Roaring Success

in #myanmar8 years ago

"အလကားမရပါဘူး”

image

ခပ်​မြင့်​မြင့်​​လေး
ပျံချင်​ရင်​ ​လေတိုက်​တဲ့ဒဏ်​​တော့ ခံရမှာ​ပေါ့

မြင့်​မားတဲ့ ဘဝမှာ​နေချင်​ရင်
ဝေဖန်​မှု ဒဏ်​​တွေ​တော့ ခံနိုင်​ရမှာ​ပေါ့

စေတနာမြင့်​မြင့်​ထားဖို့ ကြိုးစားရင်
စော်​ကားမှုဒဏ်​​တော့ ခံနိုင်​ရမှာ​ပေါ့

ပျော်​ရွှင်​မှုအစစ်​အမှန်​ကို လိုချင်​ရင်​​တော့
ပူ​လောင်​မှု​တွေ ​ကျော်​ဖြတ်​နိုင်​ရမှာ​ပေါ့

ရလိုမှု​တွေ ပြင်းထန်​မိရင်​​တော့
လောဘမီး​တွေ​တော့ ​လောင်​မြိုက်​ခံနိုင်​ရမှာ​ပေါ့

ကံဆိုးမှု​တွေ ကုန်​ဆုံးချင်​ရင်​​တော့
ကံ​ကောင်းမှု​တွေနဲ့ ထိုက်​တန်​​အောင်
စိတ်​​ဓာတ်​​ကောင်း​တွေ ထားနိုင်​ရမှာ​ပေါ့

ဘယ်​​တော့မှ လူ့​အောက်​မကျို့ချင်​ရင်​​တော့
ပေးဆပ်​မှု​တွေ ​တောင်​ပုံယာပုံ​တော့
စ​တေးနိုင်​ရမှာ​ပေါ့

လောကကြီးက
ဘယ်​လူသားကိုမှ မမျှတတဲ့ စမ်းသပ်​ခြင်း​တွေ
မလုပ်​ပါဘူး အရာအားလုံးက ကိုယ်​နဲ့တန်​လို့
ကိုယ်​​ဖြေဆိုနိုင်​မယ့်​ ​မေးခွန်း​တွေကိုပဲ
ဖြေခိုင်းခဲ့တာပါ

လောကကြီးက
ထူးဆန်းတာ တစ်​ခုရှိ​သေးတယ်
ဘယ်​အရာကိုမှ အလကားမ​ပေးတတ်​ပါဘူး
ထိုက်​သင့်​တဲ့ ရင်းနှီးမြုပ်​နှံ​ပေးဆပ်​မှု​တွေ
ပြန်​​ပေးခိုင်းတတ်​တယ်
တကယ်​လို့ အလကားရခဲ့တယ်​ထားအုံး
အဲ့ဒီအရာက ​ရေရှည်​မခံဘဲ
ကိုယ့်​လက်​ထဲက အချိန်​မ​ရွေး
ပျက်​စီးဆုံးရှုံးသွားတတ်​တာ အမှန်​ပါပဲ
Thank you.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64714.33
ETH 1860.66
USDT 1.00
SBD 0.38