ဆေးလိပ်

in #myanmar8 years ago

Senior-male-smoking-cigarette-on-black-background.jpg

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး
ကိုဆိုးရွားစွာထိခိုက်စေပါသည်။ဆိုတာကို
သိပါလျှက် ဖြတ်၍မရ၊ငယ်ငယ်က အတတ်
ကောင်းတတ်လေတော့ ၊ အခုချိန် မကောင်း
မှန်းသိပါလျက် ၊မဖြတ်နိုင် ၊
Are you smoking less?
Yes, I'm cutting down.
ဖြတ်မရပေမဲ့ ဆေးလိပ်လျှော့သောက်နေတာလား
ဟုတ်ပါတယ် ကျွန်တော်လျှော့သောက်နေပါတယ်။
ဆေးလိပ်ဘယ်အချိန်က စသောက်တတ်ခဲ့လဲ?
ဘာကြောင့် ဆေးလိပ်ကြိုက်နှစ်သက်
ခဲ့ရတာလဲ?
ဒီမေးခွန်းတွေ ပြန်ဖြေဖို့ က တက္ကသိုလ်
ကျောင်းတက်ချိန်ကို ပြန်ပြောင်းပြော
ပြချင်ပါသည်။ တက္ကသိုလ် ရောက်ပြီ
ဆိုရင် အတတ်ကောင်းတစ်ခုတော့
တတ်လာကြတာ ပါပဲ။ကျွန်တော်ကတော့
ဆေးလိပ်စသောက်ခါစ ကအချိန် ကို
တွေးကြည့်လိုက်ရင် မြစ်ခြေက အစ်ကို
တစ်ယောက်ကို သတိရ မိပါတယ်။
တက္ကသိုလ် ဒုတိယ နှစ်မှာ မြစ်ခြေ က
အစ်ကို တစ်ယောက်နှင့်အဆောင်အတူ
နေ ခဲ့ပါတယ်။ ထမင်းစားလဲ အတူပေါ့
ထမင်းစားပြီးရင် အနီးအနား ဈေးဆိုင်
ကို အတူတူသွားဖြစ်ကြတယ်။သူက
ဆေးလိပ် ၂၀၀ ဖိုး ဝယ်သောက်တယ်။
ကျွန်တော့်ကိုပါ တစ်လိပ် ပေးသောက်
တယ်။ပထမ မသောက်တတ်ပေမဲ့၊
နောက်ရက်တွေမှာ ပိုမိုတိုးတက်လာတယ်
လို့ ပြောရမယ်၊ နှာခေါင်းထဲကနေ ဆေး
လိပ်ငွေ့ ထွက်လာအောင် သောက်တတ်
လာခဲ့ပါသည်။ဆေးလိပ်တစ်လိပ် သောက်
ပြီးရင်တော့ စာမလုပ်နိုင်တော့ပါ။ ထုံထိုင်း
မှိုင်းပြီး ကောင်းကောင်း ကြီး အိပ်ပျော်
သွားပါသည်။
နယ်က လာတက်တာဆိုတော့ မိဘတွေ
နဲ့ ဝေး၊ ကိုယ်ဘာလုပ်လုပ် မိဘတွေ မသိ၊လုပ်ချင်တာ ကိုယ် လုပ်ကြတာပေါ့လေ။
နောက်ပိုင်း တွေမှာ ဆေးလိပ်ဝယ်ရင် ဗူး အလိုက်သာဝယ်ပါတော့တယ်။
၂၀၀ ဖိုး မဟုတ်တော့ပါ။
ကျွမ်းကျင်အဆင့်ကို ရောက်ခဲ့ပါပြီ။
476164549.jpg

  မကောင်းတဲ့ အတတ်ပညာဆိုရင် နှစ်ခါ

မသင်ပေးရဘူးဆိုတာ ဟုတ်ပါတယ်။ဆေးလိပ်
သောက်တတ်ဖို့ က သိပ်ခက်ခဲတဲ့ အရာ မဟုတ်
ပါဘူး။စသောက်ခါစ အချိန် ဆို မူးမိုက်
သွားစေပါတယ်။ချက်ချင်းတောင် အိပ်ပျော်
သွားခဲ့ရပါတယ်။အဲဒီခေတ်တုန်းကvegas ဆေး
လိပ်ပေါ့၊ ပြင်းလဲပြင်း၊ တစ်လိပ်သောက် ဆို
တစ်လိပ် သိသိသာသာ ထိပါတယ်။
အများမကြိုက်တဲ့ ဆေးလိပ်သောက်ခြင်း
လူတော၊သူတော ထဲမှာ ဆေးလိပ်သောက်
ဖို့ မသင့်၊ဆေးလိပ် သောက်တတ်တဲ့
သားသမီး ကို ဘယ်မိဘ မှ မကြိုက်နှစ်
သက်ပါ။ဆေးလိပ်သောက်တတ်ဖို့  လွယ်
သလောက် ဖြတ်ဖို့ အရမ်းခက် ခဲပါတယ်။
ငါက ဖြတ်နိုင်ပါတယ်ကွ၊ ပျင်းနေလို့ 
သောက် သောက်နေတာ စသဖြင့် ပြော
တတ်ကြပါတယ်။ ဒါပေမဲ့ တကယ် ဖြတ်
ဖို့  စိတ်ကူး မရှိကြပါဘူး။ဒီလိုနဲ့  အသက်
တွေကြီးလာလဲ ဆေးလိပ်နေမြဲပါပဲ။
ဒီလိုလူတွေလဲ အများကြီးရှိပါတယ်။
ကျွန်တော်လဲ ဆေးလိပ်သောက်တာ
မကောင်းမှန်းသိပေမဲ့၊ ငယ်ငယ်က အကျင့်
တစ်ခု လုပ်ခဲ့မိတဲ့အတွက် အခုထိ ဒီအကျင့်
လေး ပြင်ဖို့  ကြိုးစားနေရတုန်းပါပဲ။ဖြတ်ချင်
တယ် တွေ့ ရင် သောက်လိုက်မိပြန်တယ်။
ဒီလိုနဲ့  မဖြတ်နိုင်သေးပါဘူး။ လက်ဖက်ရည်
ဆိုင်ထိုင်ရင် ဆေးလိပ်လေးပါမှ မပါရင်
လက်ဖက်ရည်သောက်ရတာ ၊ တစ်ခုခု
လိုနေသလိုပဲ။ ဆေးလိပ်လေး ပါမှ လက်ဖက်
ရည် သောက်လိုက်၊ ဆေးလိပ်လေး သောက်
လိုက် နဲ့  ဒီလိုမှ လက်ဖက်ည်တစ်ခွက်က
အရသာ ပိုရှိလာသလိုလို ခံစားရတယ်။
ဒီအကျင့်က လဲ မကောင်းပါ။
ကျွန်တော့်မှာ အကျင့်ကောင်းတစ်ခု
တော့ရှိပါတယ်၊ဆေးလိပ်သောက်ရင် လူအများ
ရှေ့ မှာ လုံးဝ မသောက်ပါ၊ သူငယ်ချင်းက
လွဲရင်ပေါ့၊သူငယ်ချင်းတွေနဲ့ ဆိုရင် ဘယ်နေ
ရာမဆို သောက်ပါတယ်။ရုံးတက်ချိန်မှ
ဘယ်တော့မှ ဆေးလိပ် မသောက်ပါ၊ရုံးကို
လဲ ဆေးလိပ် ယူမသွားပါဘူး။ ယူသွားမိရင်
သောက်ဖြစ်မှာ အမှန်ပဲ၊ လုံးဝ ယူမသွား
မိအောင် လုပ်ပါတယ်၊ မနက်စာ စားတယ်
ပြီးရင် တစ်လိပ်လောက် သောက်လိုက်တယ်။
ပြီးမှ ရုံးတက် ဖြစ်ပါတယ်။
မကောင်းမှန်းသိပေမဲ့ ဖြတ်မရသေးတဲ့ အခါမှာတော့ တတ်နိုင်သလောက် လျှော့
သောက် ဖြစ်အောင် လုပ်တတ်ရတာပေါ့နော်။
လုံးဝ မသောက်ပဲနေနိုင်သွားရင်တော့ အကောင်း
ဆုံးပါပဲ။
FB_IMG_1517728473714.jpg

      ဆေးလိပ်သောက်တတ်တဲ့အမျိုးပေမို့ 

ဆေးလိပ်ကြိုက်ရလေသလား မှတ်ရတယ်။
အဖေ နှင့် အဒေါ် သုံးယောက်လုံးက ဆေး
လိပ်အကြိုက်သောက်၊ ရွာမှာဆိုတော့
ပြောင်းဖူးဖက် ဆေးလိပ် တွေ သောက်ကြတယ်။သူ့ ရဲ့ အရသာက နဲနဲချို
နေသလို ၊ ပြောင်းဖူးဖက် ဆေးလိပ်မှာ
ပါတာကတော့ ပြောင်းဖူးဖက်၊ဆေးရိုး
ဆေးရွက်တွေပါပဲ။ဆေးရိုးက တောထဲ
မှာ သဘာဝ ပေါက်ပင် ဆေးရိုးသား လို့ 
ခေါ်တဲ့ အပင် လက်မောင်းလုံးလောက်ရှိတဲ့
အရွယ်လောက်ကို ခုတ် ၊ရလာတဲ့ ဆေးရိုးသား
ကို ဓါးတစ်ချောင်းနဲ့  အဝိုင်းလေးတွေရအောင်
ပါးပါးစီ ခုတ်စင်းရပါတယ်။ပြီးရင်တော့
"မောင်း"ခွက်ထဲထည့်ပြီး မောင်းထေါင်းရပါ
တယ်။မောင်းထေါင်းလို့ ရလာတဲ့ အမှုန့် 
ကို နေပူမှာ ခြောက်သွေ့ အောင် နေလှမ်း
ထားပေးရပါတယ်။ ခြောက်သွားပြီးဆိုရင်
တော့ ဆေးရိုး အဖြစ်အသုံးပြုလို့ ရပါပြီ။
ပြောင်းဖူးဖက် အကြောင်းဆက်ပြော
ပြပါဦးမယ်။ပြောင်းဖူးဖက် ရဖို့ အတွက်
အဖူးလှတဲ့ ပြောင်းဖူးတွေ ကို မချိုး ပဲ၊
ခူးမစားပဲ အပင်မှာပဲ အခြောက်ခံထားပြီး၊
နောက်နှစ်မှာ စိုက်ဖို့ အတွက်မျိုးစား အဖြစ်
ထားရှိကာ ပြောင်းဖူးဖက် ကိုတော့ ၊ဆေးလိပ်
လိပ်သောက်ဖို့ အတွက် အသုံးပြုကြပါတယ်။
ပြောင်းဖူးဖက်ရဖို့  ပြောင်းဖူးရဲ့ ခေါင်းဖက်
မှာ တစ်လက်မ လောက်ချန် ၊ ထက်လှစွာ
သေားဓါးတစ်ချောင်းနဲ့  ပတ်ချာလှည့် လှီးပြီး
ဖင်ကနေ ဆွဲထုတ်လိုက်ရင် ဆေးလိပ်သောက်
ဖို့ အတွက် "ပြောင်းဖူးဖက်" ရပါပြီ။
FB_IMG_1517728481244.jpg

   ဆေးရွက်ကြီးကိုတော့ ဈေးဆိုင်မှာ ဝယ်

လို့ ရပါတယ်။ ဒါဆို ကျွန်တော်တို့  "ယော"
ဘက်မှာ ပြောင်းဖူးဖက်နှင့် ပြုလုပ်ထားတဲ့ ဆေး
လိပ်များကို သာ သောက်တာများကြောင်း
နှင့် ကျွန်တော့်အဒေါ် ရဲ့ အကြိုက် ပြောင်း
ဖူးဘက် ဆေးလိပ်ကို မြင်ဖူးအောင်
ပုံ တင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ပြောင်းဖူး
ဖက်နဲ့  ဆေးလိပ်သောက်ခြင်းကို အခုခေတ်
လူငယ်တွေ မသောက်ကြပါဘူး။ ကြာလာ
ရင် ပြောင်းဖူးဖက် ဆေးလိပ်တွေလဲ ရှားပါး
လာပါလို့ ထင်မိပါတယ်။
FB_IMG_1517728477590.jpg

ဘာပဲဖြစ်ဖြစ်ပါ ဆေးလိပ်သောက်တာ ကတော့
လုံးဝ မကောင်းပါ။ ဒါကြောင့် ကျွန်တော်လို့ 
မစမိကြစေဖို့  ၊ စမိခဲ့လို့ ဖြတ်မရခဲ့ရင် နောင်တ
တွေ ရနေပါလိမ့်မယ်။အခုကတည်းက
မကောင်းတဲ့အရာကို အစ မလုပ်ပါနဲ့ လို့ တိုက်
တွန်းလို ပါသည်။
ဟိုရောက် ဒီရောက်နဲ့ ရေးလာလိုက်တာ
ဒီမှာတင်အဆုံးသတ်လိုက်ပါ၏။
Author>>@aungsanlwin
photos credit;google image & facebook
MSC-017

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.087
BTC 60398.71
ETH 1618.30
USDT 1.00
SBD 0.41