ကျွန် တော်ကြုံတွေ့ ခဲ့ရတဲ့ လူသေ အကြောင်း

in #myanmar7 years ago

image
ကျွန်တော်နေတဲ့ အဆောင် ခေါင်းရင်းမှာလင်မယား တစ်တွဲနေတယ် သမီးလေးတစ်ယောက်ရှိတယ်။ ကုမ္ပဏီမှာတော့
သူတို့ လင်မယား နှစ်ယောက် က မန်နေဂျာပြီးရင် လစာအများဆုံးပါပဲ၊နှစ်ယောက်လုံးက တော်လဲ တော်ကြတယ်လို့ ပြောတယ်။ယောကျာ်းဖြစ်သူကအရက်သောက်တယ် ၊အရက်သောက်
တယ်ဆိုတာထက် လူကို အရက်နိုင်နေပြီမသောက်ရ ရင် မနေနိုင်တော့တဲ့အဆင့်၊အရက်များရင် ဆေးခန်း ပြရတယ်။
သူရတဲ့ လစာက အရက်ဖိုး ၊ဆေးဖို့ နဲ့ကုန်တယ်လို့  သူ့မိန်းမက ပြောပြတယ်။ပြီးတော့ ဂေါက်ရောဂါလဲရှိတယ်ဆိုတော့
ကျန်းမာရေးက ကောင်းတယ်ဆိုတာ သိပ်မရှိဘူး။ အဆောင် က ကပ်နေတော့ ပြောစကားတွေ အကုန်ကြားရတယ်။တစ်ခါတစ်လေ ညဘက်ပြီး ဆေးရုံ၊ဆေးခန်း ပြေးရတယ်။ ဒီလိုဖြစ်နေတာကြာတော့ ကျွန်တော် လဲ ရိုးလာတယ်၊ပုံမှန်ဖြစ်နေကြ
ဆိုတော့ ဆေးခန်း သွားရတယ်၊ဆေးရုံတက်တယ် ဆိုလဲ ဘာမှ
စိတ်ထဲ မထူးဆန်း သလိုဖြစ်နေတာပေါ့။

ဒါပေမဲ့ အဲဒီ့နေ့မှာ သူ့ကျန်းမာရေး တော်တော်မကောင်းဖြစ်နေတာပါ၊ ကျွန်တော်တို့ အဆောင်က သူငယ်ချင်းတွေ အကုန်
လုံး အဲ့ဒီ့နေမှာပဲ မြို့ထဲ ဘီယာဆိုင် သွားထိုင်ကြတယ်။ လူကတော်တော်များပါတယ် ဆိုင်မှာ နှစ်ဝိုင်း ယူရတယ်။ ကျွန်တော်တို့ ည ၁၁ နာရီလောက် ပြန်လာကြပြီး အဆောင်မှာ မအိပ်သေးပဲ
စကားပြောနေကြတာ ၁၂ နာရီလောက်ရှိသွားပြီ၊ ဘယ်သူမှမအိပ်ကြသေးဘူး။အဆောင်ထဲမှာ တော့ ဆူညံနေတာပေါ့။

မှတ်မှတ်ရရ ကျွန်တော့် အခန်းမှာ လူစုံနေတာ ၊ အဲ့အချိန်မှာပဲ ကျွန်တော့် အခန်းရှေ့က အသံ တစ်ခုကြားလိုက်တယ်။
နင်တို့ ဦးလေး ကို တစ်ချက်လာကြည့်ကြပါအုံးတဲ့ ၊ ခေါ်တာ မထူးတော့ဘူး ဆိုတော့ ကျွန်တော်တို့ မူးတူးတူး နဲ့ သွား
ကြည့်ကြတယ်၊ အိမ်ရှေ့ခန်း ဘုရားစဉ်အောက်မှာ အိပ်နေတဲ့ ဦးလေး ၊ ခေါ်လို့ မထူးတော့ဘူးဆိုတဲ့ ဦးလေး ကို တွေ့
တယ် ၊ ရောက်ရောက်ချင်း ခြေဖဝါး ကိုင်တဲ့သူက ကိုင်၊ လက်ကို စမ်းတဲ့သူက စမ်း ၊ မျက်လုံးကို ဖြဲကြည့်တဲ့သူက ကြည့်
ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာဖြစ်တယ်ဆိုတာ မသိကြဘူး။ အန်တီက ငိုပါလေရော မငိုပါနဲ့ သတိမေ့သွားတာဖြစ်မှာပါဆိုပြီးကျွန်တော်တို့ထဲကအသက်အကြီးဆုံး ဖြစ်တဲ့ အစ်ကို တစ်ဟောက် က ပြောပြီး ၊ ဆေးရုံးသွားဖို့ ၊ကားစီစဉ်ဖို့ပြောပြတယ်။ အန်တီက တက်သွားတာပြီးတော့ ခေါ်လို့  မရဘူးတဲ့၊ အရင်ကလဲ
ဒီလိုပဲ တက်တယ် ၊ ဒါပေမဲ့ ခဏပဲ ပြန်သတိရ လာတယ် လို့ပြောပြတယ်။အဲဒီ့အစ်ကိုကပဲ ခြေတွေ ၊လက်တွေ နှိပ် နှိပ်ဆိုတော့ ငမူးတွေလဲဝိုင်းနှိပ်ကြ၊ ကျွန်တော်တို့ ကတော့ သေ
တယ်လို့  လုံးဝ မထင်ဘူးဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ခြေတွေ၊လက်တွေ က နွေးနေတာပဲ၊ ဘယ်သူမှာ သေပြီလို့ 
မထင်ထားကြဘူး။ ဝိုင်းနှိပ်နေကြတာကျွန်တော်လဲ နှိပ်ပေးနေတာ မီနစ် ၂၀ လောက်ရှိမယ် နွေးနေတာပဲ ၊ မသေသေးဘူး
သတိလေ့ သွားတယ် လို့ ပဲထင်တယ်။
image
ကျွန်တော်တို့ထဲမှာ ဒါမျိုး
အတွေ့ အကြုံ ရှိတဲ့သူ မပါဘူးဆိုတော့အခြားဆောင်နေတဲ့ အသက်ကြီးတဲ့ သူ တွေ သွားခေါ်၊ သူတို့ ရောက်လာတော့ နာမည်ခေါ်ကြည့်ကြ၊မျက်လုံးဖြဲကြည့် ပြီး တော့ အဖြေထွက်ပြီ အသက် မရှိတော့ဘူးတဲ့၊ ကျွန်တော်တို့က မသေသေး
ဘူးဆိုပြီး ဝိုင်းနှိပ်နေကြတာ ဆေးရုံသွားဖို့ လိုတယ်လို့ ပဲ ထင်ထားတာ၊ အသက်မရှိတော့ဘူးဆိုတော့ မူးနေတာတွေ ဘယ်ရောက်သွားလဲ မသိတော့ဘူး။အသက်မရှိတော့ဘူးလို့  ပြောလိုက်တော့ဘယ်သူမှ ဆက်မနှိပ်ကြတော့ဘူး ။ အသက်ကြီးတဲ့ လူတွေ ရောက်လာတော့အဖြေကသေပြီဆိုတာပိုသေချာသွား
တယ် ။ ပြီးတော့ အလောင်းပြင်ပေး ၊ပစ္စည်းတွေ သိမ်း သန့်ရှင်းရေးတွေ လုပ်ပေး ၊ဆောင်းတွင်းဖြစ်လို့  မီးမွေး ပြီး
ကျွန်တော်တော့ အသက်မရှိတော့ ဆိုတာသိတာနဲ့ အပြင်ထွက် လုပ်စရာ ရှိတာတွေ လုပ်ပေး နေမိတော့တယ်။သောက်ထားတဲ့ ဘီယာအရှိန်တွေ ဘယ်လို ပျောက်ပြယ် သွားမှန်း မသိ
လိုက်ပါဘူးဗျာ။ ဒါ ကျွန်တော့်အတွက် ပထမဆုံး အတွေ့ အကြုံ လို့ ပြောရမှာပါ။ကြောက်လဲ ကြောက်တတ်တယ် ဆို
တော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး။အဲ့နေ့ ည မိုးလင်းခါနီးမှပဲ အိပ်ဖြစ်တယ်။
image
မနက်ပိုင်း ရောက်တော့ နာရေး သတင်းကြားပြီး ရောက်လာတဲ့ လူတွေ ကအများကြီးပါပဲ၊ အဲဒီ မှာ ညက မင်းတို့ ဦးလေး
ကို မူးပြီး ဝိုင်းနှိပ်ကြတယ်ဆို ဟုတ်လားဆိုပြီး မေးကြတာ ဟာသ တွေကို ဖြစ်လို့ပါပဲ။ ကိုယ်တွေကလဲ သေမယ်လို့ လဲ
မထင်ထားဘူး ကျန်းမာရေး မကောင်းလို့  သတိလေ့ သွားတာ၊ မေ့သွား တယ်လို့  အဲလိုပဲ ထင်ထားတာလေ။တကယ်တော့ မသေခင် တက်ရာကနေအသက်ပါထွက်သွားတယ် ထင်ပါတယ်။လူသေလို့  အသုဘ ပို့တာ၊ နာရေးမှာဝိုင်းလုပ်ကူတာ အဲဒါတွေတော့ ကြုံဖူးပါတယ်။ အဖိုး ၊အဖွါး ဆုံးတုန်းကလဲ
ကြုံဖူးတာပဲ ဒါပေမဲ့ မနေ့ တုန်းက အကောင်း အခုအိပ်ယာထဲက လူကိုအသက်ရှိလား၊ မရှိတော့ဘူးလားမခွဲခြားတတ်ဘူး။
သေပြီလို့  ပြောတဲ့သူက ကျွန်တော်တို့ ကို အဲဒီ့ညမှာ ပဲ ပြောပြပါ
တယ်။ သေပြီးတဲ့ သူ ရဲ့ ခြေ၊လက်တွေဟာ ၃ နာရီလောက် အထိ နွေးနေတတ်ပါတယ်တဲ့။ ပြီးတော့မျက်လုံး သူငယ်အိမ်
ဟာလဲ ချက်ချင်း ကျဉ်းမသွား ဘူးဆိုလားအဲလို ပြောပြတယ်။
အူး ကိုယ်တွေတော့ ငမူးပြေ သွားတယ်။
သူငယ်ချင်းတို့ ကြုံဖူးရင် ပြောပြကြပါလား?
ပျော်ရွှင်စရာ အကြောင်းအရာ မဟုတ်လို့  စိတ်တော့မရှိကြပါနဲ့
ခင်ဗျား
Credit:: google image
Author::AungSannLwin

Sort:  

ဒါလဲ ကိုယ်တိုင်ရေး အတွေ့အကြုံ တခုပေါ့ ဖတ်လို့ ကောင်းပါတယ်။

ကျေးဇူးပါ

Congratulations @aungsannlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63633.54
ETH 3477.74
USDT 1.00
SBD 2.54