အညတြဘဝများ အပိုင်း(၃)

in #myanmar7 years ago

received_484389201920563.jpeg

တမိုးနှောင်း၍ တဆောင်းသစ်ပြန်ချေတော့မည်။ဝသန်မိုးမင်း၏ နှုတ်ဆက်တေးသံနှင့်အတူ ကြွင်းကျန် ရစ်သည့် မိုးစက်ပွင့်လေးများ၏ အသံက ဟိုမှာဖျောက်ဖျောက် ကြားနေရဆဲ။လင်းအာရုံ၏ မနက်ခင်းလေးများ၌ ဟေမာန် ဆောင်းလ၏ရှေ့ပြေးနိမိတ်ဖြစ်သော နှင်းစက်နှင်းမွှားလေးများက ရစ်သိုင်းစပြု လာပြီ ဖြစ်ပေသည်။

မုတ်သုန်လေ အဆုတ်မှာဝင်ရောက်လာတတ်သည့် ခါတော်မီ မုန်တိုင်းများကြောင့် လယ်ရိတ်မသိမ်းခင် စပ်ကြားတခို၌ ကျွန်တော်တို့ တောင်သူများ၏ ယာခင်း အဝင်အတွက် အခက်တွေ့တတ်ပြန်သေးသည်။မနက်ခင်း နေသာ၍ နေ့လည်ဘက်တွင် အုံ့ပျက်ပျက် ဖြစ်နေသော တိမ်ရိပ်တွေကြောင့် နေ့ဘက် ယာခင်းများအားတောခုတ်ပေါင်းရှင်းဝင်ရောက်ရန် အဆင်ပြေသော်လည်း ယာခင်းများ ထယ်ရေး ငင်ရန်၊ ယာခင်းထွန်ရန်မှာ မိုးရွာနေနေလျှင် အဆင်မပြေဖြစ်တတ်ပါသည်။ထို့ကြောင့်လည်း မိုးနှောင်းကာလ မုန်တိုင်းအဝင်အား ကျွန်တော်တို့ တောင်သူတွေ ကြောက်တတ်ကြပေသည်။

လယ်ပြင်စိုက်ခင်း များသည်လည်း စိမ်းစိုညို့မှိုင်း၍နေကြပြီဖြစ်ပေသည်။လေအဝှေ့တွင် အလိုက်သင့် ယိမ်းကနေကြသောစပါးခင်းများသည်လည်း များမကြာမီ သီးနှံများ အစီအရီ ဖူးပွင့် ကြပေတော့မည်။ပုလဲသွယ်ကဲ့သို့သော အစိုးရ၏ စပ်မျိုးစပါးများကား ကောက်သားဝင်ကာ ဖောင်းကား၍နေကြပြီဖြစ်သည်။ယာခင်းထွန်ယက်စိုက်ပျိုးပြီး၍ များမကြာမီ ကျွန်တော်တို့ လယ်သိမ်းရန် လယ်ထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်ကြရပေဦးမည်။

မကြာမီ သီတင်းကျွတ် ပွဲတော်လအား ရောက်ရှိပေတော့မည်။ ဝါလကင်းလွတ်သော သီတင်းကျွတ်ပွဲတော်၌ ကျေးရွာတို့ ဓလေ့ ဆီမီးပူဇော်ပွဲများအား မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြလေ့ရှိသည်။ယင်းပွဲတော်ရက်များအတွင်း၌လည်း ယာလုပ်ငန်းဝင်ရောက်နေကြသည့် တောင်သူဦးကြီးတို့သည် မိမိတို့၏ ယာခင်းများအား ရပ်နားကာရွာတွင်းသို့ ပြန်၍ဥပုတ်သီတင်း သီလဆောက်တည်ကြပေဦးမည်။ကာလသားလူမျိုးအများကား ဆီမီး လှည့်လည်ပွဲများ၌ ဆင်နွဲပါဝင်ရန် မိမိတို့၏ ယာခင်းများအား စေားစီးစွာပြီးစီးအောင် သူ့ထက် ငါ အပြိုင် လုပ်ဆောင်နေကြတော့၏။

သီတင်းကျွတ်ပွဲတော် ရက်အတွင်း လုပ်ငန်းများ နားထားကြရမည်ဖြစ်သဖြင့် တောင်သူအများ မိမိတို့၏ ယာခင်းများအား တတ်နိုင်သလောက် ပြီးစီးအောင် လုပ်ကိုင်နေကြချိန်တွင် ထက်ကောင်းကင်းဝဠာတခွင်တွင် မိုးရိပ်သဏ္ဍာများဖြင့် အုံ့မှိုင်းညှိ့၍နေပေသည်။သီးတင်းကျွတ် မိုးကျွတ်များဖြစ်လေဦးတော့မည်လား။

မိုးနှောင်းကာလ၏ တတိယရေကြီးကာလကလည်း ကျန်ရှိနေသေးသဖြင့် ကျွန်တော်တို့ တောင်သူလယ်သမားများအဖို့ မိမိတို့၏ ယာခင်းများတွင် စိုးတထင့်ထင့် ဖြင့် လုပ်ကိုင်နေကြရပေသည်။မုတ်သုန်လေ အထွက်နှောင်း၍လား။မုန်တိုင်းများဝင်ရောက်နေ၍များပေလား။ရာသီဥတုက မှူံ ပျပျဖြင့် အဆက်မပြတ်သောမိုးဖွဲများက ပျောက်သွားလိုက် ပေါ်လာလိုက်ဖြင့် နေ့ရက်မပြတ်ရှိချေသည်။ယာသမားတစုတို့မှာ ၎င်းတို့ ခုတ်ထွင်ထားသည့် အမိုက်ပုံများအား
မီးရှို့၍မရနိုင်တော့သဖြင့် ခရင်းခွ ကောက်ဆွများကို ကိုင်ဆောင်ကာ အမှိုက်ပေါင်းမြက်များအား မိမိတို့၏ ယာခင်းစည်းရိုးများတွင် စုပုံနေကြရတော့သည်။နေပူသည့် အခါများတွင် အလွယ်တကူ မီးရှို့ရပေတော့မည်။
S70830-135244(1).jpg
မနက်ခင်းက နှင်းမှုံလေးများဖြင့် သာယာနေခဲ့သော ရာသီဥတုက ယခုနေ့လည်ခင်းဘက်တွင်မှ ဘယ်အတွက်ရယ်မျ ထ၍ဖောက်လေသည်မသိ။မိုးစက်များက မသဲဘဲနှင့် စွေရောင်ရောင် တစိမ့်စိမ့်ရွာချနေ၏။ထို့ကြောင်လည်း နွားသိုးနှင့်မိုး အစိုးမရ ဟု ရှေးလူကြီးများ ဆိုထားခဲ့ခြင်းပေမည်။
S70830-135259(1).jpg
မည်သို့ပင်ရှိစေတော့။တောသူတောင်သား ကျောမွဲလူတန်းစားများဟု သမုတ်ခံခဲ့ကြရသော ကျွန်တော်တို့ တောင်သူလယ်သမားများအတွက်တော့ မိုးအေးပေမဲ့လည်း မငြီးသာ၊နေပူပြန်တော့လည်း မနားသာသည့် ဘဝများပေမို့ နဖူးမှချွေး ခြေမကျအောင် ရုန်းကန် လှုပ်ရှားရင်းဖြင့် အခြေမလှသော အညတြဘဝများရယ်လို့သာဖြေသိမ့်ကြေနပ်ရဦးတော့မည် ဖြစ်ပေသတည်း။

@aungmyowin
Images from facebook & google

Sort:  

အလွန်ကောင်းတဲ့ဓါတ်ပုံတွေ :) နှင့်သင့်ဘာသာစကားဟာတစ်ခါမှမဖြစ်ဖူးငါင့်ကနေကိုယ့်ကိုတကယ်ကောင်းတဲ့ကြည့်ပေမယ့်ကိုယ်ကကြိုက်နှစ်သက်

Thank you for sharing :)

ကောင်းပါတယ် ကိုလေး

တောသူတောင်သားတွေရဲ့ သဘာဝသရုပ်ကို ပေါ်လွင်အောင် ရေးပြထားတာ အရမ်းကောင်းပါတယ်

မိုကောင်းရင် တောင်သူတွေအဆင်ပြေတယ် ပေါ့

Congratulations @aungmyowin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58522.85
ETH 2614.85
USDT 1.00
SBD 2.43