ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်ပိုမိုခက်ခဲသည်ဟု ဂွါဒီယိုလာပြောကြားsteemCreated with Sketch.

in #myanmar7 years ago

image

လာလီဂါထက် ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်ပိုမိုခက်ခဲသည်ဟု ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြဂွါဒီယိုလာက လာလီဂါထက် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ပိုမိုခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့အတူ စပိန်နဲ့ ဂျာမနီပြည်တွင်းအမှတ်ပေးချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့သူပါ။ အခုအခါမှာ မန်စီးတီးကလည်း စနေနေ့က စပါးကို (၃-၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက် လာမယ့်အပတ်ဆွမ်ဆီးနဲ့ပွဲမှာအနိုင်ရမယ်ဆိုရင် ကိုယ့်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာပဲဖြစ်ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာက “ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါထက် ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ ပိုမိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတု၊ ကွင်း၊ အနားပေးကာလမရှိဘဲကစားရတဲ့အခြေအနေတွေကြောင့်ပါ။ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.18
JST 0.032
BTC 91753.94
ETH 3331.64
USDT 1.00
SBD 2.86