*လယ်သမားရဲ့ သောကပင်လယ်*

in #myanmar7 years ago (edited)

S70824-170703(2).jpg
သြဂတ် ရဲ့ အတောမသတ်တဲ့ မိုးစက်တွေထဲ
ကယ်သူမဲ့ မိသားတစ်စု
အဖော်ပြုဖို့  လူဝေး ....
အိုမင်းတဲ့ ဝါးထရံကြားက
အိမ်ထောင်ဦး စီးဆိုတဲ့ငါ ။
ဒီရေအလား တရိပ်ရိပ်များလာနေတဲ့
နန့် အင်းကာဆိုတဲ့ ချောင်းနံဘေး
နွားလေးနဲ့ လယ်လုပ်ရင်း
မိသားစုဝမ်းစာ ရှာဖွေလို့ နေခဲ့ကြတာပါ။
ညိုးငယ်စိတ်ပျက် ဖျော့တော့တဲ့မျက်ဝန်းအစုံ
အိမ်သူနှင့်ချစ်သမီး သောကအပူမီးပွါးနေခဲ့တာကို
ငါ ဘယ်လိုဖြေငြိမ်းစေနိုင်မလဲ ။
မိုးမင်းရယ် အငြိုးမပြင်းပါနဲ့တော့
မိုးလင်းဖို့ ဝေးနေသေးသခိုက်မို့ 
ထိုးဆင်းနေတဲ့ ချောင်းရေကို
ထရံကြားက လျှပ်စီးနဲ့ မျှော်ကြည့်ရင်း
သက်ပြင်းကို အခါခါချ
ကိုယ်စီသောကတွေနဲ့ပေါ့ ။
ဒီတစ်နှစ်လယ်အောင်ရင် တို့ အိမ်ဆောင်ပြင်မယ်လို့ 
လယ်ကြီးသူအိပ်မက် ဒီတစ်ခါပျက်ပြန်ပေါ့။
ဆိုးညှစ်တဲ့ ဒီရေ ....ပျိုးစိုက်ခဲ့ဒီလယ်မြေလေး
နွံအတွင်းသက်ဆင်း ဝပ်စင်းလို့ သွားပြန်ပြီ ။
သြော် လယ်သမားဘဝ
ရှာစားဖို့  ရင်လေး ရှေ့တစ်နှစ်ပေါ့
ရှင်မရေ ခါတစ်လုံးမွေးကြဦးစို့ လေ။
@aungmyowin (Writer)

Sort:  

ဟုတ်ပါတယ်ဗျာ

ကျွန်တော့်လယ်လေးက ချောင်းနံဘေး ဆိုတော့ သတိထားနေရတာပေါ့ဗျာ..

အားပေးနေတယိဗျာ

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58603.60
ETH 2628.30
USDT 1.00
SBD 2.45