ရပ်တန့်  နေ တော့မှာလား

in #myanmar7 years ago

image
လူတော်တော်များက ဘဝတွင် အောင်
မြင်မှု အတော်အတန် ရနေပြီဆိုရင် တင်းတိမ်နေတတ်ကြပါတယ်။ဆယ်တန်းအောင်လျှင် ဘွဲ့တစ်ခုရအောင် သင်ယူ
ကြပါတယ်။ကျောင်းပြီးသွားလို့  ဘွဲ့တစ်ခုရပြီဆိုတာနှင့် အချို့မှာ မိဘလက်ငုတ်ဖြစ်သော တောင်သူလုပ်ငန်း သို့မဟုတ်
အခြားစီးပွါးရေးလုပ်ငန်း များလုပ်ကိုင်နေကြတာများပါတယ်။အချို့မှာ အစိုးရလုပ်ငန်းတစ်ခုခုတွင် ဝင်ရောက်
လုပ်ကိုင်ကြပြန်ပါတယ်။ကျွန်တော် တို့လို အပြင် ကုမ္ပဏီ ကြီး တွေမှာ လုပ်နေကြတာလဲအများအပြားပါပဲ။ရှေ့ဆက်၍
ဘဝတွင်အောင်မြင်မှုများ ရယူရန်မေ့နေကြတော့သည်။ထိုသို့ အလုပ်အသီးသီးရကြသည်နှင့်ဘဝတွင် သင်ယူခဲ့သော ပညာရပ်များကို မေ့ထားလိုက်သလို ဖြစ်နေတတ်ပြန်ပါတယ်။
image
ဥပမာ မူလတန်းပြဆရာ တစ်ယောက်သည် လုပ်ခလစာ က မိမိနှင့် မိမိ မိသားစုအတွက် အဆင်ပြေရာ၌ရာထူးတိုး မယူ
ဘဲ အခြေချနေထိုင်ပြီး ပင်စင် ယူသည်အထိ မိသားစု နဲ့ နေထိုင်သွားကြတာတွေတွေ့ ဖူးကြမှာပါ။အများစုကတော့ စီးပွါး
ရေးနောက်ကို လိုက်သွားကြတာတွေလဲရှိပါတယ်။ဒီ့ထက်မက အောင်မြင်မှု ရအောင် မလုပ်ဆောင်တော့ပဲ အေးအေး
လူလူ ပဲ နေထိုင်သွားကြပါတယ်။ဒါပေမဲ့တစ်ဦးနှင့်တစ်ဦး အယူအဆ အတူညီပါဘူး။ကျွန်တော်ကတော့ ရောက်တဲ့ အ
ရပ်မှာ ရပ်မနေပဲ ၊ ရတာလေးနဲ့ တင်းတိမ်မနေပဲ ဆက်ကြိုးစေချင်တယ်။ကျွန်တော်လဲ ကြိုးစား နေသူတစ်ယောက် ပေါ့။
ဘဝတွင် ဆက်လက်အောင်မြင်မှုရရန်
ကြိုးစားမယ်လို့  ဆုံးဖြတ်ထားတယ်။
"လုပ်နေပါသည်ပေါ့"
image
အောင်မြင်မှုရဖို့ကတော့ ရိုးသားရမယ်၊ကြိုးစားရမယ်၊လေ့လာရမယ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အောင်မြင်နေသူတွေ
ဆီကလဲ စံနမှု နာယူရမယ်၊မေးမြန်းရမယ် ပြီးတော့အားထုတ်ရမယ်လိုအပ်ချက်တွေကတော့အများကြီးပါပဲ။
ဘဝအောင်မြင်ရေးအတွက် စာပေများကို ဖတ်ရှုလေ့လာဖို့လဲလိုပါတယ်။ကြိုးစားနေသူတွေ အတွက် အခွင့်အလမ်းများစွာ ရှိနေပြီ ဖြစ်ပါသည်။အောင်မြင်မှုရဖို့  ဆက်လက်ကြိုးစားသင့်ပါသည်။အောင်မြင်မှုရဖို့အခက်အခဲ အကျပ်အတည်းများကိုရင်ဆိုင်ကြရမည်ဖြစ်သည်။ဤသို့ ရင်ဆိုင်ကြရာတွင်
"တစ်တောင်ပေါ်တစ်ထောင်ဆင့်၊တောင်အမြင့်ပတ်ခြံရံ၊တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့ဖန်ဖန်လေ အင်အားနှိုးလို့ရယ်၊ကြိုးလျှောက်ရပြန်"
image
ဒီကဗျာလေး က ကြိုးစားနေသူတွေအတွက် အင်းအားတစ်ခုဖြစ်ပါတယ်။အခွင့်အလမ်းများကို တစ်ခုပြီးတစ်ခုရရန်အကျပ်အတည်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်နိုင်မှ
ထိပ်ဆုံးသို့ရောက်နိုင်ပေလိမ့်မည်ဖြစ်သည်။အဓိကအချက်က အောင်မြင်မှုရရန် ဇွဲ၊လုံ့ လ။ဝီရီယ နှင့် ကြိုးစားပါမှ သာ အောင်နိုင်ပေလိမ့်မည်။ကိုယ်လမ်းကိုယ်ဖောက် ကြရမည်ဖြစ်သည်။
ဘဝတွင်အောင်မြင်မှု အတော်အတန်ရသည်နှင့်ရပ်မနေ ပဲ ဆက်လက်ကြိုးစား သင့်ကြောင်း ရေးသားလိုက်ပါသည်။

Credit:::google image
Author::AungSannLwin

Sort:  

ရပ်တန့်မနေသင့်ပါ

ဟုတ်တယ် ဆို

ရပ်​မ​နေသင့်​ပါ

Non-stop i m going to massage 😁😁😁😁

ဆက်ကြိုးစားပါဗျာဟကြိုးစားဖို့ အားပေးနေပါတယ်

ဘယ်တော့မှရပ်တန့်မနေသင့်ပါဘူး

မတိုးလျင်လျော့သွားတယ် ရပ်နေတယ်ဆိုတာမရှိဖူးလို့ အချို့သောစာတွေမှာဖတ်ဖူးပါတယ်

ဟုတ်ပါတယ် နောက်ကျကျန်ခဲ့တာပေါ့

ကျေးဇူး

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60625.76
ETH 2898.84
USDT 1.00
SBD 3.62