My love story part 9
"အမုန်းတို့ဖြင့် စတင်သော အချစ်"
ခြယ် ……မနပ်စာ ချက်ပြုတ်ပြင်ဆင်
အပြီး ညီးငွေ့ငွေ့ ဖြစ်နေ၍ ရေချိုးရန်
စိတ်ကူးလိုက်သည်။
မင်းလက်ယာကတော့ ကုမ္ပဏီသွားရန်
ပြင်ဆင်နေဆဲ။
သူမ ရေချိုးခန်းထဲ ဝင်လာခဲ့ပြီး ငြီးငွေ့ငွေ့ ဖြစ်နေသော စိတ်အစဉ်ကို
ရေပန်းများ အောက်ထဲ တိုးဝင်၍
ဖျောက်ပျက်ပစ်လိုက်သည်။
ရေချိုးခန်းထဲမှာ အချိန်အတန်ကြာအောင်
ရေချိုးပြီးမှ သူမ အပြင်ကို ထွက်ရန် ခြေလှမ်းလိုက်သည်။
ခြယ်…မမြင်မိသည်က သူမခြေ
ထောက်အောက်မှ ဆပ်ပြာတုံး။
သူမ ထို့ဆပ်ပြာကို နင်းမိပြီ ချော်ထွက်
သွားသည်။
"အမေ့ ………"
"ဝုန်း ………"
သူမ ဝုန်းခနဲ့ ချော်လဲတော့သည်။
"အား ………"
ခြေတောက်က နာကျင်မူကြောင့် မျက်
ရည်စက ဝဲတက်လာသည်။
ခြယ်မုန်းရံ မင်းဘာဖြစ်………"
မင်းလက်ယာက ပြောသံနှင့်အတူ ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
ထို့နောက် ရေချိုးခန်း ထောင့်လေးမှာ
ခြေထောက်လေးကို ဖိ၍ ငိုနေသော
ခြယ်မုန်းရံကို တွေ့လိုက်ရသည်။
"ကျွတ်……"
တွေ့ရသည် မြင်ကွင်းကြောင့်
မင်းလက်ယာ မျက်နှာမှုန်ကုပ်သွားပြီး
" ဘာဖြစ်သွားတာလည်း …ခြေထောက်နာသွားတာလား"
မင်းလက်ယာက ပြောရင်း ခြယ်ရှေ့မှာ
ဒူးထောက် ထိုင်ချလိုက်ရင်း ခြေချင်းဝတ်
ကို ကိုင်လိုက်သည်။
"အ ………"
ခြယ် …မျက်နှာလေးက နာကျင်မူကြောင့် ရှုံမဲ့သွားပြီး ကိုယ်လေးက နောက်ကိုတွန့်သွားသည်။
"ကျွတ် …………"
မင်းလက်ယာက မထင်မှတ်ထားစွာဖြင့်
ခြယ် ကိုယ်လေးကို ဖျက်ခနဲ့ ပွေ့ယူ
လိုက်သည်။
" အ……ဘာလုပ်တာလည်း ……အခုအောက်ထဲကိုချပေး…
ရှင်နော် "
မင်းလက်ယာက ဂရုမစိုက် သူမကို အခန်းထဲ ပွေ့ချီလာပြီး ကုတင်ပေါ်
ချပေးလိုက်သည်။
ခြယ် …ကိုယ်လေးကို ကုတင်ပေါ်အတင်
မင်းလက်ယာ ယိုင်သွားသည်။ ရှေ့ကို
ငိုက်အကျမှာ ခြယ် မျက်နှာလေး နှင့်
သူ မျက်နှာလေးက နီးကပ်စွာ။
ခြယ်မျက်ဝန်းလေးကို ငေးစိုက်ကြည့်မိချိန်မှာ သူရင်ထဲမှာ
လှိုင်းတစ်ခုခု ဖြက်သန်းသွားသလို့မျိုး။
ရေစက်လေးတွေ့ တွဲလွဲခိုနေသော မျက်နှာ / ကပိုကယို ကျနေသော ဆံနွယ်စလေးများ ။ နောက်ပြီး ခြယ်ရဲ့ ညို့ဓာက်ပါသော မျက်ဝန်း နှစ်ခုကို
သူလွဲဖယ်ဖို့ မကြိုးစားမိ။
ခြယ် …… မင်းလက်ယာ
မျက်ဝန်းတွေ့ကို လွဲဖယ်ဖို့ သတိမရ။
ရုတ်တရက် သတိရမိတာက ရေချိုးခန်း
ထဲမှ ထွက်လာသော သူမပုံစံ။သူမကိုယ်
မှာ တပတ်အကြီး တစ်ထည့်သာပတ်ထား
သည်။
သူမ မင်းလက်ယာ၏ မျက်ဝန်းများကို
မျက်နှာလွဲလိုက်ပြီး သူမကိုယ်လေးကို
နောက်သို့ ဆုတ်လိုက်သည်။
သူမ လှုပ်ရှားမူကို မြင်မှ မင်းလက်ယာက
သတိဝင်လာသလို့ ငိုက်ကျနေသော
ကိုယ်ခန္ဓာကို ပြန်မက်လိုက်ပြီး ဆံပင်များ
ထဲကို လက်ထိုး၍ ဖွလိုက်ပြီး ………
"မင်း ခြေထောက် …အဲ…မင်းအဝတ်
စား အရင်လဲလိုက်အုံး …"
မင်းလက်ယာက ပြောရင်း အခန်းထဲမှ
ထွက်သွားသည်။
မျက်နှာလေး နီရဲပြီး ကျန်ခဲ့သူက သူမ။
လက်လှမ်းမှီသည် တန်းမှာ ချိတ်ထားသည်
မျက်စီထဲမှာ ရှိသည် အဝတ်အစား တစ်စုံ
သာ သူမ ဆွဲဝတ်လိုက်သည်။ သူမ
အဝတ်အစား ဝတ်ပြီး တစ်အောင့်အကြာ
မှာ …………မင်းလက်ယာ အသံ
ထွက်ပေါ်လာသည်။
"ဒေါက်……ဒေါက် "
"…ခြယ်မုန်းရံ မင်းအဝတ်အစား လဲလို့ပြီးပြီလား…"
"ဟို…ပြီးပြီ…"
သူမ ဖြေသံအဆုံးမှာ …မင်းလက်ယာ
အခန်းထဲကို ဝင်လာသည်။လက်ထဲမှာ
ဆေးဗူးကိုင်လျှက်………။
မင်းလက်ယာက သူမဘေးကုတင်ပေါ်
မှာပင် ထိုင်ချလိုက်ရင်း သူမ ခြေထောက်
ကို ဆွဲယူလိုက်ပြီး နာနေသော ခြေဆစ်
နေရာကို နိပ်လိုက်သည်။
''အ ………"
သူမ နာကျင်မူကြောင့် နှုတ်ခမ်းလေးကို
ကိုက်ထားမိသည်။
မင်းလက်ယာက ထို့ခြေဆစ်နေရာကိုပင်
အကြိမ်ကြိမ် ဖိနှိပ်လိုက်သည်။
"အား ……"
သူမ မျက်ရည်လေး ဝဲတက်လာပြီး …
သူမ နာသည်ဆိုသည် နေရာကိုဘဲ
ဖိ၍နှိပ်သည် မင်းလက်ယာ ဒေါသ ထွက်
လာသည်။
"ဒီမှာ …ရှင်ကျွန်မကို တမင်သက်သက်
လုပ်နေတာလား ……"
"မင်းထင်သလို ထင်နိုင်တယ်လေ…"
"ရှင် ……အ "
မင်းလက်ယာက သူမခြေဆစ်ကို
ဆေးပူဗူးလေး ဖွင့်၍ လူးပေးပြီး
ကုထင်ထပ်မှ ထရပ်လိုက်သည်။
"မင်းခြေဆစ်ထဲကို လေဝင်သွားတာ
တစ်ရက် နှစ်ရက်လောက်ဆို သက်သာ
သွားမှာပါ …အခုတော့ လမ်းလျှောက်လို
မရနိုင်ဘူး ………"
"ရှင်က ဆရာဝန်လား ……"
"မင်းမယုံဘူးဆို
လျှောက်ကြည့်လိုက်လေ …"
မင်းလက်ယာက အေးစက်စက် ပြောရင်း
အခန်းထဲမှ ထွက်သွားသည်။
"ဟွန်း … ဘာလို့ မလျှောက်နိုင်ရမှာလည်း " သူမ စိတ်ထဲက ပြောလိုက်ရင်း …ကုတင်ထပ်မှ
ထရပ်လိုက်သည်။
"အ ……"
သူမ ခြေထောက်က နာကျင်မူကြောင့်
ကုတင်ပေါ်သို့သာ ပြန်လဲကျသည်။
"ကျွတ် …………"
သူမ ဘယ်လို့ ကြိုးစား၍ ရပ်ရပ် ကုတင်ပေါ်သို့သာ ပြန်ပစ်လဲကျသည်။
ထို့မြင်ကွင်းကို မင်းလက်ယာ ကြည့်ရင်း
သူသတိမထားမိခင်မှာပင် နှုတ်ခမ်းတို့
က အလိုလို လှစ်ခနဲ့ ပြုံးသွားသည်။
ထို့နောက် ဝရံတာ ဘက်ကို လျှောက်ခဲ့
၍ ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်၍
ကုမ္ပဏီက မန်နေဂျာ ဆီကို ဖုန်းခေါ်လိုက်
သည်။
"အင်း ……ငါ ဒီနေ့ကုမ္ပဏီကို မလာဘူး"
"အဲဒီအစည်းအဝေးကို ဖျက်လိုက်ပါ…
ငါမှာ အရေးကြီး ကိစ္စရှိနေလို…"
"အိုကေ ……"
မင်းလက်ယာ ဖုန်းကို ချလိုက်သည်။
သူဘာလုပ်နေမိမှန်းကို သူမသိတော့။
တစ်ကယ်ဆို သူမုန်းလှပါသည် ဆိုသည်
ခြယ်မုန်းရံကို သူဘာကြောင့် အခုလိုဂရု
စိုက်နေမိမှန်း သူမသိတော့။
………………………………
နေလယ် …12:00
"ကျွတ် ………"
ခြယ် …နာရီကို မော့ကြည့်လိုက် သူမ
ဗိုက်ကလေးကို ပွတ်လိုက်ဖြင့် အိပ်ရာ
ပေါ်မှာ ထိုင်နေမိသည်။
တစ်ကယ်ဆို သူမ ဗိုက်ဆာနေပြီဖြစ်သည်။
သို့သော် သူမ လမ်းမလျှောက်နိုင်သဖြင့် အိပ်ရာပေါ်မှာ ထိုင်နေခြင်း ဖြစ်သည်။
မင်းလက်ယာကလည်း မနက်က သူမကို ဆေးလိမ်းပေးပြီးကတည်းက ဘယ်ပျောက်
သွားမှန်း မသိ။
"ခြယ်မုန်းရံ ………"
ခေါ်သံကြောင့် သူမ ထိုင်နေရာမှ
မော့ကြည့်လိုက်တော့ မင်းလက်ယာ။
"မင်းဗိုက်ဆာ နေပြီလား …"
သူမကို စိုက်ကြည့်၍ မေးနေသော
မင်းလက်ယာကို ရုတ်တရက် ပြန်ငေး
ကြည့်နေရင်းမှ မျက်နှာလေး လွဲလိုက်ရင်း
ခေါင်းလေးကို ခါခနဲ့ ဖြစ်အောင် ခါယမ်း
လိုက်ပြီး ………
"မဆာဘူး ……"
သူမ ဖြေသံနှင့်အတူ ထွက်ပေါ်လာသည်
က သူမ ဗုိက္ထဲမွ တစ္ဂြီဂီြအသံ မ်ဳိးစုံ။
မင်းလက်ယာက လှစ်ခနဲ့ ပြုံးလိုက်ရင်း
သူမနားကို လျှောက်လာကာ သူမကို
ပွေ့ချီလိုက်သည်။
"ရှင်……ရှင်ဒါ ဘာလုပ်တာလည်း"
သူမ ပြောသည်ကို မင်းလက်ယာက ဂရု
မစိုက်ဘဲ သူမကို ပွေ့ချီရင်း အခန်းထဲ
မှ ထွက်လာသည်။
ခြယ် ……မင်းလက်ယာကို ထုရိုက်လိုက်
ရင်း ………
"ကျွန်မကို အခုချက်ချင်း အောက်ချပေး
နော် …မင်းလက်ယာ"
မင်းလက်ယာက ခြေလှမ်းများကို ရပ်တန့်
ပစ်လိုက်ပြီး ခြယ်မုန်းရံကို ငုံမိုးကြည့်
လိုက်ရင်း ……
" လှေကားပေါ်က ဆင်းရမှာ ငြိမ်ငြိမ်နေ
နော်…မဟုတ်ရင် ငါမင်းကို
ပစ်ချလိုက်မှာ …"
"ရှင် ………"
ခြယ်…ပြန်ပြောရန် ပြင်ပြီးမှ
မင်းလက်ယာ မျက်နှာက တစ်ကယ်လုပ်မိပုံစံ ပေါက်နေသဖြင့်
နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ရင်း ငြိမ်ကျသွားသည်။
သူရင်ခွင်ထဲမှာ ငြိမ်ကျသွားသော
ခြယ်မုန်းရံကို ကြည့်ရင်း မင်းလက်ယာ
လှစ်ခနဲ့ ပြုံးရင်း လှေကားပေါ်မှ ဆင်းလာကာ ထမင်းစား
ခန်းထဲ ဝင်လာခဲ့သည်။
ခြယ်မုန်းရံနဲ့ ပတ်သက်ပြီး သူနှုတ်ခမ်းပါး
တို့က ခဏခဏ ပြုံးမိနေတာကို
သူသတိမထားမိ။
ထမင်းစားခန်းထဲ ရောက်တော့ ခြယ်မုန်းရံကို ထိုင်ခုံလေး ပေါ်မှာ
ချပေးလိုက်ရင်း ……မင်းလက်ယာ
ထမင်းခူးလိုက်သည်။
ထို့နောက် ခြယ် ရှေ့ကို ထမင်းပန်ကန်လေး ချပေးရင်း ……
"ရော ……မင်းစားဖို့…"
ခြယ် …မယုံကြည့်နိုင်စွာဖြင့် မင်းလက်ယာကို ငေးမောကြည့်နေမိသည်။
သူငယ်ချင်းအတွက် သူမဘဝကို
ဖျက်စီးပြီး လက်ထက်ခဲ့သော မင်းလက်ယာ /သူမ အပေါ်မှာ အမုန်း
တရား များစွာဖြင့် မုန်းတီးနေသည်
မင်းလက်ယာက သူမကို အခုလို့
လုပ်ပေးနေသည်ဆိုတာက သူမအတွက်
အိမ်မက်လိုပင်……။
" မင်းစားတယ် မဟုတ်လား။ ငါမင်းအတွက် ကြက်ဥကြော်ပေးထား
တယ် ……"
ကြက်ဥပန်ကန်ကို သူမရှေ့ချပေးရင်း
ပြောလိုက်သော မင်းလက်ယာ စကားကြောင့် သူမ မျက်လုံးလေးတွေ့
ဝိုင်းလျှက်။
"ဘာလည်း ……မင်းမစားဘူးလား…"
"ရှင်ဘာလို ကျွန်မကို အခုလို လုပ်ပေးနေ
ရတာလည်း …တစ်ကယ်ဆို ကျွန်မက
ရှင် မုန်းတီးနေတဲ့ လူလေ…"
ခြယ်ရဲ့ အမေးစကားကြောင့် မင်းလက်ယာ မျက်နှာပျက်သွားသည်။
သို့သော် ချက်ချင်းပင်………
"မင်းကို မုန်းလို့ လုပ်ပေးနေတာ …"
"ဘာ ……"
"ဟုတ်တယ်…မင်းကို မုန်းလို့ ။ မင်းသာ
ထမင်းမစားဘဲ သေသွားခဲ့မယ်ဆိုရင်
ငါ နှိပ်စက်လို့ ဘယ်ရတော့မှာလည်း
အဲဒါကြောင့် ……ငါမနှိပ်စက်ရမှာ
စိုးလို့……"
မင်းလက်ယာက ပြောရင်း ခြယ်ကို ကျော
ခိုင်းကာ အခန်းထဲမှ ထွက်သွားသည်။
ခြယ် …မင်းလက်ယာ ခူးထည့်ပေးထား
သည် ထမင်းပန်ကန် နှင့် ကြော်ပေးထား
သည် ကြက်ဥကြော်ကို ငေးကြည့်ရင်း
မစားတော့ဘူးဟု ဆုံးဖြက်လိုက်ပေမယ်
ဗိုက်ထဲမှ ဆန္ဒပြနေတာမို့ မနေနိုင်။
ကျောခိုင်း၍ ထွက်သွားသည် လူက
မမြင်နိုင်တာ သိပေမယ်လည်း မျက်စောင်းလေး အကြိမ်ကြိမ်ထိုး၍
စိတ်ထဲမှ ပွစီပွစီ လုပ်ရင်း ထမင်းခပ်
စားသည်။
"အရူးကောင် …"
သူမ စိတ်ထဲမှ ပွစီပွစီ လုပ်ရင်း ထမင်း
စားနေပေမယ် သူမစားနေသည် ထမင်း
တွေ့က အရင်ကထပ် ပိုပြီး အရသာ ရှိနေသလိုလို…။
……………………………………
"မင်းဒီပေါ်မှာဘဲ ငါနဲ့ အတူတူ အိပ်ကမယ် …"
သူမကို ကုတင်ပေါ် ပွေ့ချီတင်ရင်း
ပြောလိုက်သည် မင်းလက်ယာ စကားကြောင့် သူမ မျက်လုံးလေးတွေ့ဝိုင်းလျှက်……။
"ဘာ … ဟင်အင်း …ကျွန်မ ဆိုဖာ
ပေါ်မှာဘဲ အိပ်မယ်…"
သူမ အကြောက်အကန် ငြင်းတော့
မင်းလက်ယာက သူမကို ခပ်ရိရိပြုံးရင်း
" မင်းကို ငါပိုင်တယ် ခြယ်မုန်းရံ …
မင်းက ငါမိန်းမဘဲ …ဒီတော့ ငါထားတဲ့
နေရာမှာ အိပ်…"
"မအိပ်ဘူး ……"
သူမ ကုတင်ထပ်မှ ဆင်းရန် ပြင်တော့
မင်းလက်ယာက သူမလက်ကို လှမ်းဆွဲ
လိုက်ရင်း ……
"မင်းမအိပ်ရင် …ငါ ……"
"ဘာလည်း ……"
ခြယ်က ကြောက်လန့်တကြား မျက်လုံး
လေး ပြူးကာ မေးသည်။
"မသိဘူး ……အေးအေးဆေးဆေး အိပ်မှာလား မအိပ်ဖူးလားပြော……"
မင်းလက်ယာက သူမ မျက်နှာ အနီးကို
သူမျက်နှာကြီး တိုးကပ်၍ မေးသည်။
သူမမျက်နှာအနီးကို တိုးကပ်၍ မေးနေသော မင်းလက်ယာ ကို ကြည့်ကာ
ခြယ် ဒေါသထွက်နေမိသည်။
"အရူးကောင်… လမ်းမလျှောက်နိုင်
တာ သိလို တမင်သက်သက် အကျင့်ရုတ်
တာ …ဟွန်း …လမ်းပြန်လျှောက်နိုင်တဲ့
အခါကျမှ တွေ့မယ် …။
သူမ စိတ်ထဲမှာတေး၍ မှတ်ထားရင်းသာ။
"မအိပ်ဘူးလား ……''
သူမ အခုအချိန်မှာ ငြင်းနေလည်း မရနိုင်သည်မို့ ……သူမ မျက်နှာ အနီးကို တိုးကပ်၍ မေးနေသော
မင်းလက်ယာကို စောင့်တွန်း ထုတ်လိုက်ရင်း …
စောင်အကြီးကြီး သူမ ကိုယ်ပေါ် လွှမ်းခြုံလိုက်ရင် ကုတင်ဘေးတစ်ဖက်မှာ
လှဲအိပ်လိုက်သည်။
မင်းလက်ယာက သူမ ဘေးမှာပင် ဝင်လှဲ
အိပ်လိုက်ရင်း မျက်လုံးများကို မှိတ်ထား
လိုက်သည်။ သို့သော် နှုတ်ခမ်းတို့က အလိုလို ပြုံးနေသည်။
တစ်ကယ်ဆို သူမ ခြေထောက်အနာ နှင့်
ဆိုဖာပေါ်မှာ အိပ်ရန် အဆင်မပြေသည်မို့ ကုတင်ပေါ်မှာ
အတင်းအကျပ်အိပ်ခိုင်း ခြင်းသာ။
ခြယ်မုန်းရံကို သူဘာကြောင့် စိုးရိမ်နေမိ
လည်း ဆိုတာကိုတော့ သူအခုထိ မတွေး
မိသေး။
Please help me
My all friend vote
Thank you.
Good
Nice post
nice post
Good post