ပုံတောင်၊ပုံညာ က နတ်နန်း အကြောင်း

in #myanmar7 years ago

image
ယောဒေသမှာရှိတဲ့ အမေယာဉ်နတ်နန်းအကြောင်းလေးရေးချင်ပါတယ်။ ပုံပြင်လေးကိုဖတ်ပြီး မယုံ ရင် ပုံပြင် ဟုသာ မှတ်ယူစေချင်ပါသည်။ သက်ကြီးစကားသက်ငယ်ကြား ဆိုသလို ပါးစပ်ရာဇဝင်တွေ ကများတယ်လေ။ယောဒေသကိုသွားမယ်ဆိုရင်ပုံတောင်၊ပုံညာ ကို ဖြတ်ကျော်ရပါတယ်။ပုံတောင်၊ပုံညာ တောင်ထိပ်မှာ နတ်နန်း ရှိပါတယ်။
ကျွန်တော်တို့ငယ်ငယ်က ကား တွေ ဦးခိုက် ရပါတယ်၊ အရှေ့တိုး ၊နောက်ဆုတ် (၃) ကြိမ် ပြည့်အောင် ဦးခိုက်ပြီး ခရီးဆက်ကြပါသည်။အခုတော့အဲဒီလို မဟုတ်တော့ပဲ ဖယောင်းတိုင်၊အမွှေးတိုင် များကိုသာဝယ်လာပြီး ၊ပါလာတဲ့ ဖယောင်းတိုင်နှင့်အမွှေးတိုင်တို့ကို မီးထွန်း ပူစော်ပြီး ခရီးဆက် ကြပါသည်။
ပုံတောင်၊ပုံညာမှာ ရှိတဲ့ နတ်နန်း ရဲ့သမိုင်းကြောင်းတစ်ခုပါ။
image
ပုဂံခေတ်ကျန်စစ်သား မင်းကြီး လက်ထက်ကပေါ့။
ဗန့်ကျည်တိုက် ယင်းမာပင် မြို့နယ် အတွင်းက ပြောင်းပြာရွာ က စတင်ခဲ့ တဲ့ ဖြစ်ရပ်ဆန်းလေးပါ။ဒီရွာမှာ မိဘတွေ မရှိကြတော့လို့ မောင်နှမ နှစ်ယောက် အတူနေကြ ပြီး၊အစ်မဖြစ်သူ မမယ်ကောင်း ဟာ မောင်အပေါ် မိဘလို စောင့်ရှောက်လာခဲ့တယ်။မောင်ဖြစ်သူ အရွယ်ရောက်တော့ အခြားရွာက မိန်းကလေးနဲ့ အိမ်ထောင်ကျပြီး လိုက်သွားလို့ မမယ်ကောင်း တစ်ယောက်တည်း ကျန်ခဲ့ရှာတယ်။သူ အိမ်ထောင်မပြုပဲ အပျိုကြီး ဘဝနဲ့ ပဲ့ နေခဲ့တယ်။မမယ်ကောင်းက ကွမ်းတောင်ကိုင်၊ပန်းတောင် ကိုင် မဟုတ်ပေမဲ့ ချစ်ခင်သူ
တွေများလှပါတယ်။ ရိုးသား စွာ လုပ်ကိုင်
စားသောက် နေပေမဲ့ တစ်နေ့မှာတော့ သူမ နေတဲ့ ပြောင်းပြာ တစ်ရွာလုံး အံ့သြဘနန်းဖြစ်သွား ရတဲ့ ဖြစ်ရပ်ဆန်း ပေါ်လာခဲ့တယ်။မမယ်ကောင်း တစ်ယောက်လင်မရှိပဲဗိုက်ကြီးနေသတဲ့။အလွန် အရှက်ကြောက် ကြီးပြီး သိမ်မွေ့စွာ နေခဲ့တဲ့ မမယ်ကောင်း က အခုလို ဖြစ်တော့ အံ့သြကြတာပေါ့။
အစော်ကား ခံရတာလား ဘယ်သူ့ လက်ချက်လည်းစသဖြင့်ပြောဆိုကြတာပေါ့။တစ်ရွာလုံး မယုံသင်ကာ မျက်လုံးတွေ အောက် မှာ သူမ ဆိုင်ရင်နေရပြီလေ။ဒါပေမယ့် မမယ်ကောင်း ဟာ ဘယ်သူနဲ့ မှ မလွန်ကျူးခဲ့ပါ။ပြုစားခံရတာလား ဟုလည်း ဆရာသမားများ နဲ့ စစ်ဆေးတော့လည်း အမှန်ကိုယ်ဝန် ရှိနေတာပါ။
image
မမယ်ကောင်း ဒီလို မဖြစ်မီ အိပ်မက် တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ မိန်းမလှလေး တစ်ယောက်လာပြီး အတူနေပရစေ ခွင့်တောင်းလို့ နေခွင့်ပြုလိုက်တယ်။မိန်းမလှလေးက ရွှေဖလားထဲက အရည်တွေတိုက် သတဲ့။ မမယ်ကောင်းကလည်း ယုံကြည်စွာ နဲ့ သောက်ပြီးမှ မေးတော့ ဒါ ကျင်နက်ရည်(ခါချဉ်နက် ကျင်ငယ်ရေ) ဟု သိလိုက်ရတယ်။ဒီနောက်မှာ အခုလိုကိုယ်ဝန်ရလာတာပါ။မမယ်ကောင်း ရဲ့ မောင်ဖြစ်သူလည်းအစ်မတော်ရဲ့ဖြစ်ရပ်ကြောင့် ရှက်၍ သူ့အစ်မကို သေခန်းဖြတ်လိုက်တယ်။မမယ်ကောင်း ရဲ့ တစ်နေ့ခြား ကိုယ်ဝန်ရင့်မာလာတယ် အချိန်တန်တော့ မမယ်ကောင်းဟာ သမီးလေး မွေးတယ်။ ဖြူဖွေးနူးညံ့ ချောမောတဲ့ ကလေးမို့ အားလုံး အံ့သြရတာပေါ့။တစ်ရွာလုံးကလဲ မမယ်ကောင်းရဲ့ ကလေးလေး ကိုမြင်တော့ အားလုံး က အယူအဆ တွေအမျိုးမျိုး ထွက်ပေါ်ခဲ့တာပေါ့။ ဒီကလေးကအများနဲ့ မတူပဲ ထူးခြားမှုတွေနဲ့ ပြည့်နက် နေခဲ့လို့ပါ။
image
မမယ်ကောင်းလဲ ကလေး နာမည် တပ်ဖို့ ရွာဦး ဘုန်းတော်ကြီးဆီသွားပြီး အမည်နာမ ပေးဖို့ သွားလျှောက် တယ်။
ရွာဦး ဘုန်းတော်ကြီးက ကလေးကိုရှင်မယ်ဖြူ လို့ နာမည်ပေးတယ်။ရှင်မယ်ဖြူလေး ရဲ့ နာမည်ပေး နဲ့ နားသပွဲကို မမယ်ကောင်းက ခမ်းနားစွာ လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် ဒီပွဲကို မောင်ဖြစ်သူက မလာတော့ မောင်အတွက် စီမံထားတဲ့ မုန့်တွေကို စိတ်မကောင်းစွာ နဲ့ပဲ ချောင်းထဲပစ် လိုက်ရပါတော့တယ်။ မှတ်ချက်အနေနဲ့
မမယ်ကောင်း ပစ်လိုက်တဲ့ မုန့် တွေဟာပုံစံမပျက်ပဲ အခုချိန်ထိ ရှိနေတယ်လို့ရေးထားပါတယ်။မမယ်ကောင်း မုန့်ပစ်
တဲ့ ရေချောင်း မုန့်ပစ်ချောင်း အဖြစ်နာမည်တွင် နေပါသည်။
image
ရှင်မယ်ဖြူ အရွယ်ရောက်တော့ နတ်သမီး တမျှလှပတော့ ဂုဏ်သတင်း ကျော်ကြားနေတာပေါ့။ဒီတော့ မောင်ဖြစ်သူက သူ့သားနဲ့ ထိမ်းမြားပေးဖို့ တောင်းဆိုတော့ ငြင်းလိုက်တယ်။
ဒါကို မကျေနပ်တဲ့ မောင်က ဒင်းတို့ သားအမိ ကွဲစေရမယ် ဆိုပြီး ပြောင်းပြာရွာမှာ မိန်းမလှ ပေါ်နေတဲ့ အကြောင်း နန်းတော်ထိ ရောက်အောင် သတင်းလွှင့် တယ်။

မင်းကြီး ကြားတော့ စုံစမ်းခိုင်းပြီး မှန်ကြောင်း သိရတော့ အိမ်ရှေ့မှာ သဲဖြူခင်း ရာဇမတ်ကာ အလံစိုက်ပြီး တော်ကောက်ကြောင်း ကြေငြာတယ်။သားအမိ နှစ်ယောက် ငိုရပြီပေါ့။ သမီးကို မခွဲနိုင်တဲ့ မမယ်ကောင်းဟာ သမီးရဲ့ လက်သန်းလေး ကို ပါးစပ်နဲ့ တိကနဲ ကိုက်ဖြတ်လိုက်သတဲ့။ရှင်မယ်ဖြူ ဟာ နာလွန်းလို့ ငိုကြွေးတော့ ရှင်းပြတယ်။ ရှင်ဘုရင် တို့ဟာ အင်္ဂါချို့တဲ့သူကို မိဖုရား မမြှောက်ဘူးလို့ရှင်မယ်ဖြူကို ရှင်းပြလိုက်တယ်။
တော်ကောက်သွားပြီး မင်းကြီးက ရှုစားတော့ လက်သန်းပြတ်နေတာ မြင်တော့ မိဖုရား မမြှေက်တော့ပဲ အနောက်ဆောင်မှာ မောင်းမငယ် အဖြစ်ထားလိုက်တယ်။ရှင်မယ်ဖြူ ဟာ မောင်ငုံဆိုသူနဲ့ ရည်ငံမိပြီး မင်းရန်က လွတ်အောက် နှစ်ယောက်သား ထွက်ပြေးတယ်။ပြောင်းပြာရွာ ရောက်တော့ အမေ မယ်ကောင်းက ဒီမှာမလုံခြုံ ပြာပုံတောင် ရောက်အောင်ပြေး ဆိုပြီး တိုက်တွန်းလို့ နှစ်ယောက်သား ဆက်ပြေးရင်း ပြာပုံတောင် ရောက်သွားတယ်။ ရဲမက်တွေကလည်း တောက်လျှောက်လိုက် လာတော့ နှစ်ယောက်သား တောင်သလဲပင်ကြီး မှာ ပင်ပန်းစွာ မှီရင်း မောနေကြပြီ။ထူးဆန်းတာက ရဲမက်တွေဟာ သူတို့ရှေ့ ရောက်ပေမယ့် လုံးဝ မမြင်ဘူး။

ပြာပုံတောင်ရဲ့ မြေကြီးတွေက မွဲခြောက်ပြီး ပြာနှမ်းနေလို့ လင်ဖြစ်သူက ဒါ ဘာတောင်လဲ မေးတော့ ရှင်မယ်ဖြူ က မျက်နှာပျက်ပြီး မမေးဖို့ ပြောတယ်။မရဘူး ဇွတ်မေးတော့ ဒီတောင်က အိုဘဲ့တောင်အို လင်မလို ဟိုဘက် လက်ယာတောင်က အိုဘဲ့ တောင်မ လင်မရ တဲ့တောင် ဟူ၍ ရှင်းပြောပြလိုက်တော့ လင်ဖြစ်သူ မောင်ငုံဟာ အကောင်းကြီး ကနေ ဗိုင်းကနဲ လဲသေ သွားခဲ့သည်။ရှင်မယ်ဖြူ လည်း ဒီလိုပဲ သေသွားပါသည်။
မိခင် မမယ်ကောင်းဟာ ဒီညမှာပဲ့ အိပ်မက်မက်တယ်။ ရှင်မယ်ဖြူဟာ ဆံပင်ဖားလျားချ ခေါင်းမှာ ရှားပန်း အနီစည်းရင်း ငိုပြောတယ်။ဘဝဟောင်းက အစ်မ ပြာပုံတောင် ရှင်မက အသက်နှုတ်လိုက်ပြီ လို့ မမယ်ကောင်း ကို အိပ်မက် ပေးခဲ့တယ်။

ပြာပုံတောင်မှာ တောင်အို တောင်မ ဆိုပြီး တောင်နှစ်လုံးရှိတယ်။
ညီအစ်မ နှစ်ယောက် တောင်စောင့် နတ်သမီး အဖြစ်နဲ့ ပေါ့။ ညီမက လူ့ဘဝ သွားချင်တယ် ပူဆာလို့ သွားရင် အိမ်ထောင် မပြုရ။ ရည်းစား တောင် မထားရ လို့ ကတိတောင်းပြီး အပျိုကြီး မမယ်ကောင်း မှာ သန့်ရှင်းစွာ တည်စေခဲ့တယ်။
အခုတော့ ရှင်မယ်ဖြူက ကတိဖောက်ရုံမက တောင်ပေါ်အထိ လင်ကိုခေါ်လာတော့ အသက်ပြန် နှုတ်လိုက်တာပါ။
ရဲမက်တွေ ရှာမတွေ့အောင်လည်း လုပ်ပေးခဲ့တယ်။ ပြီးတော့ ညီမ ရှင်မယ်ဖြူကို ပြာပုံရှင်မ အမည်နဲ့ တောင်တစ်ခုလုံး အုပ်ချုပ်စေတယ်။သူကိုယ်တိုင်က ကျွတ်လွတ်ပြီး ဘုံဘဝသစ် တက်လှမ်းသွားပြီ။ရှင်မယ်ဖြူ ပြာပုံရှင်မဟာ ရဲမက်တွေ လိုက်လာနိုင်အောင် လမ်းညွှန်ခဲ့တဲ့ ပြောင်းပြာရွာကို စိတ်နာပြီး ကျိန်စာတိုက်သတဲ့။ဒီရွာဟာ မည်မျှပင်ပန်းစွာ လုပ်ကိုင် စားသော်လည်း ဆင်းရဲစေ သတည်း။ ဒီရွာမှ ပေါ်ထွက်လာသမျှ မိန်းမလှ မှန်သမျှ အရွယ်ရောက်ရင် ပျက်စီးပါစေသား လို့ ကျိန်စာ တိုက် တယ်။
image
ပုဂံ နရပတိ စည်သူမင်း လက်ထက်မှာမင်းကြီးက ပုံတောင်၊ပုံညာ မှာပြာပုံတောင်နတ်နန်းကိုဆောက်လုပ်လှူတန်းခဲ့တယ်လို့
မှတ်သားရပါသည်။
ရေးချင်တဲ့ အကြောင်းအရာ ကို ရှာ၍ ဖတ်မှတ် ရေးသားလိုက်ပါသည်။
ကျေးဇူးတင်ပါသည်။
MSC 017
Author::AungSannLwin
Credit:: Google Image

Sort:  

THANK FOR SHARING !

For knowledge

ကျေးဇူးပါ

ပုလဲ မင်းတိုင်ပင် လမ်းအတိုင်း ပုံတောင်ပုံညာတက်တဲ့လမ်းမှာ နတ်ကွန်းရှိတယ် မှတ်မိနေဆဲ ၁၀နှစ်ကျော်ပီ ရောက်ဖူးခဲ့တာ နတ်ကွန်းဦးမခိုက်ဘဲ တောင်တက်လျှင် တစ်စုံတစ်ရာထိခိုင်သည်ဆိုမှာ ဧကန်မလွဲသော အဖြစ်

ဟုတ်တယ်ဗျ
အစဉ်အလာ တွေ ရှိတယ် ၊ တောင်ကလဲ မြင့်တော့
နတ်ကြီးတယ်ပေါ့၊ ဆောင်းတွင်းနှင်းကျရင်
တောင်ထိပ် မှာ မိုးကျ သလိုပဲ

ကျွန်တော် ၂၀၀၈ကရောက်ခဲ့တာ တစ်ညဘဲနေခဲ့တာ အခုထိအမှတ်တရရှိတုန်းဗျာ

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

ဟုတ်ကဲ့ ရပါတယ်

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ ကျေးဇူး

ခုမသိရတာ ကျေးဇူး

ဟုတ်ကဲ့

ဗဟုသုတတစ်ခုအဖြစ် ဖတ်ခွင့်ရလို့ ကျေးဇူးပါဗျာ

ဟုတ်ကဲ့ပါ

gootလို့အော်လိုက်သည်

ကျေးဇူး

Thank for your post
Good

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63624.94
ETH 3481.95
USDT 1.00
SBD 2.54