ကျွန်တော် နှင့် အလုပ်ကျွမ်းကျင်သူများsteemCreated with Sketch.

in #myanmar6 years ago

image
Myanmar Steemit Community အဖွဲ့ သား
များအားလုံးမင်္ဂလာပါ-
ကျွန်တော် ဒီနေ့  ကြုံတွေ့ ခဲ့ရတာလေးကို မျှဝေ
ချင်ပါတယ် ၊ မနက် (၉) နာရီ မှာ ရုံးတက်ရုံးရောက်တော့ မန်နေဂျာ က ဒီနေ့  ဆိုဒ်ကအလုပ်သမားတွေ ရတယ်၊ ကတ္တရာအသားတွေကို တစ်နေရာ တည်းမှာပဲ စုထားချင်တယ် ၊ အလုပ်သမားတွေကို ကတ္တရာစုမယ့် နေရာ သွားပြပေးဖို့ ခိုင်းပါတယ်၊ကျွန်တော်က စဉ်းစားတယ် ဘယ်ဆိုဒ်က အလုပ်သမားတွေ ဖြစ်မလဲ ပေါ့။မန်နေဂျာကိုတော့ မမေးဖြစ်ခဲ့ပါ။ကတ္တရာအသားတွေ ထားတဲ့ နေရာရောက်ပါပြီသူ တို့ ရွေ့ နေကြပြီ၊ကလေး တစ်ယောက်၊ကျွန်တော်နှင့် အရွယ်တူ လောက်ဖြစ်မယ့် နှစ်ယောက် နှင့် အသက်ကြီးပိုင်း တစ်ယောက်၊အားလုံး (၄) ယောက် အလုပ်စနေပြီ။ကတ္တရာ အသား အလုံး ၂၁၃ လုံးရှိပါတယ်၊၂၁၃ လုံးက စာရင်းရှိပါ ၊ အပြင်မှာတော့
ပေါက်ထွက်နေတဲ့ ကတ္တရာ အလုံးတွေက တော်တော် များများ ရှိနေပါသည်။ ကတ္တရာထားတဲ့ ကွင်းပြင်ထဲ မှာ နေရာ (၇) ရာလောက် ခွဲပြီး ရှိနေတာ အရင်ကတော့ ကွင်းအပြည့် အလုံး ( ၁၀၀၀) ကျော်ရှိတာအခုကျန်နေတာတွေ က အပေါက်တွေ များလို့  ယူမသုံးပဲ ကျန်နေတာပါ။ ဒီအပေါက်တွေကို တစ်နေရာတည်း စုထားဖို့  ပုံမှန် အလုပ်သမားတွေ ရှိပါသည်။
image
ဒီပုံမှန်အလုပ်လုပ်တဲ့ အလုပ်သမား တွေ ၅ ယောက်ရှိပါတယ်၊ သူတို့ က ရာဘာခြံ မှာလဲ လုပ်တယ်ရုံးမှာ ရုံးသုံးပစ္စည်း၊ဘိလပ်မြေ၊ကတ္တရာ အတင်အချ ဆိုရင် သူတို့ ပဲ လုပ်နေကြပါ။ခြံမှာ အလုပ်ကလဲ လကုန်ရင် ပိုက်ဆံရ၊ရုံးမှာ အလုပ်ရှိရင် ကတ္တရာတစ်လုံး (၃၀၀) ၊ဘိလပ်မြေတစ်အိတ် (၁၅၀) သူတို့  လကုန်ရင် ထွက်ခြေကိုက် တယ် သူတို့ အတွက် အဆင်ပြေပါသည်။
သူတို့  က ကတ္တရာ တင်ရင် ပေါက်ထွက်နေတဲ့ကတ္တရာ တွေ မတင်ဘူး ၊ ကောင်းတဲ့ ကတ္တရာတွေ ကိုသာ တင်တယ်၊မြေပြင်မှာ တဲ့ ကျန်တဲ့ ကတ္တရာတွေက အပြည့် မရှိတော့ပဲ၊တစ်ဝက်
လောက်သာ ကျန်တော့တယ်၊ ကျွန်တော်သိလိုက်တာက နောက်တစ်ခါ ကတ္တရာ လာထုတ်ရင် အပေါက်တွေပါ ရောပေးရမယ် ၊အရင်တုန်းကတော့ သူတို့ ကို လွှဲထားပါသည်။ ၊ဒီနေ့  ကတ္တရာ အလုံး (၂၀) တင်မယ်JE ဘယ်သူ ဆိုတာ ကို ဖုန်းထားလိုက်တယ်၊သူတို့ တင်ပြီးသွားရင် ပိုက်ဆံ လာထုတ်၊ဒါဆိုရင် အလုပ်ကပြီးသွားပြီ။ ဒီလိုပဲ အလုပ်လုပ်လာတာဆိုတော့ ကတ္တရာကွင်းထဲ မရောက်ဖြစ်ဘူး။ သူတို့ က ပေါက်ထွက်နေတဲ့ ကတ္တရာပုံးကိုတွေ့  ရင် မကိုင်တော့ဘူး။ ကတ္တရာ ပုံး တင်တဲ့ အလုပ်ကလဲ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ကတ္တရာပုံး ရွေ့ ဖို့ ဆိုတာ တော်တော်အားစိုက်ထုတ်မှ တစ်နေ ရာကနေတစ်နေရာကို ရွေ့ တာပါ။ ပေါက်ထွက်ပြီးကပ်နေရင်တော့ ဘယ်သူမှ မလုပ်ချင်လောက်အောင်ပါပဲ၊ တင်ချက တော့ တစ်လုံး ( ၃၀၀) မှတ်သတ် ပေးထားပါသည်။ကျွန်တော်ကတော့သူတို့ ကို သိပ်အကြိုက်မတွေ့ ဘူးပေါ့။အခုဆိုရင် ကတ္တရာအသား အပြည့်မရှိတဲ့
အလုံးရေဟာ (၁၀ ) လုံးကျော် ရှိနေပါသည်။အဖြေရှာရ ရင် လိုက်မကြည့်နိုင်တဲ့ အမှား ပေါ့။အတင်၊အချ ပြုလုပ်တိုင်း လိုက်ကြည့်မယ်ဆိုရင်ဒီလို အပေါက်အပြဲ တွေ သိပ်တွေ့ ရမှာ မဟုတ်ဘူး ၊အလေအလွင့် သိပ်မဖြစ်ဘူး၊ ဖြစ်တော့ ဖြစ်မယ် အနည်းအကျဉ်းသာ ဖြစ်နိုင်ပါသည်။ဒါတွေ ထားလိုက်ပါတော့ ကျွန်တော် အဓိက ပြောချင်တာက လမ်းဆိုဒ်ကနေ လာပြီး အလုပ်လုပ်သွားတဲ့ ( ၄) ယောက် ဘယ်လို လုပ်သွားတယ်ဆိုတာပါ ၊ အလုပ်ပေါ် စေတနာထားတယ်၊ အလုပ်တာဝန် ကျေပွန်အောင် လုပ်နိုင်တယ် ၊ သူတို့ ကို အရမ်းလေးစားနေမိတယ်။ကတ္တရာ အပေါက် ကနေထွက်နေတဲ့ ကတ္တရာ အရည်တွေဟာ နဘေးနားမှာရှိတဲ့ ကတ္တရာ တွေကို ပူးတွဲ ကပ်ကုန်တယ်၊ ဆယ်လုံး ရှိရင် အဲဒီ့ ဆယ်လုံး ဟာထွက်ကျနေတဲ့ ကတ္တရာ တွေထဲမှာ နှစ်မြုတ် နေပါသည်။တစ်ချို့ နေရာ တွေမှာ သုံးလက္မ လောက် ထုရှိသည်။ ဒါကို ခွါထုတ်ဖို့  က ပေါက်ချွန်း ၊ပေါက်ပြား၊သံထိုင် နှင့် သံပိုက် အရှည်တွေနဲ့  ခွါထုတ်မှ အဆင်ပြေတာပါ။ သူတို့ ကတော့ အဆင်မပြေ ဘူး ၊မရနိုင်လောက်ဘူးဆိုတာ မပြောပါ၊ ရအောင် လုပ်သွားကြပါသည်။ ကလေး လေး တစ်ယောက် က ( ၁၂ ) နှစ်လောက်ပဲ ရှိမယ်မြေပြင်မှာ ကပ်နေတဲ့ ကတ္တရာ တွေကို သူခွါနေတာ၊ သူ့ အနားသွားပြီး ခဏတာ စကားမပြောပဲ ကြည့်နေမိတယ်၊ သူ့ လုပ်နေတာအဆင်မပြေ တဲ့အတွက် ပေါက်ပြား တစ်လက်ကောက်ကိုင် လိုက်တယ်၊ မြေပြင်မှာ ကပ်နေတဲ့ကတ္တရာ အနားသတ်က စခွါ လိုက်တော့ အလွှားလိုက်ကြီး လိပ်လို့  ရတယ်၊ ကျွန်တော် လုပ်နေတာ ကြည့်ပြီး သူသိသွားတယ်၊ သူလဲအဆင်ပြေပြေနဲ့  လုပ်နိုင်သွားတယ်။ ကျွန်တော်စကားပြော ကြည့်တယ် မင်း ကျောင်းမနေဘူးလား လို့ မေးကြည့်တော့ ကျွန်တော် ၄ တန်း
နှင့် ကျောင်းထွက် ခဲ့တာ ၊ တဲ့ ဒါဖြင့် မင်း၎ တန်း မအောင်ဘူးလား ဆိုတော့ ၊ ၄ တန်း အောင်ပြီးမှ ကျောင်းထွက်ခဲ့တာပါတဲ့။ဆက်ပြီး ကျောင်းဆက်တက်ဖို့ မင်းတို့ အိမ်က အဆင်ပြေဘူး လား ၊ဟုတ်တယ်အစ်ကို အဆင်မပြေဘူး ကျောင်းကို ဆက်တက် ချင်တယ်ဗျ၊ ဒါပေမဲ့ အဆင်မပြေပါဘူး၊ ဒါဖြင့်လည်း အားမငယ်ပါနဲ့ ကွာ အလုပ်ကျိုး စား လုပ်ရင် ၊သူဌေး ကြီုးဖြစ်နိုင်ပါတယ်ကွာ ၊ မင်းအသက် က ငယ်ငယ်
လေး ပဲ ရှိသေး တာပဲ လက်မှု ပညာ တွေ လဲ သင်လို့  ရနေသေးတာပဲ ၊ အားမငယ်ဖို့  ပြောပေးခဲ့ပါသည်။ ကျွန်တော် ဈေးဆိုင်ဘက်သို့  ထွက်လာ ခဲ့တယ် ဈေးဆိုင်မှာ အချိုရည် တစ်ဗူး နှင့် ကွမ်း (၅၀၀) ဖိုး ဝယ် ယူခဲ့ပြီး၊သူတို့ ကို ပေးခဲ့တယ်၊ အရည်ဗူးက ကလေး အတွက်ပါ။
image
အခြား အလုပ်သမား တွေနဲ့ ယှဉ်ရင် အကောင်းဆုံး အလုပ်သမား တွေပါပဲ။ ကတ္တရာက နေပူရင် လုပ်မရတော့ ဘူး၊ မနက်စောစောနေမပူခင် လုပ်မှသာ အဆင်ပြေမယ် စသဖြင့်
အလုပ်သမား တွေဆီ က ကြားနေကြ စကားလုံးတွေ ၊ ဒါပေမဲ့ ဒီအလုပ်သမားတွေ ဆီ က ဘာအသံမှ မကြားရပါ။ မရ ရင် ရအောင်ခွါတယ် စုထားမယ့်နေရာ ဆီ ရောက်အောင် လှိမ့် သွားတယ်။ နေပူလို့  အရည်ပျော်လာပြီ ခွါမရ တော့ ဘူး လို့ ကျွန်တော်ထင်ခဲ့တယ် အနိမ့်ပိုင်းရောက်နေတဲ့ ကတ္တရာ ဟာ 3" လောက် မြုတ် နေလဲ သူတို့ မရနိုင်ဘူး ဆိုတာ လုံးဝ မပြော အဆင်ပြေသလိုလုပ်သွားတယ် မရဘူးဆိုတာ မရှိ သလို ပဲ။ကျွန်တော် သိလိုက်တယ် သူတို့  လမ်းဆိုဒ်ကလူတွေ ကတ္တရာ ကိုင်တဲ့ နေရာမှာ ကျွမ်းကျင်လိမ်မာ ပြီး ဆရာ ကျတဲ့ သူတွေပါပဲ။ဒါကြောင့်လဲ ကတ္တရာ ကိုင် တဲ့နေရာမှာ အခြား အလုပ်သမား တွေ သူတို့ နှင့် ယှဉ်ဖို့  မဖြစ်နိုင်ဘူး၊ အခြား သူတွေ ခေါ်ခိုင်းရင်လဲသူတို့ လက်ရာ ကို မမှီ နိုင်ဘူးလို့ ထင်ပါသည်။
သူတို့ လုပ်သွားတာတွေကို လိုက်ကြည့်ရင်းအကျွမ်းကျင်ဆုံး နှင့် တာဝန် ကျေပွန်စွာ လုပ်ဆောင် သွားနိုင်သူများ ဖြစ်ကြပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။
Author Aung San Lwin
Photo by Aung San Lwin

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85