ဘယ်လိုယုံကြည်ရမလဲကွယ်What should I believe

in #myanmar7 years ago (edited)

FB_IMG_1505066687650.jpg
Online မှာ ငွေရှာလို့  ရတယ် ဆိုပြီးသိလာတာ MMM GLOBAL ကနေ သိလာတယ်
images(10).jpeg
MMM GLOBAL ကြီးခေတ်စား လိုက်တာ ပြောမနေနဲ့ MMM အကြောင်း facebook ပေါ်မှာ ဒါကို မလုပ်ရင် ခေတ်နောက်ကျနေသလိုပဲ၊ အပြင်က သူငယ်ချင်း တွေပြောနေကြာတာ MMM GLOBAL လုပ်နေတဲ့သူ က ဆရာတစ်ပါး လိုလို ၊ မလုပ်တတ်သေးတဲ့သူက လူနေတဲ့ သူကို ဒီကောင်က MMM GLOBAL မှာ ဘယ်လောက်ထည့်ထားတာ တစ်လ ဘယ်လောက်ရနေတာ ၊ အမ် ဒါဆို ကိုယ်ကပဲ ရှိသမျှ ပုံအောထည့်ရတော့ မလိုလို MMM မလုပ်ခင်က ပိုက်ဆံက ရှိသင့်သလောက်နေပါတယ်။ ပိုက်ဆံလေးက ရှိတော့ လုပ်လိုက်ချင်တာ လုပ်ချင်တာတော့ ဟုတ်ပါပြီ ၊ပိုက်ဆံ ဘယ်လို ထည့်ရမှာလဲ DOLLAR က ဘယ်လို ဝယ်ရမှာလဲ ဘယ်သူ့ ဆီက ဝယ်ရမှာလဲ ၊ ဝယ်ရင် ကိုယ့်ပိုက်ဆံက အရင် သူများ ကို လွှဲပေးရတာတဲ့ အာ့ ဆို DOLLAR ပြန်မလွှဲပေးရင် ဘယ်လို လုပ်မလဲ ဒီလို
မလုပ်တတ်ခင်က ၊ BTC ဆိုတာ ဘာမှန်းမသိဘူး ၊ဘာမှ မသိတဲ့ သူတွေကိုယ်တောင် MMM မှာလုပ်နေတဲ့သူတွေက
အပြင်မှာ ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်ဖို့  အရင်းအနှီး သိန်း ၁၀၀ ၊သိန်း ၅၀ အဲလောက်မှ မရှိရင် လုပ်ဖို့ မလွယ်ပါဘူး။
images(11).jpeg
MMM GLOBAL က dollar $10,$20 ကနေ ကိုယ်ရင်းရင် ၊ရင်းနိုင်သလောက် ပြန်ရပါမယ်၊ တစ်လဆိုရင် ဘယ်လောက် ပြန်ရနိုင်တယ်၊ တစ်နှစ်ဆိုရင် ဘယ်လောက် ပြန်ရပါမယ် စသဖြင့် post တွေတင်ထားတာ တွေ့  gmail တောင် မလုပ်တတ်တဲ့သူတွေ ၊မိန်းမ တွေကပါ လုပ်ချင်လာကြတယ်။
MMM GLOBAL မှာ လုပ်နေပြီး တစ်လပြည့်ပါပြီ ဘယ်လောက်ထုတ်လိုက်ပါပြီ
Thank you Surgey Marvodi.
Long Live MMM GLOBAL.
images(12).jpeg
လုပ်နေကြတာ
ကိုယ့်သူငယ်ချင်းက ပိုက်ဆံတွေ ထုတ်ပြ နေတော့ မနေနိုင် ဘူး အလင်းပြပါအုံး
ဘာညာ မကြာပါဘူး လုပ်လိုက်တယ်။
ပထမ တစ်လ ဟုတ်တုတ်တုတ်
ဒုတိယ မြောက်လ မှာ အိမ်က ပိုက်ဆံမှာပြီးထပ်ထည့်ပစ်တယ်
နောက်တစ်လ ပြည့်ရင် ထုတ်မယ်ပေါ့
သိပ်မကြာလိုက်ပါဘူး System Update လုပ်နေတယ် ဒီနေ့ ပိုက် ထုတ်မရသေးပါဘူး leader ကပြောတယ်
ဘာတတ်နိုင် မလဲ ဆက်စောင့်ရတာပေါ့
ဆက်စောင့် ရင်းနဲ့ပဲ MMM FOUNDER ကြီး SURGEY MARVODI လစ်ပြီလေ
mobile-phone-money-banknotes-us-dollars-163069.jpeg
MMM မှာ တော်တော် ပါသွား ခဲ့ပါတယ်။
ကျွန်တော်လို လိုက်လုပ်ကြတဲ့ သူငယ်ချင်းတွေလဲ minijob ကိုတောင် ကောင်း ကောင်း မလုပ်တတ်ကြသေးဘူး
ပါသွားတာပဲ။ ကံကောင်းတဲ့သူတွေကလဲ ရှိနေသေးတယ် လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ် လိုက်တဲ့သူတွေ ရှိတယ် သူတို့ ကတော့ ကံကောင်းသွားတာ ပေါ့။မှတ်မှတ်ရရ ကျွန်တော် နောက်မှ လိုက်လုပ်တဲ့ သူငယ်ချင်း တစ်ယောက်ကို ထားသေးတယ် မလုပ်နဲ့အုံး စောင့်ကြည့်ပါ သိပ် အဆင်မပြေတော့ဘူး ပြောတယ် အဲ့နေ့  သူမလုပ်ဘူး BTC ဝယ်ထားပြီးပြီ၊မကြာပါဘူး နောက်နေ့ ထည့်လိုက်ပြီးတဲ့
အာ့ဆိုလဲ minijob ပုံမှန်လုပ်ဖို့  ပြောပေးလိုက်တယ်။ နောက် ငါးရင်လောက် ကြာတော့ လာတောင်းတယ် လွှဲပေးလိုက်တယ် သူတော့ တစ်ကြိမ် မှ မထုတ်လိုက်ရဘူး။
ဒီလိုပဲ MMM GLOBAL မြန်မာ ပြည်ကနေ အများကြီး မ သွားတယ်။
တစ်ချို့ ဆိုတော်တော် များများ ပါသွားကြတယ်
ကျွန်တော် လဲ အကြွေးတွေတင်ပြီးကျန်ခဲ့တာပါပဲ
Online မှာ ပိုက်ဆံရှာလို့ တော့ ရတယ် ရှာတတ်ဖို့  လိုတယ်ဆို တာ ကျွန်တော် မသိသေးပါဘူး MMM ပြီးတော့ investment တွေမှာ ဆက်လုပ်ခဲ့ပါသေးတယ်
bitwealth.net
Coince
999
satoshimines
Telegram App သုံးပြီးရှာရတဲ့ ဟာတွေလဲ ပါ ပါသေးတယ်။
Free ဆိုရင်လဲ လုပ်ခဲ့တာပဲ
Slide Joy
Coin Tapper
အခြား free ဆိုဒ် ပေါင်းများစွာမှာ လုပ်ခဲ့ပါတယ်
ကျွန်တော် မလုပ်တာ ဆိုလို့  PTC ဆိုဒ်တွေမှာတော့ ကျွန်တော် မလုပ်ခဲ့ဖူးဘူး။
images.jpg
အခု နောက်ဆုံး လုပ်တာ က Theadsteam ပေါ့ MPA,MPCA,10ADSPAY တို့နဲ့ အတူတူပါပဲ
TAT ကတော့ ဆိုဒ် ကတော့ မပျက်သေးဘူး ပေးနေသေးတယ် ဒါပေမဲ့ အတိုး နှုန်းတွေ က သိသိသာသာ လျော့နည်းသွားတယ် အရင်းပြန်ရဖို့  နှစ် ချီအောင် လုပ်ရတော့ အတိုး ဆိုတော့ကား ဒီတိုင်းထားလိုက်တယ်
TAT မှာ လဲ အမြတ်မရခဲ့ဘူး။

နောက်တစ်ခု 2016 မှာ နာမည်ကြီးခဲ့တဲ့
Coinspace အဲဒါလေးလဲ လုပ်ထားမိတယ် အမှန်တကယ် ကျွန်တော် မလုပ်တော့ ဘူးလို့  ဆုံးဖြတ်ထားတာပါ သူငယ်ချင်း တစ်ယောက်က လုပ်ချင်ပါတယ် စပ်တူ လုပ်ရအောင်ပါ ဆို ပြီးလာပြောတယ် အဲဒါနဲ့ လုပ်ဖြစ်ခဲ့တယ် သုလဲ ထိုနည်းလည်းကောင်းပါပဲ
အခု ထုတ်မရတော့ဘူး
သတင်းတွေကလဲ မကောင်းဘူး
coimspace လစ်ရင် မြန်မာတွေ နောက်ထပ်တစ်ကြိမ် အကြီးမား ဆုံး ၊ ဆုံးရှုံး ရပြန်ပါပြီ၊ coinspace လုပ်ထားတဲ့ သူတွေ အဆင်ပြေမလား ဆိုပြီး မျှော်လင့်နေကြတုန်းပါ ။

ကျွန်တော် တော့ online မှာ ပိုက်ဆံရှာခဲ့တာနဲ့ မတူပါဘူး သူများ လုပ်လို့  လိုက်လုပ်တယ် ကိုယ့်လုပ်မယ့် ဆိုဒ် က အခြေအနေ ဘယ်လိုလဲ ကောင်းနိုင် လား ဘာလား သိဖို့ 
scamadvisor မှာ သွားစစ်ကြည့်တယ်
rate လေး မြင့်နေရင် မဆိုးဘူး ထင်ပြီး လုပ်တယ် ဒီလိုနဲ့ ကုန်ပေါင်း များခဲ့ပါပြီ။

ကျွန်တော် ဘယ်ဆိုဒ် မှာ မှ အမြတ် မထွက်ခဲ့ပါဘူး ။ လက်ထဲ BTC လေး ရှိရင် 999 က ပြေးဆော့လိုက်သေးတာ
နိုင်တာက တစ်ခါ ၊ရှုံးတာက မရေနိုင်ဘူး။

အပေါ်စာတွေ ဖတ် လာတာ ဘာမှလဲ အသိပညာ မရပါဘူး လို့  လဲ
မထင်ပါနဲ့ ဗျာ ဒါတွေက ကျွန်တော် Online လောကမှာ ကြုံတွေ့ ခဲ့ရတာတွေပါ။
အခုတော့ STEEMIT က အရင်းအနှီး မထည့်ရပါပဲ ငွေရှာလို့  ရနေတယ်
ကျွန်တော် အကြိုက်ဆုံးပါပဲ
Promotion အစီအစဉ်က ကျွန်တော်တို့ လို လူတွေ အတ်ာအဆင်ပြေပါတယ်။
Steem က ကျေးဇူးတင်ထိုက်သူအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။
Long Live ESTEEM.
Together We can the world.
Credit:: google image
Author::AungSannLwin

Sort:  

ဘရိုရဲ့ အောက်မှာ ရေသားသူနာမည် တပ်ရအုံးမှာနော်…

ဟုတ် ကျေးဇူးပါ

ရေးထားတာကောင်းပါတယ် post ရဲ့ အောက်မှာရေးသားသူနံမည်လေးထည့်ပေးပါခက်ဗျာ ကိုsheinthu ပြောသလိုပါဘဲ

bro ပြောခဲ့သလိုပါပဲ စိတ်ဝင်စားစရာ အသိပညာရစရာ မပါပေမယ့်။
mm globalဆိုဒ်အကြောင်းအသားပေးရေးသလို ရောက်နေတယ်။ steem ရဲ့လုပ်ဆောင်မှုလေးတခုခု broနှစ်သက်တဲ့ အချက်လေးတခုခု ထည့်ရေးလိုက်ရင် ကောင်းသွားမယ် ထင်ပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63633.54
ETH 3477.74
USDT 1.00
SBD 2.54