ယောသားတစ်ယောက်ပါ

in #myanmar7 years ago

Screenshot_2017-09-01-22-21-28.png
ကျွန်တော်က ယောသားတစ်ယောက်ပါ

ယော ဆိုတာဘာလဲ ဘယ်ဘက်ကလဲ
ဘယ်နယ်ကလဲ ဒါက ကျွန်တော် သူငယ်ချင်းတွေ နဲ့ စပြီး မိတ်ဆက်တဲ့အခါ
အမေးခံရတာပါ ၊ ဘယ်ကလဲ ယောကပါ လို့ဖြေရင် သိပ် မသိကြဘူးလေ
ဘယ်သိကြမလဲ ကျွန်တော် အခုရောက်နေတာ ရှမ်းပြည် လေ
ဒါပေမဲ့ တော်တော်များများ က ယော လို့ ပြောရင် မသိကြဘူးဗျ
ကျွန်တော် ရှင်းပြတယ် ယောမြို့တော် ဂန့်ဂေါ ၊ မကွေးတိုင်း ဂန့်ဂေါမြို့ကပါ ပေါ့
အဲဒီတော့ မှ မကွေတိုင်း ဂန့်ဂန်မြို့ က ဆိုတာ လက်ခံ ကြတယ်

ကျွန်တော် က ပြန်ရှင်းပြပါတယ်
မြန်မာ နိုင်ငံမှာ ယောမြို့ ၊လေးမြို့ရှိတယ်
ဂန့်ဂေါ၊ထီးလင်း၊ကျောက်ထု၊ဆော
ဆိုပြီး ရှိပါတယ် ကျွန်တော်က ဂန့်ဂေါ ဘက်က ယောသားတစ်ယောက်ပါ
အဲလိုလေး ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်တယ်
FB_IMG_1503685322567.jpg

ဒါဆို Steemit Myanmar က Friend တွေလဲ သိသွားအောင် ဆက်ပြောပြမယ်
သိပြီးသားတွေလဲ ရှိမှာပါ
မြန်မာပြည် ဦးသိန်းတန် ရဲ့
"ယောသူတို့ရွာ" သီချင်း
ဦးလွှမ်းမိုးရဲ့ ယောမြို့က အပြန်မှာ ဂီတာတီးတဲ့ ကောင်ကလေး သီချင်း
သီချင်းနာမည် မသိတော့ဘူး
ဒီသီချင်းတွေက ယော ဆိုတဲ့ စာသားတွေကြောင့် မြန်မာ နိုင်ငံမှာ ယောမြို့ လေးမြို့ ရှိတယ် ဆိုတာ သိသာစေပါတယ်
FB_IMG_1503685120135.jpg
ယောမြို့ လေးမြို့ရဲ့  တည်နေရာ
ဂန့်ဂေါမြို့ ကို သွားမယ် ဆိုရင်- မန္တလေး ၊မို့ ရွာ၊ပုလဲ၊ ဂန့်ဂေါ
ပုလဲ မြို့ကို ဖြတ်ပြီးရင် ပုံတောင် ၊ပုံညာ
ကို ဖြတ်ရပါတယ် ပြီးတော့ ထီးလင်း ၊ဂန့်ဂေါ လမ်းခွဲ ရှိပါတယ်
ထီးလင်း ကိုသွားမလား
ဒါမှ မဟုတ် ဂန့်ဂေါ ကို သွားမလားပေါ့
ဂန့်ဂေါမြို့ ကနေ ဆက်သွားရင် ကလေးမြို့
ကလေးဝ၊ တမူး ၊ အိန္ဒိယ နယ်စပ် ကို ရောက်သွားမှာပါ
ကလေးမြို့ ကတော့ စစ်ကိုင်းတိုင်း ပါ
ဂန့်ဂေါ မြို့ မှာ ပြောင်းပြန်စီးတဲ့ မြစ် ရှိပါတယ် ပြီးတော့ ဂန့်ဂေါကနေပဲ ချင်းပြည်နယ် ဟားခါး ဘက်ကိုသွားတဲ့ လမ်းလဲရှိပါတယ် ဂန့်ဂေါမြို့မှာ ချင်းလူမျိုးအများအပြားနေထိုင်ကြှိပါတယ်
မြစ်သာမြစ်ရဲ့ အနောက်ဘက်မှာတော့
ချင်းလူမျိုးတွေ အများဆုံး ရှိပြီး
မုံလယ်ဆရာတော် ကျောင်းရှိပါတယ်
မုံလယ်ဆရာတော်ဘုရားကြီးကိုတော့
သိကြမယ် ထင်ပါတယ်

ဂန့်ဂေါ နှင့် ထီးလင်း ဘက်ကို သွားတဲ့လမ်း သိပြီ ဟုထင်ပါတယ်
ဒါဆို နောက်နှစ်မြို့ ကိုဆက်သွားရအောင်
ကျောက်ထု နှင့် ဆော
ကျောက်ထုဘက် ကို သွားမယ်ဆိုရင်
ပခုက္ကူ ၊ ပေါက်မြို့ တွေကို ဖြတ်သွားရပါတယ်
ပခုက္ကူ ၊ပေါက်၊ကျောက်ထု ဆိုပြီး သွားရတာပါ
ကျောက်ထု ကနေ ဆောမြို့ နှင့် ထီးလင်း ဆိုပြီး လမ်းခွဲတွေ ရှိပါတယ်
ကျောက်ထုမြို့ ကနေ ဆက်သွားမယ်ဆိုရင် ချင်းပြည်နယ်
မင်းတပ်မြို့ ကိုရောက်မှာပါ
ကျောက်ထု နှင့် မင်းတပ် က တောင်ပေါ်နှင့် တောင်အောက်ပါပဲ
ထီးလင်းနှင့်ဆောမှာ တော့ ချင်းလူမျိုးတွေ တော်တော်များပါတယ်
ယောသူ ယောသား က တစ်ဝက်
ချင်းလူမျိုးတွေက တစ်ဝက် စည်းလုံးစွာနေထိုင်နေကြပါတယ်
ဒီလောက်ဆိုရင် ယောမြို့ လေးမြို့ ဖြစ်တဲ့
ဂန့်ဂေါ၊ထီးလင်း၊ကျောက်ထု၊ဆော
ကို သွားမယ်ဆိုရင် သွားတတ်လောက်ပါပြီ
FB_IMG_1503684904480.jpg

ထီလင်း မြို့နယ်ထဲမှာ လူမျိုးတစ်မျိုး ရှိပါတယ် တောင်သား လူမျိုး ဆိုပြီး ရှိပါတယ် ယောစကား နဲ့ မတူပါဘူး
ချင်စကားနဲ့ လဲ မတူပါဘူး
တောင်သား စကား ဆိုပြီး သီးခြား ရှိပါတယ် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး မှာ တောင်သား လူမျိုး မပါသေးပါဘူး
တောင်သား လူမျိုး တွေရဲ့ ဆင်းသက်လာပုံ ကို သိသလောက် ပြောပြချင်ပါတယ် ပုဂံခေတ် နရသီဟပတေ့ မင်းလက်ထက် ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ်
လူမျိုး တစ်မျိုး စီတိုင်းမှာ သမိုင်းကြောင်းရှိတယ်ဆိုတာ မှန်ပါတယ်
ပုဂံခေတ်က နေဆင်းသက်လာတာဆိုတော့ အစတုန်းကတော့ ဗာမာ စကားကိုသာ ပြောဆိုကြပါတယ်
ကျွန်တော် ဖတ်ဖူးတာက ဒီလိုပါ
နရသီဟပတေ့ မင်းရဲ့ မိဖုရား မှာ မောင်တစ်ယောက်ရှိပါတယ်
မိဖုရား ဖြစ်တဲ့ အစ်မ က မောင်တစ်ယောက်ကို နန်းတော်ထဲမှာ အမှု့ ထမ်းဖို့  နရသီဟပတေ့ မင်းကို လျှောက်တင်တဲ့အခါ စစ်သူကြီးမင်း အဖြစ် ခန့်အပ်စေခဲ့တယ်
ဒါကို အမတ်တော် များက မကြေနပ်ကြပါဘူး ကြာလာတော့ ဘုရင့်ကြီးကို မဟုတ် မမှန် စစ်သူကြီး မကောင်းကြောင်းတွေ တင်လျှောက် ကြပါတယ်
ဘုရင်က အမတ် တွေ ရဲ့  စကားကို ယုံကြည်ပြီး စစ်သူကြီးကို သေဒဏ် ပေးဖို့  အထိ ဖြစ်လာပါတော့တယ်
မောင်တော် အသတ်ခံ ရတော့မယ် သိပြီး
မောင်တော်ကို အဆုံးအရှုံး မခံနိုင်တော့ပဲ
ဆွေမျိုးတွေနဲ့ အတူ ပုဂံပြည်က ထွက်ပြေးကြပါတယ် ပုဂံမင်းကလဲ ထွက် ပြေးတဲ့ မိဘုရားနှင့် ယောက္ဖ ကို အပြင်းအထန် လိုက်ရှာစေခဲ့တယ်လို့  ရေးထားပါတယ် ပုဂံတပ်တွေ လိုက်လာလို့  ပုန်းခိုခဲ့ရတဲ့ တောင်ကို ပုံးတောင် ၊ပုံးညာ လို့ အမည် တွင်ခဲ့ပါတယ် ခေတ်တွေ ပြောင်းလာတော့ ပုံတောင် ၊ပုံညာ ဖြစ်လာခဲ့ပါတယ် ယော ကိုသွားမယ်ဆိုရင် ပုံတောင်၊ပုံညာ ကိုကျော်ပြီးမှပဲ ရောက်ပါတယ်
"တောင်သား" လူမျိုးတွေအကြောင်းကိုတော့ သိသလောက်လေး မျှဝေတာပါ။

ကျွန်တော် တို့ ယောသားတွေ က စကားဝဲ တယ်ဗျ
တို့ယောသား ရိုးသားပွင့်လင်း ဟန်ဆောင်မှုကင်းတယ်
မသိရင်အကုန်မေးတယ် ရှိရင်အကုန်ကျွေးတယ်
မသိဘဲနဲ့လဲ သိချင်ယောင်မဆောင်ဘူး
မရှိဘဲနဲ့လဲ ရှိချင်ယောင်မဆောင်ဘူး
အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်းပြောတယ်
ပေးရင်လဲ ယူမှကြိုက်တယ်:::::::
ကျွေးရင်လဲ စားမှကြိုက်တယ်:::::
စေတနာကောင်းပီးစိတ်ထားဖြူတယ်
သူများအပေါ်ကူညီတက်တယ်
စကားသံဝဲဝဲလေးပြောတာကိုဘဲ
ယောသူယောသားတွေရဲ့ ဂုဏ်ပုတ်ကို အကုန်ထုပ်ပြောရရင် ဒီတစ်နေ့ကုန်လို့ နောက်တစ်နေ့ကူးတောင် ကုန်မှာ မဟုတ်ဘူး
ကျနော်ပြောတာ မယုံရင် ပေါင်းကြည့်
အကြောင်းသိရင် အိမ်မှာတောင် ခေါ်ထားချင်စိတ်ပေါက်သွားမယ်
အဲဒါကြောင့်~~ကျနော်ကတော့
အသားမဲမဲ စကားဝဲဝဲ ယောသူယောသားတစ်ယောက်ပါ။

ဒီလောက်ပဲဗျ
နောက်ပို့စ်မှာ
FB_IMG_1503684728787.jpg
ယောဒေသမှာ ပဲ ရှိတယ်
ယောဒေသမှာပဲ ရနိုင်တဲ့
ပေါက်ပေါက်ဆုပ် နှင့် မုန့်လေပွေ အကြောင်းရေးပါအုံးမယ်

 ![Myan.png](https://steemitimages.com/DQmNs2prhcMwomo3YquyBTzo31tWj24RtYSZBX67SVzY7Ps/Myan.png)

မြန်မာတွေ STEEMIT မှာအောင်မြင်ကြပါစေ။
credit photo: facebook
Author: @AungSannLwin

Sort:  

အာ့ ဆို ယော လုံခြည် မှာဦးမှ

A မှာအေ ရပါတယ်

မုန့်ခေါက်ချက်ဆိုသားသားကပိုကြိုက်

နောက်မှ steem ဆိုတဲ့ ယဉ်ကြီးစီးပြီး လာအးမယ်ဗျာ

အေးပါကွာ ပုံတောင် ၊ပုံညာ ကိုတော့ ကျော်နိုင်ပါ့မလား
အတက် အဆင်း က များတယ်

ကောင်းပါတယ် ဗဟုသုတအတွက် အထောက်အကူဖြစ်ပါတယ် နောက်လည်း ယောနယ်အကြောင်းဆက်ရေးပါဗျ။ ယောနယ်က ထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားပါတယ်ဗျ။ စိတ်အ၀င်စားဆုံးက ငယ်ငယ်ကကြားဖူးတဲ့ သမန်းကျား အကြောင်းလည်း ရေးပါလား စိတ်ဝင်စားတယ်

ပုံတွေကို Crop လုပ်ပြီးထည့်ရင် ပိုကြည့်လို့ကောင်း ဖတ်လို့ကောင်းဖြစ်မယ်ဗျ

ပေးရင်ယူမှကြိုက်တယ်ဆိုတော့ နာကလည်း ပေးရင် ယူတယ်ဟ
ဆိုးဘူး ဘာပေးမလဲ ပေးပါ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63565.69
ETH 3484.36
USDT 1.00
SBD 2.53