ပုဂံ ခရီး အမှတ်​တရ

in #myanmar7 years ago

"ပုဂံ" ဆိုတဲ့အသံကြားလိုက်​တာနဲ့ တင်​ စိတ်​ဟာလန်းဆန်းတက်​ကြွလာတယ်​။ သွားမယ်​ သွားကြမယ်​ ဆိုပြီးကျွန်​​တော်​တို့ သူငယ်​ချင်းတစ်​စု ကြိုတင်​စီစဉ်​မှု့မရှိဘဲ ဆိုင်​ကယ်​​တွေနဲ့ မုံရွာမြို့ မြစ်​တစ်​ဖက်​ကမ်း ​ကြေးနီမိုင်းက​နေ ည​နေ ၅နာရီ​လောက်​ စတင်​ထွက်​ခွာလာကြတယ်​။ကျွန်​​တော်​တို့ဟာ တကယ်​​တော့ မန်း​လေးကပါ။ ​ကြေးနီမိုင်းမှာ အလုပ်​လာလုပ်​ကြတာ။
ကျွန်​​တော်​တို့ မုံရွာ-ပုသိမ်​ကားလမ်းအတိုင်း ဆိုင်​ကယ်​ နှစ်​​ယောက်​တစ်ီးစီနဲ့ သုံးစီး ​ပျော်​ရွှင်​စွာ ခရီးနှင်​ခဲ့ကြတယ်​။ လမ်း​ဘေးဝဲယာမှာ​တော့ ​တောင်​တန်း​တွေက တစ်​ဖက်​တစ်​ချက်​မှာ ရှု့​မျှော်​ခင်း​တွေကြည့်​ရင်း​ပေါ့။ တစ်​နာရီ​ကျော်​​လောက်​ကြာတဲ့အခါ လင်းက​တော လမ်းဆုံက​နေ ပခုက္ကူ ဘက်​ကိုဖြတ်​ထွက်​ခဲ့ကြတယ်​။ ​တော်​​တော်​​လေးကြာ​တော့ ​ရေစကြိုလမ်းဆုံ​ရောက်​တဲ့အခါ ထန်းသီးမုန့်​​လေးစားရင်းခနနားကြာတာ​ပေါ့။ ဒါ​ပေမဲ့ကြာကြာနားလို့လဲ မဖြစ်​ဘူး​လေ။ ဒီလမ်းက​နေ ဒီလိုဆိုင်​ကယ်​နဲ့သွားဖူးတာ ပထမဆုံးဆို​တော့ နာရီဝက်​​လောက်​ပဲ နားပြီးခရီးဆက်​ခဲ့ကြတယ်​။ ​ရေစကြို နဲ့ ပခုက္ကူ ကို မဝင်​​တော့ဘဲ မြို့​ရှောင်​လမ်းက​နေ ခပ်​သွပ်​သွပ်​​လေး​မောင်းခဲ့ကြတယ်​။ တစ်​နာရီခွဲ​လောက်​ ​မောင်းအပြီးမှာ ပခုက္ကူ တံတားကို​ရောက်​ခဲ့ကြတယ်​။ တံးတား​ရောက်​​တော့ ခနတဖြုတ်​နားပြီး အမှတ်​တရ ဓါတ်​ပုံရိုက်​ကြတယ်​။ prewadding ရိုက်​​နေတဲ့ စုံတွဲ​တွေ့​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ လှမ်းစကြရင်း ဆက်​​မောင်းခဲ့ကတယ်​။ အိုး... ပခုက္ကူတံတားက​တော​တော်​ရှည်​တာပဲဗျ ​တော်​​တော်​ကြာ​အောင်​​မောင်းခဲ့ရတယ်​။ ​မှောင်​စလည်းပျိုး​နေပြီဆို​တော့ ဂရဲုတစ်​စိုက်​နဲ့ မြန်​မြန်​ပဲ​မောင်းလာခဲ့​တော့တယ်​။
ပခုက္ကူ တံတားဆုံး​တော့ ​လမ်းညွှန်​ဆိုင်းဘုတ်​ပြရာ ​ညောင်​ဦးဘက်​လိုက်​ခဲ့တယ်​။ ခန​နေ​တော့ ဆိုင်​ကယ်​ ဆီဖြည့်​ဖို့ခနနားရင်း လမ်း​မေး​တော့ ပုဂံ ​ရောက်​ဖို့ သိပ်​မလို​တော့ဘူးဆို​တော့ အားတက်​ပြီး မြန်​မြန်​ပဲ ခရီးဆက်​ခဲ့ကြတယ်​။ ​ရောက်​ချင်​​ဇော ကြီး​နေပြီ​လေဟဲဟဲ။ သိပ်​​တောင်​မ​ကြောလိုက်​ပါဘူး ​ညောင်​ဦးမြို့က ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်​​တွေ့​တော့ အားလုံးဝမ်းသာသွားကြတယ်​။ အဲ့​တော့မှ အားလုံး ဗိုက်​ဆာတာ ကိုသတိထားမိ​တော့ ဆိုင်​တစ်​ဆိုင်​​ရွေးပြီး ခနနားရင်း တည်းဖို့ ခိုဖို့စုံစမ်းကြတာ​ပေါ့။ သူငယ်​ချင်း​တွေကလည်း fb က ပုဂံ အ​ကြောင်း​ရေးထားတဲ့ review ​တွေကြည့်​ရင်း​ပေါ့။ ​နောက်​​တော့အားလုံးတိုင်​ပင်​ပြီး ပုဂံမြို့သစ်​ဖက်​က ကွမ်းသီးဟိုတယ်​မှာတည်းဖို့ညှိနှိုင်းပြီး ဆက်​လက်​ထွက်​ခဲ့တယ်​။ ​တော်​​သေးတာက တည်းခိုခန်း​ရောက်​​တော့ နှစ်​ခန်းပဲကျန်​တာ။ ကျန်​တဲ့ဟာယူပြီး ၄​ယောက်​တစ်​ခန်း ၂​ယောက်​တစ်​ခန်း​နေလိုက်​ကြတယ်​။ နှစ်​​ယောက်​ခန်းက မ​ပေးလို့မရဘူး​လေ သူတို့က လင်​မယာတွဲကိုး ဟီးဟီး..။ အဲ့​တော့မှပဲ ပုဂံ​ရောက်​ပြီဆိုပြီး စိတ်​ချနိုင်​​တော့တယ်​။ ​ရေမိုးချိုး ကိုယ်​လက်​သန့်​စင်​ပြီး ​နောက်​ရက်​မနက်​အတွက်​တိုင်​ပင်​ကာ ညအိပ်​အနားယူ အား​မွေးကြတယ်​။
မနက်​နိုးထလာတဲ့ အချိန်​က ၈နာရီ​ကျော်​ပြီဆို​တော့ အမြန်​ပဲ ​ရေမိုးချိုး အဝတ်​အစားလဲကာ ဟိုတယ်​က​ကျွေးတဲ့ မနက်​စာစားပြီး ပုဂံ လည်​ပတ်​ ဘုရားဖူးဖို့ ထွက်​ခ့ကြတယ်​။ ဟိုတယ်​က ထွက်​ပြီး ဟိတြယ်​နဲ့ အနီးဆုံးဖြစ်​တဲ့ ​လောကနန္ဒာ ​​စေတီ​တော်​ဆီ ပထမဆုံးဝင်​​ရောက်​ ဖူး​မျော်​ရင်း ​ရှေးလူတို့၏ လက်​ရာကို ခံစားသက်​ဝင်​ပြီး မြစ်​ပြင်​ကိုဖြတ်​ကာတိုက်​ခတ်​လာတဲ့ ​လေ​ပြေညှင်းရဲ့ အရသာက်ုရှုရှိုက်​ကာ မြစ်​တစ်​ဖက်​ကမ်းရှိ တန့်​ကြည်​​တောင်​ကို လှမ်း​မျှော်​ကြည့်​မိတယ်​။ အလွန်​လှပတဲ့ ရှု့ခင်း​တွေပါပဲ။ ဘုရားက ပြန်​ထွက်​လာပြီး လမ်း​တစ်​​လျှောက်​ ဘုရားအစုံဝင်​ကြ​တော့တာ​ပေါ့။
image
မနူဟာမှာ ဘုရားဝင်​ဖူးပြီး အမှတ်​တရ လက်​ပန်းချီ​ရေးဆွဲကာ ဓါတ်​ပုံရိုက်​ပြီး ကြည်​နူးကြ​သေးတာ​ပေါ့။ အဲ့​နောက်​ဆက်​လက်​ပြီး အာနဒ္နါ ဘု​ရား​ရောက်​​တော့ အနုလက်​ရာကိုရင်​သတ်​ရှု့​မော ခံစားရပါတယ်​။ ထီးလိုမင်းလို၊ ကန်​​တော့ပလ္လင်​၊ ဓမ္မရာဇက၊ ပြသာဒ်​ကြီး၊ အပယ်​ရတနာ၊ ရာဇကုမာရ ​ကျောက်​စာ နဲ့ မြ​စေတီ၊ ဓမ္မရံကြီး၊ မင်းအိုချမ်းသာ၊ အလို​တော်​ပြည့်​ စတဲ့ဘုရား​တွေအနှံ့ ပတ်​ဖူးကြပါတယ်​။ ​နေ့လည်​စာစားချိန်​​ရောက်​​တော့ သရပါ တံခါးအနီး ထ​နောင်းပင်​​အောက်​မှာဖွင့်​တဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​စားခဲ့တဲ့ ထမင်းဆိုင်​မှာပဲ သတိတရ ဝင်​စားခဲ့တယ်​။ ထမင်းစားဖို့​နေရာမရလို့ တစ်​​အောင့်​​လောက်​ရပ်​​စောင့်​​လိုက်​ရ​သေးတယ်​။ ထမင်းဆိုင်​​ရောင်း​ကောင်းချက်​က ​နေရာလပ်​မကျန်​ လက်​မလည်​​အောင်​ငို တစ်​ခဲ​နေတာပဲ။ ​နေ့လည်​စာကို​တော့ အသားဟင်းတစ်​မျိုးစီနဲ့ မန်​ကျည်းရွက်​သုတ်​နဲ့ စားခဲ့ကြတယ်​။ ထမင်းစားပြီး ခနတဖြုတ်​အနာယူရင်း ​နေဝင်​အလှကိုကြည့်​ဖို့ အချိန်​​စောင့်​ကာ ပုဂံပြတိုက်​မှာ ဝင်​​လေ့လာကာ ​နေခဲ့ကြတယ်​။ အချိန်​က နှစ်​ရက်​ပဲ ရတာဆို​တော့ အ​ဆောင်​ပြန်​မနား​တော့ပဲ ​နေခဲ့တာပါ။ အနှံ့မ​ရောက်​မှာစိုး​ကြောက်​လို့ ပြန်​မနားတာ လူ​တွေက​တော့ပင်​ပန်း​နေပြီ။
image
ပုဂံပြတိုက်​မှာ အချိန်​ကုန်​​စေပြီး ည​နေ​စောင်း​တော့ ​ပုဂံရဲ့ ​နေဝင်​အလှကြည့်​ဖို့ရာ ဆံ​တော်​ရှင်​ ​စေတီကို ချီ်​တက်​ခဲ့ကြပါ​တော့တယ်​။ ဘုရား​ပေါ်​ရောက်​တယ်​ဆိုရင်​ပဲ ပုဂံရဲ့မြင်​ကွင်းဟာ ကျွန်​​တော်​တို့ပင်​ပန်းသမျှက်ု ​ပြေ​ပျောက်​​စေတယ်​။ အရမ်းလှတာကိုးဗျ ။ မြင်​ကွင်းက ရင်​ကို​အေးချမ်း​စေပြီး နှ​မျောတသ လွမ်းဆွတ်​မှု့ကိုဖြစ်​​စေတယ်​။ ည​နေ​နေလုံးကွယ်​​ပျောက်​မှ တည်းခိုခန်းပြန်​​ရေချိုး အဝတ်​လဲကာ တစ်​ပြန်​ချီတက်​ကြတယ်​ ညအလှကိုခံစားဖို့​ပေါ့။ ညပိုင်းကြ​တော့ ​နေ့လည်​က မ​ရောက်​ခဲ့တဲ့ ဗူးဘုရားနဲ့ ​ရွှေစည်းခုံ ​စေတီ​တော်​ကိုသွားခဲ့ကြတယ်​။ အဲ့ဒီကပြန်​မှ ညစာစားကာ အိပ်​ရာဝင်​ခဲ့တယ်​။ လူ​တွေလဲ ပင်​ပန်းပြီ​လေ။ ​နောက်​တစ်​ရက်​မနက်​ကျ​တော့ ပြန်​ဖို့ပြင်​ဆင်​ပြီး ဟိုတယ်​တယ်​က​ကျွေးတဲ့ မနက်​စာစားကာ check out လုပ်​ပြီးထွက်​ခဲ့ကြတယ်​။ တန့်​ကြည်​​တောင်​​တော့ မ​ရောက်​ခဲ့ဘူး ​နောက်​​တသ်​​ခေါက်​မှ သွားရမယ်​။ ငှက်​ပစ်​​တောင်​နဲ့ တုရင်​​တောင်​သွားကာ အပြန်​ ​ရွှေစည်းခုံကို ​နောက်​တစ်​ကြိမ်​ထပ်​မံ ဖူး​မျှော်​ခဲ့တယ်​။ ပြီး​နောက်​ ​နေ့လည်​စာစားကာ အပြန်​ခရီး စခဲ့ပါ​တော့တယ်​။ လူ​တွေလဲ မပြန်​ချင်​ပြန်​ချင်​နဲ့​ပေါ့ ဒါ​ပေမဲ့ အလုပ်​ကရှိ​သေး​တော့ ပြန်​ခဲ့ရတာပဲ။
ပုဂံ ကို​နောက်​တစ်​ကြိမ်​ပြန်​ထပ်​သွားကြ​ဖို့ အားလုံးဆန္ဒပြုခဲ့တယ်​။ ပုဂံ ဆိုတာမြန်​မာကို ကမ္ဘာကသိ​စေခဲ့တဲ့ ​ရှေး​ဟောင်းယဉ်​​ကျေးမှု့မြို့​တော်​​ပေါ့။ ချီးကျူးမယ်​ဆိုရင်​​တော့ စာဖွဲ့လို့ကုန်​နိုင်​မှာ မဟုတ်​​တော့ပါ။ ပုဂံ ကို ဘယ်​နှစ်​ကြိမ်​​ရောက်​​ရောက်​ ရိုးမသွားတဲ့ ဘိုးဘွားတို့ အ​မွေ​ပေးခဲ့တဲ့ ​သမိုင်း​တွေ ရာဇဝင်​​တွေရှိတဲ့ မြို့​တော်​ကြီးဟာ ကျွန်​​တော်​တို့ လက်​ထက်​မှာ မပျက်​စီး​အောင်​ အတတ်​နိုင်​ဆုံးတစ်​တပ်​တစ်​အား ပါဝင်​ကူညီ ထိန်းသိမ်း​စောင့်​​ရှောက်​သွားမယ်​လို့ ဆုံးဖြတ်​ချက်​ကိုယ်​စီနဲ့ အပြန်​လမ်းကို နှင်​ခဲ့ကြပါ​တော့တယ်​။
Aung Pyae Sone Oo

Coin Marketplace

STEEM 0.18
TRX 0.17
JST 0.032
BTC 63715.34
ETH 2738.90
USDT 1.00
SBD 2.61