သူငယ်ချင်း ပြောပြတဲ့ ပညာဒါန ဆိုတာ

in #myanmar7 years ago

image

ဂျင်းကောင် အလုပ်သစ် တစ်ခုရတော့အလုပ်က သူငယ်ချင်းတွေနဲ့ မိတ်စဖွဲ့တယ်၊ မိတ်ဖွဲ့ဆို BEER ဆိုင်ရောက်သွားတယ်တို့ ဘာတို့ပေါ့။ညနေ ရုံးဆင်းပြီး တော့ ဘောလုံးကန် ရေမိုးချိုး အဝတ်စားလဲ ဆိုင်ကယ် ကိုယ်စီ နဲ့ Beerဆိုင်ဒိုးပြီ တစ်ခွက် တစ်ဖလား နင်လား ၊ငါလား Cheer တိုက် ရှေးဖြစ် နောင်းဖြစ်လေးတွေ ပြောကြ ၊ အရင်လက မူးခဲ့တာတွေ ပြောကြ ဟိုရောက် ဒီရောက်ပေါ့ ၁၁ နာရီ ထိုးတော့ ညဈေးတန်းသွား ညစာ စား ပြီးတော့ အဆောင်ပြန် ၊ ရောက်ရောက်ချင်းအိပ်လိုက်တာရိုက်သိပ်
လိုက်သလိုပဲ ကျိုးသွားတာ ဆိုတာမနက် ရုံးတက်ချိန် နောက်ကျ၊မျက်နှာကို အလျင်အမြန် သစ် မနက်စာ သွားမစား
နိုင်တော့ဘူး အငတ်ခံပြီး ရုံးတက် ၁၁:၃၀နေ့ခင်းထမင်းစား ဆင်း ၊ နေ့ခင်း ၁ နာရီ ရုံးပြန်တက် အလုပ်ရှိရှိ မရှိရှိ ရုံးမှာ ငုတ်တုတ်ထိုင် ၄:၃၀ ရောက်ပါစေ ဆုတောင်း ၄:၃၀ ရောက်ရင် ရုံးဆင်းပြီ၊အဆောင် ရောက်တာနဲ့  ဘောလုံးကန်လူမရှိရင် ခြင်းလုံးခတ် ချွေးထွက် နားပြီးရေချိုး ဒီလိုနဲ့ အသက်က ကြီးလာပေါ့။
လခ စားဆိုတော့ လကုန်ရင် လစာထုတ်
ပြီးရင် တော့ အရင်လက အကြွေးတွေ ဆပ် ကျန်တဲ့ ပိုက်ဆံလေး နဲ့ ဆိုင်လေး ဘာလေး ထိုင် ၊လကုန်ခါစ ဆိုတော့
ပိုက်ဆံလေး က အိတ်ထဲ ရှိသေးတော့ဟိုသွား ဒီသွား ပေါ့လေ၊ လဝက်လဲ ရောက် ရော ဖုန်းဘေ တောင် မထည့်
နိုင်တော့ဘူး ၊ Beer ဆိုင်က ဝေးသွားပြီ
အသက်ကြီးလာတာကလွဲရင် ဘာမှ အဖက်တင်မယ် မထင်ဘူး။
image
ဒါပေမဲ့ လဲ မရဘူး ဆရာ Beer ဆိုင်မသွားနိုင်တော့ အနီးအနား မှာရှိတဲ့အမေ့ဆိုင်လေး မှာ သွားထိုင် တယ်။အမေ့ဆိုင် ဆိုတာက ဆိုင်ဖွင့်ထားတဲ့ အဒေါ်မှာ သမီးရှိတယ်လေ ၊ တကယ်ဆို
ဆိုင်နာမည်တောင် မသိဘူး ရှေ့အဆက်ဆက် က သောက်သွားကြတဲ့ လူတွေ အမေ့ဆိုင်ဆိုတော့ ဂျင်းကောင် တို့လဲ သူတို့ခေါ်သလို အမေ့ဆိုင်ဖြစ်သွားရတာ ၊ အမေ့ဆိုင်မှာအရက်မျိုးစုံနှင့် Beer ရတာပေါ့ အမြည်းတော့ ကောင်းကောင်းမရဘူး။
image
သောက်ရင်းနဲ့ အရှိန်ရတော့ ပါလာတဲ့သူငယ်ချင်းနဲ့ စကားလမ်းကြောင်း တည့်သွားတယ်ဗျ၊မူးတာက မူးတာ ပေါ့ သူငယ်ချင်းက အရင်လုပ်ခဲ့နေရာမှာရှမ်းမလေး တစ်ယောက်ကို ကျောင်းထား
ပေးခဲ့ဖူးတယ် လို့  ပြောတော့ စိတ်ဝင်စားသွားတာ အဲဒါနဲ့  ဆက်၍ စပ်စုလိုက်တာသူငယ်ချင်းက အရင်နေခဲ့တဲ့ နေရာမှာ
သူအမြဲ ကွမ်းသွားထုပ်တဲ့ ကွမ်းယာဆိုင်ကကောင်မလေး ပါ။ နေ့တိုင်းသွားနေကျဆိုတော့ ခင်သွားကြတာ ကောင်းမလေး က မိဘမဲ့လေး အဘိုး၊အဘွား နဲ့ နေတာအဘိုးနှင့် အဘွားကလဲ အရင်း မဟုတ်ဘူး၊ ဒီကောင်မလေးကို မွေးစားထားတာပါတဲ့။
"ငမူး ကျနော် သနားသွားတယ်ရှမ်းမလေးကို"
သူငယ်ချင်း - ကောင်မလေး က စာတော်တယ်လို့  အဘိုးနှင့် အဘွား ကပြောပြတယ်။ ကောင်းမလေးက အခု (၈) တန်း
နောက်နှစ်ဆို အဘိုးနှင့်အဘွားက ကျောင်းထားဖို့ အဆင်မပြေ တော့ဘူး။မထားတော့ဘူးလို့ ပြောတယ်။ ဒီရှမ်းမလေးကလဲ နောက်နှစ်ဆို ကျောင်းမနေရတော့ဘူးဆိုတာ သိထားတယ်လို့ 
ပြောပြတယ်။အဲလိုဆိုတော့ သူငယ်ချင်းက သူနဲ့ ခင်တဲ့ အခြား သူငယ်ချင်း နှစ်ယောက်ကို တိုင်ပင်ပြီး၊ဒီကောင်မလေး
ကို နောက်နှစ် (၉) တန်း ကျောင်းထားပေးဖို့ တိုင်ပင်ကြတယ်။
ပြီးတော့ ကျောင်းကိုသွား ဒီကောင်မလေးဆရာမတွေ နဲ့ သွားတွေ့ တယ်။ ဆရာဆရာမ တွေကလဲ ဒီကောင်မလေး စာအတော်အသင့် လိုက်နိုင်တယ်လို့ ပြောပြလို့  သိလာခဲ့ကြတယ်။
(၁၀) တန်းအောင်စေ အထိ တာဝန်ယူဖို့နှင့် သူတို့ ကျောင်းထားပေးတာကို ဒီကောင်မလေး မသိဖို့ သူတို့ သုံးယောက် ဆုံးဖြတ်ခဲ့ကြတယ်။
image
ကျူရှင်ခ၊ကျောင်းလခ စာအုပ်ဖိုး ဘောပင် ခဲတံ အပတ်စဉ်မုန့်ဖိုး ကအစ သူတို့သုံးယောက်က တာဝန်ယူခဲ့တာပါတဲ့။ ဒါပေမဲ့ သူတို့သုံးယောက်ပေါင်း စုလိုက်လို့  ရတဲ့ ပိုက်ဆံ တွေ ကိုအခြား သူတို့ နဲ့ ရင်းနှီး ပြီး၊ ဒီရှမ်းမလေးလဲ ခင်မင်တဲ့ အစ်မ တစ်ယောက် ဆီမှာ အပ်ထားခဲ့တာပါ၊ ဒီအစ်မကပဲ ရှမ်းမလေး ကို ကျောင်းထားပေးတဲ့ ပုံစံ လုပ်ထားတာပါတဲ့။ရှမ်းမလေးကျောင်းစရိတ်လိုရင် ဒီအစ်မကပဲ ပေးတာဆိုတော့ သူတို့ သုံးယောက်
ကျောင်းထားပေးတယ်ဆိုတာ မသိပါဘူးတဲ့။အခုဘယ်မှာလဲ လို့မေးတော့ မသိဘူးတဲ့ဆယ်တန်းကို နှစ်ခြင်းပေါက် အောင်သွားတယ်လို့ ကြားတယ် ဒီ့နောက်ပိုင်း တော့မသိတော့ဘူး ဆိုပဲ။ကောင်းတယ်ကွာတစ်ခွက်ချ ကောင်းပါတယ်ကွာ ကိုယ်ကူညီလိုက်လို့
image
(၁၀) တန်းအောင်သွားတယ်။
အလုပ်ရသွားတယ် ၊သူ့ ဘဝလေး အဆင်ပြေသွားတယ် ဆိုရင်
မင်းတို့ ကျောင်းထားပေးရကျိုးနပ်ပါပြီလို့ ပြောလိုက်တယ်။
တကယ်တော့ သူငယ်ချင်း မင်းစိတ်ဓာတ်ကို လေးမိပါတယ်။ပြီးတော့ ဒီလို သဒ္ဒါစိတ် ဖြစ်ဖို့ကလဲ ရှားတယ်ဗျ။သဒ္ဒါစိတ် ရှိသည်ထားအုံး ပိုက်ဆံ ကလဲလိုနေသေးတယ် ၊ ပိုက်ဆံ မပါပဲ လုပ်လို့ ရတဲ့ အလုပ်လဲ မဟုတ်ဘူး။ ဒီရှမ်းမလေး
(၁၀) တန်းအောင်ဖို့ သူငယ်ချင်းတို့သုံးယောက် လုပ်ပေးလိုက်တာပါ။ နောက်လဲ ဒီ့ထက်မက လှူနိုင်ပါစေဗျ
နောက်တစ်ခွက် ထပ်ချ
ဆိုင်မှာပဲ ထမင်းစားပြီး ပြန်လာခဲ့တယ်။
ကျွန်တော့် သူငယ်ချင်း " သန့်ဇင် " ပြောပြတဲ့ သူ့ ကြောင်းလေးပါ။
အားလုံး သီတင်းကျွတ်မှာ ပျော်နိုင်ကြပါစေ။
Author:: AungSannLwin
Credit:: Google image

Sort:  

ရှမ်းမလေးကိုတော့ ကြိုက်ပါတယ် ကျောင်းထားပေးတာပြောပါတယ်နော် နိ တစ်ခွက်ချ တသ်ခွက်ချ ဘဲ အတုယူမိလိုက်တာ နာ ခု မူးနေပြီ

အေးဆို
ကျေးဇူးတင်ပါတယ် domelay

ဝမ်းသာစရာပါပဲ။ ရှမ်းမလေး ၁၀ တန်းအောင်သွားလို့။ တက္ကသိုလ် အထိဆိုရင်တော့ နောက်တခွက် နောက်တခွက်နဲ့ ဆိုင်ထဲ မှာပဲ ညအိပ်ရလောက်တယ်။

တကယ်တော့ ကျွန်တော် Beer နှစ်ခွက်ဆို မူးပြီဗျ
ပျင်းလို့ ဆိုင်လိုက်သွားတာ
သူငယ်ချင်း က သူ့ အကြောင်းပြောပြလို့ 
စိတ်ဝင်စားရင်း ရေးစရာ မရှိတာလဲ ပါတယ်ပေါ့

ကျောင်ပြန်တက်ချင်စိတ်ပေါ်လာတယ်ဗျာ

ထားပေးချင်တာ ဟီ

တော်တော်သောက်တယ်နော်

ရေးစရာ မရှိလို့ ပါ
အရက်ဆိုင် ရောက်နေတာ ဆိုတော့
သောက်တာလေးလဲ ပါအောင် ရေးလိုက်တာ
များသွားလား မသိဘူး။
morning တစ်ခွက်ချ ဟီးဟီး

good post

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63624.94
ETH 3481.95
USDT 1.00
SBD 2.54