အခုလက်ရှိ ဝန်ထမ်းဘဝ စပ်မိစပ်ရာ

in #myanmar7 years ago

လူရယ်လို စဖြစ်လာပြီ ဆိုရင် အသက်အရွယ်
နဲ့  တူညီတဲ့ အလုပ်တစ်ခုကိုတော့ လုပ်ကြ
ရတာတယ်။ရုံးအလုပ်ဆိုရင် ရုံးအလုပ်ပေါ့၊
အလုပ်ပေါပေမယ့် ရတဲ့လခ အနည်းအများ
တော့ရှိပါတယ်။ကိုယ်နိုင်ရင် ဝင်လုပ်၊တစ်ချို့ 
အစိုးရအလုပ်ပေါ့။
waving_children_small_dsc_0432.jpg

မူလတန်းပြီးတော့ အလယ်တန်း၊အထက်တန်းစသဖြင့် မိဘတွေ က ပညာ
တတ်ကြီးဖြစ်စေချင်တော့ စာတွေ ကြိုးစား
စာမေးပွဲတွေ ဖြေ တစ်နှစ် တစ်တန်း တက်
လာလိုက်တာ ဘဝ စာမေးပွဲ လို့ ပြောလို့ 
ရတဲ့ ဆယ်တန်းကို လဲ အောင်မြင်ခဲ့တယ်။
တစ်ရွာတည်းနေ သူငယ်ချင်းတွေကတော့
ရွာမှာပဲနေပြီး ဖရိုးဖလာ တောင်သူအလုပ်
လုပ်နေကြတယ်။ဒါပေမဲ့ သူတို့ တွေလဲ
အတန်းပညာကို ဆက်လက် မသင်ကြားခဲ့ပေမယ့် မိန်းမ ရသူတွေက မိန်း
မနှင့် ကလေးတွေရ ပျော်စရာမိသားစု ဘဝ
လေးနှင့် အလုပ်အကိုင် လေးတွေကလဲ အဆင်
ပြေနေတယ်လို့  ကြားရ၊မြင်ရ တော့ သူတို့ 
ကိုပြန်အားကျမိပြန်တယ်။တစ်ချို့ သူငယ်
ချင်းတွေဆို ကိုယ်ပိုင်ကားတွေ ၊ကိုယ်ပိုင် အိမ်
တွေနဲ့  အဆင်ပြေနေကြတယ်။
ကျွန်တော်ကတော့ ဆယ်တန်းအောင် လို့ 
တက္ကသိုလ် တက်ဘွဲ့ ရစေအထိ အိမ်က ပိုက်
ဆံတောင်းပြီး ကျောင်းတက်ခဲ့ရတယ်။ကျောင်းပြီးသွားလို့  ထမင်းစား လက်မှတ်လေး ရ၊
ဘွဲ့ လက်မှတ်လေးကိုင် အလုပ်ရှာ၊အစိုး ရအလုပ်
လုပ်ရမလား၊ အပြင် company တွေမှာ ဝင်
လုပ်ရမလား စဉ်းစားစရာ အိမ်က အဖေအမေ
ရဲ့  ဆန္ဒလေး မေးကြည့် အစိုးရ အလုပ်လုပ်ဖို့ 
သာတိုက်တွန်းတယ်။ဒါပေမဲ့ ကျွန်တော် မလုပ်
ဖြစ်ခဲ့ပါဘူး။ အပြင်Company တစ်ခုမှ အလုပ်ဝင်လုပ် ဖြစ်ခဲ့တယ်၊ အခုဆို လုပ်သက်
၅ နှစ် ရှိပါပြီ။မိဘတွေကတော့ သားသမီး စိတ်
ချမ်းသာရင် ပြီးတာပဲ လေ ဘာမှ မပြောပါ။
download.jpeg

       အလုပ်စဝင် လုပ်တော့ Company

သူဌေးက အလုပ်သမားတွေ အပေါ် အရမ်း
ကောင်း ကြောင်း စီနီယာ အစ်ကို အစ်မ တွေ
ပြောပြလို့ သိရပါသည်။တကယ်လဲ ဟုတ်ပါ
တယ် သူဌေးက အခွင့်အရေး တွေ၊ များစွာ
ပေးပါတယ်။တော်ရင်တော်သလို လဲ နေရာ
ပေးနိုင်အောင် လုပ်ထားတယ်။အလှူအတန်း
တွေ ဆိုလဲ Company က လူတွေ မျက်နှာ
မငယ်ရအောင် အလှူငွေ အများဆုံးထည့်တဲ့
Company ဟာ ကျွန်တော်တို့  Company
ပါပဲ။ပြဿနာ တစ်ခုခုဖြစ်ရင်တောင် Company
နာမည်လေးရွက်ပြလိုက်ရင် အဆင်ပြေအောင်
လုပ်ပေးကြပါသည်။New Year အတွက်ဆိုရင်
လဲ ဆုမဲပေါင်းစွာနဲ့  အတူ စားသောက် စရာတွေနဲ့  ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုနိုင်အောင်စီစဉ်ပေးထားပါသည်။လစာတိုး၊ ရာထူးတိုး
တွေ ရှိတယ် ဆိုတော့ အလုပ်သမားတွေအတွက်
အလုပ်ကျိုးစား ချင်စိတ် ဖြစ်ပေါ်စေပါတယ်။
ဒီအချက်တွေ က ဝန်ထမ်းတွေ ကြိုက်နှစ်
သက်မဲ့ အခွင့်အလမ်း တွေပါပဲ။အကောင်းဆုံး
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်၊ နိုင်ငံအနေအထား
ွှအရတော့ မဆိုးပါဘူး လို့ ပြောရမှာပါ။
သူဌေးက အစုရှယ်ရာ ဝင် တစ်ယောက်
ကို Company ကိုလွှဲပြောင်းပေးလိုက်ပါတယ်။သူကတော့ အရင် company ပိုင်ရှင်လို မဟုတ်
တော့ဘူး။စည်းကမ်းတွေ ကြပ်လာတဲ့အခါ
အလုပ်သမားတွေ ထွက်ချင်ကြတယ်။အဆင်မ
ပြေဘူးပေါ့၊ ပြဿနာ တစ်ခုခု တက်လာရင်
ဖြုတ်ဆိုတာချည်းပဲ၊ တကယ်လဲ အလုပ်ထုတ်
ပစ်ခဲ့တယ်။
ရုံးက အစ်မတစ်ယောက်ရဲ့ ရင်ဖွင့်သံ သူပြောပြတာကတော့ သူကအလုပ်ထွက်
ချင်တယ်။အလုပ်ထွက်ပြီး အပြင်မှာ ဆိုင်ခန်း
ဖွင့်ချင်တာအလုပ်ထွက်လိုက်ရင်လဲ
အဆင်မပြေဖြစ်မှာကြောက်နေတယ်။သူ့ မှာ
မိသားစုနဲ့ဆိုတော့ အများကြီးစဉ်းစားရတယ်
လို့ သူပြောပြတယ်။အပြင်မှာ ဈေးရောင်းဖို့ ကလဲ ချက်ချင်း အဆင်မပြေနိုင်ဘူးလေ
ဆိုင်နာမည်လေး ရလာအောင် တော်တော်
ကျိုးစားရမှာ ၊ကိုယ်က တစ်ပိုင်တနိုင် ဆိုင်ခန်း
လေး ဖွင့်ဖို့  စိတ်ကူးထားတာ၊ ကိုယ်ဆိုင်ဖွင့်
တဲ့ နေရာ မှာ ကိုယ့်ထက် အရင် အောင်မြင်
နေတဲ့ ဈေးဆိုင်တွေ ရှိနေမယ်ဆိုရင် ၊ သူတို့ နဲ့ 
မတူညီတဲ့ အရောင်းပစ္စည်းကို စဉ်းစားရမှာ
ကျွန်တော်လဲ သိသလောက်လေးပြောပြဖြစ်
တယ်။facebook ပေါ် မှာတွေ့ နေရတာလေး တစ်ခု စာစီစာရိုက်နှင့်ဖိတ်စာ လုပ်ငန်း ဆိုပြီး
ဆိုင်လေးဖွင့်ထားတယ်ဗျတဲ့ (47) ရက်
မြောက်တဲ့နေ့ မှ ဈေးဦးပေါက်တယ်ဆိုတဲ့
post လေးတစ်ခုတွေ့ မိတယ်။ဒီပို့ စ်လေးရဲ့ 
အောက်မှာ မန့် ထားတဲ့ မန့် တွေကလဲ သူ့ 
နည်းအတိုင်းပါပဲ၊ "အားမငယ်ပါနဲ့ "ကျွန်တော်
ဆိုင်စဖွင့်တုန်းကလဲ ပထမ တစ်လ တစ်သောင်း
လောက်ပဲရတယ် အခုတော့ OK နေပြီ စသဖြင့်
မန့် တွေကို တွေ့ ရပါတယ်။
ဟုတ်ပါတယ် company ထဲမှာပဲ နေ
ပြီး company လုပ်သက်တွေ ရလာတဲ့အခါ
အပြင်မှာ ကိုယ်ပိုင် အလုပ် တစ်ခု ထွက်လုပ်
ချင်ပါတယ်။အသက်အရွယ်ရလာတဲ့ အခါ
ကိုယ်ပိုင်အလုပ် နဲ့  အေးအေးဆေးဆေး နေချင်
ကြပါတယ်။များသောအားဖြင့် ဝန်ထမ်း ဘဝ
ကနေ အပြင်လောကထဲ ဝင်ဖို့ တော်တော်စဉ်စား
ကြရမယ်ထင်ပါတယ်။ အခုထိ တော့ သူ မ
အလုပ်က မထွက်နိုင်သေးပါဘူး။ အသက်ငယ်
စဉ်မှာ ဝန်ထမ်းလုပ်ရတာ အဆင်ပြေပါတယ်။
လူလွတ်တစ်ယောက်အတွက်တော့ ပူပန်စရာ
မရှိပါဘူး။ပူပန်စရာ မရှိဘူးဆိုပေမဲ့ ကိုယ်ပိုင်
အလုပ်တစ်ခု ရှိတဲ့သူတွေ အတွက် အရမ်း
ကောင်းပါတယ်။
ကျွန်တော် လဲ ဝင်ငွေနည်းသည်ဖြစ်စေ၊
များသည်ဖြစ်စေ ၊ လုပ်ငန်းတစ်ခု လည်
ပတ်နိုင်အောင် ဝင်ငွေလေး ရနေတဲ့ လုပ်ငန်း
တစ်ခု(သို့ ) ဆိုင်ခန်း တစ်ခု ပိုင်ဆိုင်ချင်မိပါတယ်။
မြန်မာ Steemit များ အားလုံး အောင်မြင်ကြပါ
စေ။
Author>>@aungsanlwin
photo credit;google image
MSC-017

Sort:  

ဖြစ်​လာမှာပါ ကြိုးစားပါဗျ

ဟုတ်ကဲ့ အားပေးတဲ့ အတွက်ကျေးဇူးပါ

ဆန္ဒ​တွေအမြန်​ပြည့်​ပါ​စေ

ဟုတ်ကဲ့ ကျေးဇူး ဒီလိုပဲ ရေးချလိုက်တာ

ဘာပဲဖြစ်ဖြစ်ကိုယ်ပိုင်အလုပ်လုပ်နိုင်ရင်တော့အကောင်းဆုံးပါပဲbro👍

ကိုယ်ပိုင် အလုပ်ရှိတာ အကောင်းဆုံးလို့  ကျွန်တော်လဲထင်တယ် ဝင်ငွေနည်းတာ များတာ အသားထားပေါ့ နောက်တော့ ဖြစ်လာမယ်ပေါ့

ဥုံဖွ ဆိုပြီး ဆိုင်ခန်းတစ်ခု ဖြစ်အောင် မန်းပေးချင်ပေမဲ့ ကိုယ်ကတန်ခိုးမရှိသောအခါ. .

ကျေးဇူး တင်ပါတယ် အရှင်ဘုရား လာရောက် မန့်ပေးတဲ့အတွက်

ကြိုးစားသူအတွက်
အောင်​မြင်​မှုက ကြို​နေပါတယ်​ bro ​ရေ

ဟုတ်ကဲ့ ကျေးဇူးပါ

လိုချင်​​နေတဲ့ ဆိုင်​ခန်း​လေးတစ်​ခု အမြန်​ဆုံးပိုင်​ဆိုင်​နိင်​ပါ​စေရှင်

ဟုတ်ကဲ့ ထီထိုးထားတယ်

လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပြီးတော့ ဆိုင်ခန်းပိုင်လေးနဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး ဖြစ်ပါစေကွယ်

ထီပေါက်မှ ပဲ ရမယ်ထင်တယ် အစ်မရေ

ကိုယ်တွေလည်း..ဒီလို့ပါ့ဟာ..

ဘဝတူတွေပေါ့

ကြိုးစားပါဗျာ

ဟုတ်ကဲ့ ကြိုးရမှာပေါ့

ကြိုးစားပါ။ကြိုးစားသူတိုင်းအတွက်​ ​အောင်​မြင်​မှု ဆိုတာ​ပေါ်လာပါလိမ့်​မယ်။အားမ​လျော့ပါနဲ့ ဆက်​ကြိုးစားပါ ဘဒို.

အခုလို အားပေးတဲ့ကျေးဇူးပါ Bro ရေ

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66297.29
ETH 2682.98
USDT 1.00
SBD 2.87