ကွတ်ခိုင်မြို့ ခံ တွေကတော့ စစ်ဖြစ်တာ ရိုးနေပြီထင်ပါတယ်။ နေ့ခင်းဘက်မှာတော့ ပုံမှန်အတိုင်းသွားလာ နေကြတာ ညဘက်ရောက်ရင်တော့ ဈေးဆိုင်တွေ အစောကြီးပိတ်တယ်။ ဈေးနေ့ ဆိုရင်လဲ ပုံမှန်ပဲ လူတွေ သွားလာကြပါတယ်။
ကျွန်တော်လဲ ကွတ်ခိုင်မြို့မှာ ၃ နှစ်လောက် နေလာခဲ့တာ ဆိုတော့ စစ်ဖြစ်တာ ဟိုနားမှာ စစ်ဖြစ်၊ ဒီနားမှာ စစ်ဖြစ်နေတာ ဆိုတာတွေ မကြာခဏ ကြားနေရတော့ နဲနဲ ရိုး နေသလို ခံစားရတယ်။
ဒါပေမဲ့ ဒီတစ်ခါ ဖြစ်တာကတော့ ဒေသခံတွေ တော်တော် ဒုက္ခရောက်ပါတယ်။
ကျွန်တော် သူငယ်ချင်း နေရာ မှာ တာဝန်ယူ ၊သူ့အလုပ်တွေ လုပ်ရင်းနေတာပေါ့၊ ကွတ်ခိုင် မြို့ကို စရောက်တော့ RPG ၄ လုံးကျတာ မသိလိုက်ဘူး၊ ၄ မြောက်တဲ့ ည ဘက် စဖြစ်တာပဲ TollGate မှာ စစ်သားတွေ၊ရဲတွေ အမြဲတမ်း ရှိတယ်ဗျ။
OHC TollGate လမ်းတံတား ဖြတ်သန်းခ ကောက်ခံရေး ဂိတ်ပေါ့ ၊ ကျွန်တော်အလုပ်က TollGate နဲ့ မပတ်သက် ပါဘူး။
FB_IMG_1506278637329.jpg

ကွတ်ခိုင်မြို့ အထွက်မှာ OHC TollGate နှင့် မန်ဘန် ရွာ ရှိတယ်၊ ကြားထဲမှာ
သချိ င်္န်း ကုန်းရှိတယ်၊ ဂိတ်ရဲ့ နောက်ကျောမှာ ပလောင်တွေ အများစု ကိုးကွယ်တဲ့ ၊ပလောင် ဘုန်းကြီးရှိတယ်။
ကျွန်တော်က တော့ ဂိတ်ဝင်းထဲမှာ လူက နဲနဲပဲ ရှိတာ စက်ကြီးမောင်း၊ စစ်ပြင်၊ကားသမား၊လမ်းဆိုဒ်က လူတွေ အကုန်ပြန်တာ အဆောင်တွေက အများကြီး ဘယ်သူမှ ရှိဘူး။
ကွတ်ခိုင်ရောက်လို့  ၄ ရက်မြောက်တဲ့နေ့ည RPG "ဒုန်း" ဆို အသံ အကျယ်ကြီး ကြားလိုက်တာ ၊ ကျွန်တော် ထင်တယ် မြေကြီးပါတုန်တယ်လို့  ၊
ကျွန်တော် ဘာပြောကောင်းမလဲ ဗျ မျက်နှာတွေ ကြီးပြီး၊ ကုတင် အောက်ကို ခြုံစောင် ဆွဲပြီး ဝင်သွားတာပဲ၊ အခန်းထဲမှာ တစ်ယောက် တည်းဖြစ်နေတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။
ကုတင်အောက်မှာ ငြိမ်ငြိမ်လေး နေပြီး၊အသံတွေ နားထောင်နေတာပေါ့၊ ဒုန်း နောက် တစ်လုံး ကျပြန်ပြီ ၊ကျွန်တော် ချွေးပြန်နေပြီ၊ အသံသာ ကြားနေရတာ ဘယ် က ပစ်မှန်းမသိဘူး။
ဘယ်နေကျမှန်းလဲ မသိဘူး ၊ အနား လာမကျပါစေနဲ့ လို့သာ ဆုတောင်း၊ ဘုရားစာတွေ ရွက်ပြီး နေရတော့တယ်။ သိပ်မကြာပါ စစ်သားအသံ ကြားရတယ် ပစ် ပစ် အဲ့ဒီ့ဘက် အဲ့ဒီ့ဘက် ဆိုတော့ စိတ်ထဲ တော်တော် အားရှိသွားတယ်။
စစ်သားတွေ တဒိုင်းဒိုင်း ပြန်ပစ်တယ် ဟိုဘက်က ပစ်သံ ရပ်သွားတယ်။
FB_IMG_1506278533093.jpg
အဆင်းကား ၊ အတက်ကား အကုန်ရပ်ခိုင်းပြီး TollGate ကနေ စစ်သား ပြန်ပစ်နေတာပါ၊ ကျွန်တော်နဲ့ နီးနီးလေး ခြံစည်းရိုးပဲ ခြားတယ်။ ညဘက် သေနက် အသံ၊ RPG အသံတွေက ကြောက်ဖို့ ကောင်းပါတယ်။
Toll Gate ထဲမှာ Night Duty ကျ နေတဲ့ သူတွေလဲ ရှိတယ် သူတို့ ဘယ်လို နေလဲ တော့ မသိ ဘူး၊ စစ်သားတွေ ဂိတ်လ်ထဲမှာ မနက် ထိ ကင်းစောင့် တယ်၊ အနေအခြေ ကလဲ အေးဆေးဖြစ်သွားပုံပဲ ဘာအသံမှ မကြားရတော့ဘူး။
ကျွန်တော် ကုတင်ပေါ်ပြန်တက် ၂ နာရီ ကျော်မှ အိပ်ပျော်သွားတယ်။
ထပ်ဖြစ်ရင်လဲ ဘာမှ သိမှာ မဟုတ်တော့ဘူး။
FB_IMG_1506278720327.jpg
မနက်မိုးလင်းတော့ ထွက်ကြည့်တယ် ညက ပစ်တဲ့ RPG တွေ ဘယ်နား ကျသလဲပေါ့၊ ပလောင်ဘုန်းကြီး အနောက်ဘက် ထင်ရှူးတောထဲ ကျတာတဲ့ဗျ၊ ပလောင်အဖွဲ့က ပစ်တာလို့  ပြောကြတယ်။ဂိတ်အရှေ့ ဘက် သချိ င်္န်းကုန်းပေါ်ကနေ စစ်တပ် ကို ပစ်တာ
စစ်တပ်ထဲမရောက် ဘုန်းကြီးကျောင်း ထင်းရှူးတောထဲ ကျတာ ၊ အဲဒီလို မဟုတ်ပဲ နေရာလွဲကျရင် ထိကုန်မယ်ထင်တယ် ။ ဘုန်းကျောင်း နှင့် ကားလမ်း နားမှာ ဈေးဆိုင်တွေရှိတယ်။သူတို့လဲ ညဘက်မအိပ်လောက်ဘူးထင်တာပဲ။
စစ်တပ်ကလဲ RPG တစ်လုံး ပြန်ပစ်တယ်
စစ်သားတွေကလဲ ဂိတ်နားကနေ ပြန်ပစ်တယ် အခြေအနေ အေးသွားတယ်
ဂိတ်ထဲမှာ တာဝန်ကျ ဗိုလ်ကြီးကို မေးကြည့်တော့ ပလောင် လက်ချက် လို့ ပြောပါတယ်။
ဖြစ်တဲ့ညက TollGate ထဲ တာဝန်ကျ သူတွေကို မေးကြည့်တယ် ညက စစ်ဖြစ်တော့ ဘယ်သွားနေကြလဲလို့မေးတော့
ကတ္တားအောက် ဝင်ပုန်း နေကြတာတဲ့
စစ်သားတွေရောက်မှ အဆောင်ထဲ ပြန်သွား အိပ်ကြတာပါတဲ့၊ သူတို့က တစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ စစ်သားတွေလာတော့ အဆောင်ပြန်ပြေးအိပ် တယ် ကောင်တာထဲမှာ ပိုက်ဆံ ၂ သိန်း ကျန်နေခဲ့တာ သူမသိတော့ဘူး။မနက် စာရင်းချိုပ်တော့မှ ပိုက်ဆံ ၂ သိန်းလိုနေမှန်း သိတာတဲ့ ။
FB_IMG_1506278543982.jpg
လူကြီးတွေကတော့ ပေးစရာ မလိုဘူးရတယ် စစ်ဖြစ်တာပဲ ဘာတတ်နိုင်မလဲဆိုပြီး ပြောကြတယ်။
လက်နက်ကြီး ၁ လုံး ပစ်ပြီး ပြေးသွားတယ်နဲ့ တူပါတယ်။
နောက်နေ့ တွေ တော့ အေးဆေး ဖြစ်သွားခဲ့ပါပြီ၊ စစ်သားတွေလဲ ကင်းစောင့် ဆိုတော့ အေးချမ်းသွားတယ်။
ကျွန်တော် ကွတ်ခိုင်မှာ ၁၅ ရက်နေခဲ့တာပါ သူငယ်ချင်း ပြန်လာမှ ပဲ ပြန်ခဲ့တယ်။ အဲဒီ့နေ့ကတော့ ဘဝ မှာ မှတ်မှတ်ရရပါပဲ ၊ အနားမှာ လာဆော်တာ
တစ်ခါမှ မကြုံဖူးဘူး ၊ကြောက်ဖို့ ကောင်းတယ် လက်နက်ကြီး ကျမှာ ကြောက်ရတာ ဘယ်ပစ်လို့  ပစ်မှန်းမသိဘူး။ ကိုယ့်အနားလာမကျဖို့ ဆုတောင်းနေရတာ ၊ နောက်ရက် က စပြီး စစ်ဖြစ်သံ မကြားရတော့ပါဘူး။

ကွတ်ခိုင်မြို့ ကြီးအေးချမ်းသွားပါပြီ။
မြန်မာပြည်လဲ အေးချမ်းပါစေ။
Credit::Facebook &SaiSan
Author::AungSannLwin

Sort:  

လက်နက်ကိုင်တွေရဲ့ ခေါင်းဆောင်အကြီးအကဲတွေ လောဘ၊ဒေါသ၊မောဟတွေ နည်းပါးကြပါစေလို့ပဲ မေတ္တာပို့ရမှာပဲဗျို့ ။

စာဖတ်ရတာ အဆင်မပြေတာများ၊
ဖြစ်သင့်တာ၊ ဒီလိုလေးရေးရင် ပိုကောင်းမယ်။
စသဖြင့် အားမနာ တန်း ဝေဖန် ပေးလို့ ရပါတယ်။
ထောက်ပြကြပါလို့  တောင်းဆိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြောရန်မရှိပါ။ ဝတ္ထုတိုရေးချင်ရင် ယနေ့(၉)တန်းအင်္ဂလိပ်စာမှာသင်နေတဲ့ UNITE-6 How To Read Short Stories သင်ခန်းစာလေးကို သေသေချာချာလေ့လာသင့်တယ်၊ နည်းစံနစ်တွေ အများကြီးရလိမ့်မယ်။

ကိုယ်​​တွေ့အဖြစ်​အပျက်​ကို​ပြောပြ​ပေးလို့​ကျေးဇူးပါ

လက်နက်တွေရှိနေသမျှ စစ်တွေ ဖြစ်နေအုံးမှာပါ လက်နက်အားလုံးပျောက်သွားရင်တော့ တကယ့်ငြိမ်းချမ်းမှုရမယ်ထင်ပါတယ်ဗျာ

အရင်တုန်း က ကွတ်ခိုင် နှင့် မူဆယ် ကြား ကားသမား တွေ ကို ဆက်ကြေး ခဏခဏ ကောက်ပါတယ်။
၂၂ ဘီးကားတစ်စီးကို ၅ သိန်း
၁၂ ဘီးကား တစ်စီး ၂ သိန်း
ကားလေး ၅ သောင်း ၊၃ သောင်း
ကောက်ခံရငွေတွေက မနည်းပါဘူး
သွားလာ နေတဲ့ ကားတွေကလဲ ထောင်ဂဏန်း ရှိတယ် လေ တစ်ရက်ကို

ထပ် မကြုံချင်တော့တဲ့ အတွေ့  အကြုံကြီး ပေါ့ ဗျာ

ဟုတ်တယ် ဗျ တစ်ခါဆို ၊ဆိုသလောက်ပါပဲ ကြောက်သွားပြီ

ကွတ်ခိုင်မြို့တော့ လန့်တယ်ဆာ ။ မနက်လင်း မျက်နှစ်သစ်စရာ ရေမရှိလို့ပါ။ ရှိတဲ့ရေတွေက ခဲနေပီလေ။

အေးချမ်းပါစေ မြန်မာပြည်

အေးချမ်းစေဖို့  ဆုမွန် တောင်းပါတယ်

စစ်သားအစား
တပ်မတော်သားတွေလို့သုံးပါလား အစ်ကိုရေ
ဒါနဲ့ အစ်ကို ဘယ်နှခုနှစ်ကဖြစ်တာလဲခင်ဗျ

အေးဗျာ အသုံးအနှုန်းက မှားနေတာ
ထောက်ပြပေးလို့  ကျေးဇူးပါ။
2016 ခုနှစ် 12 လပိုင်းလောက် ဖြစ်မယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87