ပေါက်ပေါက်ဆုပ် နှင့် မုန့်လေပွေ

in #myanmar7 years ago

ူယော လို့ ပြောလိုက်တာနဲ့ ယောပုဆိုး၊ယောထမိန် ကိုသွား သတိရ မယ်ထင်ပါတယ်
ယောပုဆိုး ၊ယောထမိန် ကို ဝတ်ဖူးလို့ ပဲဖြစ်ဖြစ်၊ မဝတ်ဖူးလို့ ပဲဖြစ်ဖြစ် သတိရ လိုက်ပါ ၊
ဒါမှ မဟုတ် မြန်မာပြည် သိန်းတန် ကြီးကို
သတိရ လိုက်ပါ
FB_IMG_1503685517108.jpg
" ယောသူတို့ ရွာ"
"မောင်တို့  ရွာမှာ ကွယ် ဘာဘာတွေ ပေါတယ် ပင်ထနောင်းနှင့် ထန်းပင်တွေရယ် မန်ကျည်း ဝါးပင် ပေါပါတယ် ခင်ဗျ ပင်ပင်နီချောရယ်နဲ့ ယော ထမိန် "
ယောပုဆိုးဆိုရင် ၇၀၀၀ တန် ကနေ စပြီး အးစားစား ရှိပါတယ်
FB_IMG_1504369612584.jpg
ကောင်းတာလေး လိုချင်ရင် ဈေးတော့ ပိုပေး ရမှာပေါ့
ကြည့်လို့ ရအောင် ပုံလေးတွေ facebook က မလာတယ်
FB_IMG_1504369614896.jpg
FB_IMG_1503684394267.jpg
နောက်ထပ် ယောဒေသမှာပဲ လုပ်တဲ့
ပေါက်ပေါက်ဆုတ် နှင့် မုန့်လေပွေ ကို
လုပ်ပုံ လုပ်နည်း ကို ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်
FB_IMG_1503685838621.jpg
ပေါက်ပေါက်ဆုတ်ကနေ စရအောင်ဗျ
ပေါက်ပေါက်ဆုတ် လုပ်မယ်ဆိုရင်
ဘာတွေ လိုလဲ
ကောက်ညှင်းဆန် နှင့် ထန်းလျက် ပဲလိုပါတယ်
ထန်းလျက် ကတော့ ဈေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ ရပါတယ်
ပေါက်ပေါက်ဆုတ် လုပ်ဖို့ ရင်
ကောက်ညှင်း စပါး ကို အပွင့်လေးတွေ ရအောင် လုပ်ရပါတယ်
မြေပြင်မှာ မြောင်းအရှည်လေး ထူးရပါတယ် အဲဒီ့မြောင်းပေါ်မှာ ဒယ်တစ်လုံး တင်ထားဖို့ ပါ ပြီးတော့ အောက်ကနေ မီးဖို ပေးရပါတယ်
မြောင်းထူးတယ် ဆို တာက ဟိုဘက်၊ဒီဘက် လောင်စာ တွေ အလွယ် တကူ ထည့်ပေးလို့ ရအောင် လုပ်ထားတာပါ။
ညဘက် တွေ မှာပဲ လုပ်ပါတယ်
ဒယ် တစ်လုံး ရှိတဲ့ မီးဖို့ ရပြီဆိုရင် နေလှမ်းထားတဲ့ ကောက်ညှင်းစပါး ကို
ပူနေတဲ့ ဒယ်ထဲ ထည့်ပြီး လှော်တာပါ
ခဏနေရင် တော့ ဆူညံသံတွေ ထွက်လာပါပြီ ဖြူဖြူဖွေးဖွေး အပွင့် လေးတွေ ထွက်လာတာပါ ထည့်လိုက်နည်းပေမဲ့ အပွင့်တွေနဲ့ ထွက်လာတဲ့ အခါ အများကြီးပါပဲ
လွယ်လွယ်ပြောရရင် ဖြောင်းဖူး ဆီဖေါက် လိုက်သလိုပါပဲ
ကောက်ညှင်းစပါး ၂ ပြည်လောက်ဆိုရင်
အပွင့် တစ်တင်း လောက် ပြန်ရမယ်ထင်တယ် အတိအကျ မသိလို့ ပါ
ဟုတ်ပြီ ကောက်ညှင်းစပါးကို လှော်လိုက်တာ အပွင့်လေး တွေ ရလာပြီ
အပွင့်လေးတွေမှာ ကပ်နေတဲ့ စပါးခွံလေး ရှိနေပါတယ် အခွံလေးတွေကို ဖယ်ပေးရပါမယ် နေပူထဲမှာ ဖြန့်ထားပြီးမှ အပွင့်လေးတွေမှာ ကပ်နေတဲ့ စပါးခွံကို ခွါရင် ပိုလွယ်ကူ ပြီး
မြန်မြန် ပြီးစေပါတယ်
FB_IMG_1503516274040.jpg
စပါးခွံ ခွါလို့ပြီးသွားရင် ပေါက်ပေါက်ဆုတ်လို့ ရပြီဗျ
ကဲစ လုပ်တော့မယ်
ထန်းလျက် လိုမယ်
ပေါက်ပေါက်အပွင့်လေးတွေ ကို နေပူထဲမှာ ၂ နှစ်နာရီလောက် ဖြန့်လှမ်း ထားဖို့ လိုပါတယ်
ထန်းလျက် ကို အရည်ကြို ရပါမယ်
ပေါက်ပေါက်ဆုတ် မယ် ဆိုရင် နေ့ခင်း
နေအပူဆုံး အချိန်တွေမှာ လုပ်ကြတယ်ဗျ
နေမပူ ရင် ပေါက်ပေါက်ဆုတ်လုံး လို့ မရပါဘူးတဲ့

ထန်းလျက် အရည်ကြို ရင် သစ်သား ယောက္မ ကြီးနဲ့ မွှေနေရာတာ နားလို့ မရဘူး ထန်းလျက် အရည်ကို ပေါက်ပေါက် ဆုတ်လို့  ရ ၊မရ ဆိုတာ
ရှိသေးတယ် မွှေနေတဲ့ ယောက်မ ရေအေးအေး ထည့် ပုဂံပြား ထဲ ကို ထန်းလျက် အရည် ထည့်လိုက်တယ်
ထန်းလျက်အရည်က ရေထဲ ရောက်သွားရင် စုသွားတယ် အဲဒါဆို ပေါက်ပေါက်ဆုတ်လို့ ရပြီ
ဆူနေတဲ့ ထန်းလျက် အိုး ကို မီးပေါ်က ချ
ရေဆေးထားတဲ့ ဝါးဖျာ အသစ် ပေါ်မှာ ပေါက်ပေါက် အပွင့် ထည့်ထားတဲ့ အပေါ်ကို ဖြေးဖြေးခြင်း လောင်းချပေးရပါတယ်
ပေါက်ပေါက်ဆုတ်ရင် လူငါးယောက်လောက်လိုပါတယ်
ထန်းလျက် လောင်းချ တဲ့သူက တစ်ယောက်
ရေဆေးထားတဲ့ ဖျာ တစ်ဘက် တစ်ချက်စီမှာ တစ်ယောက်စီ
၎ ယောက်လိုပါတယ်
လေးယောက်က ပေါက်ပေါက်အပွင့်လေးတွေပေါ် ကျလာတဲ့ ထန်းလျက် အရည် တစ်နေရာတည်း မဖြစ်အောင် ပေါက်ပေါက်အပွင့် လေးတွေကို အပေါ်အောက် ဟိုနေရာ ဒီနေရာ
ပေါက်ပေါက်အပွင့်လေးတွေ ထန်းလျက် အရည် ညီတူ မျှတူ စိုစွပ်သွားအောင်
မွှေပေးရတာပါ
ပေါက်ပေါက်ပွင့်လေးတွေ နှင် ထန်းလျက်
မျှသွားပြီး တော်လောက်ပြီဆိုရင် လောင်းချနေတဲ့ ထန်းလျက် အိုးကို ချပြီး
လက်ကို ရေ ဆေး ၊ထန်းလျက်အရည် က ပူလို့  လက်ကို ရေစိုအောင်လုပ်ပြီး
ထန်းလျက် အရည်နှင့် ပေါက်ပေါက်အပွင့်လေးတွေ တွဲသွားအောင် လူ ၅ ယောက်က
အောက်ကနေ ပြိုင်တူ အပေါ်ကို မြှောက်တင် ပြန်ကျလာ
ဒီလို လေး ကြိမ်၊ ငါးကြိမ် လောက် လုပ်ပြီးရင်
ကိုယ်ကြိုက်သလောက်လေး လက်နှစ်ဖက် နဲ့ ဆုတ်လို့ ရပါပြီ
ကဲ ဒါဆိုရင် ယော ပေါက်ပေါက်ဆုတ် စားလို့  ရပါပြီ
FB_IMG_1503685838621.jpg

အလှူပွဲ ၊ဘုရားပွဲ တွေ မှာ အများကြီးလုပ်ကြပါတယ်
လာတဲ့ဧည်သည်တော် တွေကို ကျွေးလို့ ရအောင်
အပြန် လက်ဆောင် အဖြစ်လဲ ပေးကြပါတယ်
FB_IMG_1503516271699.jpg
မုန်လေပွေ လုပ်နည်းလေး ဆက်ရအောင်
မုန်လေပွေ အပြား အချက် လေးတွေပေါ့
ငါးမုန့်  တွေလို ပါပဲ
သူ့ကိုလဲ ကောက်ညှင်းဆန် ကနေ လုပ်ရတာပါ
ကောက်ညှင်းဆန် အမှုန့် ကို
ရေ နှင့် ဖျော် ပြီးလုပ်ရတာပါ
ကောက်ညှင်း နှစ်ပြည်ဆို အများကြီး ရတယ်ဗျ
အိုးနှစ်လုံး လိုပါတယ် အောက်က ရိုးရိုးအိုး တစ်လုံး ဒီအိုးပေါ် မှာပေါင်းချောင် အိုး လို့ ခေါ်တဲ့ ဟိုဘက်၊ဒီဘက် အပေါက် ပါတဲ့ အိုးတစ်လုံးကိုတင်ထား ပြီး အပေါ်က အဝတ်စ နှင့်ပိတ်ထားတာပါ ။
FB_IMG_1503686079703.jpg
FB_IMG_1503686060714.jpg
အောက်ဆုံးက အိုးထဲမှာ ရေထည့်ထားပါတယ် ရေဆူတဲ့အခါ
ရေငွေ့ တွေက အပေါ်ကိုတက်လာ ပြီး
ပိတ်ထားတဲ့ အဝတ်စ က ဖေါင်းဖေါင်းလေး ဖြစ်လာပါတယ်
အဲ့ဒီ့အချိန်မှာ
ဇွန်းတစ်ချောင်းနဲ့ ဖျော်ထားတဲ့ မုန့် အရည်ကို ယူ
အဝတ်ခံထားတဲ့ ပေါင်းချောင် အိုးပေါ်မှာ
ဝိုင်းချလိုက်တာ ဗျ ၊ ခဏတော့ထားရတယ်ဗျ မုန့်ကော်တဲ့ ဇွန်းသေးသေး လေး ရှိတယ် အာ့ဒါလေးနဲ့ ထိုးယူ ရလာတဲ့ မုန့်အဝိုင်းလေးကို

FB_IMG_1503686058393.jpg
FB_IMG_1503686020107.jpg
နေပူမှာ ထားရတယ် ခြောက်ပြီ ဆိုမှ သိမ်း တစ်ရက်လောက်ထားပြီးရင်တော့
FB_IMG_1503686026137.jpg
FB_IMG_1503686029068.jpg
FB_IMG_1503686235004.jpg
ဆီပေါက်လို့ ရပြီ
ရလာတဲ့မုန့်အချပ်အပြား တွေကို ဆီထဲ ထည့်လိုက်တာ ကြွတက်လာတာပဲ
ရွရွ လေးတွေ ၊အပြားလဲ ကြီးလာပါတယ်
စားလို့ လဲကောင်းပါတယ်
ဒါကတော့ ယောဒေသမှာ မုန့်လေပွေ လုပ်နည်းလေးပါ
FB_IMG_1503516271699.jpg
ပုံလေးတွေ ကြည့်ပြီ သွားရည်ယို နေပြီ
တပေါင်း၊တန်ခူး လတွေမှာသာ လုပ်ကြပါတယ်
ကျန်တဲ့အချိန်တွေတော့ မရှိပါ

Sort:  

ကျေးဇူးတင် ပါတယ် စာစီ တာ သိပ်အားမရပါဘူး
ဖတ်ရတာ အဆင်ကြရဲ့ လားမသိဘူး
ကြိုးစားပါအုံးမယ်

မုန့်​​လေ​ပေ​တော့ကြိုက်​တယ်​ဗျ

ပေါက်ပေါက်ဆုပ် က အာပေါက်လို့ လား

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63633.54
ETH 3477.74
USDT 1.00
SBD 2.54