တန်ဆေး လွန်ဘေး

in #myanmar6 years ago (edited)

မင်္ဂလာပါ Myanmar Steemit Community အဖွဲ့ ဝင်တို့ ရေ
အစားအသောက်က လူတိုင်းနဲ့ တည့်ပါတယ် လူတွေ စားသောက်ကြတာကလဲ အစုံပါပဲ။လူဆိုတာကလဲ အစုံစားသတ္တဝါဆိုတော့ အမျိုးမျိုးလုပ်စားကြပါသည်။ နယ်မြေသစ် တစ်ခုကို ရောက်ရှိတဲ့အခါ စားသောက်ပုံတွေ ကွာခြားပြီး ကိုယ်မစားဖူးတဲ့ အစားအစာ တွေကို စားဖူးကြမယ်ထင်ပါသည်။ကိုယ်မစားဖူးသေးတဲ့ အစားအစာ ကို စားနေတာမြင်ရင် ဝင်စားချင်စိတ်တွေ ပေါက်လာတတ်ပါသည်။ကိုယ့်ဇာတိ နယ်မြေ မှာ ပေါများပြီး လူတွေအတွက် အသုံးမဝင်ပါဘူးဆိုကာ ခုတ်ထွင် ပစ်လိုက် တဲ့ သစ်ပင်မှ အသီး၊အရွက် တို့ သည် တခြား နယ်မြေဒေသ ရောက်တဲ့ အခါ သူ့ တို့ အတွက် ဟင်းတစ်ခွက်ကောင်း ဖြစ်နေသည်ကို တွေ့ ရ၏။ကျွန်တော်က ယောသားပါ အခုရောက်နေတာ လားရှိုးမှာပေါ့၊ ယောဒေသမှာရှိတဲ့ စွယ်တော်ရွက် ဟာ ယောသူ၊ယောသားတွေ မစားသုံးကြပါဘူး။စားလို့ ရတဲ့ အပင်လို့ လဲ မသိကြဘူးထင်ပါရဲ့  ၊ ဒါမှမဟုတ်စားလို့ ရမှန်းသိပေမယ့် ၊မစားရဲလို့ မစားကြသလားမသိပါ။မကြိုက်လို့ မစားကြတာလဲ ဖြစ်နိုင်ပါ၏။ လားရှိုးရောက်တော့ကိုယ့်အနီးအနားမှာရှိတဲ့ သူတွေ စွယ်တော်ရွက်ကိုပြုတ်၍ သုတ်စားကြတာ တွေ့ ဖူးပါ၏။ စားချင်ပေမယ့် ဝင်မစားရဲပါ။ကိုယ်နဲ့  မတည့်ရင် ဒုက္ခ ဖြစ်မယ် ဆိုတာ လေး တွေးကြောက်မိ ၊ အစားမတော် တလုတ် တဲ့ ၊ ဒါကြောင့် ဝင်မစားခဲ့ပါဘူး။ အဲလို အခွင့်ကြုံတုန်း ဝင်မစားခဲ့တဲ့ အတွက် စွယ်တော်ရွက် သုတ် မစားဖူးသေးပါ။
image
နောက်တစ်ကြိမ် စွယ်တော်ရွက်သုတ် နဲ့  ကြုံဖြစ်ခဲ့ရင် စားဖြစ်အောင် ၊စားဖူးသည်ရှိအောင် ဝင်စားပါအုံးမည်။ပြီးရင်တော့ သူ့ ရဲ့ အာရသာ အကြောင်း ကို Steemit Friends တွေ သိအောင် ပြောပြချင်သေးသည်။ စားဖူးသူများ ရှိပါက သူ့ ရဲ့ အာရသာ လေးကို မျှဝေ ပေးကြပါ။ သွားရည်ကျရတာပေါ့။ဒါကတော့ကိုယ့်ဒေသ မှာ မသုံးမဝင်တဲ့ စွယ်တော်ရွက် ဟာ နေရာဒေသ မတူညီတဲ့ နေရာမှာ စားသုံးလို့ ရနေတာကို တွေ့ တော့ အံ့သြ မိကြောင်း ရေးသားရတာပါ။စွယ်တော်ရွက် ဘယ်နှစ်မျိုး ရှိသလဲ တော့ မသိပါ။နယ်မြေ ဒေသ မတူညီ လို့ စားသောက်ပုံ မတူညီကြတာကို လက်ခံပါ၏။
image
ခွေးလှေးယားသီး စေ့ အလှော် ကို စားဖူးကြမယ်ထင်ပါသည်။ ဟိုအရင် တစ်ပတ်က သူငယ်ချင်းနဲ့  ဆံပင်ညှပ် အပြန်မှာ အားဆေး ဝယ်ဖို့  ဆိုပြီး ဆေးဆိုင် ဝင်လိုက်တယ်၊သူငယ်ချင်း ဆေး ဝယ်မယ်ဆိုလို့ သာ ဆေးဆိုင်ထဲ ရောက် သွားတာ ဘာဝယ်ရမှန်းမသိ ၊ ကောင်တာပေါ်တင်ထားတဲ့ ခွေးလှေးယားသီးစေ့ လှော်ဗူးကို သွားတွေ့ တယ်၊ ခွေးလှေးယားသီးစေ့ စားလို့ ရတယ်ဆိုတာ သိထားတော့ ဆေးဆိုင်က အရောင်း စာရေးမ လေးကို အဲဒီ့ဗူးလေးပြပါလို့ ပြောလိုက်သည်။ဗူးပေါ်က အညွှန်းလေး ဖတ်ကြည့် ပိန်ခြောက်ခြင်း၊ အိပ်မပျော်ခြင်း ၊ ကြိုက်ပြီလေ ကိုယ်ကလဲ ပိန်တယ်ဆိုတော့ ဝချင်တာ၊ အသားအရေ စိုပြေလာလေမလား ပေါ့၊ ဗူးပေါ်မှာရေးထားတဲ့ ဈေးနှုန်းက ၂၀၀၀ တဲ့၊ အဲဒါနဲ့  ၂၀၀၀ ပေးပြီးဝယ်ဖြစ်ခဲ့သည်။
image
ဝယ်ပြီးသည်နဲ့  သိပ်မကြာပါ စ စားကြည့်တာပဲ လှော်ထားတာ ဖြစ်တဲ့အတွက် မာတယ်၊ ခါးသက်သက် အာရသာ ရှိတယ်။နောက်နေ့ မနက်က စပြီး ဆေးအညွှန်းတိုင်း စားသည်။သိပ်ထူးခြားသလို မခံစားရပါ။ည ဘက်တွေ ရောက်တဲ့အခါ စောစောအိပ်မပျော် တော့ ML ဆော့လိုက်၊ Steemit ထဲဝင်လိုက်နဲ့  ခွေးလှေးယားသီးစေ့ ကို စားနေမိတယ်၊ ပဲကြီးလှော် စားရသလိုပါပဲ ၊ ဝါးလို့ ကောင်းတယ်၊ ဆေးညွှန်းအရ မနက် ၅ လုံး၊ ညဘက် ၅ လုံးပါ၊ ပျင်းပျင်းရှိ အဲဒါပဲ ဝါးနေတာ တစ်ရက် ၁၀ စေ့ မက ကုန်တယ်။ ဒါပမဲ့ ဘာမှ ဖြစ်ပါ။ဗူးတဝက်လောက် ကုန်နေပါပြီ၊ ဖြစ်ချင်တော့ မနေ့ က Sunday ရုံးပိတ်ရက် မှာ အဆောင်ကသူငယ်ချင်းတွေပေါင်းပြီး ခြင်းပိုက်ဆင်ဖြစ်ကြသည်။နေ့ လည် ၂ နာရီ ခွဲလောက်ကနေ စလုပ်လိုက်တာ ၄ နာရီလောက်မှ ပြီးသွားခဲ့သည်။

ပိုက်ကျော်ခြင်း ဆင်မှာဖြစ်လို့  တွင်းတူး၊ မြေညှိ ပိုက်တန်း ၊ လိုင်းဆွဲ ၊လုပ်လိုက်တာ တော်တော် ပင်ပန်းသွားပြီ၊ ခြင်းခတ် မယ့်သူတွေ များနေတာ နဲ့  ထွက်လာခဲ့လိုက်တယ်။ ရေချိုး ပြီး ML ဆော့ရင်း ခွေးလှေးယားသီးစေ့ ကို စားနေမိတယ် ၊စားတာ များသွားတယ် ထင်ပါရဲ့ ၁၅ စေ့ လောက်ရှိမယ်၊ သိပ်မကြာခင်မှာပဲ မူးနှောက် လာတယ်၊နှလုံးခုန်တာ မမှန်သလိုပဲဗျာ ဒုတ်ဒုတ် နဲ့  နေရတာ ခက်လာတယ် ၊ အဲဒါနဲ့ အိပ်ယာပေါ်မှာ မှေးနေလိုက်တယ်။မရပါ ဗိုက်ထဲမှာ အစာမရှိလို့ လား မသိဘူး လို့  တွေးမိတာနဲ့  ထမင်းသွားစား၊ပြန်လာတော့လဲ အဆင်မပြေသေးပါ။ ထမင်း အနည်းငယ်သာ စားလို့ ရခဲ့ပါသည်။အိပ်ယာပေါ် ပြန်ရောက်တာနဲ့  အသာလေး မှေးနေလိုက်မှ အိပ်ပျော်သွားခဲ့တယ်၊အိပ်ယာနိုးမှ အမူးပြေ ပြီးသက်သာသွားခဲ့ပါသည်။
image
အညွှန်းအတိုင်းမစားခဲ့လို့  ဖြစ်ရပါသည်။အမူးပြေသွားပြီး နောက်မစားတော့ဘူး လို့  ဆုံးဖြတ်ကာ ကျန်နေတဲ့ ခွေးယားစေ့ဗူးကို အမှိုက်ခြင်းထဲ ထည့်ထားလိုက်ပါတော့သည်။ သူငယ်ချင်းတို့  ခွေးလှေးယားစေ့ကို စားမည်ဆိုပါက အညွှန်းထက် ပိုမစားကြပါနဲ့ လို့  အသိပေးလိုက်ပါရစေ။ခွေးလှေးယားစေ့လှော်သည် ပဲကြီးလှော်ကဲ့သို့  ဝါးလို့ ကောင်း၏ ပျင်းတိုင်း ဝါးချင်စိတ်ဖြစ်စေပါသည်။အညွှန်းထက် ကျော်၍ စားပါက နှလုံးခုန် မြန်စေ၏။မူးဝေပြီး အနေခက်လှပါသည်။ခွေးလှေးယားစေ့ လှော်ကို အညွှန်းထက် ပိုစားလျှင် မကောင်းကြောင်း ကိုယ်တွေ့ လေး ကို မျှဝေလိုက်ပါသည်။
အားလုံး ကျန်းမာ ၊ ချမ်းသာကြပါစေ။
Author>>>@aungsanlwin
Photo credit ; facebook
MC-017

Sort:  

အခုလို မသိတာကို ရှင်းပြ​ပေးတဲ့အတွက်​​ကျေးဇူးပါ ​ခွေးလျားသီး​စေ့မစားဖူးပင်​မဲ့ အကို့post ​ကြောင့်​စားချင်​စိတ်​​လေးဖြစ်​သွားမိပါတယ်

ရပါတယ် ဗျာ ကိုယ်ကလဲ ကိုယ်ဖြစ်ခဲ့တာလေးကို ပြနလည်မျှဝေပေးတာပါ။ ကျေးဇူးပါ

ခွေးလှေးယားသီးက စားလို့တော့ကောင်းပါတယ်bro ဒါပေမဲ့၂့ စေ့လောက်ထက်ပိုမစားရပါ သွေးအားနည်းပြီး မူးဝေတတ်ပါတယ်ခင်ဗျ

စားကောင်းတာနဲ့  စားတာ ညီရေ များသွားတယ်

နောက်​ဆို​သတိထားပါ​ဗျာ .. ဘာမဆို တန်​​ဆေး လွန်​​ဘေးဆိုတာ ကိုယ်​​တွေ့နဲ့ သက်​​သေပြလိုက်​တာ​ပေါ့ .. ​​ကောင်းပါတယ်​ ညီကို​ရေ .. အား​ပေးလျှက်​ပါဗျ ..

ဟုတ်ကဲ့ နောက်ဆိုရင်တော့ စားကောင်းတိုင်း မစားရဲတော့ဘူးဗျို့  တန်ဆေး လွန်ဘေးဆိုတာ အလကား မဟုတ်ဆိုတာ သိသွားတယ်

တော်သေးတာပေါ့ဗျာ ဘာမှဆိုးဆိုးရွားရွားမဖြစ်လို့။
တန်ဆေးလွန်ဘေးပါ။သတိပြုဆင်ခြင်သင့်ပါတယ်။

ဟုတ်တယ် bro နောက်ဆို ဆေးစားရင် အညွှန်းတိုင်းပဲ စားတော့မယ်

ကျေးဇူး

ကျေးဇူးပါ Bro ရေ တကယ့်ကိုယ်တွေ့ လေးပါ။

၃စေ့ထက်ပိုစားရင် မူးတယ်ပြောတယ် တန်ဆေးလွန်လွန်ဘေးပေါ့

ဟုတ်တယ် အစ်မ ရေ အညွှန်းထက် ပိုစားလိုက်တာ နှလုံးခုန် နှုန်းက ကြောက်ဖို့ ကောင်းတယ်။ဒုတ်ဒုတ်နဲ့  မူးက လဲ မူးဆိုတော့ တော်တော် ခံစားလိုက်ရတယ်။

စားရတယ်​ဆိုတာ အခုမှသိ​တော့တယ်​​ကျေးဇူးပါဗျို့

စားလို့ တော့ ရတယ် စားမယ်ဆိုရင် အညွှန်းအတိုင်းစားပါ။

ပြင်ဦးလွင်သွားတုန်းကတော့ အဲ့ဒါတွေရောင်းနေတာ တွေ့တယ် ဒါပေမဲ့ နာမည်နဲ့တင် မစားရဲဘူးလေ ခွေးလျားသီး ဆိုတော့ ယားမှာပဲ ဆိုပြီး မစားရဲတာ

ယားပါဘူး ဘုရား မူးတာပါ ။

ယောက်ကျားလေးတွေအတွက်ပိုကောင်းတာနော်။ဟိဟိ။အစ်ကိုအောင်ဆန်းလွင်ရေကျနော်တောင်စားမလို့လုပ်နေတာ။မစားတော့ဘူးဗျာ။ဒီမှာ1800တဲ့။

စားလို့ တော့ ကောင်းတယ်၊ အမှန်ပြောရရင် ဝါးလို့ ကောင်းတာပေါ့။ အများကြီးတော့ မစားနဲ့ နော် တကယ် အနေရ ခက်တယ်

နာလည်းဖြစ်ဖူးတယ် အဲ့အစေ့လှော် ကိုစားကောင်းကောင်းနဲ့
အများကြီး ထိုင်စားပလိုက်တာ မူးပြီးတောက်တယ်
ဆွယ်တော် ပင် အမျိုးပေါင်း အများကြီးရှိပါတယ်
သုပ်တော့ မစားဖူးသေးပါ

စွယ်တော်ရွက်သုတ် နည်းလေး ပို့ စ်တင်ပေးပါ အစ်မရေ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51