ကိုယ့်ကိုကိုယ် အညွန့်ချိုးရာ ရောက်နေပြီလား

in #myanmar7 years ago

images.jpeg
ကိုယ့်ကိုကိုယ် ယုံကြည့်မှုမရှိရင် အလုပ်သစ် တစ်ခု ပြောင်းဖို့  မပြောင်းဖို့  စဉ်းစားရတာ အတော်ခက်ပါတယ် ။အလုပ်သစ်မှာ အဆင်ပြေပါ့မလား
ငါ လုပ်နိုင်ပါ့မလား ဆိုတာ စဉ်းစားရင်း အချိန်ကုန်
အသက်က ကြီးလာ ကြာလာတော့ ဒီအလုပ်နဲ့ ပဲ
အဆင်ပြေအောင် နေ တော့မယ် ဖြစ်သွားတတ်ပါတယ် လုပ်နေတဲ့ အလုပ်မှာလဲ မပျော်ဘူး လစာကလဲ မတိုး ကိုယ့်တက်လမ်း အခွင့်အရေး လဲ မရှိဆိုရင်
ကိုယ့်ကိုကိုယ် အညွန့်  ချိုးရာ ရောက်နေပြီးလား

အညွန့်ချိုးတယ် ဆိုတာဘာလဲ အညွန့်ဆိုတာ သစ်ပင်တစ်ပင်ရဲ့ ပိုမိုဖွံဖြိုးလာမယ်အပိုင်းပေါ့ အညွန့်ချိုးတယ်ဆိုတော့ တိုးတက်မယ့် အခွင့်အလမ်းကို ဖျက်စီးပြစ်တာကို ဆိုလိုတယ် အဲ့တော့ ကိုယ့်ကိုကိုယ် အညွန့်ချိုးတယ်ဆိုတော့ ကိုယ့်တိုးတက်မယ့်လမ်းကို ဖျက်စီးပြစ်တာ တွေးကြည့်ရင်တော့ ဘယ်သူက ကိုယ့်တက်လမ်းကိုကိုယ် ဖျက်စီးပါ့မလဲပေါ့။လူတစ်ယောက် က ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေတယ် သာမာန် ဘဝ လေးကိုပဲ ကြေနပ်နေတယ်ဆိုရင် တစ်မျိုးပေါ့။အဲလို မဟုတ်ပဲ ကိုယ်က အသက်ကလဲ ငယ်သေးတယ် ရှေ့လျောက်ရမယ့် နောင်ရေး ဆိုတာလဲ ရှိသေူတယ်
အခုလုပ်နေတဲ့ အလုပ်က ဘယ်လောက်ထိ မျှော်မှန်းလို့  ရနိုင်လဲ ဒါတွေ စဉ်းစားဖို့ လို ပါတယ်
ကိုယ့်အတွက် တိုးတက်မှုမရှိနိုင်ဘူး ဒီအလုပ်နဲ့လဲ ကြာရှည် ရပ်တည်နိုင်ဖို့  မဖြစ်နိုင်ဘူး ဆိုရင် ဒီလိုနေရာ ဒီအလုပ်မှာ ဆက်မနေသင့်ပါဘူး။ ကျွန်တော်တို့ တွေ သတိမမူပဲ ကိုယ့်ကိုကိုယ် အညွန့်ချိုးနေတာတွေ အများကြီးပဲ ဒီအထဲက တွေးမိသလောက် တွေ့မိသလောက်လေးတွေ ရေးကြည့်ရတာပေါ့။
images(3).jpeg

အတွေ့ အကြုံ ဆိုတာကလဲ ပိုက်ဆံပေးဝယ်လို့ မရဘူး
လုပ်ခဲ့ဘူးတဲ့ လုပ်ငန်းခွင်တွေထဲမှာ ကိုယ့်လက်အောက်ကရော ကိုယ့်အပေါ်က လူတွေကရော နောက် ဘေးက လုပ်ဖော်ကိုင်ဖက်တွေထဲကရော တစ်ချို့သူတွေ ပြောကြတဲ့ စကားလေးရှိတယ် ဒီလောက်ပဲပေးထားတာ တန်သလောက်ပဲလုပ်မယ် ငါရတာနဲ့ ငါ့ပေးထားတာ မတန်ပါဘူး ငါမလုပ်နိုင်ဘူး ဆိုတဲ့စာကားသံလေးတွေ အဲ့လူတွေ လေ့လာရသလောက်တော့ လက်ရှိအလုပ်မှာ ပျော်လဲ မပျော်ဘူး ထွက်လဲ မထွက်ဘူး အလုပ်လဲ ဖြစ်မြောက်အောင်မလုပ်တော့ဘူး တက်ကြွမှု မရှိတော့တာတွေပေါ့ အဲ့တော့ ဟုတ်ပြီ လက်ရှိရနေတဲ့ ရပိုင်ခွင့်တွေဟာ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်မှုမရှိဘူးလို့ ထင်တယ်ဆို ပထမဆုံးလုပ်ရမှာက လက်ရှိလုပ်နေတဲ့အလုပ်မှာ ကိုယ်လုပ်ကိုင်ရတဲ့ အကြောင်းအရာတွေ ချရေးကြည့်ပါ နောက် ကိုယ်ထူးထူးခြားခြား စွမ်းဆောင်ပေးတဲ့အခြေအနေတွေကို ချရေးကြည့်ပါ။ ပြီးရင် ဟုတ်ပြီ ဒီအခြေအနေတွေအရ ကိုယ်ဒီထက်မက ရသင့်တယ်ပေါ့။ အဲ့တော့ ကိုယ်နဲ့ အနီးစပ်ဆုံး အုပ်ချုပ်သူကို တင်ပြပါ။ ဒါတွေ ဒီလိုအခြေအနေတွေအရ ကျွန်တော် ဒီထက်မက ရသင့်တယ်ပေါ့။ ဒါကိုမှ အထက်အုပ်ချုပ်သူက လက်မခံဘူး ဒါဆို သူ့ထက်ပိုပြီး အဆင့်မြင့်သူကို ထပ်ပြီးတင်ပြပါ။ အဲ့လိုအဆင့်ဆင့်တင်ပြလို့မှ ကိုယ့်ရဲ့ခံစားခွင့်ကို ထပ်မံတိုးမြှင့်မပေးနိုင်ဘူးဆိုရင် အဲ့ဒီအလုပ်က ထွက်လိုက်ပါ။
images.png

ဟုတ်တယ်လေ ကိုယ်စွမ်းဆောင်သလောက်မှ မပေးနိုင်တဲ့လုပ်ငန်းမှာ ဆက်မလုပ်တာ အကောင်းဆုံးပေါ့ ကိုယ်အရည်အချင်းရှိတယ် ဒီထက်မက ရသင့်တယ်လို့ ထင်တယ်ဆို ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တဲ့ အလုပ်က ရှိမှာပေါ့ အဲ့တော့ ကိုယ့်အတွက်လဲ အဆင်မပြေ ကိုယ်က စိတ်ပါလက်ပါမလုပ်နိုင်တော့ လက်ရှိအလုပ်အတွက်လဲ အဆင်မပြေဘူးလေ အဲ့တော့ နှစ်ဦးနှစ်ဘက်လုံး အဆင်မပြေတဲ့လုပ်ငန်းခွင်မှာ ဆက်နေလို့ ဘာကောင်းဦးမှာလဲ
ကိုယ်က ကိုယ့်အရည်အချင်းထက်နိမ့်ကျပြီးရနေတဲ့ လုပ်ငန်းခွင်မှာ ဆက်လုပ်နေတော့ရော ဘာတိုးတက်လာဦးမှာလဲ ပေးသလောက်ပဲလုပ်မယ်ဆိုတော့ ကိုယ်ကိုကိုယ် နှိမ်နေရာမရောက်ဘူးလား လုပ်ငန်းခွင် ပျော်ရွှင်မှု မရှိတော့တဲ့အခါ ဆက်လက်လေ့လာဖို့ စိတ်ကူးလဲမရှိတော့ဘူး တက်ကြွမှုတွေလဲ ပျောက်ဆုံးသွားပြီ ဒီအတိုင်း ဆက်နေမယ်ဆို ကိုယ့်ကိုကိုယ် အညွန့်ချိုးနေတာပဲပေါ့ တက်လမ်းလဲမရှိတော့ဘူး တိုးတက်ဖို့လဲ မမြင်တော့ဘူးလေ။

ဒီတော့ ပြောချင်တာက လက်ရှိလုပ်နေတဲ့လုပ်ငန်းမှာ ရနေတဲ့ရပိုင်ခွင့်ဟာ မိမိစွမ်းဆောင်နိုင်တာထက် နည်းနေတယ် မိမိ အရည်အချင်းအရ ဒီထက်မကရသင့်တယ်လို့ မြင်လာရင် ဒီလောက်ပဲရတာ ဒီလောက်ပဲလုပ်မယ်ဆိုတဲ့ စိတ်မထားပဲ ရပိုင်ခွင့်ကို တောင်းဆိုပြီး ယူနိုင်အောင်ကြိုးစားပါ။ ဒါမှမရဘူး မိမိကိုယ်ကိုယ် အရည်အချင်းရှိတယ်လို့ ယုံကြည်တယ်ဆို လက်ရှိအလုပ်က ထွက်လိုက်ပြီး အရည်အချင်းနဲ့ ထိုက်တန်တဲ့ အလုပ်ကို ရအောင်ကြိုးစားပါ။ လက်ရှိလုပ်ငန်းခွင်အတွက် လဲ အဆင်ပြေ မိမိအတွက်လဲ အဆင်ပြေပါတယ်။ ကိုယ့်ကိုကိုယ် အညွန့်ချိုးပြီး မပျော်ရွှင်တဲ့လုပ်ငန်းခွင်မှာ နေမနေကြပါနဲ့။ ဒါက လုပ်ငန်းအတွက်ရော မိမိအတွက်ရော နှစ်ဦးနှစ်ဘက်လုံးအတွက် အဆင်ပြေဆုံးဖြစ်မှာပါ။

မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနိုင်ကြပါစေ။
အခုတော့ steemit မှာ အလုပ်ပြောင်း လုပ်နေတယ်ဗျာ
အမှန်တိုင်းပြောရ ရင် လက်ရှိလုပ်နေတဲ့ အလုပ်မှာ
မပျော်ဘူး
အလုပ်ပြောင်းချင်နေတယ်
သူများတွေဆိုရင် ပြောင်းတာ ကြာပြီ
ကိုယ်က အလုပ်ပြောင်းဖို့ စဉ်းစားရင် အတွေးတွေ အများကြီး ဝင်လာတယ်
အဲဒါနဲ့ပဲ အလုပ်ဟောင်းမှာပဲ ပျော်အောင် နေ နေ ရပါတယ်
ကဲ ဒီလောက်ပါပဲ
STEEMIT မှာ အားလုံးအောင်မြင်ကြာပါစေ
photos credit :google,
Own writer :@aungsannlwin

Sort:  

ဒီလိုပါပဲညီရာ
ဦး​နှောက်​​ဖောက်​စားခံရတာ်​လို့မထင်​ပါနဲ့
သူ​ပေးတဲ့ ဆိုင်​ကယ်​ သူ​ပေးတဲ့ မိတ်​​ဆွေ
သူ​ပေးတဲ့ဖုံးနဲ့ ကိုယ်​ဖို့ကျန်​နိုင်​တာ​တွေယူထားပါ
လုပ်​ငန်းနဲ့ပတ်​သက်​တဲ့မိတ်​​ဆွေ​တွေ​ပေါ့
ကို ဆို ဘဝမှာမှားခဲ့တာ ​zaycho မှာ ကုန်​ထမ်းတဲ့အလုပ်​ ကြာကြာမလုပ်​ခဲ့ရတာပဲ
ကုန်​သည်​​တွေ မသိခဲ့ဘူး
အ​ရောင်းဝယ်​သ​ဘောတရားမသိခဲ့တာ
အခုမှပြန်​လိုချင်

ကေျးဇူးတင်ပါတယ်
စာဆုံးအောင်ဖတ်ပေးတဲ့အတွက်
နောက်ထပ် လဲ ရေးပါအုံးမယ်

တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာ ရှိသလို သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိတယ်ညီလေးရေ သုံးသပ်စဉ်းစားရတာက လူတွေရဲ့အလုပ်ပါ သူ့အကျိုး ကိုယ့်အကျိုးဆိုတာ အမြဲရှိပါတယ် ကောင်းတာလေးတွေကို မြင်အောင်ကြည့်နိုင်ပါစေဗျာ

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63624.94
ETH 3481.95
USDT 1.00
SBD 2.54