ကြိုးစားမှုသည် အလင်းတန်း

in #myanmar7 years ago

ကြိုးစားရင် ဘာမဆို ဖြစ်တယ် လို့  အလွယ်ပြောကြတယ် ဒါပေမယ့် ကြိုးစားသလောက် တော့ ရလဒ် ကောင်း ပြန်ရပါတယ် ကိုယ်ဖြစ်ချင်တာ တစ်ခု အပေါ် စိတ်မြုတ်ထားဖို့  စိတ်ထဲမှာ စွဲမြဲနေဖို့  သူမှသူပဲ ဖြစ်နေဖို့ တော့ လိုပါတယ် ။
images(3).jpeg
ကြိုးစားပြီး ကိုယ်လိုချင်တဲ့
နေရာတစ်ခုကို
မရသေးပါလားလို့ ...စိတ်ထဲမှာ မတွက်ပါနဲ့...
မှန်မှန်ကန်ကန် ကြိုးစားတဲ့ သူတွေကို
ကံတရားကြီးကမျက်ကွယ်ပြုထားတာ မဟုတ်ပါဘူး...
ထိုက်တန်တဲ့ ​နေရာ တစ်ခုပေးဖို့ 
အချိန်ပေးစိစစ် ရွေးချယ်ပေးနေတာပါ...
ဒါပေမယ့် မကြိုးစားတဲ့ သူတွေကိုလည်း
ကံတရားက မျက်ကွယ်ပြုထားဖို့ ဝန်မလေးတတ်ပါဘူး.. လောက ကြီးမှာ ရိုးသား၊ကြိုးစားကြသူတွေ အတွက် နေရာတစ်ခု အမြဲ ရှိနေပါတယ်။ ကိုယ်ကိုတိုင် က တကယ် မကြိုးစားပဲ လိုချင်တာတွေကို စိတ်ကမျှော်မှန်းနေလို့ တော့မရပါဘူး
တကယ်လုပ်ရင် တကယ်ဖြစ်ရမည်ဆိုတဲ့ စိတ်ဓာတ် ကလဲ အဓိက ကျပါတယ်။
စိတ်မပါရင် ဘယ်အရာ လုပ်လို့  အောင်မြင်မှာ မဟုတ်ပါဘူး ။
အလုပ်တစ်ခုကို လုပ်တဲ့အခါ လုပ်သာ လုပ်နေရတာ စိတ်က ဟိုရောက် ဒီရောက် ၊ ဘာပဲ လုပ်လုပ်၊ ပညာသင်တာပဲဖြစ်ဖြစ် နည်းပညာ တစ်ခုကို လေ့လာနေတာပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကြောင်း ပညာ ကို သင်ယူနေတာပဲဖြစ်ဖြစ် စိတ်ပါရင် အချိန်လဲ အများကြီးပေးစရာ မလိုပဲ အချိန်နည်းနည်း အတောအတွင်းမှာ တတ်မြောက် သွားမှာပါ။
images.png
လူ့ စိတ်က တကယ် အဓိက ကျပါတယ်။
လူ့ စိတ်ကလဲ မျောက်စိတ် ရယ် ဟိုဆို ဒီရောက် ချင် ရောက်နေတာ
တက္ကသိုလ် တက်တော့ စာထဲမှာ စိတ် က 100% မရောက်ပါဘူး။ နောက်တစ်ချိန် လစ်ဖို့  ၊ လစ်ပြီး သွားမယ်နေရာ ကိုသာ စိတ်က ရောက်နေတာ ဒီလိုမျိုး စိတ်ကို မထိမ်းနိုင်လို့ လဲ အခုလို နေရတာ ဖြစ်နိုင်တယ်။
အပျော် အပါး လောက်ပဲ စိတ်ဝင်းစားခဲ့တာ အဲဒီ့အချိန် တွေမှာ သင်တန်း လေး တစ်ခု၊နှစ်လောက် တက်ခဲ့ရင် အသိလေး တွေ ၊အမြင်လေးတွေ တိုးတက် မှာ သင်တန်းတက်ရင်း လေ့လာဆည်းပူးရမယ့် ဘာသာ ရပ်တွေလဲ ထပ်တွေ့ ချင် တွေ့မှာ အဲဒီလိုသာ လုပ်ဖြစ်ခဲ့ရင် ဒီအခြေအနေထက် ပိုတိုးတက် နေလောက်ပြီ။ အခုချိန်မှာ မလုပ်ခဲ့ရလေခြင်း ရယ်လို့  တွေးမိတိုင်း စိတ်မကောင်းဖြစ်ရတယ်။
ကျွန်တော်သာ မလုပ်ဖြစ်ခဲ့တာပါ ကျွန်တော့်သူငယ်ချင်းတွေမှာ လုပ်ခဲ့လို့ အဆင်ပြေနေတဲ့သူတွေရှိတယ်။
သူတို့ ဖြစ်ချင်တဲ့ ဘဝလေး သူတို့ ရကြ တာတွေ့ တော့ ကိုယ်ပျော်ပါတယ်။
အခု ကျွန်တော် ဖြစ်ချင်တာ တစ်ခုရှိပါတယ် နောက်ထပ် ဘာသာစကား တစ်ခု ပြောတတ်ချင်တာပါ။ ကျွန်တော် စကားပုံ တစ်ခု ကြားဖူးတာလေး
images(5).jpeg
" နောက်ထပ်ဘာသာစကားတစ်ခု ကို တတ်မြောက်ထားတဲ့ သူ က လူဖြစ်ရကျိုးနှစ်ခါနပ်တယ်တဲ့ "
ဟုတ်ပါတယ် ဘာသာစကား တစ်မျိုး ကို ကျွမ်းကျင်စွာ ပြောတတ်မယ်ဆိုရင် ဘွဲ့ရတာနဲ့ ညီပါတယ်တဲ့ ။ ကျွန်တော်ထင်တယ် ဘာသာစကား နောက်ထပ် တတ်ထားတဲ့သူက ပိုသာလိမ့်လို့  ၊ကွာခြားချက်တော့ များစွာ ရှိမှာပါ။
ဒါပေမယ့် ပိုက်ဆံရလမ်းကတော့ များစွာ ကွာခြားသွားပါလိမ့်မယ်။ လုပ်တော့မယ် လို့  ဆုံးဖြတ်ထားရင်
ကိုယ့် ရဲ့ အားလပ်တဲ့ အချိန်တွေကို
အကျိုးမဲ့ ဖြုန်းတီးဖို့ မသင့်ပါဘူး။
လေ့လာဖို့ အချိန်မလုံလောက်တာ မဟုတ်ပါဘူး။
လေ့လာဖို့  ကျိုးစားမှု အချိန် မလုံလောက်တာပါ။
ကြိုးစားလုပ်ဆောင် ရမှာက ကိုယ့်တာဝန်ပါ။
images(4).jpeg နောက်တစ်ခုကတော့ ကိုယ်လုပ်လိုက်လို့ ဖြစ်စေ
အခြားသူက လုပ်လို့ ဖြစ်စေ
ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြသာနာ ကို ​ရှောင်ပြေးတတ်တာက
လူတော်လူကောင်း​တွေရဲ့  လုပ်ရိုး ၊လုပ်နည်း မဟုတ်ပါဘူး။
ပြသာတစ်ခုကို

  • ရဲရဲရင်ဆိုင်
  • ခေါင်းအေးအေးထား..
  • အစအဆုံးဆန်းစစ်...
  • ဦးနှောက် နဲ့ စဉ်းစား ဆုံးဖြတ် ...
    ဒါမှ လူတော်လူကောင်းတွေ ရဲ့ လုပ်ငန်းစဉ် ပါ။
    ပြသာနာ ကတော့ အနည်း နှင့် အများ ကြုံတွေ့  ကြရမှာပါ မလွှဲသာ ၊မရှောင်သာ လို့  ဖြစ်ကြရတဲ့အခါ အကောင်းဆုံး နည်းလမ်း ကို သုံးပြီး ဖြေရှင်းကြရမှာပါ။ ဘယ်သူနဲမှ ပြသာနာ မဖြစ်တာကတော့ အကောင်းဆုံးပါပဲ။
    တစ်ခါတစ်လေ ကိုယ်က မဖြစ်ချင်လို့  ရှောင်နေရင်တောင် တည့်တည့် လာတိုးတတ်တာပါ ။
    FB_IMG_1505490764819.jpg
    စိတ်ထဲရှိတာတော့ ချရေးလိုက်တာပဲဗျ
    တကယ်လို့ များ ဖတ်ရတာ အဆင်မပြေရင် အားမနာတန်း ဝေဖန်ပေးကြပါလို့ 
    Credit:: google image
    Author:: AungSannLwin

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63624.94
ETH 3481.95
USDT 1.00
SBD 2.54